နိမိတ်ထွန်းသည့် မြန်မာ့ပင်လယ်ပြင်နောက်ဆုံးကျွန်း၌ ပုဂံပုံစံတူစေတီတော်ကြီး စတင်တည်ထားပြီ

2059

သုတကျော် (NP News)ဩဂုတ် ၁၄
မကွယ်လွန်မီ ပုဂံဘုရားဖူးလိုသော ရေ လုပ်သားတစ်ဦး၏ဆန္ဒနှင့် ကမကထပြုမတည်မှုအရ မြန်မာ့ပင်လယ်ပြင်ပိုင်နက်အဆုံးရှိ ဂျလန်းကျွန်းတွင် စေတီတော်တစ်ဆူတည်ထားနေကြောင်း ဒုတိယ ဂျလန်းကျွန်းဆရာတော် ဦးပညာသီရိက NP News သို့ပြောသည်။
ပထမ ဂျလန်းကျွန်းဆရာတော် ပျံလွန် တော်မူပြီးနောက် ဒုတိယဆရာတော်က တာဝန်ယူချိန် ပင်လယ်ပြင်သို့ထွက်ကာ ရေလုပ်သားများနှင့်စကား ပြောချိန် ရေလုပ်သားများက လှေများကိုကပ်ကာ တရားဟောပေးရန်တောင်းဆို၍ ဟောကြားခဲ့စဉ် ဘုရားတည်ရန်အကြောင်းဖန်လာခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
အဆိုပါစေတီတော်ကို ဂျလန်းကျွန်းတွင် တည်ထားနေခြင်းဖြစ်ပြီး လက်ရှိတွင် အောက်ခြေ ဖောင်ဒေးရှင်းများ စတင်ဆောက်လုပ်နေပြီဖြစ်ကာ စေတီ၏ဘွဲ့တော်ကို “လေးကျွန်းစကြာ ရှင်အရဟံ” စေတီတော်မြတ်ကြီးဟု အမည်ပေးထားကြောင်း သိရ သည်။
စေတီတော်၏အပေါ်ပိုင်းကို ပုဂံမှ သဗ္ဗညု ဘုရားနှင့် ကန်တော့ပုလ္လင်ဘုရားတို့၏ပုံစံနှင့် ရုပ်ပွား တော်ကို အာနန္ဒာစေတီမှ ရုပ်ပွားတော်ပုံစံလေးဆူ ကိုထည့်မည့်အပြင် မြန်မာနိုင်ငံမှ အခြားစေတီပုထိုး များ၏ပုံစံတို့ကိုလည်း ထည့်သွင်းမည်ဖြစ်ကြောင်း သိရသည်။
“ဒကာကြီးတစ်ယောက်က ဘုန်းဘုန်းကို လျှောက်တယ်။ တပည့်တော် ပင်လယ်ထဲမှာ အလုပ် လုပ်လာတာ (၁၈) နှစ်သားလောက်တည်းကနေ အခု (၆၇)နှစ်ရှိပြီ။ အသက်က (၆၀)လောက်ဆိုရင် အကုသိုလ်အလုပ်တွေ ဒီအလုပ်တွေကို မလုပ်ချင်တော့ဘူး ပေါ့နော်။ အနားယူပြီးတော့ မြန်မာနိုင်ငံက တန်ခိုးကြီး တဲ့ဘုရားတွေလိုက်ဖူးချင်တယ်။ အဖူးချင်ဆုံးက ပုဂံ ဘုရားတွေဖူးချင်လိုက်တာတဲ့။ (၆၀)ကျ တော့ သူနား ခွင့်မရဘူး။ (၆၇)နှစ်ရှိသွားပြီ သူကင်ဆာဖြစ်နေပြီ မကြာခင် ဒီလောက ကနေထွက်ရတော့ မယ် သူ့ဆန္ဒ မပြည့်လိုက်ဘူးတဲ့။ သူတို့လိုအကုသိုလ်တွေနဲ့ နေ့စဉ် အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေအတွက် ဘုရားကို တအားလွမ်းတာပဲတဲ့။ တစ်ခါတလေ ဘုရားဖူးချင် တယ်ပေါ့။ ဂျလန်းကျွန်းကိုလာပြီးတော့ ယခင်ဆရာ တော်တည်ခဲ့တဲ့ ရုပ်ပွားတော်ကြီးကို အားရအောင် လာဖူးရတယ်။ အခု သူတို့ ပုဂံစေတီတွေ ကို အရမ်းဖူးချင်တယ်ပေါ့။ ဖြစ်နိုင်ရင် ပုဂံစေတီပုံစံတစ်ဆူတည်ပေးပါဆိုပြီး စုခဲ့တဲ့ လက်ဝတ်လက်စား တွေလှူခဲ့ပြီး တည်ခိုင်းတာပေါ့” ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါ အလှူရှင်သာမက အခြား ရေလုပ်သားများကလည်း တည်ထားပူဇော်ပေးရန် လျှောက် ထားကြရာ ဂျလန်းကျွန်းတွင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးရှိပြီဖြစ်၍ မူလက စေတီတော်တည် ထားရန် မလိုဟုတွေးသော်လည်း တည်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း ဆရာတော်ကမိန့်ကြားသည်။
“နောက်တစ်ခုကတော့ ဘုန်းဘုန်း အိပ် မက်မက်တာပေါ့။ သူက ကျွန်းစောင့်နတ်ပါလို့လျှောက် တယ်။ ဝတ်ဖြူစင်ကြယ်နဲ့။ ဒီစေတီတော်ကို တည်ပေး ဖို့ဆိုတာလည်း လျှောက်တယ်။ သုံးကြိမ်လျှောက် တာ သုံးကြိမ်လုံးငြင်းတယ်။ ရုပ်ပွားတော်ကြီးရှိတော့ မလို အပ်တော့ဘူး အပိုဖြစ်သွားမယ်ပေါ့နော် ဒါကို ပဲ ထိန်းသိမ်းဖို့ပဲပြောတော့ ဇဗ္ဗူဒီပါ လကျာ်တောင်ကျွန်း ဩ ဘာနိမိတ်ထွန်းဆိုတာ ဘုန်းဘုန်း ကြားဖူး လားတဲ့။ တတိယမြောက်အိပ်မက်မှာလျှောက်တယ်။ အရှင်ဘု ရား ဒီတဘောင်ကို အကောင်အထည် ဖော်ဖို့အချိန်ကျပြီလို့လျှောက်တယ်” ဟု ဆရာတော်ကမိန့်သည်။
တောင်ကျွန်းဆိုသည်မှာ ယခု ဂျလန်းကျွန်းဟု အိပ်မက်အတွင်း အဆိုပါပုဂ္ဂိုလ်ကပြောသည့် အတွက် ပထမ ဂျလန်းကျွန်းဆရာတော်၏ဓာတ်ပုံကို ကြည့်မိရာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး ဒေသကျွန်းဟုတွေ့သည့်အတွက် ဟုတ်မှန်ကြောင်းစဉ်းစား မိချိန် ရုပ်ပွားတော်အပြင် စေတီ တည်ရမည် ဟုပြောကြောင်း ဆရာတော်ကမိန့်သည်။ စေတီတော်တည် မည့်ကျွန်းမှာဝေးလံသည့်အတွက် စက်လှေ ဖြင့် ငွေကုန်ကြေးကျခံ ခက်ခက်ခဲခဲသယ်ယူနေရကာ အလှူရှင်များလိုအပ်နေကြောင်းလည်းသိရသည်။
“အိပ်မက်မှာလည်း တကယ်တော့ နိုင်ငံတော်ရဲ့ပြယုဂ်တစ်ခု၊ နိုင်ငံတော်အကြီးအကဲက တည်ရ မယ်ပေါ့။ နိုင်ငံတော်အကြီးအကဲက တည်ပေးရင်တော့ အတိုင်းထက်အလွန်ပေါ့”ဟု ဆရာတော်က မိန့် သည်။

Zawgyi Version:
နိမိတ္ထြန္းသည့္ ျမန္မာ့ပင္လယ္ျပင္ေနာက္ဆုံးကြၽန္း၌ ပုဂံပုံစံတူေစတီေတာ္ႀကီး စတင္တည္ထားၿပီ
သုတေက်ာ္ (NP News)ဩဂုတ္ ၁၄
မကြယ္လြန္မီ ပုဂံဘုရားဖူးလိုေသာ ေရ လုပ္သားတစ္ဦး၏ဆႏၵႏွင့္ ကမကထျပဳမတည္မႈအရ ျမန္မာ့ပင္လယ္ျပင္ပိုင္နက္အဆုံးရွိ ဂ်လန္းကြၽန္းတြင္ ေစတီေတာ္တစ္ဆူတည္ထားေနေၾကာင္း ဒုတိယ ဂ်လန္းကြၽန္းဆရာေတာ္ ဦးပညာသီရိက NP News သို႔ေျပာသည္။
ပထမ ဂ်လန္းကြၽန္းဆရာေတာ္ ပ်ံလြန္ ေတာ္မူၿပီးေနာက္ ဒုတိယဆရာေတာ္က တာဝန္ယူခ်ိန္ ပင္လယ္ျပင္သို႔ထြက္ကာ ေရလုပ္သားမ်ားႏွင့္စကား ေျပာခ်ိန္ ေရလုပ္သားမ်ားက ေလွမ်ားကိုကပ္ကာ တရားေဟာေပးရန္ေတာင္းဆို၍ ေဟာၾကားခဲ့စဥ္ ဘုရားတည္ရန္အေၾကာင္းဖန္လာျခင္းျဖစ္ေၾကာင္း ဆရာေတာ္က မိန႔္ၾကားသည္။
အဆိုပါေစတီေတာ္ကို ဂ်လန္းကြၽန္းတြင္ တည္ထားေနျခင္းျဖစ္ၿပီး လက္ရွိတြင္ ေအာက္ေျခ ေဖာင္ေဒးရွင္းမ်ား စတင္ေဆာက္လုပ္ေနၿပီျဖစ္ကာ ေစတီ၏ဘြဲ႕ေတာ္ကို “ေလးကြၽန္းစၾကာ ရွင္အရဟံ” ေစတီေတာ္ျမတ္ႀကီးဟု အမည္ေပးထားေၾကာင္း သိရ သည္။
ေစတီေတာ္၏အေပၚပိုင္းကို ပုဂံမွ သဗၺညဳ ဘုရားႏွင့္ ကန္ေတာ့ပုလႅင္ဘုရားတို႔၏ပုံစံႏွင့္ ႐ုပ္ပြား ေတာ္ကို အာနႏၵာေစတီမွ ႐ုပ္ပြားေတာ္ပုံစံေလးဆူ ကိုထည့္မည့္အျပင္ ျမန္မာႏိုင္ငံမွ အျခားေစတီပုထိုး မ်ား၏ပုံစံတို႔ကိုလည္း ထည့္သြင္းမည္ျဖစ္ေၾကာင္း သိရသည္။
“ဒကာႀကီးတစ္ေယာက္က ဘုန္းဘုန္းကို ေလွ်ာက္တယ္။ တပည့္ေတာ္ ပင္လယ္ထဲမွာ အလုပ္ လုပ္လာတာ (၁၈) ႏွစ္သားေလာက္တည္းကေန အခု (၆၇)ႏွစ္ရွိၿပီ။ အသက္က (၆၀)ေလာက္ဆိုရင္ အကုသိုလ္အလုပ္ေတြ ဒီအလုပ္ေတြကို မလုပ္ခ်င္ေတာ့ဘူး ေပါ့ေနာ္။ အနားယူၿပီးေတာ့ ျမန္မာႏိုင္ငံက တန္ခိုးႀကီး တဲ့ဘုရားေတြလိုက္ဖူးခ်င္တယ္။ အဖူးခ်င္ဆုံးက ပုဂံ ဘုရားေတြဖူးခ်င္လိုက္တာတဲ့။ (၆၀)က် ေတာ့ သူနား ခြင့္မရဘူး။ (၆၇)ႏွစ္ရွိသြားၿပီ သူကင္ဆာျဖစ္ေနၿပီ မၾကာခင္ ဒီေလာက ကေနထြက္ရေတာ့ မယ္ သူ႔ဆႏၵ မျပည့္လိုက္ဘူးတဲ့။ သူတို႔လိုအကုသိုလ္ေတြနဲ႔ ေန႔စဥ္ အလုပ္လုပ္ေနတဲ့ပုဂၢိဳလ္ေတြအတြက္ ဘုရားကို တအားလြမ္းတာပဲတဲ့။ တစ္ခါတေလ ဘုရားဖူးခ်င္ တယ္ေပါ့။ ဂ်လန္းကြၽန္းကိုလာၿပီးေတာ့ ယခင္ဆရာ ေတာ္တည္ခဲ့တဲ့ ႐ုပ္ပြားေတာ္ႀကီးကို အားရေအာင္ လာဖူးရတယ္။ အခု သူတို႔ ပုဂံေစတီေတြ ကို အရမ္းဖူးခ်င္တယ္ေပါ့။ ျဖစ္ႏိုင္ရင္ ပုဂံေစတီပုံစံတစ္ဆူတည္ေပးပါဆိုၿပီး စုခဲ့တဲ့ လက္ဝတ္လက္စား ေတြလႉခဲ့ၿပီး တည္ခိုင္းတာေပါ့” ဟု ဆရာေတာ္က မိန႔္ၾကားသည္။
အဆိုပါ အလႉရွင္သာမက အျခား ေရလုပ္သားမ်ားကလည္း တည္ထားပူေဇာ္ေပးရန္ ေလွ်ာက္ ထားၾကရာ ဂ်လန္းကြၽန္းတြင္ ထိုင္ေတာ္မူ ဗုဒၶ႐ုပ္ပြားေတာ္ႀကီးရွိၿပီျဖစ္၍ မူလက ေစတီေတာ္တည္ ထားရန္ မလိုဟုေတြးေသာ္လည္း တည္ရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ ေၾကာင္း ဆရာေတာ္ကမိန႔္ၾကားသည္။
“ေနာက္တစ္ခုကေတာ့ ဘုန္းဘုန္း အိပ္ မက္မက္တာေပါ့။ သူက ကြၽန္းေစာင့္နတ္ပါလို႔ေလွ်ာက္ တယ္။ ဝတ္ျဖဴစင္ၾကယ္နဲ႔။ ဒီေစတီေတာ္ကို တည္ေပး ဖို႔ဆိုတာလည္း ေလွ်ာက္တယ္။ သုံးႀကိမ္ေလွ်ာက္ တာ သုံးႀကိမ္လုံးျငင္းတယ္။ ႐ုပ္ပြားေတာ္ႀကီးရွိေတာ့ မလို အပ္ေတာ့ဘူး အပိုျဖစ္သြားမယ္ေပါ့ေနာ္ ဒါကို ပဲ ထိန္းသိမ္းဖို႔ပဲေျပာေတာ့ ဇဗၺဴဒီပါ လက်ာ္ေတာင္ကြၽန္း ဩ ဘာနိမိတ္ထြန္းဆိုတာ ဘုန္းဘုန္း ၾကားဖူး လားတဲ့။ တတိယေျမာက္အိပ္မက္မွာေလွ်ာက္တယ္။ အရွင္ဘု ရား ဒီတေဘာင္ကို အေကာင္အထည္ ေဖာ္ဖို႔အခ်ိန္က်ၿပီလို႔ေလွ်ာက္တယ္” ဟု ဆရာေတာ္ကမိန႔္သည္။
ေတာင္ကြၽန္းဆိုသည္မွာ ယခု ဂ်လန္းကြၽန္းဟု အိပ္မက္အတြင္း အဆိုပါပုဂၢိဳလ္ကေျပာသည့္ အတြက္ ပထမ ဂ်လန္းကြၽန္းဆရာေတာ္၏ဓာတ္ပုံကို ၾကည့္မိရာ ျမန္မာႏိုင္ငံေတာင္ဘက္အစြန္ဆုံး ေဒသကြၽန္းဟုေတြ႕သည့္အတြက္ ဟုတ္မွန္ေၾကာင္းစဥ္းစား မိခ်ိန္ ႐ုပ္ပြားေတာ္အျပင္ ေစတီ တည္ရမည္ ဟုေျပာေၾကာင္း ဆရာေတာ္ကမိန႔္သည္။ ေစတီေတာ္တည္ မည့္ကြၽန္းမွာေဝးလံသည့္အတြက္ စက္ေလွ ျဖင့္ ေငြကုန္ေၾကးက်ခံ ခက္ခက္ခဲခဲသယ္ယူေနရကာ အလႉရွင္မ်ားလိုအပ္ေနေၾကာင္းလည္းသိရသည္။
“အိပ္မက္မွာလည္း တကယ္ေတာ့ ႏိုင္ငံေတာ္ရဲ႕ျပယုဂ္တစ္ခု၊ ႏိုင္ငံေတာ္အႀကီးအကဲက တည္ရ မယ္ေပါ့။ ႏိုင္ငံေတာ္အႀကီးအကဲက တည္ေပးရင္ေတာ့ အတိုင္းထက္အလြန္ေပါ့”ဟု ဆရာေတာ္က မိန႔္ သည္။