၁.၁.၁.၁ စစ်ဆင်ရေးကြားတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သော လွိုင်ကော်မြို့၌ အုပ်ချုပ်ရေးလုပ်ငန်းများပြန်စရန် နစကဘက်က ပြင်ဆင်

 6173

မြူနစ် (NP News) - မေ ၂

NKDF နှင့် PDF ပူးပေါင်းအဖွဲ့များ တိုက်ပွဲ ဖော်ဆောင်သည့် ၁.၁.၁.၁ စစ်ဆင်ရေးကြားတွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သော လွိုင်ကော်မြို့၌ အုပ်ချုပ်ရေးလုပ်ငန်းများ ပြန်စရန် နစကဘက်က ပြင်ဆင်နေလျက်ရှိကြောင်း သတင်းရရှိသည်။

အထက်ပါ လက်နက်ကိုင်ပူးပေါင်းအဖွဲ့များသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် တစ်ဝိုက်၌ ၁.၁.၁.၁ စစ်ဆင်ရေးကို ဖော်ဆောင်ကာ ပစ်ခတ်တိုက်ခိုက်မှု များကို စတင်ပြုလုပ်ခဲ့သည်။ အဆိုပါစစ်ဆင်ရေး ကာလအတွင်း၌ လွိုင်ကော်မြို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ အနေဖြင့် နေရပ်စွန့်ခွာစစ်ရှောင်ခဲ့ရသကဲ့သို့ ကယားပြည်နယ် အစိုးရအဖွဲ့၏ ဌာနဆိုင်ရာဝန်ထမ်းများသည်လည်း လုပ်ငန်းခွင်များကို စွန့်ခွာခဲ့ရသည်။

လက်ရှိတွင် နစကအနေဖြင့် လွိုင်ကော်မြို့၌ အုပ်ချုပ်ရေးလုပ်ငန်းများကို ပြန်လည်စတင်ရန်အတွက် ပြင်ဆင် နေလျက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများကို လွိုင်ကော်မြို့သို့ ပြန်လည်ခေါ်ယူနေလျက်ရှိကြောင်း သိရသည်။

‘ခေါ်နေတယ်။ အယောက်(၅၀)လောက်ကို ပြန်ခေါ်နေပြီ။ အဓိကတော့ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ ဌာနတွေ ပါတယ်။ အဓိကတော့ အုပ်ချုပ်ရေး ပြန်လည်ပတ်ဖို့ပေါ့။ ဌာန ၂၀၊ ၃၀ လောက်ကို ပြန်ခေါ် တာပေါ့။ အဓိကတော့ မရှိမရှိဖြစ် ပြန်လုပ်ရမယ့် ဟာတွေပေါ့ဗျာ။ ပညာရေးဌာနတွေလည်းပါမှာပေါ့။ မကြာခင် ကျောင်းတွေကလည်း ပြန်ဖွင့် မှာဆိုတော့လေ။ အဓိကတော့ အုပ်ချုပ်ရေးလုပ်ငန်း ပြန်လည်ပတ်ဖို့ လုပ်တာပါ’ဟု လွိုင်ကော်မြို့ရှိ ဌာနဆိုင်များနှင့် နီးစပ်သော နိုင်ငံ့ဝန်ထမ်းတစ်ဦးက NP News ကိုပြောသည်။

KNDF နှင့် PDF ပူးပေါင်းအဖွဲ့များဖော်ဆောင်သည့် တိုက်ပွဲများကြောင့် လွိုင်ကော်မြို့နယ်အတွင်းရှိ တက္ကသိုလ် နှင့် အခြေခံပညာကျောင်းများမှာ ရက်အကန့်အသတ်မရှိပိတ်ခဲ့ရပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျောင်းများတွင် တွဲဖက် ကာ ပညာသင်ကြားခဲ့ရကြောင်း သိရသည်။

‘လွိုင်ကော်မှာတော့ မြို့တောင်ဘက်ခြမ်းမှာ အေးချမ်းတည်ငြိမ်တယ်။ အဲဒီဘက်ခြမ်းမှာပဲ အုပ်ချုပ်ရေးဖော် ဆောင်ပြီးတော့ ကျောင်းတွေ ပြန်ဖွင့်ရနိုင်တယ်။ တိုက်ပွဲကတော့ အခုလက်ရှိအထိ မဖြစ်တော့ဘူး။ ဒါပေမဲ့ မြို့ရဲ့မြောက် ဘက်ခြမ်းမှာတော့ လက်နက်ကိုင်အဖွဲ့တွေ အနည်းငယ်တော့ ရှိနိုင်သေးတယ်’ဟု အထက်ပါနိုင်ငံ့ဝန်ထမ်းက ဆက်လက်ပြောသည်။

လက်ရှိတွင် နစကအစိုးရအနေဖြင့် လွိုင်ကော်မြို့၌ အုပ်ချုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ရန် ကြိုးပမ်းလာ မှုနှင့်အတူ လက်နက်ကိုင်အဖွဲ့များ၏ စစ်ဆင်ရေးကာလအတွင်း မီးလောင်ပျက်စီးခဲ့ရသည့် တောင်ဈေးခေါ် မင်္ဂလာဈေး ကို ပြန်လည်တည်ဆောက် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။ မီးလောင်ပျက်စီးခဲ့သော တောင်ဈေးကို ပြန်လည် တည်ဆောက်ရန်အတွက် တင်ဒါ်ခေါ်ယူရေးလုပ်ငန်းများကိုလည်း ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

zawgyi version
၁.၁.၁.၁ စစ္ဆင္ေရးၾကားတြင္ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေသာ လြိဳင္ေကာ္ၿမိဳ႕၌ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားျပန္စရန္ နစကဘက္က ျပင္ဆင္
ျမဴနစ္ (NP News) - ေမ ၂

NKDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ား တိုက္ပြဲ ေဖာ္ေဆာင္သည့္ ၁.၁.၁.၁ စစ္ဆင္ေရးၾကားတြင္ ထိခိုက္ပ်က္စီးမႈမ်ား ရွိခဲ့ေသာ လြိဳင္ေကာ္ၿမိဳ႕၌ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ား ျပန္စရန္ နစကဘက္က ျပင္ဆင္ေနလ်က္ရွိေၾကာင္း သတင္းရရွိသည္။

အထက္ပါ လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ားသည္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာ ၁၁ ရက္တြင္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ႏွင့္ တစ္ဝိုက္၌ ၁.၁.၁.၁ စစ္ဆင္ေရးကို ေဖာ္ေဆာင္ကာ ပစ္ခတ္တိုက္ခိုက္မႈ မ်ားကို စတင္ျပဳလုပ္ခဲ့သည္။ အဆိုပါစစ္ဆင္ေရး ကာလအတြင္း၌ လြိဳင္ေကာ္ၿမိဳ႕တြင္ တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ေဒသခံျပည္သူမ်ား အေနျဖင့္ ေနရပ္စြန႔္ခြာစစ္ေရွာင္ခဲ့ရသကဲ့သို႔ ကယားျပည္နယ္ အစိုးရအဖြဲ႕၏ ဌာနဆိုင္ရာဝန္ထမ္းမ်ားသည္လည္း လုပ္ငန္းခြင္မ်ားကို စြန႔္ခြာခဲ့ရသည္။

လက္ရွိတြင္ နစကအေနျဖင့္ လြိဳင္ေကာ္ၿမိဳ႕၌ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို ျပန္လည္စတင္ရန္အတြက္ ျပင္ဆင္ ေနလ်က္ရွိၿပီး ဌာနဆိုင္ရာဝန္ထမ္းမ်ားကို လြိဳင္ေကာ္ၿမိဳ႕သို႔ ျပန္လည္ေခၚယူေနလ်က္ရွိေၾကာင္း သိရသည္။

‘ေခၚေနတယ္။ အေယာက္(၅၀)ေလာက္ကို ျပန္ေခၚေနၿပီ။ အဓိကေတာ့ အုပ္ခ်ဳပ္ေရးနဲ႔ဆိုင္တဲ့ ဌာနေတြ ပါတယ္။ အဓိကေတာ့ အုပ္ခ်ဳပ္ေရး ျပန္လည္ပတ္ဖို႔ေပါ့။ ဌာန ၂၀၊ ၃၀ ေလာက္ကို ျပန္ေခၚ တာေပါ့။ အဓိကေတာ့ မရွိမရွိျဖစ္ ျပန္လုပ္ရမယ့္ ဟာေတြေပါ့ဗ်ာ။ ပညာေရးဌာနေတြလည္းပါမွာေပါ့။ မၾကာခင္ ေက်ာင္းေတြကလည္း ျပန္ဖြင့္ မွာဆိုေတာ့ေလ။ အဓိကေတာ့ အုပ္ခ်ဳပ္ေရးလုပ္ငန္း ျပန္လည္ပတ္ဖို႔ လုပ္တာပါ’ဟု လြိဳင္ေကာ္ၿမိဳ႕ရွိ ဌာနဆိုင္မ်ားႏွင့္ နီးစပ္ေသာ ႏိုင္ငံ့ဝန္ထမ္းတစ္ဦးက NP News ကိုေျပာသည္။

KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားေဖာ္ေဆာင္သည့္ တိုက္ပြဲမ်ားေၾကာင့္ လြိဳင္ေကာ္ၿမိဳ႕နယ္အတြင္းရွိ တကၠသိုလ္ ႏွင့္ အေျခခံပညာေက်ာင္းမ်ားမွာ ရက္အကန႔္အသတ္မရွိပိတ္ခဲ့ရၿပီး ဆရာ၊ ဆရာမႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေနျဖင့္လည္း ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ေက်ာင္းမ်ားတြင္ တြဲဖက္ ကာ ပညာသင္ၾကားခဲ့ရေၾကာင္း သိရသည္။

‘လြိဳင္ေကာ္မွာေတာ့ ၿမိဳ႕ေတာင္ဘက္ျခမ္းမွာ ေအးခ်မ္းတည္ၿငိမ္တယ္။ အဲဒီဘက္ျခမ္းမွာပဲ အုပ္ခ်ဳပ္ေရးေဖာ္ ေဆာင္ၿပီးေတာ့ ေက်ာင္းေတြ ျပန္ဖြင့္ရႏိုင္တယ္။ တိုက္ပြဲကေတာ့ အခုလက္ရွိအထိ မျဖစ္ေတာ့ဘူး။ ဒါေပမဲ့ ၿမိဳ႕ရဲ႕ေျမာက္ ဘက္ျခမ္းမွာေတာ့ လက္နက္ကိုင္အဖြဲ႕ေတြ အနည္းငယ္ေတာ့ ရွိႏိုင္ေသးတယ္’ဟု အထက္ပါႏိုင္ငံ့ဝန္ထမ္းက ဆက္လက္ေျပာသည္။

လက္ရွိတြင္ နစကအစိုးရအေနျဖင့္ လြိဳင္ေကာ္ၿမိဳ႕၌ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ား ျပန္လည္စတင္ရန္ ႀကိဳးပမ္းလာ မႈႏွင့္အတူ လက္နက္ကိုင္အဖြဲ႕မ်ား၏ စစ္ဆင္ေရးကာလအတြင္း မီးေလာင္ပ်က္စီးခဲ့ရသည့္ ေတာင္ေဈးေခၚ မဂၤလာေဈး ကို ျပန္လည္တည္ေဆာက္ ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။ မီးေလာင္ပ်က္စီးခဲ့ေသာ ေတာင္ေဈးကို ျပန္လည္ တည္ေဆာက္ရန္အတြက္ တင္ဒၚေခၚယူေရးလုပ္ငန္းမ်ားကိုလည္း ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.