Dongwon F&B ကုမ္ပဏီ၏ထုတ်ကုန် Dongwon Tuna အတွက် ကြော်ငြာမော်ဒယ်အသစ်ဖြစ်လာခဲ့သည့် BTS အဖွဲ့ဝင်ဂျင်

 126

Pika (NP News) - ဇူလိုင် ၂၈
တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်သည် Dongwon F&B ကုမ္ပဏီ၏ အမှတ်တံဆိပ်ထုတ်ကုန် Dongwon Tuna အတွက် ကြော်ငြာမော်ဒယ်အသစ်အဖြစ် တရားဝင်ခန့် အပ်ခံ ခဲ့ရကြောင်း သိရသည်။
ဂျင်ကို ၎င်းတို့၏ကြော်ငြာမော်ဒယ်အသစ်အဖြစ် ခန့်အပ်မှုကို Dongwon F&B ကုမ္ပဏီက ဇူလိုင်လ(၂၂)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး YouTube ပလက်ဖောင်းပေါ်တွင် ဗီဒီယိုဖိုင် အတိုတစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း လည်း သိရသည်။ အဆိုပါဗီဒီယိုဖိုင်တွင် ဂျင်၏တစ်ကိုယ်တော်သီချင်း ‘‘Super Tuna” ကို နောက်ခံတေးဂီတအဖြစ် ထည့်သွင်းထားပြီး မကြာမီအချိန်အတွင်း ကြော်ငြာအပြည့် အစုံထွက်ရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။
Dongwon F&B ကုမ္ပဏီသည် တရားဝင်ကြော်ငြာကို ဇူလိုင်လ(၂၇)ရက်တွင် ထွက်ရှိရန်စီစဉ်ထားပြီး လာမည့် ဩဂုတ်လ တစ်လျှောက်လုံး ဆိုရှယ်မီဒီယာပေါ်တွင် အပတ်စဉ် အတိုချုံးဗီဒီယိုများကို ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။ နောက်ထပ်အနေဖြင့် Dongwon F&B ကုမ္ပဏီသည် ဂျင်၏ဓာတ်ပုံနှင့် စတေကာများ ပါဝင်သည့် တူနာ ဗူးများပါဝင်သော BTS ၏ Jin edition ကို ထုတ်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါကမ်းပိန်းသည် ပရိသတ်များထံမှ ခိုင်မာသောထိတွေ့ဆက်ဆံမှုများကို ရရှိနိုင်မည်ဟု Dongwon F&B ကုမ္ပဏီက မျှော်လင့်ထားကြောင်း လည်းသိရသည်။ (၂၀၂၁)ခုနှစ်တွင် ထွက်ရှိခဲ့သော ဂျင်၏တစ်ကိုယ်တော်သီချင်း “Super Tuna” ကြောင့် အဆိုပါခန့်အပ်မှုများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။
‘Super Tuna’ သီချင်းသည် ဂျင်၏ ငါးဖမ်းခြင်းဝါသနာကြောင့် ထွက်ပေါ်လာခဲ့သော သီချင်းတစ်ပုဒ်ဖြစ်ပြီး YouTube ပလက်ဖောင်းပေါ်တွင် ကြည့်ရှုသူသန်း(၁ဝဝ)ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
Dongwon F&B ကုမၸဏီ၏ထုတ္ကုန္ Dongwon Tuna အတြက္ ေၾကာ္ျငာေမာ္ဒယ္အသစ္ျဖစ္လာခဲ့သည့္ BTS အဖြဲ႕ဝင္ဂ်င္
Pika (NP News) - ဇူလိုင္ ၂၈
ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္သည္ Dongwon F&B ကုမၸဏီ၏ အမွတ္တံဆိပ္ထုတ္ကုန္ Dongwon Tuna အတြက္ ေၾကာ္ျငာေမာ္ဒယ္အသစ္အျဖစ္ တရားဝင္ခန႔္ အပ္ခံ ခဲ့ရေၾကာင္း သိရသည္။
ဂ်င္ကို ၎တို႔၏ေၾကာ္ျငာေမာ္ဒယ္အသစ္အျဖစ္ ခန႔္အပ္မႈကို Dongwon F&B ကုမၸဏီက ဇူလိုင္လ(၂၂)ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ၿပီး YouTube ပလက္ေဖာင္းေပၚတြင္ ဗီဒီယိုဖိုင္ အတိုတစ္ခုကို ထုတ္ျပန္ခဲ့ေၾကာင္း လည္း သိရသည္။ အဆိုပါဗီဒီယိုဖိုင္တြင္ ဂ်င္၏တစ္ကိုယ္ေတာ္သီခ်င္း ‘‘Super Tuna” ကို ေနာက္ခံေတးဂီတအျဖစ္ ထည့္သြင္းထားၿပီး မၾကာမီအခ်ိန္အတြင္း ေၾကာ္ျငာအျပည့္ အစုံထြက္ရွိလာမည္ျဖစ္ေၾကာင္းလည္း သိရသည္။
Dongwon F&B ကုမၸဏီသည္ တရားဝင္ေၾကာ္ျငာကို ဇူလိုင္လ(၂၇)ရက္တြင္ ထြက္ရွိရန္စီစဥ္ထားၿပီး လာမည့္ ဩဂုတ္လ တစ္ေလွ်ာက္လုံး ဆိုရွယ္မီဒီယာေပၚတြင္ အပတ္စဥ္ အတိုခ်ဳံးဗီဒီယိုမ်ားကို ဆက္လက္လုပ္ေဆာင္သြား မည္ျဖစ္ေၾကာင္း သိရသည္။ ေနာက္ထပ္အေနျဖင့္ Dongwon F&B ကုမၸဏီသည္ ဂ်င္၏ဓာတ္ပုံႏွင့္ စေတကာမ်ား ပါဝင္သည့္ တူနာ ဗူးမ်ားပါဝင္ေသာ BTS ၏ Jin edition ကို ထုတ္ေတာ့မည္ျဖစ္ေၾကာင္းလည္း သိရသည္။
အဆိုပါကမ္းပိန္းသည္ ပရိသတ္မ်ားထံမွ ခိုင္မာေသာထိေတြ႕ဆက္ဆံမႈမ်ားကို ရရွိႏိုင္မည္ဟု Dongwon F&B ကုမၸဏီက ေမွ်ာ္လင့္ထားေၾကာင္း လည္းသိရသည္။ (၂၀၂၁)ခုႏွစ္တြင္ ထြက္ရွိခဲ့ေသာ ဂ်င္၏တစ္ကိုယ္ေတာ္သီခ်င္း “Super Tuna” ေၾကာင့္ အဆိုပါခန႔္အပ္မႈမ်ား ထြက္ေပၚလာျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
‘Super Tuna’ သီခ်င္းသည္ ဂ်င္၏ ငါးဖမ္းျခင္းဝါသနာေၾကာင့္ ထြက္ေပၚလာခဲ့ေသာ သီခ်င္းတစ္ပုဒ္ျဖစ္ၿပီး YouTube ပလက္ေဖာင္းေပၚတြင္ ၾကည့္ရႈသူသန္း(၁ဝဝ)ေက်ာ္အထိ ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.