အကြမ်းဖက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများ အပါအဝင် နိုင်ငံခြားသားများကို လုံခြုံရေး၊ လူမှုဘဝမြှင့်တင်ရေးအတွက် UID နံပါတ်ထုတ်ပေးနေ

 709

ယွန်း (NP News) - မေ ၁၆

အကြမ်းဖက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများ အပါအဝင် နိုင်ငံခြားသားများကို လုံခြုံရေး၊ လူမှုဘဝမြှင့်တင်ရေးအတွက် UID နံပါတ်ထုတ်ပေးခြင်းဖြစ် ကြောင်း နစကမှ မီဒီယာများကို အသိပေးပြောဆိုထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အီလက်ထရောနစ်နည်းပညာကို အသုံးပြု၍ နိုင်ငံအတွင်းနေထိုင်သူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝအချက်အလက်များ ကောက်ယူကာ UID နံပါတ်ထုတ်ပေးခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

၎င်း UID နံပါတ်သည် အသက် ၁၀ နှစ်နှင့်အထက်ရှိ နိုင်ငံအတွင်း နေထိုင်သူအားလုံးကို ထုတ်ပေးခြင်းဖြစ်ပြီး နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်း နစကမှ ဆိုထားသည်။ လက်ရှိတွင် အကြမ်းဖက်မှုဖြင့် ပြစ် ဒဏ်ကျခံနေရသူများ အပါအဝင် အခြားအကျဥ်းသားများ၊ နိုင်ငံသားများ၊ နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်သူများကိုလည်း လုံခြုံရေး၊ လူမှုဘဝမြှင့်တင်ရေးအတွက် UID နံပါတ်ထုတ်ပေးကြောင်း နစကမှ ဆိုထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက UID နံပါတ်ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်မပါသူများကို နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးမည်မဟုတ်ကြောင်း ပြီးခဲ့သည့် မတ်လ(၁၉)ရက်က အသိပေးထုတ်ပြန်ပြီးချိန်မှစ၍ UID နံပါတ်ထုတ်ယူသူများပြားလာခဲ့ကြောင်း သိရသည်။

သို့သော် အချို့သောပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ လူကိုယ်တိုင်သွားရောက်မှုမရှိပဲ ကြားပွဲစားများဖြင့် ဆက်သွယ်၍ UID နံပါတ်အတုပြုလုပ်မှုများရှိနေပြီး ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီအရေယူမည်ဖြစ်ကြောင်း လဝကက ပြီးခဲ့သည့် ရက်ပိုင်းတွင် အသိပေးထားသည်။ UID နံပါတ်များကို မြို့နယ်လဝကရုံးများအပြင် ရပ်ကွက်များ၌ ဆင်းပြီးပြုလုပ်ပေးနေသည့် Mobile Team များတွင်လည်း အခမဲ့ပြုလုပ်ပေးနေပြီး လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အများအပြား၌ UID စက်များထားရှိကာ စက်တစ်လုံးလျှင် လူဦးရေ(၇၀)နှုန်းဖြင့် နေ့စဉ်ဆောင် ရွက်ပေးနေကြောင်း သိရသည်။

zawgyi version
အၾကမ္းဖက္မႈျဖင့္ ျပစ္ဒဏ္က်ခံေနရသူမ်ား အပါအဝင္ ႏိုင္ငံျခားသားမ်ားကို လုံၿခဳံေရး၊ လူမႈဘဝျမႇင့္တင္ေရးအတြက္ UID နံပါတ္ထုတ္ေပးေန

ယြန္း (NP News) - ေမ ၁၆

အၾကမ္းဖက္မႈျဖင့္ ျပစ္ဒဏ္က်ခံေနရသူမ်ား အပါအဝင္ ႏိုင္ငံျခားသားမ်ားကို လုံၿခဳံေရး၊ လူမႈဘဝျမႇင့္တင္ေရးအတြက္ UID နံပါတ္ထုတ္ေပးျခင္းျဖစ္ ေၾကာင္း နစကမွ မီဒီယာမ်ားကို အသိေပးေျပာဆိုထားသည္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနအေနျဖင့္ အီလက္ထေရာနစ္နည္းပညာကို အသုံးျပဳ၍ ႏိုင္ငံအတြင္းေနထိုင္သူတစ္ဦးခ်င္းစီ၏ ကိုယ္ေရးအခ်က္အလက္မ်ားႏွင့္ ဇီဝအခ်က္အလက္မ်ား ေကာက္ယူကာ UID နံပါတ္ထုတ္ေပးျခင္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိသည္။

၎ UID နံပါတ္သည္ အသက္ ၁၀ ႏွစ္ႏွင့္အထက္ရွိ ႏိုင္ငံအတြင္း ေနထိုင္သူအားလုံးကို ထုတ္ေပးျခင္းျဖစ္ၿပီး ႏိုင္ငံသားျဖစ္ျခင္း၊ မျဖစ္ျခင္းႏွင့္ သက္ဆိုင္မႈမရွိေၾကာင္း နစကမွ ဆိုထားသည္။ လက္ရွိတြင္ အၾကမ္းဖက္မႈျဖင့္ ျပစ္ ဒဏ္က်ခံေနရသူမ်ား အပါအဝင္ အျခားအက်ဥ္းသားမ်ား၊ ႏိုင္ငံသားမ်ား၊ ႏိုင္ငံျခားသားမ်ား၊ ျမန္မာႏိုင္ငံအတြင္းသို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိေနထိုင္သူမ်ားကိုလည္း လုံၿခဳံေရး၊ လူမႈဘဝျမႇင့္တင္ေရးအတြက္ UID နံပါတ္ထုတ္ေပးေၾကာင္း နစကမွ ဆိုထားသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက UID နံပါတ္ထုတ္ေပးထားေၾကာင္း အေထာက္အထားလက္မွတ္မပါသူမ်ားကို ႏိုင္ငံကူးလက္မွတ္စာအုပ္ထုတ္ေပးမည္မဟုတ္ေၾကာင္း ၿပီးခဲ့သည့္ မတ္လ(၁၉)ရက္က အသိေပးထုတ္ျပန္ၿပီးခ်ိန္မွစ၍ UID နံပါတ္ထုတ္ယူသူမ်ားျပားလာခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ အခ်ိဳ႕ေသာျပည္သူမ်ားအေနျဖင့္ သက္ဆိုင္ရာလဝကၿမိဳ႕နယ္႐ုံးမ်ားသို႔ လူကိုယ္တိုင္သြားေရာက္မႈမရွိပဲ ၾကားပြဲစားမ်ားျဖင့္ ဆက္သြယ္၍ UID နံပါတ္အတုျပဳလုပ္မႈမ်ားရွိေနၿပီး ကိုင္ေဆာင္အသုံးျပဳပါက ဥပေဒႏွင့္အညီအေရယူမည္ျဖစ္ေၾကာင္း လဝကက ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ အသိေပးထားသည္။ UID နံပါတ္မ်ားကို ၿမိဳ႕နယ္လဝက႐ုံးမ်ားအျပင္ ရပ္ကြက္မ်ား၌ ဆင္းၿပီးျပဳလုပ္ေပးေနသည့္ Mobile Team မ်ားတြင္လည္း အခမဲ့ျပဳလုပ္ေပးေနၿပီး လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္အမ်ားအျပား၌ UID စက္မ်ားထားရွိကာ စက္တစ္လုံးလွ်င္ လူဦးေရ(၇၀)ႏႈန္းျဖင့္ ေန႔စဥ္ေဆာင္ ႐ြက္ေပးေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.