စားဝတ်နေရေးအပြင် မူးယစ်ဆေးနှင့် Online လောင်းကစားဂိမ်းများကြောင့် ရန်ကုန်ရှိ လူငယ်အများစု ခိုးဆိုးလုယက်မှုများ ကျူးလွန်မှုမြင့်တက်နေ

 959

သန့်ဇင် (NP News) - မေ ၂
ရန်ကုန်မြို့မှ လုယက်မှုဖြစ်စဉ်များတွင် လူငယ်အများစုပါဝင်နေပြီး စားဝတ်နေရေးအပြင် မူးယစ်ဆေးနှင့် Online လောင်းကစားဂိမ်းများကြောင့် ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများမှ သုံးသပ်ပြောဆိုထားကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တစ်လအတွင်း လုယက်ခံရမှု အကြိမ်ရေ(၂၀)နှင့် (၃၀)ဝန်းကျင်ကြားတွင် ဖြစ်ပွား လျက်ရှိပြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့တွင် အများဆုံးဖြစ်ပွားလျက်ရှိကြောင်း စောင့်ကြည့်လေ့လာသူများထံတွင်ရှိသည့် အချက်အလက်များအရသိရသည်။

“လုယက်မှုတွေက အခုနောက်ပိုင်းပိုများ လာ တယ်လို့ ယူဆရတယ်။ လုယက်တာတွေက တစ်ရက်ကို(၂)ကြိမ် (၃)ကြိမ်ဖြစ်နေတာ။ အများစုကတော့ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွေအပြင်ကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တွေမှာအများစု ဖြစ်တာများတယ်။ လုပ်တဲ့လူတွေ ကြည့်ရင်လည်း အသက်(၁၅)၊ (၁၆)နှစ်အရွယ်က လေးတွေလည်းအများကြီးပါတယ်”ဟု အမည်မဖော်လိုသူ လူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထိုသို့လုယက်မှုများကျူးလွန်ရာတွင် စားဝတ်နေရေးကျပ်တည်းခြင်းကြောင့်လည်းပါဝင်ပြီး အထက်ပါ Online လောင်းကစားများကြောင့်လည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။

“စီးပွားရေးကကျပ်တည်းလာကြလို့ ဒီလိုမျိုးတွေလုပ်လာကြတာရှိတယ်။ နောက်တစ်ခုက ဂိမ်းနဲ့ မူးယစ်ဆေး သုံးစွဲဖို့လုပ်နေကြမျိုးတွေလည်းရှိတယ်။ ရန်ကုန်မြို့မှာက မူးယစ်ဆေးဆိုရင်လည်း ပေါ်ပေါ်ထင်ထင်ကို သုံးစွဲနေတာ မျိုးတွေတွေ့နေရတယ်။ Online လောင်း ကစားဂိမ်းတွေဆိုရင်လည်း တွင်တွင်ကျယ်ကျယ်ကိုဖြစ်နေတာ။ ထိန်းချုပ်ဖို့ တော့မပြောနဲ့ Facebook မှာ Video တစ်ခုကြည့်လိုက်ရင် အဲဒီဂိမ်း ကြော်ငြာတွေက အရင်လာတာ” ဟု ၎င်းကဆက်လက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုယက်မှုများ ဖြစ်ပွားရာတွင် အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ တစ်လလျှင် စုစုပေါင်း(၇)ကြိမ်ထက်မနည်း လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ “အင်းစိန်ဘက် မှာတော့ ဆွဲကြိုးလုတာတို့၊ ဖုန်းလုတာတို့ရှိတယ်။ စားဝတ်နေရေးအခက်အခဲတွေကြောင့် လုပ်နေတယ်လို့ ယူဆရတာ ပေါ့။ ရွှေပြည်သာမှာကတော့ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေ လုယက်တာတွေရှိတယ်။ တစ်လောလေးကဆို အမျိုးသမီးက ဆိုင်ကယ်ကယ်ရီသမားကို ပြန်လုတာမျိုးဖြစ်သွားသေးတယ်။ လူငယ်လူရွယ်ပိုင်းတွေကတော့ မူးယစ်ဆေးနဲ့ ဆက်နွှယ်နေလို့လုပ်ကြတာတွေလည်းရှိတယ်လို့ ယူဆရပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင် လုယက်မှုကျူးလွန်သူများသည် ဖုန်းဆိုင်နှင့် တက္ကစီသမားကို အဓိကပစ်မှတ်ထားကာ လုပ်ဆောင်လျက်ရှိပြီး အဆိုပါအချက်များအပြင် ကား၊ ဆိုင်ကယ်၊ ဖုန်း၊ ငွေကြေးနှင့် လက်ဝတ်လက်စားများ လုယက်သည့်အပြင် လူသတ်အကြမ်းဖက်သည့်အဆင့်ထိ ကျူးလွန်လျက်ရှိကြောင်းသိရသည်။ အနီးစပ်ဆုံးဖြစ်စဉ် အနေဖြင့် ဧပြီလ ၂၄ ရက်၊ မွန်းလွဲပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်၊ သုမင်္ဂလာလမ်းနှင့် မေတ္တာ လမ်းထောင့်တွင် ဖွင့်လှစ်ထားသော Mobile Home ဖုန်းဆိုင်ကို လူငယ်(၄)ဦးက သေနတ်တုဖြင့် ဓားပြဝင်တိုက်ခဲ့ရာ ဆိုင်ရှင်ကပြန်လည်ခုခံသဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။

zawgyi version
စားဝတ္ေနေရးအျပင္ မူးယစ္ေဆးႏွင့္ Online ေလာင္းကစားဂိမ္းမ်ားေၾကာင့္ ရန္ကုန္ရွိ လူငယ္အမ်ားစု ခိုးဆိုးလုယက္မႈမ်ား က်ဴးလြန္မႈျမင့္တက္ေန
သန႔္ဇင္ (NP News) - ေမ ၂
ရန္ကုန္ၿမိဳ႕မွ လုယက္မႈျဖစ္စဥ္မ်ားတြင္ လူငယ္အမ်ားစုပါဝင္ေနၿပီး စားဝတ္ေနေရးအျပင္ မူးယစ္ေဆးႏွင့္ Online ေလာင္းကစားဂိမ္းမ်ားေၾကာင့္ ျဖစ္ေၾကာင္း လူမႈကူညီေရးအသင္းမ်ားမွ သုံးသပ္ေျပာဆိုထားၾကသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ တစ္လအတြင္း လုယက္ခံရမႈ အႀကိမ္ေရ(၂၀)ႏွင့္ (၃၀)ဝန္းက်င္ၾကားတြင္ ျဖစ္ပြား လ်က္ရွိၿပီး ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ႏွင့္ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္တို႔တြင္ အမ်ားဆုံးျဖစ္ပြားလ်က္ရွိေၾကာင္း ေစာင့္ၾကည့္ေလ့လာသူမ်ားထံတြင္ရွိသည့္ အခ်က္အလက္မ်ားအရသိရသည္။

“လုယက္မႈေတြက အခုေနာက္ပိုင္းပိုမ်ား လာ တယ္လို႔ ယူဆရတယ္။ လုယက္တာေတြက တစ္ရက္ကို(၂)ႀကိမ္ (၃)ႀကိမ္ျဖစ္ေနတာ။ အမ်ားစုကေတာ့ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းနဲ႔ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း ၿမိဳ႕နယ္ေတြအျပင္ကို ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္ ေတြမွာအမ်ားစု ျဖစ္တာမ်ားတယ္။ လုပ္တဲ့လူေတြ ၾကည့္ရင္လည္း အသက္(၁၅)၊ (၁၆)ႏွစ္အ႐ြယ္က ေလးေတြလည္းအမ်ားႀကီးပါတယ္”ဟု အမည္မေဖာ္လိုသူ လူမႈကူညီေရးအသင္းတစ္သင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထိုသို႔လုယက္မႈမ်ားက်ဴးလြန္ရာတြင္ စားဝတ္ေနေရးက်ပ္တည္းျခင္းေၾကာင့္လည္းပါဝင္ၿပီး အထက္ပါ Online ေလာင္းကစားမ်ားေၾကာင့္လည္း ပါဝင္ေၾကာင္း ၎ကဆိုသည္။

“စီးပြားေရးကက်ပ္တည္းလာၾကလို႔ ဒီလိုမ်ိဳးေတြလုပ္လာၾကတာရွိတယ္။ ေနာက္တစ္ခုက ဂိမ္းနဲ႔ မူးယစ္ေဆး သုံးစြဲဖို႔လုပ္ေနၾကမ်ိဳးေတြလည္းရွိတယ္။ ရန္ကုန္ၿမိဳ႕မွာက မူးယစ္ေဆးဆိုရင္လည္း ေပၚေပၚထင္ထင္ကို သုံးစြဲေနတာ မ်ိဳးေတြေတြ႕ေနရတယ္။ Online ေလာင္း ကစားဂိမ္းေတြဆိုရင္လည္း တြင္တြင္က်ယ္က်ယ္ကိုျဖစ္ေနတာ။ ထိန္းခ်ဳပ္ဖို႔ ေတာ့မေျပာနဲ႔ Facebook မွာ Video တစ္ခုၾကည့္လိုက္ရင္ အဲဒီဂိမ္း ေၾကာ္ျငာေတြက အရင္လာတာ” ဟု ၎ကဆက္လက္ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း လုယက္မႈမ်ား ျဖစ္ပြားရာတြင္ အင္းစိန္ၿမိဳ႕နယ္ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔၌ တစ္လလွ်င္ စုစုေပါင္း(၇)ႀကိမ္ထက္မနည္း လုယက္မႈျဖစ္စဥ္မ်ား ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။ “အင္းစိန္ဘက္ မွာေတာ့ ဆြဲႀကိဳးလုတာတို႔၊ ဖုန္းလုတာတို႔ရွိတယ္။ စားဝတ္ေနေရးအခက္အခဲေတြေၾကာင့္ လုပ္ေနတယ္လို႔ ယူဆရတာ ေပါ့။ ေ႐ႊျပည္သာမွာကေတာ့ လူလတ္ပိုင္းနဲ႔ လူငယ္ပိုင္းေတြ လုယက္တာေတြရွိတယ္။ တစ္ေလာေလးကဆို အမ်ိဳးသမီးက ဆိုင္ကယ္ကယ္ရီသမားကို ျပန္လုတာမ်ိဳးျဖစ္သြားေသးတယ္။ လူငယ္လူ႐ြယ္ပိုင္းေတြကေတာ့ မူးယစ္ေဆးနဲ႔ ဆက္ႏႊယ္ေနလို႔လုပ္ၾကတာေတြလည္းရွိတယ္လို႔ ယူဆရပါတယ္”ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ လုယက္မႈက်ဴးလြန္သူမ်ားသည္ ဖုန္းဆိုင္ႏွင့္ တကၠစီသမားကို အဓိကပစ္မွတ္ထားကာ လုပ္ေဆာင္လ်က္ရွိၿပီး အဆိုပါအခ်က္မ်ားအျပင္ ကား၊ ဆိုင္ကယ္၊ ဖုန္း၊ ေငြေၾကးႏွင့္ လက္ဝတ္လက္စားမ်ား လုယက္သည့္အျပင္ လူသတ္အၾကမ္းဖက္သည့္အဆင့္ထိ က်ဴးလြန္လ်က္ရွိေၾကာင္းသိရသည္။ အနီးစပ္ဆုံးျဖစ္စဥ္ အေနျဖင့္ ဧၿပီလ ၂၄ ရက္၊ မြန္းလြဲပိုင္းက ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (၁၀) ရပ္ကြက္၊ သုမဂၤလာလမ္းႏွင့္ ေမတၱာ လမ္းေထာင့္တြင္ ဖြင့္လွစ္ထားေသာ Mobile Home ဖုန္းဆိုင္ကို လူငယ္(၄)ဦးက ေသနတ္တုျဖင့္ ဓားျပဝင္တိုက္ခဲ့ရာ ဆိုင္ရွင္ကျပန္လည္ခုခံသျဖင့္ ဖမ္းဆီးႏိုင္ခဲ့သည္။

Related news

© 2021. All rights reserved.