နိုင်ငံသားများ လစဉ် ကျပ်(၅၀)ဘီလျံထက်မနည်း ဆုံးရှုံးနစ်နာနေရသော လျှပ်စစ်မီးကိစ္စ ဘယ်သူတာ ဝန်ခံမလဲ..??
6627
ကျော်နု၊ ယွန်း (NP News) - မေ ၃
နိုင်ငံတော်က လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ခြင်းမရှိမှုကြောင့် လစဉ်ကျပ်(၅၀)ဘီလျံထက် မနည်း နိုင်ငံသားများဘက်က နစ်နာဆုံးရှုံးနေသည်ဟု အကြမ်းဖျင်းတွက်ချက်ထားသည်။ မည်သည့်ဝန်ကြီး ဌာနကမျှ လျှပ်စစ်မီးကြောင့် နိုင်ငံသားများ နစ်နာဆုံး ရှုံးမှု အညွှန်းကိန်းကို တွက်ချက်လေ့လာသုတေသန ပြုရန် စိတ်ဝင်စားခြင်းရှိမည် မထင်ပါ။ အကယ်၍သာ လေ့လာသုတေသနပြုမည်ဆိုပါက လစဉ်ကျပ် (၅၀)ဘီလျံထက်မနည်း ဆုံးရှုံးနစ်နာသည်ဟု ဖော်ပြထား သော ပမာဏထက် ပို၍ များပြားမည်သာဖြစ်သည်။ နှစ်စဉ်ကျပ်(၆၀ဝ)ဘီလျံထက်မနည်း ဆုံးရှုံးနစ်နာ နေမှုကို အဓိကတာဝန်ရှိဆုံး လျှပ်စစ်ဝန်ကြီးဌာနက လေ့လာဆန်းစစ်မှု၊ တာဝန်ယူတာဝန်ခံမှု အားနည်း နေပြီး ဆုံးရှုံးနစ်နာနေရမှုများကို မည်ကဲ့သို့ ပြန်လည် ကုစားမည်ဆိုသော ကတိကဝတ်များ ထုတ်ပြန်တာဝန်ခံအသိပေးခြင်းမရှိပေ။ လျှပ်စစ်မီး အဓိကသုံးစွဲရသော စက်မှုလုပ်ငန်းများဘက်သို့ NP News ဘက်က စုံစမ်းထားမှုများအရ စက်ရုံတစ်ရုံလျှင် ပျမ်းမျှအားဖြင့် ကျပ်သိန်း(၃၀ဝ) မှ (၇၀ဝ)ကြား သုံးစွဲနေရသည်ဟုဆိုသည်။ လျှပ်စစ်မီးရရှိရေး အတွက် လောင်စာဆီဝယ်ယူခြင်းနှင့် အကြီးစားမီး စက်များသုံးစွဲ၍ လုပ်ငန်းလည်ပတ်ရန် ကြိုးစားအား ထုတ်ရခြင်းကြောင့် အပိုသုံးစွဲရသော ကုန်ကျစရိတ် လည်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်း ပင်လျှင် စက်မှုဇုန်(၂၉)ဇုန်ရှိထားပြီး စက်ရုံပေါင်း အနည်းဆုံး (၁၀ဝဝ)ကျော်ရှိသည်ဟု မှတ်ယူမည် ဆိုပါစို့။ ကုန်ထုတ်လုပ်ငန်းအတွက် လျှပ်စစ်မီးရရှိရန် လောင်စာဆီအသုံးပြုရမှု ကျပ်သိန်း(၅၀ဝ)ဖြင့် အကြမ်းဖျင်းတွက်မည်ဆိုပါက စက်ရုံပေါင်း(၁၀ဝဝ)အတွက် ကျပ်သိန်းပေါင်း(၅၀ဝဝဝ၀) ကို မီးထိုင်ရှို့ သကဲ့သို့ဖြစ်နေမည်။ ကျပ်(၅၀)ဘီလျံထက်မနည်း သော နိုင်ငံသားပိုင် ငွေကြေးများကို လျှပ်စစ်မီးမှန်မှန် ပေးနိုင်ခြင်းမရှိမှုကြောင့် မီးထိုင်ရှို့သကဲ့သို့ ဖြစ်နေရ ခြင်းအပေါ် လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ခံ၍ ဆန်းစစ်လေ့လာ ကြိုးစားအားထုတ်ခြင်းများ ထူးခြားစွာ မတွေ့ရသေးပေ။ ယခုဖော်ပြထားသော ကုန်ကျ စရိတ် ကိန်းဂဏန်းတွင် ကုမ္ပဏီရုံးခန်းများ၊ လုပ်ငန်း အငယ်များ၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းမျိုးစုံ အတွက် အပိုငွေကြေးအဖြစ် သုံးစွဲနေရမှုများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသေးပေ။ ယင်း အခြေအနေများအားလုံးကို ခြုံငုံစဉ်းစားမိစေနိုင်မည် ဖြစ်သော ဆက်သွယ်မေးမြန်းချက်ကို NP News အနေဖြင့် တတ်နိုင်သမျှကြိုးစားအား ထုတ်ထားပါသည်။ စက်ရုံလုပ်ငန်းရှင်(၄)ဦး၏ ဆွေးနွေးချက်များကို ထည့်သွင်းစဉ်းစားစရာအချက် များအဖြစ် ဖော်ပြပေးလိုက်ပါသည်။
Ms.Molly (မှော်ဘီစက်မှုဇုန်)
စက်ရုံမှာဆိုရင် မနက်(၅)နာရီကနေ (၇)နာရီအထိပဲ မီးလာတယ်။ တစ်နေ့လုံးမီးမလာဘူး။ တစ်ညလုံးလည်းမလာဘူး။ မီးစက်နဲ့ပဲလုပ်နေရတယ်။ တစ်လဆီဖိုးက အရင်လူ (၉၀ဝ)ရှိတုန်းက တစ်လမှ မီးအနည်းငယ်ပျက်ရင် သိန်း(၉၀)ကနေ သိန်း(၁၂၀)ကြားမှာရှိတယ်။ အခုဆိုရင် တစ်လကို သိန်း(၆၀ဝ)အထက်မှာရှိတယ်။ ဆီဖိုးတစ်ခုတည်းတင်ပေါ့။ မီးစက်နဲ့ပဲလုပ်နေရမယ်ဆိုရင်လည်း လုပ်မယ်။ ဒါပေမဲ့ ခက်တာက ဆီကဝယ်မရဘူး။ မှောင်ခိုဝယ်ရတယ်။ အမြဲတမ်းပုံမှန်ဝယ်လို့ရ တယ်ဆို လုပ်လို့ရသေးတယ်။ အခုက အမြဲတမ်း လည်း ပုံမှန်ဝယ်လို့မရဘူး။ ဆီပြဿနာ မီးပြဿနာက တကယ့်တကယ် ကုမ္ပဏီကမြတ်တဲ့အမြတ်က ဝန်ထမ်းအတွက်ပဲဖြစ်ရမှာ ဆီအတွက်ဖြစ်စရာ အကြောင်းမရှိဘူး။ ဝန်ထမ်းကို လစာတိုးပေးချင်တယ်။ ဆီဖိုးမှာပဲပိုက်ဆံတွေက အလကားကုန်သွားတယ် အဲဒီတော့ မတိုးပေးနိုင်ဘူး။ ပြီးခဲ့တဲ့လကဆိုရင် စက်ရုံကြီး ဒီလောက်လူတွေအများကြီးရှိတာ မီတာခ(၂၄၀ဝဝဝ)ပဲကျတယ်။ မီးမှန်မှန်မှ မလာ တာကိုး။ ဒါပေမဲ့ ဆီဖိုးကျတော့ သိန်း(၆၀ဝ)ကျော်တောင်ရှိတယ်။ ဒါကလည်း လွယ်လွယ်ကူကူ ဝယ်လို့ရရင် တော်သေးတယ်။ တစ်နေ့(၈)နာရီ မဟုတ်ပါဘူး (၆)နာရီဆိုရင်တောင် တော်တော်လေး ပျော်နေပြီ။ အမှန်က(၈)နာရီလောက်ကနေ နေ့လည် (၂)နာရီလောက်အထိ ပုံမှန်လေးပေးနိုင်တယ်ဆိုရင် တော်တော်လေးအဆင်ပြေတယ်။
Liu Wei (လှိုင်သာယာ)
စက်မှုဇုန်ထဲမှာဆိုတော့ နည်းနည်းတော့ တော်သေးတာပေါ့။ တစ်နေ့ကို (၂)နာရီကနေ (၄)နာရီအထိလာတယ်။ (၄)နာရီ အပြည့်လာတဲ့နေ့တွေ လည်းရှိတယ်။ တစ်လကို ဆီဖိုး သိန်း(၃၆၀)ကနေ သိန်း(၄၀ဝ)လောက်အထိကျတယ်။ အဓိကပြဿနာ ကတော့ မီးပြဿနာပဲ။
ကိုကျော်ဝင်းထွန်း (ရွှေပေါက်ကံစက်မှုဇုန်)
မီးကိစ္စက ကျွန်တော်တို့အနေနဲ့ ပွင့်ပွင့် လင်းလင်းပြောရရင် လူနေရပ်ကွက်နဲ့ စက်မှုလက်မှု လုပ်ငန်းနဲ့ ယှဉ်ကြည့်တာပေါ့နော်။ စက်မှုလုပ်ငန်း တွေကို တစ်နေ့ကို လေးနာရီမီးဖြတ်တယ်။ တစ်နေ့ လုံး အလုပ်လုပ်ချိန်က (၈)နာရီပဲရှိတယ်။ (၄)နာရီပဲ မီးပေးတာ။ တရားဝင်အလုပ်ချိန်က (၈) နာရီရှိ တယ်ဆိုရင် (၄)နာရီက မီးစက်နဲ့မောင်းရတယ်။ ဒါ တောင်ကံကောင်းမှ ကံဆိုးတဲ့နေ့ဆို(၆)နာရီလောက် ကိုဖြတ်တယ်။ ပြီးတော့ ကျွန်တော်တို့ အထည်ချုပ် လုပ်ငန်းတွေရဲ့သဘာဝက ည(၇)နာရီလောက်ထိ OT ဆင်းရတယ်။ ပုံမှန်တစ်နေ့ကို မီး(၄)နာရီရတယ် ဆိုရင်တောင် မီးစက်နဲ့က(၆)နာရီလောက်သုံးရတယ်။ ၁၅၀ ကေဗီ သုံးရတယ်။ တစ်နာရီကို နှစ်ဂါလန်ခွဲ ဆီစားတယ်။ တရုတ်စက်ဆိုပိုစားတယ်။ မီးစက်ပြင် ဆင်စရိတ်တွေ၊ အင်ဂျင်ဝိုင်လဲရတာတွေ ဘာမှမပါ သေးဘူး။ နောက်ပြီး မီးစက်ကတစ်လုံးနဲ့မရဘူး နှစ်လုံးထားရတယ်။ တကယ်အလုပ်များတဲ့အချိန် ဆိုရင် ည(၁၁)နာရီ ၊ (၁၂)နာရီအထိ ဆင်းရတယ်။ အဲဒီအခါကျရင် မီးစက်ကတောက်လျှောက်သုံး ရတယ်။ မီးစက်တစ်လုံးက ပုံမှန်ဆိုရင်(၆)နာရီထက် ပိုမသုံးရဘူး။ (၆)နာရီပြည့်ရင်တစ်ခါနားပေးရတယ်။ ပိုက်ဆံရှိတဲ့ကုမ္ပဏီကတော့ နှစ်လုံးထားတာပေါ့။ ပိုက်ဆံမရှိတဲ့ကုမ္ပဏီကျတော့ ဒီမီးစက်ပျက်သွားမှာကို ရင်တမမနဲ့ အလုပ်လုပ်နေရတယ်။ ခုနလည်း သူတို့ငွေပမာဏတွေပြောသွားကြတယ်။ တကယ်နှမြောဖို့ကောင်းတယ်။ ဒီငွေတွေက ဆီဖိုး မကုန်ဘဲနဲ့ အလုပ်သမားကိုပေးလိုက်ရင် ကျွန်တော် တို့ဝန်ထမ်းတွေရဲ့ စားဝတ်နေရေးက အများကြီးပိုပြီး တော့ချောင်လည်လာမယ်။ တခြားနိုင်ငံကိုသွားဖို့ လည်းမစဉ်းစားတော့ဘူးပေါ့။ မိသားစုနဲ့လည်း အတူတူနေရမယ်။ အဓိကက အစိုးရအနေနဲ့ မီး ပြဿနာကိုဖြေရှင်းပေးစေချင်တာ။ စက်မှုဇုန်တွေကို နောက်ဆုံး(၈)နာရီလောက်ပဲ မီးပေးရင်တောင် ကျွန်တော်တို့အတွက် တော်တော်လေးအဆင်ပြေ နေပြီ။ ကျန်တဲ့ OT ဆင်းတဲ့နှစ်နာရီ၊ သုံးနာရီလောက် ကိုပဲ မီးစက်သုံးရတယ်ဆိုရင် တော်သေးတယ်လေ။
စက်မှုဇုန်ဥက္ကဋ္ဌတစ်ဦး (လှိုင်သာယာ)
လျှပ်စစ်မီးကတော့ မမေးပါနဲ့ဗျာ။ နောက် ဘိတ်ဆုံး ဆင်ပြောင်ကြီးအမြီးရောက်မှတစ်သွားတာ။ စာချုပ်ချုပ်ခါနီးကျမှ သူတို့ကပေးတာတော့ ဟုတ်ပြီ။ ကျွန်တော်တို့LNG ပြန်ဝယ်လို့ရအောင် ဒီငွေနဲ့ဒေါ်လာဝယ်ခွင့်ပေးပါဆိုတာ စာကပြလာရော။ ကျွန်တော်ပြောတာက သူတို့က မြန်မာငွေနဲ့ကောက် တယ်။ ရတဲ့ပိုက်ဆံကိုပေါက်ဈေးနဲ့ဒေါ်လာဝယ်မယ်။ အစိုးရဆီကတောင်းတာမဟုတ်ဘူး။ အပြင်မှာပေါက် ဈေးနဲ့ဝယ်မယ်။ ဝယ်ပြီးရင်LNG သွင်းမယ်။ ပြီးရင် ကျွန်တော်တို့စက်တွေကိုလည်ပေးမယ်။ အခုလည်း ဖွင့်ပေးနေပြီ အစိုးရကမော်နီတာ လုပ်ပေးလိုက်ရင်ပြီး သွားတာပဲ။ တစ်ယောက်တည်းပေးရင် တစ်ယောက် ထဲအတွက်စိုက်လို့ရတယ်။ အခုကကျွန်တော်တို့က ဆီဝယ်နေရတဲ့အခါကျတော့ အကုန်ဒုက္ခရောက်ကုန် ပြီလေ။ မီးက(၄)နာရီပဲပေးတယ်ဆိုပေမယ့်လည်း ပျက်တဲ့အချိန်ကများနေတယ်။ မီးစက်တွေရှိတော့ အထည်ချုပ်သမားကတော့မကြောက်ဘူးဗျ။ မီးစက်နဲ့လည်လည်းရတယ်။ အဓိကကတော့ အစိုးရဈေးနဲ့ အပြင်ဈေးနဲ့သိပ်မဟဖို့ပေါ့။ တစ်လီတာ ကို ၁၀ဝ၊ ၂၀ဝ ဟရင်ကိစ္စမရှိဘူး။ ၄၀ဝ၊ ၅၀ဝ ဟတာကျတော့ တစ်ပေပါဆိုမနည်းတော့ဘူး။ အဲဒါတွေကတော့လုပ်စားသွားတာဖြစ်သွားပြီ။ မီးကိစ္စက ကျွန်တော်ဆို ကြိုးတွေဘာတွေ ဒီဂျစ်တယ် တွေလဲပြီးပြီဗျာ။ ဝယ်ခွင့်ကိုနိုင်ငံတော်ကခွင့်ပြုပေးလိုက်ရင် ကျွန်တော်တို့ကိစ္စပြီးသွားပြီ။ ပြည်သူတွေက လည်း ကျွန်တော်တို့ကို ပေးမယ့်မီးရသွားပြီဆို တစ်ချက်ခုတ်ဆယ်ချက်ပြတ်ဗျာ။ ကောင်းတဲ့အစီ အစဉ်ကြီး။ ဆင်ပြောင်ကတော့ထွက်နေပြီ အမြီးက အထဲမှာကန့်လန့်ဖြစ်နေတော့ ထုတ်လို့မရဘူး မီးလာ သွားရင်လူတွေလည်း အေးအေးချမ်းချမ်းနေလို့ ရမယ်ဗျာ။
zawgyi version
ႏိုင္ငံသားမ်ား လစဥ္ က်ပ္(၅၀)ဘီလ်ံထက္မနည္း ဆုံးရႈံးနစ္နာေနရေသာ လွ်ပ္စစ္မီးကိစၥ ဘယ္သူတာ ဝန္ခံမလဲ..??
ေက်ာ္ႏု၊ ယြန္း (NP News) - ေမ ၃
ႏိုင္ငံေတာ္က လွ်ပ္စစ္မီး လုံေလာက္စြာ ေပးႏိုင္ျခင္းမရွိမႈေၾကာင့္ လစဥ္က်ပ္(၅၀)ဘီလ်ံထက္ မနည္း ႏိုင္ငံသားမ်ားဘက္က နစ္နာဆုံးရႈံးေနသည္ဟု အၾကမ္းဖ်င္းတြက္ခ်က္ထားသည္။ မည္သည့္ဝန္ႀကီး ဌာနကမွ် လွ်ပ္စစ္မီးေၾကာင့္ ႏိုင္ငံသားမ်ား နစ္နာဆုံး ရႈံးမႈ အၫႊန္းကိန္းကို တြက္ခ်က္ေလ့လာသုေတသန ျပဳရန္ စိတ္ဝင္စားျခင္းရွိမည္ မထင္ပါ။ အကယ္၍သာ ေလ့လာသုေတသနျပဳမည္ဆိုပါက လစဥ္က်ပ္ (၅၀)ဘီလ်ံထက္မနည္း ဆုံးရႈံးနစ္နာသည္ဟု ေဖာ္ျပထား ေသာ ပမာဏထက္ ပို၍ မ်ားျပားမည္သာျဖစ္သည္။ ႏွစ္စဥ္က်ပ္(၆၀ဝ)ဘီလ်ံထက္မနည္း ဆုံးရႈံးနစ္နာ ေနမႈကို အဓိကတာဝန္ရွိဆုံး လွ်ပ္စစ္ဝန္ႀကီးဌာနက ေလ့လာဆန္းစစ္မႈ၊ တာဝန္ယူတာဝန္ခံမႈ အားနည္း ေနၿပီး ဆုံးရႈံးနစ္နာေနရမႈမ်ားကို မည္ကဲ့သို႔ ျပန္လည္ ကုစားမည္ဆိုေသာ ကတိကဝတ္မ်ား ထုတ္ျပန္တာဝန္ခံအသိေပးျခင္းမရွိေပ။ လွ်ပ္စစ္မီး အဓိကသုံးစြဲရေသာ စက္မႈလုပ္ငန္းမ်ားဘက္သို႔ NP News ဘက္က စုံစမ္းထားမႈမ်ားအရ စက္႐ုံတစ္႐ုံလွ်င္ ပ်မ္းမွ်အားျဖင့္ က်ပ္သိန္း(၃၀ဝ) မွ (၇၀ဝ)ၾကား သုံးစြဲေနရသည္ဟုဆိုသည္။ လွ်ပ္စစ္မီးရရွိေရး အတြက္ ေလာင္စာဆီဝယ္ယူျခင္းႏွင့္ အႀကီးစားမီး စက္မ်ားသုံးစြဲ၍ လုပ္ငန္းလည္ပတ္ရန္ ႀကိဳးစားအား ထုတ္ရျခင္းေၾကာင့္ အပိုသုံးစြဲရေသာ ကုန္က်စရိတ္ လည္းျဖစ္သည္။ ရန္ကုန္တိုင္းေဒသႀကီး တစ္ခုတည္း ပင္လွ်င္ စက္မႈဇုန္(၂၉)ဇုန္ရွိထားၿပီး စက္႐ုံေပါင္း အနည္းဆုံး (၁၀ဝဝ)ေက်ာ္ရွိသည္ဟု မွတ္ယူမည္ ဆိုပါစို႔။ ကုန္ထုတ္လုပ္ငန္းအတြက္ လွ်ပ္စစ္မီးရရွိရန္ ေလာင္စာဆီအသုံးျပဳရမႈ က်ပ္သိန္း(၅၀ဝ)ျဖင့္ အၾကမ္းဖ်င္းတြက္မည္ဆိုပါက စက္႐ုံေပါင္း(၁၀ဝဝ)အတြက္ က်ပ္သိန္းေပါင္း(၅၀ဝဝဝ၀) ကို မီးထိုင္ရႈိ႕ သကဲ့သို႔ျဖစ္ေနမည္။ က်ပ္(၅၀)ဘီလ်ံထက္မနည္း ေသာ ႏိုင္ငံသားပိုင္ ေငြေၾကးမ်ားကို လွ်ပ္စစ္မီးမွန္မွန္ ေပးႏိုင္ျခင္းမရွိမႈေၾကာင့္ မီးထိုင္ရႈိ႕သကဲ့သို႔ ျဖစ္ေနရ ျခင္းအေပၚ လွ်ပ္စစ္ဝန္ႀကီးဌာနက တာဝန္ခံ၍ ဆန္းစစ္ေလ့လာ ႀကိဳးစားအားထုတ္ျခင္းမ်ား ထူးျခားစြာ မေတြ႕ရေသးေပ။ ယခုေဖာ္ျပထားေသာ ကုန္က် စရိတ္ ကိန္းဂဏန္းတြင္ ကုမၸဏီ႐ုံးခန္းမ်ား၊ လုပ္ငန္း အငယ္မ်ား၊ လွ်ပ္စစ္အသုံးအေဆာင္ပစၥည္းမ်ိဳးစုံ အတြက္ အပိုေငြေၾကးအျဖစ္ သုံးစြဲေနရမႈမ်ားကို ထည့္သြင္းတြက္ခ်က္ထားျခင္းမရွိေသးေပ။ ယင္း အေျခအေနမ်ားအားလုံးကို ၿခဳံငုံစဥ္းစားမိေစႏိုင္မည္ ျဖစ္ေသာ ဆက္သြယ္ေမးျမန္းခ်က္ကို NP News အေနျဖင့္ တတ္ႏိုင္သမွ်ႀကိဳးစားအား ထုတ္ထားပါသည္။ စက္႐ုံလုပ္ငန္းရွင္(၄)ဦး၏ ေဆြးေႏြးခ်က္မ်ားကို ထည့္သြင္းစဥ္းစားစရာအခ်က္ မ်ားအျဖစ္ ေဖာ္ျပေပးလိုက္ပါသည္။
Ms.Molly (ေမွာ္ဘီစက္မႈဇုန္)
စက္႐ုံမွာဆိုရင္ မနက္(၅)နာရီကေန (၇)နာရီအထိပဲ မီးလာတယ္။ တစ္ေန႔လုံးမီးမလာဘူး။ တစ္ညလုံးလည္းမလာဘူး။ မီးစက္နဲ႔ပဲလုပ္ေနရတယ္။ တစ္လဆီဖိုးက အရင္လူ (၉၀ဝ)ရွိတုန္းက တစ္လမွ မီးအနည္းငယ္ပ်က္ရင္ သိန္း(၉၀)ကေန သိန္း(၁၂၀)ၾကားမွာရွိတယ္။ အခုဆိုရင္ တစ္လကို သိန္း(၆၀ဝ)အထက္မွာရွိတယ္။ ဆီဖိုးတစ္ခုတည္းတင္ေပါ့။ မီးစက္နဲ႔ပဲလုပ္ေနရမယ္ဆိုရင္လည္း လုပ္မယ္။ ဒါေပမဲ့ ခက္တာက ဆီကဝယ္မရဘူး။ ေမွာင္ခိုဝယ္ရတယ္။ အၿမဲတမ္းပုံမွန္ဝယ္လို႔ရ တယ္ဆို လုပ္လို႔ရေသးတယ္။ အခုက အၿမဲတမ္း လည္း ပုံမွန္ဝယ္လို႔မရဘူး။ ဆီျပႆနာ မီးျပႆနာက တကယ့္တကယ္ ကုမၸဏီကျမတ္တဲ့အျမတ္က ဝန္ထမ္းအတြက္ပဲျဖစ္ရမွာ ဆီအတြက္ျဖစ္စရာ အေၾကာင္းမရွိဘူး။ ဝန္ထမ္းကို လစာတိုးေပးခ်င္တယ္။ ဆီဖိုးမွာပဲပိုက္ဆံေတြက အလကားကုန္သြားတယ္ အဲဒီေတာ့ မတိုးေပးႏိုင္ဘူး။ ၿပီးခဲ့တဲ့လကဆိုရင္ စက္႐ုံႀကီး ဒီေလာက္လူေတြအမ်ားႀကီးရွိတာ မီတာခ(၂၄၀ဝဝဝ)ပဲက်တယ္။ မီးမွန္မွန္မွ မလာ တာကိုး။ ဒါေပမဲ့ ဆီဖိုးက်ေတာ့ သိန္း(၆၀ဝ)ေက်ာ္ေတာင္ရွိတယ္။ ဒါကလည္း လြယ္လြယ္ကူကူ ဝယ္လို႔ရရင္ ေတာ္ေသးတယ္။ တစ္ေန႔(၈)နာရီ မဟုတ္ပါဘူး (၆)နာရီဆိုရင္ေတာင္ ေတာ္ေတာ္ေလး ေပ်ာ္ေနၿပီ။ အမွန္က(၈)နာရီေလာက္ကေန ေန႔လည္ (၂)နာရီေလာက္အထိ ပုံမွန္ေလးေပးႏိုင္တယ္ဆိုရင္ ေတာ္ေတာ္ေလးအဆင္ေျပတယ္။
Liu Wei (လႈိင္သာယာ)
စက္မႈဇုန္ထဲမွာဆိုေတာ့ နည္းနည္းေတာ့ ေတာ္ေသးတာေပါ့။ တစ္ေန႔ကို (၂)နာရီကေန (၄)နာရီအထိလာတယ္။ (၄)နာရီ အျပည့္လာတဲ့ေန႔ေတြ လည္းရွိတယ္။ တစ္လကို ဆီဖိုး သိန္း(၃၆၀)ကေန သိန္း(၄၀ဝ)ေလာက္အထိက်တယ္။ အဓိကျပႆနာ ကေတာ့ မီးျပႆနာပဲ။
ကိုေက်ာ္ဝင္းထြန္း (ေ႐ႊေပါက္ကံစက္မႈဇုန္)
မီးကိစၥက ကြၽန္ေတာ္တို႔အေနနဲ႔ ပြင့္ပြင့္ လင္းလင္းေျပာရရင္ လူေနရပ္ကြက္နဲ႔ စက္မႈလက္မႈ လုပ္ငန္းနဲ႔ ယွဥ္ၾကည့္တာေပါ့ေနာ္။ စက္မႈလုပ္ငန္း ေတြကို တစ္ေန႔ကို ေလးနာရီမီးျဖတ္တယ္။ တစ္ေန႔ လုံး အလုပ္လုပ္ခ်ိန္က (၈)နာရီပဲရွိတယ္။ (၄)နာရီပဲ မီးေပးတာ။ တရားဝင္အလုပ္ခ်ိန္က (၈) နာရီရွိ တယ္ဆိုရင္ (၄)နာရီက မီးစက္နဲ႔ေမာင္းရတယ္။ ဒါ ေတာင္ကံေကာင္းမွ ကံဆိုးတဲ့ေန႔ဆို(၆)နာရီေလာက္ ကိုျဖတ္တယ္။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ အထည္ခ်ဳပ္ လုပ္ငန္းေတြရဲ႕သဘာဝက ည(၇)နာရီေလာက္ထိ OT ဆင္းရတယ္။ ပုံမွန္တစ္ေန႔ကို မီး(၄)နာရီရတယ္ ဆိုရင္ေတာင္ မီးစက္နဲ႔က(၆)နာရီေလာက္သုံးရတယ္။ ၁၅၀ ေကဗီ သုံးရတယ္။ တစ္နာရီကို ႏွစ္ဂါလန္ခြဲ ဆီစားတယ္။ တ႐ုတ္စက္ဆိုပိုစားတယ္။ မီးစက္ျပင္ ဆင္စရိတ္ေတြ၊ အင္ဂ်င္ဝိုင္လဲရတာေတြ ဘာမွမပါ ေသးဘူး။ ေနာက္ၿပီး မီးစက္ကတစ္လုံးနဲ႔မရဘူး ႏွစ္လုံးထားရတယ္။ တကယ္အလုပ္မ်ားတဲ့အခ်ိန္ ဆိုရင္ ည(၁၁)နာရီ ၊ (၁၂)နာရီအထိ ဆင္းရတယ္။ အဲဒီအခါက်ရင္ မီးစက္ကေတာက္ေလွ်ာက္သုံး ရတယ္။ မီးစက္တစ္လုံးက ပုံမွန္ဆိုရင္(၆)နာရီထက္ ပိုမသုံးရဘူး။ (၆)နာရီျပည့္ရင္တစ္ခါနားေပးရတယ္။ ပိုက္ဆံရွိတဲ့ကုမၸဏီကေတာ့ ႏွစ္လုံးထားတာေပါ့။ ပိုက္ဆံမရွိတဲ့ကုမၸဏီက်ေတာ့ ဒီမီးစက္ပ်က္သြားမွာကို ရင္တမမနဲ႔ အလုပ္လုပ္ေနရတယ္။ ခုနလည္း သူတို႔ေငြပမာဏေတြေျပာသြားၾကတယ္။ တကယ္ႏွေျမာဖို႔ေကာင္းတယ္။ ဒီေငြေတြက ဆီဖိုး မကုန္ဘဲနဲ႔ အလုပ္သမားကိုေပးလိုက္ရင္ ကြၽန္ေတာ္ တို႔ဝန္ထမ္းေတြရဲ႕ စားဝတ္ေနေရးက အမ်ားႀကီးပိုၿပီး ေတာ့ေခ်ာင္လည္လာမယ္။ တျခားႏိုင္ငံကိုသြားဖို႔ လည္းမစဥ္းစားေတာ့ဘူးေပါ့။ မိသားစုနဲ႔လည္း အတူတူေနရမယ္။ အဓိကက အစိုးရအေနနဲ႔ မီး ျပႆနာကိုေျဖရွင္းေပးေစခ်င္တာ။ စက္မႈဇုန္ေတြကို ေနာက္ဆုံး(၈)နာရီေလာက္ပဲ မီးေပးရင္ေတာင္ ကြၽန္ေတာ္တို႔အတြက္ ေတာ္ေတာ္ေလးအဆင္ေျပ ေနၿပီ။ က်န္တဲ့ OT ဆင္းတဲ့ႏွစ္နာရီ၊ သုံးနာရီေလာက္ ကိုပဲ မီးစက္သုံးရတယ္ဆိုရင္ ေတာ္ေသးတယ္ေလ။
စက္မႈဇုန္ဥကၠ႒တစ္ဦး (လႈိင္သာယာ)
လွ်ပ္စစ္မီးကေတာ့ မေမးပါနဲ႔ဗ်ာ။ ေနာက္ ဘိတ္ဆုံး ဆင္ေျပာင္ႀကီးအၿမီးေရာက္မွတစ္သြားတာ။ စာခ်ဳပ္ခ်ဳပ္ခါနီးက်မွ သူတို႔ကေပးတာေတာ့ ဟုတ္ၿပီ။ ကြၽန္ေတာ္တို႔LNG ျပန္ဝယ္လို႔ရေအာင္ ဒီေငြနဲ႔ေဒၚလာဝယ္ခြင့္ေပးပါဆိုတာ စာကျပလာေရာ။ ကြၽန္ေတာ္ေျပာတာက သူတို႔က ျမန္မာေငြနဲ႔ေကာက္ တယ္။ ရတဲ့ပိုက္ဆံကိုေပါက္ေဈးနဲ႔ေဒၚလာဝယ္မယ္။ အစိုးရဆီကေတာင္းတာမဟုတ္ဘူး။ အျပင္မွာေပါက္ ေဈးနဲ႔ဝယ္မယ္။ ဝယ္ၿပီးရင္LNG သြင္းမယ္။ ၿပီးရင္ ကြၽန္ေတာ္တို႔စက္ေတြကိုလည္ေပးမယ္။ အခုလည္း ဖြင့္ေပးေနၿပီ အစိုးရကေမာ္နီတာ လုပ္ေပးလိုက္ရင္ၿပီး သြားတာပဲ။ တစ္ေယာက္တည္းေပးရင္ တစ္ေယာက္ ထဲအတြက္စိုက္လို႔ရတယ္။ အခုကကြၽန္ေတာ္တို႔က ဆီဝယ္ေနရတဲ့အခါက်ေတာ့ အကုန္ဒုကၡေရာက္ကုန္ ၿပီေလ။ မီးက(၄)နာရီပဲေပးတယ္ဆိုေပမယ့္လည္း ပ်က္တဲ့အခ်ိန္ကမ်ားေနတယ္။ မီးစက္ေတြရွိေတာ့ အထည္ခ်ဳပ္သမားကေတာ့မေၾကာက္ဘူးဗ်။ မီးစက္နဲ႔လည္လည္းရတယ္။ အဓိကကေတာ့ အစိုးရေဈးနဲ႔ အျပင္ေဈးနဲ႔သိပ္မဟဖို႔ေပါ့။ တစ္လီတာ ကို ၁၀ဝ၊ ၂၀ဝ ဟရင္ကိစၥမရွိဘူး။ ၄၀ဝ၊ ၅၀ဝ ဟတာက်ေတာ့ တစ္ေပပါဆိုမနည္းေတာ့ဘူး။ အဲဒါေတြကေတာ့လုပ္စားသြားတာျဖစ္သြားၿပီ။ မီးကိစၥက ကြၽန္ေတာ္ဆို ႀကိဳးေတြဘာေတြ ဒီဂ်စ္တယ္ ေတြလဲၿပီးၿပီဗ်ာ။ ဝယ္ခြင့္ကိုႏိုင္ငံေတာ္ကခြင့္ျပဳေပးလိုက္ရင္ ကြၽန္ေတာ္တို႔ကိစၥၿပီးသြားၿပီ။ ျပည္သူေတြက လည္း ကြၽန္ေတာ္တို႔ကို ေပးမယ့္မီးရသြားၿပီဆို တစ္ခ်က္ခုတ္ဆယ္ခ်က္ျပတ္ဗ်ာ။ ေကာင္းတဲ့အစီ အစဥ္ႀကီး။ ဆင္ေျပာင္ကေတာ့ထြက္ေနၿပီ အၿမီးက အထဲမွာကန႔္လန႔္ျဖစ္ေနေတာ့ ထုတ္လို႔မရဘူး မီးလာ သြားရင္လူေတြလည္း ေအးေအးခ်မ္းခ်မ္းေနလို႔ ရမယ္ဗ်ာ။