အင်ဒိုနီးရှားက တရုတ်နှင့် တူရကီလုပ် ဒရုန်းများကို စိတ်ဝင်စား

 800

Htay Oung (NP News) - မေ ၂

အင်ဒိုနီးရှားလေတပ် (IdAF) ဟာ မောင်းသူမဲ့လေယာဉ်များ (UAV) ကို အသုံးပြုရန် အစီအစဉ်ရှိကြောင်း ကြေ ညာခဲ့ပြီးနောက် မျက်မြင်အကွာအဝေးလွန် (BVR) ဝေဟင်တိုက်ပွဲများမှာ အသုံးပြုရန် ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ဒါဟာ ဒရုန်းစစ်ဆင်ရေးရဲ့ အနာဂတ်ပုံသဏ္ဍာန်ဖြစ်လာမှာလားလို့ စစ်ရေးလေ့လာသူများက သုံးသပ်နေကြတယ်လို့ ယူရေးရှားတိုင်းမ် ဒစ်ဂျစ်တယ်မီဒီယာ မေလ ၁ ရက်က ရေးသားပါတယ်။

အင်ဒိုနီးရှားလေတပ်ဟာ တာဝေးပျံ တိုက်ပွဲဝင် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုဖို့ စီစဉ်နေပါတယ်။ ကနဦးအစ စောစောပိုင်းမှာ တရုတ်နဲ့ တူရကီနိုင်ငံလုပ် ဒရုန်းများကို ဝယ်ယူအသုံးပြုမှာဖြစ်ပြီး နောက်ပိုင်း ကိုယ်ပိုင် တီထွင် ထုတ်လုပ်တဲ့ ဒရုန်းများကို အသုံးပြုမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

အဲဒီ ဒရုန်းတွေနဲ့ စောင့်ကြည့် ထောက်လှမ်းအပြင် တိုက်ခိုက်ရေးကိစ္စတွေမှာ ဂြိုလ်တုနည်းပညာကို အသုံးပြု မှာဖြစ်ကြောင်း၊ ပုံမှန်အတိုင်း တိုက်ခိုက်ရေးဂျက်လေယာဉ်များနဲ့ အခြားလေယာဉ်များကိုလည်း ဆက်လက် ဝယ်ယူရန် စီစဉ်လျှက် ရှိကြောင်း၊ ဧပြီလ ၂၂ ရက်နေ့ ၇၈ နှစ်မြောက် လေတပ်အခမ်းအနားမှာ “အင်ဒိုနီးရှား လေတပ်မတော် ခေတ်မီရေး အစီအစဉ်” ကို လေတပ်ဦးစီးချုပ်က ကြေညာလိုက်ပါတယ်။ ဂျာကာတာဟာ တရုတ်လုပ် CH-4 ဒရုန်းဒီဇိုင်းကို အခြေခံပြီး ကိုယ်ပိုင် တိုက်ခိုက်ရေးဒရုန်းကို တီထွင်ဖို့အတွက် ပရောဂျက် တစ်ခုကို လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

တရုတ်လုပ် CH-4 ၊ တူရကီနိုင်ငံလုပ် ANKA နဲ့ “ဘေရက်တာ” အမျိုးအစား မောင်းသူမဲ့လေယာဉ်များကို ဝယ် ယူရန်ရှိတယ်လို့ ဆိုပါတယ်။ တူရကီလုပ် အမြင့်ပေ ၁၀,၀၀၀ မှ ၃၀,၀၀၀ ကြား တာဝေးပျံ တိုက်ပွဲဝင် မောင်း သူမဲ့လေယာဉ်များအနက် ANKA-3, TB2 သို့မဟုတ် TB3 ဘယ်လို ဗားရှင်းမျိုး ဖြစ်မယ်ဆိုတာ ရှင်းရှင်းလင်း လင်း မသိရှိရသေးပါဘူး။

အခြား သတင်းများအရ အင်ဒိုနီးရှားဟာ တရုတ်နဲ့ တူရကီနိုင်ငံလုပ် မောင်းသူမဲ့ လေယာဉ်များကို အသုံးပြုနေ ရင်း အတွေ့အကြုံအပေါ် အခြေခံပြီး ပြည်တွင်းထုတ် ဒရုန်းအသစ်ကို တီထွင်ရန် စီစဉ်နေကြောင်း သိရှိရပါ တယ်။ ဒီနေရာမှာ အင်ဒိုနီးရှားရဲ့ မျှော်မှန်းချက်ဟာ အမြင့်ပေ အမျိုးမျိုးမှာ တာဝေးပျံသန်းနိုင်တဲ့ ဘေရက်တာ အမျိုးအစား ဒရုန်းများကို အသုံးပြုပြီး လေကြောင်းကာကွယ်ရေးနဲ့ တိုက်ခိုက်ရေး စစ်ပွဲမှာ ရှေ့ဆောင်ရန် ကြိုး ပမ်းလာတဲ့ တူရကီနိုင်ငံရဲ့“ခေတ်မီနည်းပညာတပ်မတော်”အယူအဆနဲ့ သိသိသာသာ ဆင်တူနေပါတယ်။

အင်ဒိုနီးရှားလေတပ်မတော်ရဲ့ ခေတ်မီနည်းပညာ တပ်မတော် တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၆-ခုနှစ် အ ရောက် ပြင်သစ်နိုင်ငံလုပ် ဂျက်အင်ဂျင် ၂-လုံးတပ် “ဒက်ဆူ_ရာဖီလာ “ တိုက်လေယာဉ် ၄၂-စင်းကို ဝယ်ယူ ရန်စီစဉ်ထားပြီး ဥရောပ အဲယားဘတ်စ် A400M ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်၊ လေကြောင်းချီ ကြိုတင်သတိပေးနဲ့ ထိန်းချုပ်ရေးစနစ် (AWACS) လေယာဉ်နဲ့ ဝေဟင်ဆီဖြည့် လေယာဉ် သို့မဟုတ် ဘက်စုံသုံး ဝေဟင်ဆီ ဖြည့်လေယာဉ် (MRTT) များကို တင်သွင်းဖို့ ရှိနေပါတယ်။

စစ်လက်နက်ယန္တရားများ ရောင်းဝယ်မှုကို စောင့်ကြည့်နေသူများအဆိုအရ အင်ဒိုနီးရှားဟာ တရုတ် CH-4 ဒရုန်း ဒီဇိုင်းပုံစံမျိုး စွမ်းဆောင်နိုင်ရည် အတော်များများပါဝင်တဲ့ MALE-အတန်းအစား တိုက်ခိုက်ရေးဒရုန်းကို တီထွင်ဖို့အတွက် အမျိုးသားစီမံကိန်းအဖြစ် အကောင်အထည်ဖော်နေကြောင်း၊ ပြည်တွင်းစက်မှုကုမ္ပဏီများ ပါဝင်ပူးပေါင်းထားတဲ့ အဲ့ဒီ ပရောဂျက်ကို “အီလန်_ ဟီတန်” (လင်းယုန်နက်) လို့ အမည်ပေးထားကြောင်း သိရှိရပါတယ်။

ဒါပေမဲ့နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနဲ့ နိုင်ငံချင်း ရင်းနှီးမှုအရ အင်ဒိုနီးရှားရဲ့ မောင်းသူမဲ့ လေ ယာဉ်များ အသုံးပြုရေး ပန်းတိုင်မှာ တူရကီဘက်ကို အတော်နီးစပ်ပါတယ်။

ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်တွေဟာ ဒရုန်းရဲ့ ပင်မလက်နက်တစ်ခုဖြစ်ပြီး မမြင်နိုင်တဲ့ အကွာအဝေးအတွင်းမှ ပစ်မှတ်များကို ပစ်ခတ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ အခြား လုံခြုံဘေးကင်းတဲ့ ဝေဟင်တစ်နေရာရှိ လေယာဉ် က တာဝေးပျံတိုက်ခိုက်ရေးဒရုန်းများကို အသုံးပြုပြီး ရန်သူ့တိုက်လေယာဉ်များကို ဝေဟင်ပစ် ပဲ့ထိန်းဒုံးကျည် များနဲ့ ပစ်ခတ်နိုင်မှာဖြစ်ကြောင်း၊ သာမန် ဝေဟင်တိုက်ခိုက်ရေးဒရုန်းများနဲ့ ကွဲပြားခြားနားပြီး ဂြိုလ်တုဆက် သွယ်ရေးစနစ်၊ အဆင့်မြင့် ဉာဏ်ရည်တု နည်းပညာနဲ့ စည်းကမ်းလုပ်နည်းစံနစ်အတိုင်း ၎င်းဖာသာ ထိန်းချူပ် ဆုံးဖြတ်ဆောင်ရွက်နှိုင်တဲ့ ဒရုန်းများ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီလို ဆောင်ရွက်နိုင်ဖို့ဆိုတာ နိုင်ငံအတော် များများမှာတောင် မြေစမ်း ခရမ်းပျိုးတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။

တာဝေးပျံ စွမ်းရည်ချင်းအတူတူ သာမန်ထောက်လှမ်းရေး ဒရုန်းများထက် တိုက်ပွဲဝင်ဒရုန်းတစ်စီးဖြစ်လာဖို့ နည်းပညာ အကန့်အသတ်နဲ့ ကုန်ကျစရိတ် အလွန်များပါတယ်။ အဝေးတစ်နေရာမှ အပြည့်အဝ ထိန်းချုပ် မောင်းနှင်နေတဲ့ ဒရုန်းသည်ပင်လျှင် မြေပြင်ထိန်းချုပ်ရေးစခန်းမှ အဆက်အသွယ်ပြတ်တောက်မှုနဲ့ အသံ ထက်မြန်တဲ့ နှုန်းထားနဲ့ ပျံသန်းနေစဉ် ဖြစ်ပေါ်လာတဲ့ ဖိအားဒဏ်ကို တောင့်ခံနိုင်ဖို့ဆိုတာ အတော်ခဲယဉ်းတဲ့ ကိစ္စဖြစ်ပါတယ်။ ပျော့ပျောင်းတဲ့ လေဖရိမ် ဖြစ်ပေါ်လာမှုကြောင့် သွက်သွက်လက်လက် လှုပ်ရှားနိုင်စွမ်း မရှိပဲ ဖြစ်တတ်ပါတယ်။

အင်ဒိုနီးရှားဟာ တရုတ်အာကာသ လေကြောင်းသိပ္ပံနဲ့ နည်းပညာကော်ပိုရေးရှင်း (CASC) ထံမှ CH-4 ဒရုန်း အမျိုးအစား 'B' ဗားရှင်း CH-4B များကို ဝယ်ယူဖို့အတွက် စာချုပ် ချုပ်ဆိုထားပြီး လောလောဆယ် ၆-စီးရရှိ ထားပါတယ်။ ပထမဆုံးအသုတ် CH-4 ဒရုန်း ၂-စီးကို ၂၀၁၉-ခုနှစ် အောက်တိုဘာလ တပ်တော်ဝင် စစ်ရေးပြ အခမ်းအနားနဲ လူသိရှင်ကြား ပွဲထုတ်ပြသခဲ့ပါတယ်။

CH-4B ဒရုန်းများဟာ အင်ဒိုနီးရှားလေတပ်အတွက် ကနဦးအသုတ် ဟုတ်-မဟုတ်၊ ဆက်လက်မှာယူထားခြင်း ရှိ-မရှိ ရှင်းလင်းစွာ မသိရသေးပါဘူး၊ ၂၀၂၁-ခုနှစ် စက်တင်ဘာလ “ဂျိန်း_စစ်ရေး သတင်းစွမ်းရည်ဆိုင်ရာ အ ချက်အလက်” ကုမ္ပဏီရဲ့ ဖော်ပြချက်အရ အင်ဒိုနီးရှားတပ်မတော်မှာ အကဲဖြတ်ခြင်း၊ လေ့ကျင့်ခြင်းနဲ့ပိုင်နက် နယ်မြေ ထိန်းသိမ်းရေး ရည်ရွယ်ချက်အတွက် တရုတ်လုပ် CH-4 မျိုးကွဲ ဒရုန်းများကို အသုံးပြုနေကြောင်း၊ အဲ့ဒီဒရုန်းတွေဟာ အကွာအဝေး မိုင် ၉၃၀ မှ ၁၂၄၀ ခန့် ပျံသန်းနိုင်ပြီး ဂြိုလ်တုချိတ်ဆက်မှု စနစ်မှတဆင့် ထိန်းချုပ်နိုင်ကြောင်း၊ အဲ့ဒီ ဒရုန်းများမှာ တပ်ဆင်အသုံးပြုဖို့အတွက် တရုတ်လုပ် AR-2 ဝေဟင်မှ မြေပြင်မှ တိကျနှုန်းမြင့်မားတဲ့ ပဲ့ထိန်းဒုံးကျည်များကို လက်ခံရရှိခဲ့တာ ၂၀၂၁-ခုနှစ် ဧပြီလ ကတည်းကဖြစ်ကြောင်း သိရှိရပါတယ်။

ဒီနေရာမှာ တရုတ်လုပ် ဒရုန်းများကို စစ်ရေးရည်ရွယ်ချက်အရ အသုံးပြုရေးဟာ အထူးသဖြင့် တောင်တရုတ် ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှုများကြောင့် ပေကျင်းနဲ့ ဂျာကာတာအကြား တင်းမာမှုများ မြင့်တက်နေဆဲဖြစ်တဲ့အတွက် သတိပြုသင့်တယ်လို့ လေ့လာသူအချို့က စိုးရိမ်တကြီးဖြစ်နေကြပါတယ်။

ခြုံငုံကြည့်လျှင်တော့ အင်ဒိုနီးရှားဟာ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပစ်လွှတ်နိုင်တဲ့ တာဝေးပျံ တိုက်ပွဲဝင် မောင်းသူမဲ့လေယာဉ်များရဲ့ စွမ်းရည်ကို အသုံးချရန် ကြိုးပမ်းနေကြောင်း သိသာနေပါတယ်။ ကာကွယ်ရေး စွမ်း ရည်ကို ခိုင်မာအားကောင်းစေရန်နဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာ တိုးတက်မှုကို အမီလိုက်ရန် အင်ဒိုနီးရှားနိုင်ငံရဲ ရည်မှန်းချက်ကို မီးမောင်းထိုးပြနေသလို ရှိပါတယ်။ တူရကီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ တရုတ်ဒရုန်းများကို အသုံးပြုခြင်းဟာ ဒေသတွင်းကာကွယ်ရေးအခင်းအကျင်းမှာ အင်ဒိုနီးရှားရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်များ ရဲ့ ကြီးထွားလာတဲ့ အခန်းကဏ္ဍကို ထင်ဟပ်စေပါတယ်။

(Eurasia Times., 29 April 2024,” Indonesia Eyes Chinese CH-4, Turkish Bayraktar Drones; Wants UCAVs For Beyond Visual Range Combat” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အင္ဒိုနီးရွားက တ႐ုတ္ႏွင့္ တူရကီလုပ္ ဒ႐ုန္းမ်ားကို စိတ္ဝင္စား
Htay Oung (NP News) - ေမ ၂

အင္ဒိုနီးရွားေလတပ္ (IdAF) ဟာ ေမာင္းသူမဲ့ေလယာဥ္မ်ား (UAV) ကို အသုံးျပဳရန္ အစီအစဥ္ရွိေၾကာင္း ေၾက ညာခဲ့ၿပီးေနာက္ မ်က္ျမင္အကြာအေဝးလြန္ (BVR) ေဝဟင္တိုက္ပြဲမ်ားမွာ အသုံးျပဳရန္ ရည္႐ြယ္ထားတယ္လို႔ ေျပာပါတယ္။ ဒါဟာ ဒ႐ုန္းစစ္ဆင္ေရးရဲ႕ အနာဂတ္ပုံသ႑ာန္ျဖစ္လာမွာလားလို႔ စစ္ေရးေလ့လာသူမ်ားက သုံးသပ္ေနၾကတယ္လို႔ ယူေရးရွားတိုင္းမ္ ဒစ္ဂ်စ္တယ္မီဒီယာ ေမလ ၁ ရက္က ေရးသားပါတယ္။

အင္ဒိုနီးရွားေလတပ္ဟာ တာေဝးပ်ံ တိုက္ပြဲဝင္ ေမာင္းသူမဲ့ေလယာဥ္မ်ားကို အသုံးျပဳဖို႔ စီစဥ္ေနပါတယ္။ ကနဦးအစ ေစာေစာပိုင္းမွာ တ႐ုတ္နဲ႔ တူရကီႏိုင္ငံလုပ္ ဒ႐ုန္းမ်ားကို ဝယ္ယူအသုံးျပဳမွာျဖစ္ၿပီး ေနာက္ပိုင္း ကိုယ္ပိုင္ တီထြင္ ထုတ္လုပ္တဲ့ ဒ႐ုန္းမ်ားကို အသုံးျပဳမွာ ျဖစ္ေၾကာင္း သိရွိရပါတယ္။

အဲဒီ ဒ႐ုန္းေတြနဲ႔ ေစာင့္ၾကည့္ ေထာက္လွမ္းအျပင္ တိုက္ခိုက္ေရးကိစၥေတြမွာ ၿဂိဳလ္တုနည္းပညာကို အသုံးျပဳ မွာျဖစ္ေၾကာင္း၊ ပုံမွန္အတိုင္း တိုက္ခိုက္ေရးဂ်က္ေလယာဥ္မ်ားနဲ႔ အျခားေလယာဥ္မ်ားကိုလည္း ဆက္လက္ ဝယ္ယူရန္ စီစဥ္လွ်က္ ရွိေၾကာင္း၊ ဧၿပီလ ၂၂ ရက္ေန႔ ၇၈ ႏွစ္ေျမာက္ ေလတပ္အခမ္းအနားမွာ “အင္ဒိုနီးရွား ေလတပ္မေတာ္ ေခတ္မီေရး အစီအစဥ္” ကို ေလတပ္ဦးစီးခ်ဳပ္က ေၾကညာလိုက္ပါတယ္။ ဂ်ာကာတာဟာ တ႐ုတ္လုပ္ CH-4 ဒ႐ုန္းဒီဇိုင္းကို အေျခခံၿပီး ကိုယ္ပိုင္ တိုက္ခိုက္ေရးဒ႐ုန္းကို တီထြင္ဖို႔အတြက္ ပေရာဂ်က္ တစ္ခုကို လုပ္ေဆာင္ေနတယ္လို႔လည္း ဆိုပါတယ္။

တ႐ုတ္လုပ္ CH-4 ၊ တူရကီႏိုင္ငံလုပ္ ANKA နဲ႔ “ေဘရက္တာ” အမ်ိဳးအစား ေမာင္းသူမဲ့ေလယာဥ္မ်ားကို ဝယ္ ယူရန္ရွိတယ္လို႔ ဆိုပါတယ္။ တူရကီလုပ္ အျမင့္ေပ ၁၀,၀၀၀ မွ ၃၀,၀၀၀ ၾကား တာေဝးပ်ံ တိုက္ပြဲဝင္ ေမာင္း သူမဲ့ေလယာဥ္မ်ားအနက္ ANKA-3, TB2 သို႔မဟုတ္ TB3 ဘယ္လို ဗားရွင္းမ်ိဳး ျဖစ္မယ္ဆိုတာ ရွင္းရွင္းလင္း လင္း မသိရွိရေသးပါဘူး။

အျခား သတင္းမ်ားအရ အင္ဒိုနီးရွားဟာ တ႐ုတ္နဲ႔ တူရကီႏိုင္ငံလုပ္ ေမာင္းသူမဲ့ ေလယာဥ္မ်ားကို အသုံးျပဳေန ရင္း အေတြ႕အႀကဳံအေပၚ အေျခခံၿပီး ျပည္တြင္းထုတ္ ဒ႐ုန္းအသစ္ကို တီထြင္ရန္ စီစဥ္ေနေၾကာင္း သိရွိရပါ တယ္။ ဒီေနရာမွာ အင္ဒိုနီးရွားရဲ႕ ေမွ်ာ္မွန္းခ်က္ဟာ အျမင့္ေပ အမ်ိဳးမ်ိဳးမွာ တာေဝးပ်ံသန္းႏိုင္တဲ့ ေဘရက္တာ အမ်ိဳးအစား ဒ႐ုန္းမ်ားကို အသုံးျပဳၿပီး ေလေၾကာင္းကာကြယ္ေရးနဲ႔ တိုက္ခိုက္ေရး စစ္ပြဲမွာ ေရွ႕ေဆာင္ရန္ ႀကိဳး ပမ္းလာတဲ့ တူရကီႏိုင္ငံရဲ႕“ေခတ္မီနည္းပညာတပ္မေတာ္”အယူအဆနဲ႔ သိသိသာသာ ဆင္တူေနပါတယ္။

အင္ဒိုနီးရွားေလတပ္မေတာ္ရဲ႕ ေခတ္မီနည္းပညာ တပ္မေတာ္ တစ္စိတ္တစ္ပိုင္းအေနျဖင့္ ၂၀၂၆-ခုႏွစ္ အ ေရာက္ ျပင္သစ္ႏိုင္ငံလုပ္ ဂ်က္အင္ဂ်င္ ၂-လုံးတပ္ “ဒက္ဆူ_ရာဖီလာ “ တိုက္ေလယာဥ္ ၄၂-စင္းကို ဝယ္ယူ ရန္စီစဥ္ထားၿပီး ဥေရာပ အဲယားဘတ္စ္ A400M ေဆးဘက္ဆိုင္ရာ ကယ္ဆယ္ေရးနဲ႔ သယ္ယူပို႔ေဆာင္ေရး ေလယာဥ္၊ ေလေၾကာင္းခ်ီ ႀကိဳတင္သတိေပးနဲ႔ ထိန္းခ်ဳပ္ေရးစနစ္ (AWACS) ေလယာဥ္နဲ႔ ေဝဟင္ဆီျဖည့္ ေလယာဥ္ သို႔မဟုတ္ ဘက္စုံသုံး ေဝဟင္ဆီ ျဖည့္ေလယာဥ္ (MRTT) မ်ားကို တင္သြင္းဖို႔ ရွိေနပါတယ္။

စစ္လက္နက္ယႏၲရားမ်ား ေရာင္းဝယ္မႈကို ေစာင့္ၾကည့္ေနသူမ်ားအဆိုအရ အင္ဒိုနီးရွားဟာ တ႐ုတ္ CH-4 ဒ႐ုန္း ဒီဇိုင္းပုံစံမ်ိဳး စြမ္းေဆာင္ႏိုင္ရည္ အေတာ္မ်ားမ်ားပါဝင္တဲ့ MALE-အတန္းအစား တိုက္ခိုက္ေရးဒ႐ုန္းကို တီထြင္ဖို႔အတြက္ အမ်ိဳးသားစီမံကိန္းအျဖစ္ အေကာင္အထည္ေဖာ္ေနေၾကာင္း၊ ျပည္တြင္းစက္မႈကုမၸဏီမ်ား ပါဝင္ပူးေပါင္းထားတဲ့ အဲ့ဒီ ပေရာဂ်က္ကို “အီလန္_ ဟီတန္” (လင္းယုန္နက္) လို႔ အမည္ေပးထားေၾကာင္း သိရွိရပါတယ္။

ဒါေပမဲ့ႏွစ္ႏိုင္ငံအၾကား သံတမန္ဆက္ဆံေရးနဲ႔ ႏိုင္ငံခ်င္း ရင္းႏွီးမႈအရ အင္ဒိုနီးရွားရဲ႕ ေမာင္းသူမဲ့ ေလ ယာဥ္မ်ား အသုံးျပဳေရး ပန္းတိုင္မွာ တူရကီဘက္ကို အေတာ္နီးစပ္ပါတယ္။

ေဝဟင္မွ ေဝဟင္ပစ္ဒုံးက်ည္ေတြဟာ ဒ႐ုန္းရဲ႕ ပင္မလက္နက္တစ္ခုျဖစ္ၿပီး မျမင္ႏိုင္တဲ့ အကြာအေဝးအတြင္းမွ ပစ္မွတ္မ်ားကို ပစ္ခတ္ႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္း၊ အျခား လုံၿခဳံေဘးကင္းတဲ့ ေဝဟင္တစ္ေနရာရွိ ေလယာဥ္ က တာေဝးပ်ံတိုက္ခိုက္ေရးဒ႐ုန္းမ်ားကို အသုံးျပဳၿပီး ရန္သူ႔တိုက္ေလယာဥ္မ်ားကို ေဝဟင္ပစ္ ပဲ့ထိန္းဒုံးက်ည္ မ်ားနဲ႔ ပစ္ခတ္ႏိုင္မွာျဖစ္ေၾကာင္း၊ သာမန္ ေဝဟင္တိုက္ခိုက္ေရးဒ႐ုန္းမ်ားနဲ႔ ကြဲျပားျခားနားၿပီး ၿဂိဳလ္တုဆက္ သြယ္ေရးစနစ္၊ အဆင့္ျမင့္ ဉာဏ္ရည္တု နည္းပညာနဲ႔ စည္းကမ္းလုပ္နည္းစံနစ္အတိုင္း ၎ဖာသာ ထိန္းခ်ဴပ္ ဆုံးျဖတ္ေဆာင္႐ြက္ႏႈိင္တဲ့ ဒ႐ုန္းမ်ား ျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အဲ့ဒီလို ေဆာင္႐ြက္ႏိုင္ဖို႔ဆိုတာ ႏိုင္ငံအေတာ္ မ်ားမ်ားမွာေတာင္ ေျမစမ္း ခရမ္းပ်ိဳးတဲ့ အဆင့္မွာပဲ ရွိေနပါေသးတယ္။

တာေဝးပ်ံ စြမ္းရည္ခ်င္းအတူတူ သာမန္ေထာက္လွမ္းေရး ဒ႐ုန္းမ်ားထက္ တိုက္ပြဲဝင္ဒ႐ုန္းတစ္စီးျဖစ္လာဖို႔ နည္းပညာ အကန႔္အသတ္နဲ႔ ကုန္က်စရိတ္ အလြန္မ်ားပါတယ္။ အေဝးတစ္ေနရာမွ အျပည့္အဝ ထိန္းခ်ဳပ္ ေမာင္းႏွင္ေနတဲ့ ဒ႐ုန္းသည္ပင္လွ်င္ ေျမျပင္ထိန္းခ်ဳပ္ေရးစခန္းမွ အဆက္အသြယ္ျပတ္ေတာက္မႈနဲ႔ အသံ ထက္ျမန္တဲ့ ႏႈန္းထားနဲ႔ ပ်ံသန္းေနစဥ္ ျဖစ္ေပၚလာတဲ့ ဖိအားဒဏ္ကို ေတာင့္ခံႏိုင္ဖို႔ဆိုတာ အေတာ္ခဲယဥ္းတဲ့ ကိစၥျဖစ္ပါတယ္။ ေပ်ာ့ေပ်ာင္းတဲ့ ေလဖရိမ္ ျဖစ္ေပၚလာမႈေၾကာင့္ သြက္သြက္လက္လက္ လႈပ္ရွားႏိုင္စြမ္း မရွိပဲ ျဖစ္တတ္ပါတယ္။

အင္ဒိုနီးရွားဟာ တ႐ုတ္အာကာသ ေလေၾကာင္းသိပၸံနဲ႔ နည္းပညာေကာ္ပိုေရးရွင္း (CASC) ထံမွ CH-4 ဒ႐ုန္း အမ်ိဳးအစား 'B' ဗားရွင္း CH-4B မ်ားကို ဝယ္ယူဖို႔အတြက္ စာခ်ဳပ္ ခ်ဳပ္ဆိုထားၿပီး ေလာေလာဆယ္ ၆-စီးရရွိ ထားပါတယ္။ ပထမဆုံးအသုတ္ CH-4 ဒ႐ုန္း ၂-စီးကို ၂၀၁၉-ခုႏွစ္ ေအာက္တိုဘာလ တပ္ေတာ္ဝင္ စစ္ေရးျပ အခမ္းအနားနဲ လူသိရွင္ၾကား ပြဲထုတ္ျပသခဲ့ပါတယ္။

CH-4B ဒ႐ုန္းမ်ားဟာ အင္ဒိုနီးရွားေလတပ္အတြက္ ကနဦးအသုတ္ ဟုတ္-မဟုတ္၊ ဆက္လက္မွာယူထားျခင္း ရွိ-မရွိ ရွင္းလင္းစြာ မသိရေသးပါဘူး၊ ၂၀၂၁-ခုႏွစ္ စက္တင္ဘာလ “ဂ်ိန္း_စစ္ေရး သတင္းစြမ္းရည္ဆိုင္ရာ အ ခ်က္အလက္” ကုမၸဏီရဲ႕ ေဖာ္ျပခ်က္အရ အင္ဒိုနီးရွားတပ္မေတာ္မွာ အကဲျဖတ္ျခင္း၊ ေလ့က်င့္ျခင္းနဲ႔ပိုင္နက္ နယ္ေျမ ထိန္းသိမ္းေရး ရည္႐ြယ္ခ်က္အတြက္ တ႐ုတ္လုပ္ CH-4 မ်ိဳးကြဲ ဒ႐ုန္းမ်ားကို အသုံးျပဳေနေၾကာင္း၊ အဲ့ဒီဒ႐ုန္းေတြဟာ အကြာအေဝး မိုင္ ၉၃၀ မွ ၁၂၄၀ ခန႔္ ပ်ံသန္းႏိုင္ၿပီး ၿဂိဳလ္တုခ်ိတ္ဆက္မႈ စနစ္မွတဆင့္ ထိန္းခ်ဳပ္ႏိုင္ေၾကာင္း၊ အဲ့ဒီ ဒ႐ုန္းမ်ားမွာ တပ္ဆင္အသုံးျပဳဖို႔အတြက္ တ႐ုတ္လုပ္ AR-2 ေဝဟင္မွ ေျမျပင္မွ တိက်ႏႈန္းျမင့္မားတဲ့ ပဲ့ထိန္းဒုံးက်ည္မ်ားကို လက္ခံရရွိခဲ့တာ ၂၀၂၁-ခုႏွစ္ ဧၿပီလ ကတည္းကျဖစ္ေၾကာင္း သိရွိရပါတယ္။

ဒီေနရာမွာ တ႐ုတ္လုပ္ ဒ႐ုန္းမ်ားကို စစ္ေရးရည္႐ြယ္ခ်က္အရ အသုံးျပဳေရးဟာ အထူးသျဖင့္ ေတာင္တ႐ုတ္ ပင္လယ္အတြင္း ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားေၾကာင့္ ေပက်င္းနဲ႔ ဂ်ာကာတာအၾကား တင္းမာမႈမ်ား ျမင့္တက္ေနဆဲျဖစ္တဲ့အတြက္ သတိျပဳသင့္တယ္လို႔ ေလ့လာသူအခ်ိဳ႕က စိုးရိမ္တႀကီးျဖစ္ေနၾကပါတယ္။

ၿခဳံငုံၾကည့္လွ်င္ေတာ့ အင္ဒိုနီးရွားဟာ ေဝဟင္မွ ေဝဟင္ပစ္ ဒုံးက်ည္မ်ား ပစ္လႊတ္ႏိုင္တဲ့ တာေဝးပ်ံ တိုက္ပြဲဝင္ ေမာင္းသူမဲ့ေလယာဥ္မ်ားရဲ႕ စြမ္းရည္ကို အသုံးခ်ရန္ ႀကိဳးပမ္းေနေၾကာင္း သိသာေနပါတယ္။ ကာကြယ္ေရး စြမ္း ရည္ကို ခိုင္မာအားေကာင္းေစရန္နဲ႔ စစ္ဘက္ဆိုင္ရာ နည္းပညာ တိုးတက္မႈကို အမီလိုက္ရန္ အင္ဒိုနီးရွားႏိုင္ငံရဲ ရည္မွန္းခ်က္ကို မီးေမာင္းထိုးျပေနသလို ရွိပါတယ္။ တူရကီနဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္း၊ တ႐ုတ္ဒ႐ုန္းမ်ားကို အသုံးျပဳျခင္းဟာ ေဒသတြင္းကာကြယ္ေရးအခင္းအက်င္းမွာ အင္ဒိုနီးရွားရဲ႕ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္မ်ား ရဲ႕ ႀကီးထြားလာတဲ့ အခန္းက႑ကို ထင္ဟပ္ေစပါတယ္။

(Eurasia Times., 29 April 2024,” Indonesia Eyes Chinese CH-4, Turkish Bayraktar Drones; Wants UCAVs For Beyond Visual Range Combat” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.