ပုဂံဒေသရှိ ရှေးဟောင်းဘုရား(၁၁)ဆူတွင် မိုးကြိုးလွှဲ ထပ်မံတပ်ဆင်ခဲ့ပြီး ရွှေစည်းခုံ အပါ အဝင် ဘုရားအချို့ရှိ မိုးကြိုးလွှဲများ၏ အရည်အသွေးပိုင်းကို ဆက်လက်စစ်ဆေးရန် ပြင်ဆင်နေ

 405

ယွန်း(NP News) - မေ ၂

ပုဂံဒေသရှိ ရှေးဟောင်းဘုရား(၁၁)ဆူတွင် မိုးကြိုးလွှဲထပ်မံတပ်ဆင်ခဲ့ပြီး ရွှေစည်းခုံ အပါအဝင် ဘုရားအချို့ရှိ မိုးကြိုးလွှဲများ၏ အရည်အသွေးပိုင်းကို ဆက်လက်စစ်ဆေးရန် ပြင်ဆင်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ(၁၄)ရက်နေ့မှစ၍ ဆောက် လုပ်ရေးဝန်ကြီးဌာနမှ ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများအနက် ဉာဏ်တော်မြင့်မားသည့် ဘုရား (၁၁)ဆူကို မိုးကြိုးလွှဲများတပ်ဆင်ခဲ့ကြောင်း သိရသည်။

"အားလုံးပေါင်း ပုဂံဒေသမှာတော့ ကနဦး ကွင်း ဆင်းတာတော့ (၂၂)ဆူ‌ပေါ့။ အဲဒီထဲကမှ မူလ လက်ရာ တန်ဖိုးမြင့်မားတဲ့ ရှေးဟောင်းအဆောက်အအုံတွေလည်းရှိတယ်။ နောက်ပြီး ဉာဏ်တော်မြင့်မားတဲ့ ရှေးဟောင်းအဆောက်အအုံတွေကို အဓိက ဦးစားပေးအနေနဲ့ ရွေးချယ်ပြီးတော့မှ (၁၁)ဆူကို ကွင်းဆင်း စစ်ဆေးပြီးတော့မှ ဆောင်ရွက်ခဲ့ပါတယ်" ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၊ ပုဂံဌာနခွဲမှ ဒုတိယòန်ကြားရေးမှူး ဦးညီမွန်း က NP News ကိုပြောသည်။

အထက်ပါဘုရား(၁၁)ဆူကို မိုးကြိုးလွှဲတပ်ဆင် ခဲ့ရာ စုစုပေါင်းငွေကျပ်သန်းပေါင်း ၁၉၉ ဒသမ ၇၁ သန်းကုန်ကျခဲ့ကြောင်း သိရသည်။အဆိုပါဘုရား (၁၁)ဆူတွင် မိုးကြိုးလွှဲတပ်ဆင်မှုကို ပြီးခဲ့သည့် မတ်လ(၆)ရက်နေ့တွင် အပြီးတပ်ဆင်ခဲ့ပြီး ဘုရား (၆)ဆူကို ဂေါပကငွေဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ကျန်ဘုရား(၅)ဆူကို ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ရန်ပုံငွေဖြင့် တပ်ဆင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မိုးကြိုးလွှဲတပ်ဆင်ပြီးစီးခဲ့သည့် ဘုရား(၁၁)ဆူမှာ ထီးလိုမင်းလိုဘုရား၊ ဓမ္မရာဇက ဘုရား ၊ ရွှေဆံတော်ဘုရား၊ မြစေတီဘုရား၊ မနူဟာ ဘုရား၊ ဓမ္မရံကြီးဘုရား၊ မဟာဗောဓိဘုရား၊ စူဠာမဏိ ဘုရား၊ ပြဿဒ်ကြီးဘုရား၊ ပံ့သကူမဟာထေရ် ဘုရားနှင့် သိကြားပုန်းဘုရားတို့ ဖြစ်ကြောင်း သိရ သည်။ ထို့ပြင် ရွှေစည်းခုံစေတီတော် အပါအဝင် ပုဂံဒေသရှိ အခြားဘုရားများတွင် တပ်ဆင်ထားသော မိုးကြိုးလွှဲများ၏ အရည်အသွေးပိုင်းကိုလည်း ဆက်လက်စစ်ဆေးဆောင်ရွက်သွားရန်ရှိကြောင်း ဒုတိယòန်ကြားရေးမှူး ဦးညီမွန်းကဆိုသည်။

"တခြားဘုရားတွေကိုလည်း ဒီလိုပဲဆက်ပြီး တော့ ဆောင်ရွက်ဖို့ရှိပါတယ်။ လျာထားတဲ့ဘုရား တွေလည်းရှိပါတယ်။ တစ်ချို့ဘုရားတွေမှာလည်း တပ်ဆင်ပြီးသားတွေရှိတယ်။ ဥပမာအားဖြင့် ရွှေစည်းခုံတို့၊ သဗ္ဗညုဘုရားတို့ဆိုရင်လည်း တပ်ပြီး သား။ ဒါပေမဲ့ အရင်ကတပ်ပြီးသားဟာက အလုပ် လုပ်မှုရှိ၊ မရှိကို စိစစ်ပြီးတော့ ထပ်ပြီးဆောင်ရွက် ဖို့ရှိပါတယ်။ ပြီးရင်တော့ ဌာနအဆင့်ဆင့်ရဲ့ လမ်းဝန်ချက်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ဦးညီမွန်း က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၆)ရက်တွင် ပုဂံဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေး ဟောင်းအဆောက်အအုံအမှတ်(၁၆၅၇) ဗူးဘုရား စေတီတော်မြတ်ကြီး မိုးကြိုးစက်ကွင်းခခဲ့သဖြင့် မိုးကြိုးလွှဲအား အရေးပေါ်ပြုပြင်ထိန်းသိမ်းတပ်ဆင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ(၁၇)ရက်နေ့တွင် ပုဂံဒေသ ရှိ ရှေးဟောင်းအဆောက်အအုံ အမှတ်(၉၄၇) ဓမ္မရာဇက စေတီတော်မြတ်ကြီးအား မိုးကြိုးစက် ကွင်းခမှုများ ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆိုထားသည်။

zawgyi version
ပုဂံေဒသရွိ ေရွးေဟာင္းဘုရား(၁၁)ဆူတြင္ မိုးႀကိဳးလႊဲ ထပ္မံတပ္ဆင္ခဲ့ၿပီး ေ႐ႊစည္းခုံ အပါ အဝင္ ဘုရားအခ်ိဳ႕ရွိ မိုးႀကိဳးလႊဲမ်ား၏ အရည္အေသြးပိုင္းကို ဆက္လက္စစ္ေဆးရန္ ျပင္ဆင္ေန
ယြန္း(NP News) - ေမ ၂

ပုဂံေဒသရွိ ေရွးေဟာင္းဘုရား(၁၁)ဆူတြင္ မိုးႀကိဳးလႊဲထပ္မံတပ္ဆင္ခဲ့ၿပီး ေ႐ႊစည္းခုံ အပါအဝင္ ဘုရားအခ်ိဳ႕ရွိ မိုးႀကိဳးလႊဲမ်ား၏ အရည္အေသြးပိုင္းကို ဆက္လက္စစ္ေဆးရန္ ျပင္ဆင္ေနေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ ပုဂံဌာနခြဲထံမွ သိရသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ(၁၄)ရက္ေန႔မွစ၍ ေဆာက္ လုပ္ေရးဝန္ႀကီးဌာနမွ ပုဂံေဒသရွိ ေရွးေဟာင္းအေဆာက္အအုံမ်ားအနက္ ဉာဏ္ေတာ္ျမင့္မားသည့္ ဘုရား (၁၁)ဆူကို မိုးႀကိဳးလႊဲမ်ားတပ္ဆင္ခဲ့ေၾကာင္း သိရသည္။

"အားလုံးေပါင္း ပုဂံေဒသမွာေတာ့ ကနဦး ကြင္း ဆင္းတာေတာ့ (၂၂)ဆူ‌ေပါ့။ အဲဒီထဲကမွ မူလ လက္ရာ တန္ဖိုးျမင့္မားတဲ့ ေရွးေဟာင္းအေဆာက္အအုံေတြလည္းရွိတယ္။ ေနာက္ၿပီး ဉာဏ္ေတာ္ျမင့္မားတဲ့ ေရွးေဟာင္းအေဆာက္အအုံေတြကို အဓိက ဦးစားေပးအေနနဲ႔ ေ႐ြးခ်ယ္ၿပီးေတာ့မွ (၁၁)ဆူကို ကြင္းဆင္း စစ္ေဆးၿပီးေတာ့မွ ေဆာင္႐ြက္ခဲ့ပါတယ္" ဟု ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီး ဌာန၊ ပုဂံဌာနခြဲမွ ဒုတိယòန္ၾကားေရးမႉး ဦးညီမြန္း က NP News ကိုေျပာသည္။

အထက္ပါဘုရား(၁၁)ဆူကို မိုးႀကိဳးလႊဲတပ္ဆင္ ခဲ့ရာ စုစုေပါင္းေငြက်ပ္သန္းေပါင္း ၁၉၉ ဒသမ ၇၁ သန္းကုန္က်ခဲ့ေၾကာင္း သိရသည္။အဆိုပါဘုရား (၁၁)ဆူတြင္ မိုးႀကိဳးလႊဲတပ္ဆင္မႈကို ၿပီးခဲ့သည့္ မတ္လ(၆)ရက္ေန႔တြင္ အၿပီးတပ္ဆင္ခဲ့ၿပီး ဘုရား (၆)ဆူကို ေဂါပကေငြျဖင့္ ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္ၿပီး က်န္ဘုရား(၅)ဆူကို ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန၏ ရန္ပုံေငြျဖင့္ တပ္ဆင္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယခုကဲ့သို႔ မိုးႀကိဳးလႊဲတပ္ဆင္ၿပီးစီးခဲ့သည့္ ဘုရား(၁၁)ဆူမွာ ထီးလိုမင္းလိုဘုရား၊ ဓမၼရာဇက ဘုရား ၊ ေ႐ႊဆံေတာ္ဘုရား၊ ျမေစတီဘုရား၊ မႏူဟာ ဘုရား၊ ဓမၼရံႀကီးဘုရား၊ မဟာေဗာဓိဘုရား၊ စူဠာမဏိ ဘုရား၊ ျပႆဒ္ႀကီးဘုရား၊ ပံ့သကူမဟာေထရ္ ဘုရားႏွင့္ သိၾကားပုန္းဘုရားတို႔ ျဖစ္ေၾကာင္း သိရ သည္။ ထို႔ျပင္ ေ႐ႊစည္းခုံေစတီေတာ္ အပါအဝင္ ပုဂံေဒသရွိ အျခားဘုရားမ်ားတြင္ တပ္ဆင္ထားေသာ မိုးႀကိဳးလႊဲမ်ား၏ အရည္အေသြးပိုင္းကိုလည္း ဆက္လက္စစ္ေဆးေဆာင္႐ြက္သြားရန္ရွိေၾကာင္း ဒုတိယòန္ၾကားေရးမႉး ဦးညီမြန္းကဆိုသည္။

"တျခားဘုရားေတြကိုလည္း ဒီလိုပဲဆက္ၿပီး ေတာ့ ေဆာင္႐ြက္ဖို႔ရွိပါတယ္။ လ်ာထားတဲ့ဘုရား ေတြလည္းရွိပါတယ္။ တစ္ခ်ိဳ႕ဘုရားေတြမွာလည္း တပ္ဆင္ၿပီးသားေတြရွိတယ္။ ဥပမာအားျဖင့္ ေ႐ႊစည္းခုံတို႔၊ သဗၺညဳဘုရားတို႔ဆိုရင္လည္း တပ္ၿပီး သား။ ဒါေပမဲ့ အရင္ကတပ္ၿပီးသားဟာက အလုပ္ လုပ္မႈရွိ၊ မရွိကို စိစစ္ၿပီးေတာ့ ထပ္ၿပီးေဆာင္႐ြက္ ဖို႔ရွိပါတယ္။ ၿပီးရင္ေတာ့ ဌာနအဆင့္ဆင့္ရဲ႕ လမ္းဝန္ခ်က္နဲ႔ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္"ဟု ဦးညီမြန္း က ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ဇြန္လ(၆)ရက္တြင္ ပုဂံေဒသ၌ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရွး ေဟာင္းအေဆာက္အအုံအမွတ္(၁၆၅၇) ဗူးဘုရား ေစတီေတာ္ျမတ္ႀကီး မိုးႀကိဳးစက္ကြင္းခခဲ့သျဖင့္ မိုးႀကိဳးလႊဲအား အေရးေပၚျပဳျပင္ထိန္းသိမ္းတပ္ဆင္ ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ စက္တင္ဘာ(၁၇)ရက္ေန႔တြင္ ပုဂံေဒသ ရွိ ေရွးေဟာင္းအေဆာက္အအုံ အမွတ္(၉၄၇) ဓမၼရာဇက ေစတီေတာ္ျမတ္ႀကီးအား မိုးႀကိဳးစက္ ကြင္းခမႈမ်ား ထပ္မံျဖစ္ေပၚခဲ့ေၾကာင္း ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက ဆိုထားသည္။

Related news

© 2021. All rights reserved.