စစ်ကိုင်းတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုးများ အနက် (၂)ဆူပြီးစီးကာ (၁၀) ဆူ ဆောင်ရွက်နေ

189

ချယ်ရီ (NP News) - ဩဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီးရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုး (၁၁၈) ခုအနက် ပထမဦးစားပေးအဆင့် ဘုရား (၉၅) ဆူမှ (၂)ဆူပြီးစီး၍ (၁၀) ဆူ ဆောင်ရွက်နေကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကောမရှင်မှ ထုတ်ပြန်ထားသည်။
ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်) က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများ၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေများ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆွမ်းဦးပုညရှင်စေတီတော် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဥမင်သုံးဆယ်ဘုရားရှိ ငလျင်ဒဏ်ကြောင့် ဦးခေါင်းတော်ထိခိုက်ပျက်စီးခဲ့သော ဆင်းတုတော်များကို မူလပုံအတိုင်း ပြန်လည်ပြုပြင်နေမှုများ၊ ငလျင်ကြောင့် တစ်ဆူလုံးကြေမွပျက်စီးသွားသည့် စေတီလှဘုရား၏ အခြေအနေများနှင့် ငလျင်ကြောပေါ်တည်ရှိနေ၍ တစ်ဆူလုံး တိမ်းစောင်းကြေမွ ပျက်စီးနေသည့် ရွှေမုဋ္ဌောဘုရားကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပျူကံစေတီအစုသို့ သွားရောက်၍ ကုန်းဘောင်ခေတ် အင်္ဂတေပန်းလက်ရာများ ကျန်ရှိနေသည့် ရှေးဟောင်းစေတီဘုရား ခုနစ်ဆူကို ဂရုတစိုက်ပြုပြင်ထိန်းသိမ်းသွားရန်နှင့် ရှေးဟောင်းလက်ရာအင်္ဂတေပန်းများ ကြံ့ခိုင်ရေးပါ ဓာတုဗေဒဆေးဖြင့်ထိန်းသိမ်းရန် ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုး စုစုပေါင်း (၁၁၈) ခုအနက် ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ဦးစားပေးအလိုက် အဆင့်များခွဲခြားပြီး ဆောင်ရွက်လျက်ရှိရာ ပထမဦးစားပေးအဆင့် ဘုရား (၉၅) ဆူအနက် (၂)ဆူဆောင်ရွက်ပြီး (၁၀) ဆူမှာ ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version:
စစ္ကိုင္းတြင္ ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ေရွးေဟာင္းအေဆာက္အအုံ၊ ေစတီ၊ ပုထိုးမ်ား အနက္ (၂)ဆူၿပီးစီးကာ (၁၀) ဆူ ေဆာင္႐ြက္ေန
ခ်ယ္ရီ (NP News) - ဩဂုတ္ ၁၈
စစ္ကိုင္းတိုင္းေဒသႀကီးရွိ ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ေရွးေဟာင္းအေဆာက္အအုံ၊ ေစတီ၊ ပုထိုး (၁၁၈) ခုအနက္ ပထမဦးစားေပးအဆင့္ ဘုရား (၉၅) ဆူမွ (၂)ဆူၿပီးစီး၍ (၁၀) ဆူ ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာမရွင္မွ ထုတ္ျပန္ထားသည္။
ယမန္ေန႔ (ဩဂုတ္လ ၁၇ ရက္) က သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ဦးလြင္သည္ စစ္ကိုင္းတိုင္း ႏွင့္ မႏၲေလးတိုင္းရွိ ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ေရွးေဟာင္းအေဆာက္အအုံမ်ား၊ ေစတီ၊ ပုထိုးမ်ား ျပန္လည္ျပဳျပင္ထိန္းသိမ္းေနမႈ အေျခအေနမ်ား သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။
ဆြမ္းဦးပုညရွင္ေစတီေတာ္ ျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္းေဆာင္႐ြက္ေနမႈမ်ား၊ ဥမင္သုံးဆယ္ဘုရားရွိ ငလ်င္ဒဏ္ေၾကာင့္ ဦးေခါင္းေတာ္ထိခိုက္ပ်က္စီးခဲ့ေသာ ဆင္းတုေတာ္မ်ားကို မူလပုံအတိုင္း ျပန္လည္ျပဳျပင္ေနမႈမ်ား၊ ငလ်င္ေၾကာင့္ တစ္ဆူလုံးေၾကမြပ်က္စီးသြားသည့္ ေစတီလွဘုရား၏ အေျခအေနမ်ားႏွင့္ ငလ်င္ေၾကာေပၚတည္ရွိေန၍ တစ္ဆူလုံး တိမ္းေစာင္းေၾကမြ ပ်က္စီးေနသည့္ ေ႐ႊမုေ႒ာဘုရားကို ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ပ်ဴကံေစတီအစုသို႔ သြားေရာက္၍ ကုန္းေဘာင္ေခတ္ အဂၤေတပန္းလက္ရာမ်ား က်န္ရွိေနသည့္ ေရွးေဟာင္းေစတီဘုရား ခုနစ္ဆူကို ဂ႐ုတစိုက္ျပဳျပင္ထိန္းသိမ္းသြားရန္ႏွင့္ ေရွးေဟာင္းလက္ရာအဂၤေတပန္းမ်ား ႀကံ့ခိုင္ေရးပါ ဓာတုေဗဒေဆးျဖင့္ထိန္းသိမ္းရန္ ျပည္ေထာင္စုဝန္ႀကီးက မွာၾကားသည္။
စစ္ကိုင္းတိုင္းေဒသႀကီးတြင္း ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ ေရွးေဟာင္းအေဆာက္အအုံ၊ ေစတီ၊ ပုထိုး စုစုေပါင္း (၁၁၈) ခုအနက္ ျပန္လည္ျပဳျပင္ထိန္းသိမ္းရန္ ဦးစားေပးအလိုက္ အဆင့္မ်ားခြဲျခားၿပီး ေဆာင္႐ြက္လ်က္ရွိရာ ပထမဦးစားေပးအဆင့္ ဘုရား (၉၅) ဆူအနက္ (၂)ဆူေဆာင္႐ြက္ၿပီး (၁၀) ဆူမွာ ေဆာင္႐ြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။