ဘင်္ဂါလီတွေကို နိုင်ငံတော်အဆင့် တောင်းပန်ရမယ်လို့ ပြောလာတဲ့ NUCC-NUG ညီလာခံထုတ်ပြန်ချက်နဲ့ နိုင်ငံရေး နယ်ပယ်က ပြောစကား

 539

သုတကျော် (NP News) -‌ မေ ၂

ဧပြီလ ဒုတိယအပတ်က ပြုလုပ်ခဲ့သော NUCC ၏ ဒုတိယအအကြိမ် ညီလာခံအပြီးတွင် NUCC နှင့် NUG တို့က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ လိုက်နာအကောင်အထည် ဖော်ရန်ဟုဆိုကာ အဆိုပြုချက်နှင့် အကြံပြုချက်များ ထုတ်ပြန်ရာတွင် တိုင်းရင်းသားပြည်သူလူထုများနှင့် ဘင်္ဂါလီ (မူရင်းစာတွင်ရိုဟင်ဂျာဟုဖော်ပြ) လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် အစိုးရခေတ်အဆက်ဆက်က ကျူးလွန်ခဲ့သော အနိုင်ကျင့် ဖိနှိပ်ညှဉ်းပန်းခဲ့မှုများ အားလုံးအတွက် NUCC နှင့် NUG တို့က ဦးဆောင်ကာ နိုင်ငံတော်အဆင့် ဝန်ချတောင်းပန်မှုပြုရမည်ဆိုသောအချက်လည်း ပါဝင်ခဲ့ပါသည်။ အငြင်းပွားဖွယ်ရာ ဖြစ်နေသော ဘင်္ဂါလီအရေးကို ယခုကဲ့သို့ ပြောဆိုလာသည့်အပေါ် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များအား မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဦးကိုကိုကြီး - ဥက္ကဋ္ဌ - ပြည်သူ့ပါတီ
ကျွန်တော်ကိုယ်တိုင်လည်းပဲ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ပါဝင်ပြီးတော့ ဆောင်ရွက်ခဲ့ဖူးပါ တယ်။ ဒီကိစ္စက အချိန်ယူပြီးတော့ အကန့်လိုက်၊ အကန့်လိုက် ဖြေရှင်းရမယ့်ကိစ္စ။ နောက်ပြီးတော့ ကျွန်တော်တို့က လူ့အခွင့်အရေး အခြေအနေတို့၊ နိုင်ငံသား အခွင့်အရေးတို့ ဆိုတာက တစ်ဦးချင်း၊ တစ်ယောက်ချင်းအပေါ်မှာ ကုစားပေးဖို့ နည်းလမ်းတွေကို ကျွန်တော်တို့ အကြံပြုခဲ့တာ အများကြီးရှိတယ်။ လူမျိုးတုံး သတ်ဖြတ်မှုတို့ ဘာတို့ ဆိုတာက စကားလုံးတွေနဲ့ စွပ်စွဲချက်ဖြစ်နေတာ။ တကယ်လို့ စစ်မြေပြင်မှာ ကျူးလွန်မှုရှိတယ် ဆိုရင်လည်း သက်ဆိုင်ရာ စစ်ဥပဒေတွေနဲ့၊ ရာဇဝတ်ဥပဒေတွေနဲ့ ကျူးလွန်တဲ့ကိစ္စတွေကို အရေးယူလိုက်ဖို့ပဲရှိတယ်။ တစ်မျိုးသားလုံးက ကျူးလွန်ထားခဲ့တာလည်း မဟုတ်ဘူး။ တကယ်လို့ဖြစ်ခဲ့တယ် ဆိုရင်တောင်မှ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကို အရေးယူရမှာ။ အဲဒါကို ကျွန်တော်တို့ သန်းငါးဆယ်က တောင်းပန်ရလောက်အောင် သန်းငါးဆယ်က ဘာမှကျူးလွန် ထားတာမရှိဘူး။ ကျွန်တော်တို့ သန်းငါးဆယ် ကိုယ်တိုင်က ဒုက္ခတွေကို အလူးအလဲ ခံနေရတာ။ ဆိုတော့ အဲ့ဒါကို တိုင်းပြည်ကိုပြန်ပြီး တည့်မတ်ရမယ့်အစား ဒါတွေကို ထိုးနှက်ချက်တွေအဖြစ်နဲ့ ဖန်တီးလာတာမျိုးဆိုရင်တော့ လက်လည်း မခံဘူး၊ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒါကို တစ်မျိုးသားလုံးက ကျူးလွန်ထားတာ မဟုတ်ဘူး။ တစ်မျိုးသားလုံးက တောင်းပန်ရမယ်ဆိုတာကို လက်ကိုမခံနိုင်ဘူး။ ကျွန်တော်တို့က နိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့၊ ကျွန်တော်တို့ဆိုရင် နိုင်ငံရေးနည်းနဲ့ ပြောင်းလဲဖို့ ကြိုးစားနေတာ။ နိုင်ငံတကာ အထောက်အပံ့ကို ရရင်ပြီးရောဆိုပြီး တော့ နိုင်ငံရဲ့ပကတိ အခြေအနေတွေနဲ့ကွဲလွဲတဲ့ ကြိုးစားမှုမျိုး၊ ချဉ်းကပ်မှုမျိုးက အောင်မြင်နိုင်ဖို့ မလွယ်ဘူးလို့ ကျွန်တော်က အဲ့ဒီလိုမြင်ပါတယ်။
ပဋိပက္ခဖြစ်တဲ့ကာလမှာ ARSA က ကျူး လွန်ခဲ့တဲ့အမှုတွေ အများကြီးရှိတယ်။ ပြည်သူမိသားစုတွေ၊ မြို့တွေ၊ ဌာနေတိုင်းရင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာတွေ အမှုတွေ အများကြီးရှိတယ်။ ကျွန်တော် ပြောချင်တာက ရာဇဝတ်မှုကို ဘယ်သူကပဲ ကျူးလွန်ကျူးလွန် တစ်ပြေးညီ အရေးယူရမယ်။ ဒါက အဲ့ဒီလိုမဟုတ်ဘဲ စစ်မြေပြင် ရာဇဝတ်မှုဆိုတာက စစ်မြေပြင်မှာ ဖြစ်လေ့ ဖြစ်ထ ရှိတာတွေပဲ။ အဲ့ဒါတွေကို တစ်မျိုးသားလုံးနဲ့ ပြစ်မှု ကျူးလွန်တာအဖြစ် ပုံဖော်တာကိုတော့ လက်ခံနိုင်စရာအကြောင်းမရှိဘူး။

ဒေါက်တာ အေးမောင် - ဥက္ကဋ္ဌ - ရခိုင့်ဦးဆောင်ပါတီ
ဦးသိန်းစိန်လက်ထက်ဖြစ်တုန်းက ရခိုင်နဲ့ဘင်္ဂါလီတွေ တော်တော်ပြင်းပြင်းထန်ထန် ဖြစ်ကြတယ်။ သီတာထွေး က စတာပေါ့။ အဲ့ဒီကာလက လွှတ်တော်နိုင်ငံရေးကလည်း စတယ်။ ဒီမိုကရေစီ အကူအပြောင်းကာလပေါ့။ အဲဒီတုန်းက ရခိုင်ပဋိ ပက္ခကော်မတီ ဖွဲ့ပြီးတော့ စုံစမ်းကြတယ်လေ။ အဲ့ဒီ အစီရင်ခံစာလည်း ထွက်တယ်။ ၂၀၁၇ ကျတော့ ၂၀၁၂ ကိစ္စကို စနစ်တကျ လေ့လာခဲ့ပုံပေါက်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စစ်ရေးနဲ့ပတ်သက်တဲ့ အင်အားစုတွေလေ။ ၂၀၁၇ ပြဿနာက စနစ်တကျ ချဉ်းကပ်တာ။ ၂၀၁၂ ကြောင့် ဖြစ်လာတဲ့ကိစ္စ။ ကိုဖီအာနန် ကော်မရှင်က Report လုပ်တဲ့နေ့မှာ ဖြစ်တာ။ ဆိုတော့ စနစ်တကျဖြစ်တဲ့ ပုံပေါက်တယ်။
စခန်း ၃၁ ခုလောက်အထိမှာ တစ်ပြိုင်တည်းဖြစ်တယ်။ တစ်ဖက်က ကလေးလူကြီး၊ အမျိုးသမီးတွေစုပြီး အဲ့ဒီစခန်းတွေကို ချေမှုန်းတာဗျ။ ARSA လို့ အမည်တပ်တာပေါ့။ စနစ်တကျပဲ လူပေါင်းသိန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ် ဘက် ခိုလှုံကြတယ်ပေါ့ဗျာ။ နိုင်ငံရေး ရည်ရွယ်ချက်တစ်ခုနဲ့ သွားခဲ့တဲ့ စနစ်တကျ အစီအစဉ်တစ်ခုကို နိုင်ငံခြားမှာရှိတဲ့ အင်အားစုတွေက ဆွဲခဲ့တဲ့ပုံပေါက်တယ်။ ဒီဘက်က အုပ်ချုပ်ရေးအဖွဲ့တွေက တားကြတာပေါ့။ မသွားဖို့ ဒါမျိုးကြားပါ တယ်။ စနစ်တကျ ထွက်ပြေးကြတာပေါ့။ ဒါကိုလည်း ဓာတ်ပုံရိုက်တယ်။ Video လေးတွေ ရိုက်ကြတာပေါ့။ လူမျိုးတုံး သတ်ဖြတ်လို့ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပေါ့။ အဲ့ဒီဖြစ်စဉ်လေးတွေက ပြီးသွားပြီ။ အခုရခိုင်မှာဖြစ်စဉ်တွေက ထပ်ပေါ်တာ ပေါ့။
ဖေဖော်ဝါရီလ ၁၀ ရက်မှာ ပြည်သူ့စစ်မှု ထမ်းဥပဒေပြဋ္ဌာန်းတယ်။ ULA/AA ဘက်က နှစ်ဖက် သင့်မြတ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့သွားနေတာ။ မစ္စတာ ဝါကာအူဒင် ကွယ်လွန်တဲ့အခါ ဝမ်းနည်း ကြောင်း သဝဏ်လွှာနဲ့ မျိုးနွယ်စု ၂ ခုကို ဘယ်လို တည်တည်ငြိမ်ငြိမ်လေး ရခိုင်ဒေသမှာ သင့်မြတ်ရေးနဲ့ သွားတာပေါ့။ ULA/AA ဘက်က စစ်သားတွေနဲ့ နှစ်ရွာတွေ ဘောလုံးကန်တာတွေ ဘာတွေလုပ်ကြတာပေါ့။ တောင်းပန်တယ်ဆိုတာက သူတို့ချဲ့ကား တာပါပဲ။ တောင်းပန်တယ်ဆိုတာက ဝန်ခံတာလေ။ ကျွန်တော်ခုနက ရှင်းပြတဲ့ ၂၀၁၇ ဘယ်သူ ဖြစ်တာလဲ အဲ့ဒါကို အကြောင်းအရင်းကို ဇာစ်မြစ်ကို ရှာရမှာပေါ့။
ဇာစ်မြစ်မျိုးစုံကို လော်ဘီလုပ်ပြီး နိုင်ငံတကာ မီဒီယာတွေကပါလွှင့်တဲ့အခါကျတော့ ပါဝင် ပတ်သက် တဲ့ ပုဂ္ဂိုလ်တွေ၊ တာဝန်ကြီးကြီးမားမားယူထားတဲ့ ကမ္ဘာနဲ့ဆိုင်တဲ့ပုဂ္ဂိုလ်တွေကလည်း ဝိုးတိုးဝါးတား ဖြစ်တာပေါ့။ ဖြစ်တဲ့ အကြောင်းအရင်းကို စိတ်အခံလေးနဲ့ ဆုံးဖြတ်ကြတာကိုး။ အဲဒါကြောင့် ၂၀၁၇ ပြဿနာသည် ဘယ်ကစဖြစ်တာလဲ၊ ဘာကြောင့် ဖြစ်တာလဲ၊ တာဝန်ရှိတဲ့ အစိုးရဘက်က ဖြစ်စေချင် တာလား၊ ဒါမှမဟုတ် မတတ်သာလို့ နိုင်ငံစွန့်ခွာတာကို တားခဲ့၊ ဆီးခဲ့ကြတာလား၊ ဖြေရှင်းဖို့ ကြိုးစားခဲ့တာလား၊ တကယ်တမ်း လူမျိုးတုံးအောင် လုပ်ခဲ့ကြတာ မှန်ရဲ့လားဆိုတာ မေးခွန်းထုတ်ဖို့လိုတယ်။
အဲဒါကိုမေ့ပြီးမှ ပြဿနာဖြစ်ရင် သူ့မှာတာဝန်ရှိတယ်ဆိုတာက မကောင်းဘူးဗျ။ ဆိုတော့ တောင်းပန်တယ် ဆိုတာက ကျူးလွန်ခဲ့ပါတယ်ဆိုမှ တောင်းပန်ရတာ။ ကျူးလွန်ခဲ့သည်၊ မကျူးလွန်ခဲ့သည် ဆိုတာကို ဖြစ်စဉ်အပေါ်မှာ သုံးသပ်ရမှာပေါ့။ ဒါကြီးက သက်သက်မဲ့ ချောက်တွန်းတဲ့ဟာပါ။ သူတို့က သိပ်ပြီးတော့ အဲ့ဒီလူ့အဖွဲ့ အစည်းနဲ့ပတ်သက် လို့ နောက်ခံအင်အားစုတွေကို တအားလိုအပ်တဲ့အခါမှာ တစ်ဖက်ကို တော်တော်လေးကို ချည်းကပ် တဲ့ပုံ ပေါက်ပါတယ်။
သူတို့မကြိုက်တဲ့ အင်အားစု အပေါ်မှာ နည်းမျိုးစုံနဲ့ စော်ကားတဲ့အထိ သုံးနှုန်းခဲ့ပုံပေါက်ပါတယ်။ အဲ့ဒီလိုမျိုးသုံး တာကို လက်ရှိတည်ဆဲ အစိုးရကလည်း လက်ခံမယ်မထင်ဘူး။ လူထုကလည်း လက်ခံမယ်မထင်ဘူး။ ဆိုတော့ ဒါက တော့ အင်မတန်ကြီးကျယ်တဲ့ အသုံးအနှုန်းသဘောပါ။

ဦးကျော်ဇေယျ - ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း
အမှန်တော့ဗျာ ကျွန်တော့်အမြင်ကတော့ Genocide ဆိုတဲ့ကိစ္စကြီးက ဒေါ်အောင်ဆန်းစု ကြည်လည်း နိုင်ငံတကာခုံရုံးမှာ သွားခဲ့ပြီးပြီပဲ။ နိုင်ငံအတွက် သူကာကွယ်ပြီး ပြောဆိုခဲ့တာ အများကြီးရှိတာပဲ။ အဲဒီတော့ ဒါတွေက အလကားပါ။ ကျွန်တော့်ရဲ့မှတ်ချက်က ရိုးရိုးလေးပဲ ပေးချင်ပါတယ်။ နိုင်ငံတကာကနေ တခြားအဖွဲ့အစည်းတွေက နေ ထောက်ပံ့ငွေရတာကောင်းအောင် အသံကောင်းဟစ်နေတာပါ။ ဘယ်သူမှလည်း လိုက်လုပ်မှာ မဟုတ်ပါဘူး။ AA ကိုတောင် ဘင်္ဂါလီကလက်မခံဘူး။ ဘာညာနဲ့ ဆန္ဒပြနေပြီလေ။ ဆန္ဒပြပွဲမှာ အဲဒီကိစ္စပါတာမှ မဟုတ်တာ။ မဖြစ်သင့်တဲ့ ဟာတွေပါ။ နိုင်ငံတကာမှာ သူတို့အနေနဲ့ အလှူခံကောင်းအောင် အသံကောင်း ဟစ်တာပဲရှိတာပါ။ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ရင်ဆိုင်ခဲ့တယ်။ အခု နစက လက် ထက်မှာလည်း ရင်ဆိုင်ခဲ့တယ်။ အခုက သူတို့က ရေ ထဲမှာ အရုပ်ရေးသလိုပါပဲ။

ဦးဘိုဘိုကျော်ငြိမ်း - နိုင်ငံရေး သုံးသပ်လေ့လာသူ
ဒါကတော့ ရှင်းရှင်းပြောရရင် အမှန်အ တိုင်းပြောရင်ရူးတာပါပဲ။ ရူးတာရယ် နောက်တစ်ခုက ပိုက်ဆံပေါ့။ NUG ဆိုတာက ကျွန်တော့်အမြင်က နိုင်ငံရေးနားမလည်ဘဲ တကယ်တော့တက်ကြွလှုပ်ရှားသူ အဆင့်ပဲရှိတယ်။ နိုင်ငံရေး အဆင့်တောင်မရှိဘူး။ နိုင်ငံရေးသမားနဲ့ တက်ကြွလှုပ်ရှားသူ မတူဘူး။ ဇာနည်တို့ဆို တက်ကြွလှုပ်ရှားသူကောင်းပါ။ နိုင်ငံရေးသမားမဟုတ်ဘူး။ တက်ကြွလှုပ်ရှားသူက ပိုက်ဆံရှိတတ်တယ်။ သူတို့က တက်ကြွလှုပ်ရှားသူ လုပ် လာတဲ့ အတွက် သူတို့ကို ပိုက်ဆံပေးနေတာက အမေရိကန်တွေက ပေးနေတာ။
သူတို့က ဒီဟာကိုအော်မှ ပိုက်ဆံရမှာ။ ဒီဟာက ဘာအဓိပ္ပာယ်မှမရှိဘူး။ ရိုဟင်ဂျာဆိုတာကရှိကို မရှိဘူး။ ဘင်္ဂါလီတွေချည်းပဲ။ သူတို့က ဘာသာရေးနဲ့ မဟုတ်ဘူး။ ရှမ်းပြည်မှာရှိတဲ့ ပြည်နယ်မှာ သန်းတစ်ရာ့ငါးဆယ် လောက်ရှိတဲ့အတွက် မြေလိုချင်တာ။ NUG ကိုတော့ အထင်ကိုမကြီးတာ။ NUG ခေါင်းဆောင်လို့ကတော့ အစိုးရ ဘာမှမဖြစ်ဘူး။ သူတို့က စိတ်ကူးယဉ်နေတာ။ သူတို့ကို အမေရိကန်အစိုးရကလည်း နားလည်တာ မဟုတ်ဘူး။ လစ်ဘ ရယ် တက်ကြွလှုပ်ရှားသူတွေက ဘာသွားမြင်လဲဆိုတော့ တိုင်းရင်းသားတွေမှာ နယ်မြေရှိတယ်။ လက်နက်ရှိတယ်။ ပုန်ကန်နေတယ်။ ဒီလူတွေကိုစုလိုက်ရင် ငါတို့ရဲ့ ဖက်ဒရယ်အာမီ ရမယ်ဆိုပြီး တွက်တာ။ အဝေးကကြည့်ရင် ဟုတ် တယ်။ အနီးက ကြည့်ရင် တည့်တာ မဟုတ်ဘူး။ တိုင်းရင်းသား အချင်းချင်းက နယ်မြေလုနေကြတာ အများကြီးရှိတယ်။ မွန်နဲ့ကရင်ဆိုနယ်မြေ လုနေကြတာ။ ဖွတ်ချက်ဖွတ်ချက် ပစ်တတ်ရုံနဲ့ လက်နက်ကိုင်တော်လှန်ရေး မဖြစ်ဘူး။ အရေးကြီး ဆုံးက လက်နက်ကိုင်တော်လှန်ရေး အောင်မြင်တယ်ဆိုတာ အင်မတန်ရှားတယ်။ ဘာကြောင့် ရှားတာလဲဆိုတော့ မော်စီတုန်းတို့လို ပေါ်လစီချပြီး အိုင်ဒီရော်လော်ဂျီနဲ့ ညှပ်ပြီး လူတွေပါအောင်လုပ်ရတာ။ ပါတီလိုတယ်။ အင်စတီကျူး ရှင်းလိုတယ်။ ဒါတွေမရှိဘဲ အွန်လိုင်းမှာ ငါတို့နိုင်နေပြီ မနက်ဖြန်ပဲ သိမ်းတော့မယ်၊ သန်ဘက်ခါပဲ သိမ်းတော့မယ် အော်လို့ရတယ်။ ဒါပေမဲ့ ဒါတွေက ဘာအဓိပ္ပာယ်မှမရှိဘူး။
သူတို့က ပျော်ပြီးအော်တာကလွဲရင် ဘာမှမဟုတ်ဘူး။ ကြေညာလိုက်တာပဲရှိတယ်။ ဘာသက် ရောက်မှု မှမရှိဘူး။ ဘာကိုကြောက်ရမလဲဆိုတော့ နိုင်ငံရေးနားလည်တဲ့ နိုင်ငံရေးသမားတွေက ဦးဆောင်ရင်တစ်မျိုး။ လူတွေ ထောက်ခံတယ် မထောက်ခံဘူးက ဒီဟာမှာ မူတည်တာကိုး။ သူတို့ကလည်း အွန်လိုင်းပေါ်မှာ နိုင်နေတာ။ အဲဒီတော့ စာက ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ထင်တယ်။ OIC က ပိုက်ဆံလိုချင်တာပါ။ သူတို့ကလည်း နှစ်ပြားတစ်ပဲ ပေးတာ။ တကယ်တော့ ဘာသာရေးမဟုတ်ဘဲ (ဘင်္ဂါလီတွေက) နယ်မြေလိုချင်တာ။ ARSA ဆို တာလည်း လူလည်လုပ်သွားတာ။ သူတို့ဝင်မတိုက်ဘူး။ အသေမခံနိုင်ဘူး။ နယ်မြေ လိုချင်လို့ အသေမခံဘူး။ သူတို့ NUCC အစည်းအဝေးခေါ်တာက ပိုက်ဆံ တောင်းဖို့ ခေါ်တာပါ။ အတိုချုပ်ကတော့ ပိုက်ဆံ တောင်းဖို့ခေါ်တာပါပဲ ဘာသက်ရောက်မှုမှ မရှိဘူး။

ဦးတင့်ဆွေ - ဒုတိယ ဥက္ကဋ္ဌ- ဒီမိုကရက်တစ် ပါတီ (မြန်မာ)
ဖတ်မိတယ်။ ကျွန်တော်လည်း ကန့်ကွက်တယ်။ သူတို့က အစိုးရလည်း မဟုတ်ဘူး။ OIC က အကူအညီလိုချင် တာနဲ့ ဒါတွေလိုက်လုပ်ပြီး မလေးရှားက တစ်ယောက်ကလည်း ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေကို ဖျက်သိမ်းတဲ့ အတွက် ဝမ်းသာတယ်။ လျှောက်လုပ်နေတယ်။ တောင်းပန်ရတယ်ဆိုတာက အဓိပ္ပာယ်မရှိတာ။ တစ်ဖက်က ငွေလိုချင်တာနဲ့ တစ်ဖက်ကို လုပ်တယ် ဆိုတာက စဉ်းစားကြည့်လေ အမျိုးသားသစ္စာဖောက်တွေပဲ။ ကျူးကျော်တဲ့ အင်္ဂလိပ်တွေက ခေါ်လာပြီး ဘင်္ဂါလီကနေ ရိုဟင်ဂျာ ဆိုပြီးလုပ်တယ်။ သူတို့လုပ်တာက လက်ခံနိုင်တဲ့အကြောင်း မဟုတ်ဘူးလို့ မြင်ပြီးသား။ တောင်းပန်ရမယ်ဆိုပြီး စကားထွက်တည်းက သမိုင်းမှာ တရားခံပဲ။ အဝေးရောက် အစိုးရအဖွဲ့က ဦးစိန်ဝင်းက အစဒီလိုတွေ တိုင်းပြည်အတွက်ကို သိက္ခာကျမယ့် အလုပ်ကို အဝေးရောက်အစိုးရတိုင်း မပြောခဲ့ဘူး။
သူတို့က ဆိုးဆိုးရွားရွား ပြောလာတော့ ဘယ်လိုမှ စဉ်းစားလို့မရဘူး။ သူတို့ ပြောတဲ့စကားတွေက သူတို့ကကုလသမဂ္ဂလည်း မဟုတ်ဘူး။ အစိုးရလည်းမဟုတ်ဘူး။ ပြောချင်တာက အရပ်သားတစ်ယောက်က မကျေနပ် လို့ အဖွဲ့အစည်းတစ်ခုကို ပြောသလိုပြောတာ။ ခေါင်းထဲကို မထည့်သင့်ဘူး။ အရေးတယူ လုပ်လိုက်ရင်တို့က ဘာဖြစ် သွားမလဲဆိုတော့ သူတို့ကို အသိအမှတ်ပြုသလို ဖြစ်သွားလိမ့်မယ်။ သူတို့ ဘာပဲပြောပြော သူတို့ ပြောတာကို ဂရုစိုက်ရင် သူတို့ကို နေရာတစ်ခု ပေးသလို ဖြစ်သွားလိမ့်မယ်။ သူတို့ပြောတာကိုတို့က ပြဇာတ်မှာ လူပြက်တွေ ပြောတာလောက် သဘောထားရမယ်။ ဒါကို အရေးတယူသွားလုပ်မယ်ဆိုရင် အလေးထားပြီး တုံ့ပြန်ရင် အသိအမှတ် ပြုကြောင်း လုပ်သလို ဖြစ်သွားလိမ့်မယ်။
သူတို့က လေထဲကအစိုးရ လေထဲကပြောတာကို လေထဲထားဖို့ပဲရှိတယ်။ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းတို့ကလည်းမရှိဘူး။ ပြောထားပြီးပြီ။ ပြောချင်တာက ရာဇဝင်နဲ့ချီပြောရင် သမိုင်းမှာ ရိုဟင်ဂျာကို မရှိတာ။ အဲဒါကို အသိအမှတ်ပြုပြီး ပြန်ပြောမယ်ဆိုရင် တို့ကအသိအမှတ်ပြုရာကျမယ်။ သမိုင်းနဲ့ချီပြောမလား ဘယ်သမိုင်းနဲ့ပြောပြော ပြောစရာမလိုဘူးလို့ ထင်ပါတယ်။ ဒါက နိုင်ငံရေးလုပ်စားတာပေါ့။ ဒီလို အလှူရှင်တွေရဲ့ အလိုကျ လုပ်မှသူတို့က ရပ်တည်လို့ရမှာလေ။ လူမျိုးတုံး ဆိုတာက သူတို့ ပြောစကားပေါ့။
ဗီယက်နမ် စစ်တုန်းက My Lai ရွာမှာ ဆိုရင် မှားပြီးတော့ အကုန်သတ်ပစ်လိုက်တာပဲ။ တစ် ရွာလုံးကို သတ်တာ အဘွားကြီးကအစ သတ်တာ။ သက်သက် ဒါကတို့ကို အဆိပ်ခတ်တာလေ။ အခု အရှေ့အလယ်ပိုင်းမှာ အစ္စရေးကို လုပ်လို့ အဆအများကြီးနဲ့ ပြန်လုပ်တာ။ ဒါမျိုးကျတော့ ပါလက်စ တိုင်းကို လူမျိုးတုံးသတ်တာပဲလေ။ အဲ့ဒီအချိန် တုန်းက တို့ဘက်မှာ မိတ်ဆွေအင်အားနည်းလို့ ပြဖို့ ကလေ။ တကယ်တော့ လူမျိုးတုံးသတ်တာ မဖြစ် နိုင်ဘူး။ တို့ဒီကိစ္စ ဘာမှမဟုတ်တာကို လူမျိုးတုံး သတ်တယ်ဆိုတာက (နိုင်ငံရေး) ကစားတာလို့ပဲမြင်တယ်။

zawgyi version
ဘဂၤါလီေတြကို ႏိုင္ငံေတာ္အဆင့္ ေတာင္းပန္ရမယ္လို႔ ေျပာလာတဲ့ NUCC-NUG ညီလာခံထုတ္ျပန္ခ်က္နဲ႔ ႏိုင္ငံေရး နယ္ပယ္က ေျပာစကား
သုတေက်ာ္ (NP News) -‌ ေမ ၂

ဧၿပီလ ဒုတိယအပတ္က ျပဳလုပ္ခဲ့ေသာ NUCC ၏ ဒုတိယအအႀကိမ္ ညီလာခံအၿပီးတြင္ NUCC ႏွင့္ NUG တို႔က ဖက္ဒရယ္ဒီမိုကေရစီပဋိညာဥ္ႏွင့္အညီ လိုက္နာအေကာင္အထည္ ေဖာ္ရန္ဟုဆိုကာ အဆိုျပဳခ်က္ႏွင့္ အႀကံျပဳခ်က္မ်ား ထုတ္ျပန္ရာတြင္ တိုင္းရင္းသားျပည္သူလူထုမ်ားႏွင့္ ဘဂၤါလီ (မူရင္းစာတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ) လူမ်ိဳးတုံးသတ္ျဖတ္မႈ အပါအဝင္ အစိုးရေခတ္အဆက္ဆက္က က်ဴးလြန္ခဲ့ေသာ အႏိုင္က်င့္ ဖိႏွိပ္ညႇဥ္းပန္းခဲ့မႈမ်ား အားလုံးအတြက္ NUCC ႏွင့္ NUG တို႔က ဦးေဆာင္ကာ ႏိုင္ငံေတာ္အဆင့္ ဝန္ခ်ေတာင္းပန္မႈျပဳရမည္ဆိုေသာအခ်က္လည္း ပါဝင္ခဲ့ပါသည္။ အျငင္းပြားဖြယ္ရာ ျဖစ္ေနေသာ ဘဂၤါလီအေရးကို ယခုကဲ့သို႔ ေျပာဆိုလာသည့္အေပၚ ႏိုင္ငံေရးနယ္ပယ္မွ ပုဂၢိဳလ္မ်ားအား ေမးျမန္းထားသည္ကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ဦးကိုကိုႀကီး - ဥကၠ႒ - ျပည္သူ႔ပါတီ
ကြၽန္ေတာ္ကိုယ္တိုင္လည္းပဲ ရခိုင္ပဋိပကၡ စုံစမ္းစစ္ေဆးေရးေကာ္မရွင္မွာ ပါဝင္ၿပီးေတာ့ ေဆာင္႐ြက္ခဲ့ဖူးပါ တယ္။ ဒီကိစၥက အခ်ိန္ယူၿပီးေတာ့ အကန႔္လိုက္၊ အကန႔္လိုက္ ေျဖရွင္းရမယ့္ကိစၥ။ ေနာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔က လူ႔အခြင့္အေရး အေျခအေနတို႔၊ ႏိုင္ငံသား အခြင့္အေရးတို႔ ဆိုတာက တစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္းအေပၚမွာ ကုစားေပးဖို႔ နည္းလမ္းေတြကို ကြၽန္ေတာ္တို႔ အႀကံျပဳခဲ့တာ အမ်ားႀကီးရွိတယ္။ လူမ်ိဳးတုံး သတ္ျဖတ္မႈတို႔ ဘာတို႔ ဆိုတာက စကားလုံးေတြနဲ႔ စြပ္စြဲခ်က္ျဖစ္ေနတာ။ တကယ္လို႔ စစ္ေျမျပင္မွာ က်ဴးလြန္မႈရွိတယ္ ဆိုရင္လည္း သက္ဆိုင္ရာ စစ္ဥပေဒေတြနဲ႔၊ ရာဇဝတ္ဥပေဒေတြနဲ႔ က်ဴးလြန္တဲ့ကိစၥေတြကို အေရးယူလိုက္ဖို႔ပဲရွိတယ္။ တစ္မ်ိဳးသားလုံးက က်ဴးလြန္ထားခဲ့တာလည္း မဟုတ္ဘူး။ တကယ္လို႔ျဖစ္ခဲ့တယ္ ဆိုရင္ေတာင္မွ သက္ဆိုင္ရာ တာဝန္ရွိတဲ့သူေတြကို အေရးယူရမွာ။ အဲဒါကို ကြၽန္ေတာ္တို႔ သန္းငါးဆယ္က ေတာင္းပန္ရေလာက္ေအာင္ သန္းငါးဆယ္က ဘာမွက်ဴးလြန္ ထားတာမရွိဘူး။ ကြၽန္ေတာ္တို႔ သန္းငါးဆယ္ ကိုယ္တိုင္က ဒုကၡေတြကို အလူးအလဲ ခံေနရတာ။ ဆိုေတာ့ အဲ့ဒါကို တိုင္းျပည္ကိုျပန္ၿပီး တည့္မတ္ရမယ့္အစား ဒါေတြကို ထိုးႏွက္ခ်က္ေတြအျဖစ္နဲ႔ ဖန္တီးလာတာမ်ိဳးဆိုရင္ေတာ့ လက္လည္း မခံဘူး၊ ျဖစ္လည္း မျဖစ္သင့္ဘူး။ ဒါကို တစ္မ်ိဳးသားလုံးက က်ဴးလြန္ထားတာ မဟုတ္ဘူး။ တစ္မ်ိဳးသားလုံးက ေတာင္းပန္ရမယ္ဆိုတာကို လက္ကိုမခံႏိုင္ဘူး။ ကြၽန္ေတာ္တို႔က ႏိုင္ငံေရး အေျပာင္းအလဲျဖစ္ဖို႔၊ ကြၽန္ေတာ္တို႔ဆိုရင္ ႏိုင္ငံေရးနည္းနဲ႔ ေျပာင္းလဲဖို႔ ႀကိဳးစားေနတာ။ ႏိုင္ငံတကာ အေထာက္အပံ့ကို ရရင္ၿပီးေရာဆိုၿပီး ေတာ့ ႏိုင္ငံရဲ႕ပကတိ အေျခအေနေတြနဲ႔ကြဲလြဲတဲ့ ႀကိဳးစားမႈမ်ိဳး၊ ခ်ဥ္းကပ္မႈမ်ိဳးက ေအာင္ျမင္ႏိုင္ဖို႔ မလြယ္ဘူးလို႔ ကြၽန္ေတာ္က အဲ့ဒီလိုျမင္ပါတယ္။
ပဋိပကၡျဖစ္တဲ့ကာလမွာ ARSA က က်ဴး လြန္ခဲ့တဲ့အမႈေတြ အမ်ားႀကီးရွိတယ္။ ျပည္သူမိသားစုေတြ၊ ၿမိဳ႕ေတြ၊ ဌာေနတိုင္းရင္းသားေတြကို ရက္ရက္စက္စက္ သတ္ျဖတ္ထားတာေတြ အမႈေတြ အမ်ားႀကီးရွိတယ္။ ကြၽန္ေတာ္ ေျပာခ်င္တာက ရာဇဝတ္မႈကို ဘယ္သူကပဲ က်ဴးလြန္က်ဴးလြန္ တစ္ေျပးညီ အေရးယူရမယ္။ ဒါက အဲ့ဒီလိုမဟုတ္ဘဲ စစ္ေျမျပင္ ရာဇဝတ္မႈဆိုတာက စစ္ေျမျပင္မွာ ျဖစ္ေလ့ ျဖစ္ထ ရွိတာေတြပဲ။ အဲ့ဒါေတြကို တစ္မ်ိဳးသားလုံးနဲ႔ ျပစ္မႈ က်ဴးလြန္တာအျဖစ္ ပုံေဖာ္တာကိုေတာ့ လက္ခံႏိုင္စရာအေၾကာင္းမရွိဘူး။

ေဒါက္တာ ေအးေမာင္ - ဥကၠ႒ - ရခိုင့္ဦးေဆာင္ပါတီ
ဦးသိန္းစိန္လက္ထက္ျဖစ္တုန္းက ရခိုင္နဲ႔ဘဂၤါလီေတြ ေတာ္ေတာ္ျပင္းျပင္းထန္ထန္ ျဖစ္ၾကတယ္။ သီတာေထြး က စတာေပါ့။ အဲ့ဒီကာလက လႊတ္ေတာ္ႏိုင္ငံေရးကလည္း စတယ္။ ဒီမိုကေရစီ အကူအေျပာင္းကာလေပါ့။ အဲဒီတုန္းက ရခိုင္ပဋိ ပကၡေကာ္မတီ ဖြဲ႕ၿပီးေတာ့ စုံစမ္းၾကတယ္ေလ။ အဲ့ဒီ အစီရင္ခံစာလည္း ထြက္တယ္။ ၂၀၁၇ က်ေတာ့ ၂၀၁၂ ကိစၥကို စနစ္တက် ေလ့လာခဲ့ပုံေပါက္တယ္။ ႏိုင္ငံေရးနဲ႔ ပတ္သက္တဲ့ စစ္ေရးနဲ႔ပတ္သက္တဲ့ အင္အားစုေတြေလ။ ၂၀၁၇ ျပႆနာက စနစ္တက် ခ်ဥ္းကပ္တာ။ ၂၀၁၂ ေၾကာင့္ ျဖစ္လာတဲ့ကိစၥ။ ကိုဖီအာနန္ ေကာ္မရွင္က Report လုပ္တဲ့ေန႔မွာ ျဖစ္တာ။ ဆိုေတာ့ စနစ္တက်ျဖစ္တဲ့ ပုံေပါက္တယ္။
စခန္း ၃၁ ခုေလာက္အထိမွာ တစ္ၿပိဳင္တည္းျဖစ္တယ္။ တစ္ဖက္က ကေလးလူႀကီး၊ အမ်ိဳးသမီးေတြစုၿပီး အဲ့ဒီစခန္းေတြကို ေခ်မႈန္းတာဗ်။ ARSA လို႔ အမည္တပ္တာေပါ့။ စနစ္တက်ပဲ လူေပါင္းသိန္းေပါင္းမ်ားစြာ ဘဂၤလားေဒ့ရွ္ ဘက္ ခိုလႈံၾကတယ္ေပါ့ဗ်ာ။ ႏိုင္ငံေရး ရည္႐ြယ္ခ်က္တစ္ခုနဲ႔ သြားခဲ့တဲ့ စနစ္တက် အစီအစဥ္တစ္ခုကို ႏိုင္ငံျခားမွာရွိတဲ့ အင္အားစုေတြက ဆြဲခဲ့တဲ့ပုံေပါက္တယ္။ ဒီဘက္က အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက တားၾကတာေပါ့။ မသြားဖို႔ ဒါမ်ိဳးၾကားပါ တယ္။ စနစ္တက် ထြက္ေျပးၾကတာေပါ့။ ဒါကိုလည္း ဓာတ္ပုံ႐ိုက္တယ္။ Video ေလးေတြ ႐ိုက္ၾကတာေပါ့။ လူမ်ိဳးတုံး သတ္ျဖတ္လို႔ဆိုတဲ့ ေခါင္းစဥ္ေလးနဲ႔ေပါ့။ အဲ့ဒီျဖစ္စဥ္ေလးေတြက ၿပီးသြားၿပီ။ အခုရခိုင္မွာျဖစ္စဥ္ေတြက ထပ္ေပၚတာ ေပါ့။
ေဖေဖာ္ဝါရီလ ၁၀ ရက္မွာ ျပည္သူ႔စစ္မႈ ထမ္းဥပေဒျပ႒ာန္းတယ္။ ULA/AA ဘက္က ႏွစ္ဖက္ သင့္ျမတ္ေရးဆိုတဲ့ ေခါင္းစဥ္နဲ႔သြားေနတာ။ မစၥတာ ဝါကာအူဒင္ ကြယ္လြန္တဲ့အခါ ဝမ္းနည္း ေၾကာင္း သဝဏ္လႊာနဲ႔ မ်ိဳးႏြယ္စု ၂ ခုကို ဘယ္လို တည္တည္ၿငိမ္ၿငိမ္ေလး ရခိုင္ေဒသမွာ သင့္ျမတ္ေရးနဲ႔ သြားတာေပါ့။ ULA/AA ဘက္က စစ္သားေတြနဲ႔ ႏွစ္႐ြာေတြ ေဘာလုံးကန္တာေတြ ဘာေတြလုပ္ၾကတာေပါ့။ ေတာင္းပန္တယ္ဆိုတာက သူတို႔ခ်ဲ႕ကား တာပါပဲ။ ေတာင္းပန္တယ္ဆိုတာက ဝန္ခံတာေလ။ ကြၽန္ေတာ္ခုနက ရွင္းျပတဲ့ ၂၀၁၇ ဘယ္သူ ျဖစ္တာလဲ အဲ့ဒါကို အေၾကာင္းအရင္းကို ဇာစ္ျမစ္ကို ရွာရမွာေပါ့။
ဇာစ္ျမစ္မ်ိဳးစုံကို ေလာ္ဘီလုပ္ၿပီး ႏိုင္ငံတကာ မီဒီယာေတြကပါလႊင့္တဲ့အခါက်ေတာ့ ပါဝင္ ပတ္သက္ တဲ့ ပုဂၢိဳလ္ေတြ၊ တာဝန္ႀကီးႀကီးမားမားယူထားတဲ့ ကမာၻနဲ႔ဆိုင္တဲ့ပုဂၢိဳလ္ေတြကလည္း ဝိုးတိုးဝါးတား ျဖစ္တာေပါ့။ ျဖစ္တဲ့ အေၾကာင္းအရင္းကို စိတ္အခံေလးနဲ႔ ဆုံးျဖတ္ၾကတာကိုး။ အဲဒါေၾကာင့္ ၂၀၁၇ ျပႆနာသည္ ဘယ္ကစျဖစ္တာလဲ၊ ဘာေၾကာင့္ ျဖစ္တာလဲ၊ တာဝန္ရွိတဲ့ အစိုးရဘက္က ျဖစ္ေစခ်င္ တာလား၊ ဒါမွမဟုတ္ မတတ္သာလို႔ ႏိုင္ငံစြန႔္ခြာတာကို တားခဲ့၊ ဆီးခဲ့ၾကတာလား၊ ေျဖရွင္းဖို႔ ႀကိဳးစားခဲ့တာလား၊ တကယ္တမ္း လူမ်ိဳးတုံးေအာင္ လုပ္ခဲ့ၾကတာ မွန္ရဲ႕လားဆိုတာ ေမးခြန္းထုတ္ဖို႔လိုတယ္။
အဲဒါကိုေမ့ၿပီးမွ ျပႆနာျဖစ္ရင္ သူ႔မွာတာဝန္ရွိတယ္ဆိုတာက မေကာင္းဘူးဗ်။ ဆိုေတာ့ ေတာင္းပန္တယ္ ဆိုတာက က်ဴးလြန္ခဲ့ပါတယ္ဆိုမွ ေတာင္းပန္ရတာ။ က်ဴးလြန္ခဲ့သည္၊ မက်ဴးလြန္ခဲ့သည္ ဆိုတာကို ျဖစ္စဥ္အေပၚမွာ သုံးသပ္ရမွာေပါ့။ ဒါႀကီးက သက္သက္မဲ့ ေခ်ာက္တြန္းတဲ့ဟာပါ။ သူတို႔က သိပ္ၿပီးေတာ့ အဲ့ဒီလူ႔အဖြဲ႕ အစည္းနဲ႔ပတ္သက္ လို႔ ေနာက္ခံအင္အားစုေတြကို တအားလိုအပ္တဲ့အခါမွာ တစ္ဖက္ကို ေတာ္ေတာ္ေလးကို ခ်ည္းကပ္ တဲ့ပုံ ေပါက္ပါတယ္။
သူတို႔မႀကိဳက္တဲ့ အင္အားစု အေပၚမွာ နည္းမ်ိဳးစုံနဲ႔ ေစာ္ကားတဲ့အထိ သုံးႏႈန္းခဲ့ပုံေပါက္ပါတယ္။ အဲ့ဒီလိုမ်ိဳးသုံး တာကို လက္ရွိတည္ဆဲ အစိုးရကလည္း လက္ခံမယ္မထင္ဘူး။ လူထုကလည္း လက္ခံမယ္မထင္ဘူး။ ဆိုေတာ့ ဒါက ေတာ့ အင္မတန္ႀကီးက်ယ္တဲ့ အသုံးအႏႈန္းသေဘာပါ။

ဦးေက်ာ္ေဇယ် - ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း
အမွန္ေတာ့ဗ်ာ ကြၽန္ေတာ့္အျမင္ကေတာ့ Genocide ဆိုတဲ့ကိစၥႀကီးက ေဒၚေအာင္ဆန္းစု ၾကည္လည္း ႏိုင္ငံတကာခုံ႐ုံးမွာ သြားခဲ့ၿပီးၿပီပဲ။ ႏိုင္ငံအတြက္ သူကာကြယ္ၿပီး ေျပာဆိုခဲ့တာ အမ်ားႀကီးရွိတာပဲ။ အဲဒီေတာ့ ဒါေတြက အလကားပါ။ ကြၽန္ေတာ့္ရဲ႕မွတ္ခ်က္က ႐ိုး႐ိုးေလးပဲ ေပးခ်င္ပါတယ္။ ႏိုင္ငံတကာကေန တျခားအဖြဲ႕အစည္းေတြက ေန ေထာက္ပံ့ေငြရတာေကာင္းေအာင္ အသံေကာင္းဟစ္ေနတာပါ။ ဘယ္သူမွလည္း လိုက္လုပ္မွာ မဟုတ္ပါဘူး။ AA ကိုေတာင္ ဘဂၤါလီကလက္မခံဘူး။ ဘာညာနဲ႔ ဆႏၵျပေနၿပီေလ။ ဆႏၵျပပြဲမွာ အဲဒီကိစၥပါတာမွ မဟုတ္တာ။ မျဖစ္သင့္တဲ့ ဟာေတြပါ။ ႏိုင္ငံတကာမွာ သူတို႔အေနနဲ႔ အလႉခံေကာင္းေအာင္ အသံေကာင္း ဟစ္တာပဲရွိတာပါ။ အရင္ကလည္း ေဒၚေအာင္ဆန္းစုၾကည္ကလည္း ရင္ဆိုင္ခဲ့တယ္။ အခု နစက လက္ ထက္မွာလည္း ရင္ဆိုင္ခဲ့တယ္။ အခုက သူတို႔က ေရ ထဲမွာ အ႐ုပ္ေရးသလိုပါပဲ။

ဦးဘိုဘိုေက်ာ္ၿငိမ္း - ႏိုင္ငံေရး သုံးသပ္ေလ့လာသူ
ဒါကေတာ့ ရွင္းရွင္းေျပာရရင္ အမွန္အ တိုင္းေျပာရင္႐ူးတာပါပဲ။ ႐ူးတာရယ္ ေနာက္တစ္ခုက ပိုက္ဆံေပါ့။ NUG ဆိုတာက ကြၽန္ေတာ့္အျမင္က ႏိုင္ငံေရးနားမလည္ဘဲ တကယ္ေတာ့တက္ႂကြလႈပ္ရွားသူ အဆင့္ပဲရွိတယ္။ ႏိုင္ငံေရး အဆင့္ေတာင္မရွိဘူး။ ႏိုင္ငံေရးသမားနဲ႔ တက္ႂကြလႈပ္ရွားသူ မတူဘူး။ ဇာနည္တို႔ဆို တက္ႂကြလႈပ္ရွားသူေကာင္းပါ။ ႏိုင္ငံေရးသမားမဟုတ္ဘူး။ တက္ႂကြလႈပ္ရွားသူက ပိုက္ဆံရွိတတ္တယ္။ သူတို႔က တက္ႂကြလႈပ္ရွားသူ လုပ္ လာတဲ့ အတြက္ သူတို႔ကို ပိုက္ဆံေပးေနတာက အေမရိကန္ေတြက ေပးေနတာ။
သူတို႔က ဒီဟာကိုေအာ္မွ ပိုက္ဆံရမွာ။ ဒီဟာက ဘာအဓိပၸာယ္မွမရွိဘူး။ ႐ိုဟင္ဂ်ာဆိုတာကရွိကို မရွိဘူး။ ဘဂၤါလီေတြခ်ည္းပဲ။ သူတို႔က ဘာသာေရးနဲ႔ မဟုတ္ဘူး။ ရွမ္းျပည္မွာရွိတဲ့ ျပည္နယ္မွာ သန္းတစ္ရာ့ငါးဆယ္ ေလာက္ရွိတဲ့အတြက္ ေျမလိုခ်င္တာ။ NUG ကိုေတာ့ အထင္ကိုမႀကီးတာ။ NUG ေခါင္းေဆာင္လို႔ကေတာ့ အစိုးရ ဘာမွမျဖစ္ဘူး။ သူတို႔က စိတ္ကူးယဥ္ေနတာ။ သူတို႔ကို အေမရိကန္အစိုးရကလည္း နားလည္တာ မဟုတ္ဘူး။ လစ္ဘ ရယ္ တက္ႂကြလႈပ္ရွားသူေတြက ဘာသြားျမင္လဲဆိုေတာ့ တိုင္းရင္းသားေတြမွာ နယ္ေျမရွိတယ္။ လက္နက္ရွိတယ္။ ပုန္ကန္ေနတယ္။ ဒီလူေတြကိုစုလိုက္ရင္ ငါတို႔ရဲ႕ ဖက္ဒရယ္အာမီ ရမယ္ဆိုၿပီး တြက္တာ။ အေဝးကၾကည့္ရင္ ဟုတ္ တယ္။ အနီးက ၾကည့္ရင္ တည့္တာ မဟုတ္ဘူး။ တိုင္းရင္းသား အခ်င္းခ်င္းက နယ္ေျမလုေနၾကတာ အမ်ားႀကီးရွိတယ္။ မြန္နဲ႔ကရင္ဆိုနယ္ေျမ လုေနၾကတာ။ ဖြတ္ခ်က္ဖြတ္ခ်က္ ပစ္တတ္႐ုံနဲ႔ လက္နက္ကိုင္ေတာ္လွန္ေရး မျဖစ္ဘူး။ အေရးႀကီး ဆုံးက လက္နက္ကိုင္ေတာ္လွန္ေရး ေအာင္ျမင္တယ္ဆိုတာ အင္မတန္ရွားတယ္။ ဘာေၾကာင့္ ရွားတာလဲဆိုေတာ့ ေမာ္စီတုန္းတို႔လို ေပၚလစီခ်ၿပီး အိုင္ဒီေရာ္ေလာ္ဂ်ီနဲ႔ ညႇပ္ၿပီး လူေတြပါေအာင္လုပ္ရတာ။ ပါတီလိုတယ္။ အင္စတီက်ဴး ရွင္းလိုတယ္။ ဒါေတြမရွိဘဲ အြန္လိုင္းမွာ ငါတို႔ႏိုင္ေနၿပီ မနက္ျဖန္ပဲ သိမ္းေတာ့မယ္၊ သန္ဘက္ခါပဲ သိမ္းေတာ့မယ္ ေအာ္လို႔ရတယ္။ ဒါေပမဲ့ ဒါေတြက ဘာအဓိပၸာယ္မွမရွိဘူး။
သူတို႔က ေပ်ာ္ၿပီးေအာ္တာကလြဲရင္ ဘာမွမဟုတ္ဘူး။ ေၾကညာလိုက္တာပဲရွိတယ္။ ဘာသက္ ေရာက္မႈ မွမရွိဘူး။ ဘာကိုေၾကာက္ရမလဲဆိုေတာ့ ႏိုင္ငံေရးနားလည္တဲ့ ႏိုင္ငံေရးသမားေတြက ဦးေဆာင္ရင္တစ္မ်ိဳး။ လူေတြ ေထာက္ခံတယ္ မေထာက္ခံဘူးက ဒီဟာမွာ မူတည္တာကိုး။ သူတို႔ကလည္း အြန္လိုင္းေပၚမွာ ႏိုင္ေနတာ။ အဲဒီေတာ့ စာက ဘာအဓိပၸာယ္မွ မရွိဘူးလို႔ထင္တယ္။ OIC က ပိုက္ဆံလိုခ်င္တာပါ။ သူတို႔ကလည္း ႏွစ္ျပားတစ္ပဲ ေပးတာ။ တကယ္ေတာ့ ဘာသာေရးမဟုတ္ဘဲ (ဘဂၤါလီေတြက) နယ္ေျမလိုခ်င္တာ။ ARSA ဆို တာလည္း လူလည္လုပ္သြားတာ။ သူတို႔ဝင္မတိုက္ဘူး။ အေသမခံႏိုင္ဘူး။ နယ္ေျမ လိုခ်င္လို႔ အေသမခံဘူး။ သူတို႔ NUCC အစည္းအေဝးေခၚတာက ပိုက္ဆံ ေတာင္းဖို႔ ေခၚတာပါ။ အတိုခ်ဳပ္ကေတာ့ ပိုက္ဆံ ေတာင္းဖို႔ေခၚတာပါပဲ ဘာသက္ေရာက္မႈမွ မရွိဘူး။

ဦးတင့္ေဆြ - ဒုတိယ ဥကၠ႒- ဒီမိုကရက္တစ္ ပါတီ (ျမန္မာ)
ဖတ္မိတယ္။ ကြၽန္ေတာ္လည္း ကန႔္ကြက္တယ္။ သူတို႔က အစိုးရလည္း မဟုတ္ဘူး။ OIC က အကူအညီလိုခ်င္ တာနဲ႔ ဒါေတြလိုက္လုပ္ၿပီး မေလးရွားက တစ္ေယာက္ကလည္း ၁၉၈၂ ခုႏွစ္ ျမန္မာ ႏိုင္ငံသားဥပေဒကို ဖ်က္သိမ္းတဲ့ အတြက္ ဝမ္းသာတယ္။ ေလွ်ာက္လုပ္ေနတယ္။ ေတာင္းပန္ရတယ္ဆိုတာက အဓိပၸာယ္မရွိတာ။ တစ္ဖက္က ေငြလိုခ်င္တာနဲ႔ တစ္ဖက္ကို လုပ္တယ္ ဆိုတာက စဥ္းစားၾကည့္ေလ အမ်ိဳးသားသစၥာေဖာက္ေတြပဲ။ က်ဴးေက်ာ္တဲ့ အဂၤလိပ္ေတြက ေခၚလာၿပီး ဘဂၤါလီကေန ႐ိုဟင္ဂ်ာ ဆိုၿပီးလုပ္တယ္။ သူတို႔လုပ္တာက လက္ခံႏိုင္တဲ့အေၾကာင္း မဟုတ္ဘူးလို႔ ျမင္ၿပီးသား။ ေတာင္းပန္ရမယ္ဆိုၿပီး စကားထြက္တည္းက သမိုင္းမွာ တရားခံပဲ။ အေဝးေရာက္ အစိုးရအဖြဲ႕က ဦးစိန္ဝင္းက အစဒီလိုေတြ တိုင္းျပည္အတြက္ကို သိကၡာက်မယ့္ အလုပ္ကို အေဝးေရာက္အစိုးရတိုင္း မေျပာခဲ့ဘူး။
သူတို႔က ဆိုးဆိုး႐ြား႐ြား ေျပာလာေတာ့ ဘယ္လိုမွ စဥ္းစားလို႔မရဘူး။ သူတို႔ ေျပာတဲ့စကားေတြက သူတို႔ကကုလသမဂၢလည္း မဟုတ္ဘူး။ အစိုးရလည္းမဟုတ္ဘူး။ ေျပာခ်င္တာက အရပ္သားတစ္ေယာက္က မေက်နပ္ လို႔ အဖြဲ႕အစည္းတစ္ခုကို ေျပာသလိုေျပာတာ။ ေခါင္းထဲကို မထည့္သင့္ဘူး။ အေရးတယူ လုပ္လိုက္ရင္တို႔က ဘာျဖစ္ သြားမလဲဆိုေတာ့ သူတို႔ကို အသိအမွတ္ျပဳသလို ျဖစ္သြားလိမ့္မယ္။ သူတို႔ ဘာပဲေျပာေျပာ သူတို႔ ေျပာတာကို ဂ႐ုစိုက္ရင္ သူတို႔ကို ေနရာတစ္ခု ေပးသလို ျဖစ္သြားလိမ့္မယ္။ သူတို႔ေျပာတာကိုတို႔က ျပဇာတ္မွာ လူျပက္ေတြ ေျပာတာေလာက္ သေဘာထားရမယ္။ ဒါကို အေရးတယူသြားလုပ္မယ္ဆိုရင္ အေလးထားၿပီး တုံ႔ျပန္ရင္ အသိအမွတ္ ျပဳေၾကာင္း လုပ္သလို ျဖစ္သြားလိမ့္မယ္။
သူတို႔က ေလထဲကအစိုးရ ေလထဲကေျပာတာကို ေလထဲထားဖို႔ပဲရွိတယ္။ ရခိုင္သမိုင္းပညာရွင္ ေဒါက္တာေအးခ်မ္းတို႔ကလည္းမရွိဘူး။ ေျပာထားၿပီးၿပီ။ ေျပာခ်င္တာက ရာဇဝင္နဲ႔ခ်ီေျပာရင္ သမိုင္းမွာ ႐ိုဟင္ဂ်ာကို မရွိတာ။ အဲဒါကို အသိအမွတ္ျပဳၿပီး ျပန္ေျပာမယ္ဆိုရင္ တို႔ကအသိအမွတ္ျပဳရာက်မယ္။ သမိုင္းနဲ႔ခ်ီေျပာမလား ဘယ္သမိုင္းနဲ႔ေျပာေျပာ ေျပာစရာမလိုဘူးလို႔ ထင္ပါတယ္။ ဒါက ႏိုင္ငံေရးလုပ္စားတာေပါ့။ ဒီလို အလႉရွင္ေတြရဲ႕ အလိုက် လုပ္မွသူတို႔က ရပ္တည္လို႔ရမွာေလ။ လူမ်ိဳးတုံး ဆိုတာက သူတို႔ ေျပာစကားေပါ့။
ဗီယက္နမ္ စစ္တုန္းက My Lai ႐ြာမွာ ဆိုရင္ မွားၿပီးေတာ့ အကုန္သတ္ပစ္လိုက္တာပဲ။ တစ္ ႐ြာလုံးကို သတ္တာ အဘြားႀကီးကအစ သတ္တာ။ သက္သက္ ဒါကတို႔ကို အဆိပ္ခတ္တာေလ။ အခု အေရွ႕အလယ္ပိုင္းမွာ အစၥေရးကို လုပ္လို႔ အဆအမ်ားႀကီးနဲ႔ ျပန္လုပ္တာ။ ဒါမ်ိဳးက်ေတာ့ ပါလက္စ တိုင္းကို လူမ်ိဳးတုံးသတ္တာပဲေလ။ အဲ့ဒီအခ်ိန္ တုန္းက တို႔ဘက္မွာ မိတ္ေဆြအင္အားနည္းလို႔ ျပဖို႔ ကေလ။ တကယ္ေတာ့ လူမ်ိဳးတုံးသတ္တာ မျဖစ္ ႏိုင္ဘူး။ တို႔ဒီကိစၥ ဘာမွမဟုတ္တာကို လူမ်ိဳးတုံး သတ္တယ္ဆိုတာက (ႏိုင္ငံေရး) ကစားတာလို႔ပဲျမင္တယ္။

Related news

© 2021. All rights reserved.