မြန်မာ - အိန္ဒိယနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကို ပိုမိုပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး နှင့် အိန္ဒိယသံအမတ်တို့ဆွေးနွေး

 302

Pearl (NP News) – မေ ၂

မြန်မာ - အိန္ဒိယနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကို ပိုမိုပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး နှင့် အိန္ဒိယသံအမတ်တို့ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ အဘ်ဟေးတာကူးရ်တို့သည် ဧပြီ (၃၀)ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပေါင်းစည်းချိတ်ဆက်မှုအပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်း စေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်အတွက် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

အလားတူ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ (၂၉)ရက်နေ့တွင်လည်း အိန္ဒိယ-မြန်မာနယ်စပ် နာဂလန်းပြည်နယ်တွင် ၈၁ မီလီမီတာ စိန်ပြောင်း ၁၁ လက်၊ ပစ္စတိုသေနတ် ၁၀ လက်၊ လက်ကိုင်စကားပြောစက် ၁၉၈ စုံ၊ ဂြိုဟ်တုဖုန်း ၁ လုံး နှင့် Kenbo အမျိုးအစား ဆိုင်ကယ်တစီးတို့ကို သိမ်းဆည်းရမိပြီး ဆက်စပ် သံသယရှိသူတစ်ဦးကိုလည်း အာသံရိုင်ဖယ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလအတွင်းတွင်လည်း အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုးရမ်ပြည်နယ်၊ ဆိုင်းဟားခရိုင်တွင် မြန်မာနိုင်ငံသား ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်း ဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားဖူးသည်။ အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယပြည်နယ်တစ်ခုဖြစ်ပြီး ကီလိုမီတာ ၃၉၀ ကျော်နယ်နမိတ်ထိစပ်နေကြောင်း သိရသည်။

zawgyi version
ျမန္မာ - အိႏၵိယနယ္စပ္တစ္ေလွ်ာက္ တရားဥပေဒစိုးမိုးေရး ႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးကို ပိုမိုပူးေပါင္းေဆာင္႐ြက္ရန္ ႏိုင္ငံျခားေရးဝန္ႀကီး ႏွင့္ အိႏၵိယသံအမတ္တို႔ေဆြးေႏြး
Pearl (NP News) – ေမ ၂

ျမန္မာ - အိႏၵိယနယ္စပ္တစ္ေလွ်ာက္ တရားဥပေဒစိုးမိုးေရး၊ တည္ၿငိမ္ေအးခ်မ္းေရးကို ပိုမိုပူးေပါင္းေဆာင္႐ြက္ရန္ ႏိုင္ငံျခားေရးဝန္ႀကီး ႏွင့္ အိႏၵိယသံအမတ္တို႔ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီးအျဖစ္ ခန႔္အပ္ရန္ သေဘာတူညီၿပီးျဖစ္သည့္ မစၥတာ အဘ္ေဟးတာကူးရ္တို႔သည္ ဧၿပီ (၃၀)ရက္တြင္ ေနျပည္ေတာ္၌ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

ေတြ႕ဆုံစဥ္ ျမန္မာ - အိႏၵိယႏွစ္ႏိုင္ငံအၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးေသာဆက္ဆံေရး ပိုမိုတိုးတက္ခိုင္မာေရးအတြက္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျမႇင့္တင္ရန္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ေပါင္းစည္းခ်ိတ္ဆက္မႈအပါအဝင္ အျပန္အလွန္အက်ိဳးျဖစ္ထြန္း ေစမည့္က႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမႇင့္တင္အတြက္ ေဆြးေႏြးခဲ့ေၾကာင္းလည္း သိရသည္။

အလားတူ ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံ နယ္စပ္ေဒသတစ္ေလွ်ာက္ တရားဥပေဒစိုးမိုးေရး၊ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ရန္လည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ဧၿပီလ (၂၉)ရက္ေန႔တြင္လည္း အိႏၵိယ-ျမန္မာနယ္စပ္ နာဂလန္းျပည္နယ္တြင္ ၈၁ မီလီမီတာ စိန္ေျပာင္း ၁၁ လက္၊ ပစၥတိုေသနတ္ ၁၀ လက္၊ လက္ကိုင္စကားေျပာစက္ ၁၉၈ စုံ၊ ၿဂိဳဟ္တုဖုန္း ၁ လုံး ႏွင့္ Kenbo အမ်ိဳးအစား ဆိုင္ကယ္တစီးတို႔ကို သိမ္းဆည္းရမိၿပီး ဆက္စပ္ သံသယရွိသူတစ္ဦးကိုလည္း အာသံ႐ိုင္ဖယ္တပ္က ဖမ္းဆီးထားေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ၊ ဒီဇင္ဘာလအတြင္းတြင္လည္း အိႏၵိယ-ျမန္မာနယ္စပ္၊ မီဇိုးရမ္ျပည္နယ္၊ ဆိုင္းဟားခ႐ိုင္တြင္ ျမန္မာႏိုင္ငံသား ၄ ဦးကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္း ဆီးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားဖူးသည္။ အိႏၵိယႏိုင္ငံ ၊ မဏိပူရျပည္နယ္သည္ ျမန္မာႏိုင္ငံႏွင့္ နယ္စပ္ခ်င္းထိစပ္ေနေသာ အိႏၵိယျပည္နယ္တစ္ခုျဖစ္ၿပီး ကီလိုမီတာ ၃၉၀ ေက်ာ္နယ္နမိတ္ထိစပ္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.