ဖိလစ်ပိုင်သင်္ဘောတွေ ဟန့်တားနှောက်ယှက်ခံရမှုတွေအတွက် တရုတ်သံအမတ်ကြီးကို ထပ်မံဆင့်ခေါ် သတိပေးခဲ့ဟု ဖိလစ်ပိုင်အစိုးရပြော

 453

ဂျန်ဇက် (NP News) - မေ ၂

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်သင်္ဘောတွေကို တရုတ်စစ်သ‌င်္ဘောကြားဖြတ်ဟန့်တားနှောက်ယှက်မှုတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးကိုခေါ်ယူတွေ့ဆုံ သတိပေးခဲ့ကြောင်းသိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက " တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင် ပိုင်နက်ကျွန်းကို သွားရောက်တဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောတွေကို မီးသတ်ပိုက်နဲ့ ထိုးတာ၊ ဟန့်တား နှောင့်ယှက်တာတွေ နဲ့ ပိတ်ဆိုတာတွေအတွက် ကန့်ကွက်ပါတယ်။ "လို့ပြောပါတယ်။ ဖိလစ်ပိုင်အစိုးရက တရုတ်စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ဖိလစ်ပိုင်သင်္ဘောတွေကို တောင်တရုတ်ပင်လယ် အတွင်း ဟန့်တားနှောက်ယှက်တာတွေ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။

ဖိလစ်ပိုင်အစိုးရက "တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေက ရန်လိုတဲ့လုပ်ရပ်တွေဖြစ်တယ်။ အထူးသဖြင့် မီးသတ် ပိုက်နဲ့ ထိုးခဲ့ပြီး ဖိလစ်ပိုင်သင်္ဘောတွေကို ထိခိုက်နစ်နာအောင်လုပ်ခဲ့တယ်။ တရုတ်စစ်သင်္ဘောတွေရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ချက်ချင်းဖြေရှင်းပေးဖို့ တရုတ်အစိုးရကို တောင်းဆိုပါတယ်။"လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာတရုတ်သံရုံးကတော့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိသေးကြောင်းသိရပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဟာ တောင်တရုတ်ပင်လယ်မှာ ကာလအတန်ကြာ ပိုင်နက်နယ်မြေ အငြင်းပွားနေခဲ့ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းမှာ တရုတ်စစ်သင်္ဘောတွေက ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတွေကို နှောက်ယှက်ဟန့်တားမှုပိုမိုလုပ်ဆောင်လာခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကတော့ ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်ပိုင်နက် အတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့အတွက် ဟန့်တားခံရတာဖြစ်တယ်လို့ ပြောပါတယ်။ ဖိလစ်ပိုင်ဟာ တရုတ်နဲ့အငြင်းပွားမှုတွေပိုမိုဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်၊ ဂျပန် တို့နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ကြောင်းသိရပါတယ်။

zawgyi version
ဖိလစ္ပိုင္သေဘၤာေတြ ဟန႔္တားေႏွာက္ယွက္ခံရမႈေတြအတြက္ တ႐ုတ္သံအမတ္ႀကီးကို ထပ္မံဆင့္ေခၚ သတိေပးခဲ့ဟု ဖိလစ္ပိုင္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေမ ၂
ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ဖိလစ္ပိုင္သေဘၤာေတြကို တ႐ုတ္စစ္သ‌ေဘၤာၾကားျဖတ္ဟန႔္တားေႏွာက္ယွက္မႈေတြနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံ အမတ္ႀကီးကိုေခၚယူေတြ႕ဆုံ သတိေပးခဲ့ေၾကာင္းသိရပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက " ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ဖိလစ္ပိုင္ ပိုင္နက္ကြၽန္းကို သြားေရာက္တဲ့ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕သေဘၤာေတြကို မီးသတ္ပိုက္နဲ႔ ထိုးတာ၊ ဟန႔္တား ေႏွာင့္ယွက္တာေတြ နဲ႔ ပိတ္ဆိုတာေတြအတြက္ ကန႔္ကြက္ပါတယ္။ "လို႔ေျပာပါတယ္။ ဖိလစ္ပိုင္အစိုးရက တ႐ုတ္စစ္သေဘၤာေတြဟာ ၿပီးခဲ့တဲ့ ဧၿပီ ၃၀ ရက္ေန႔က ဖိလစ္ပိုင္သေဘၤာေတြကို ေတာင္တ႐ုတ္ပင္လယ္ အတြင္း ဟန႔္တားေႏွာက္ယွက္တာေတြ ထပ္မံလုပ္ေဆာင္ခဲ့ေၾကာင္း ေျပာပါတယ္။

ဖိလစ္ပိုင္အစိုးရက "တ႐ုတ္ႏိုင္ငံရဲ႕လုပ္ရပ္ေတြက ရန္လိုတဲ့လုပ္ရပ္ေတြျဖစ္တယ္။ အထူးသျဖင့္ မီးသတ္ ပိုက္နဲ႔ ထိုးခဲ့ၿပီး ဖိလစ္ပိုင္သေဘၤာေတြကို ထိခိုက္နစ္နာေအာင္လုပ္ခဲ့တယ္။ တ႐ုတ္စစ္သေဘၤာေတြရဲ႕ လုပ္ရပ္ေတြနဲ႔ပတ္သက္ၿပီး ဖိလစ္ပိုင္ႏိုင္ငံအေနနဲ႔ ခ်က္ခ်င္းေျဖရွင္းေပးဖို႔ တ႐ုတ္အစိုးရကို ေတာင္းဆိုပါတယ္။"လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးကေတာ့ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး တစ္စုံတရာမွတ္ခ်က္ျပဳေျပာဆိုျခင္းမ်ိဳးမရွိေသးေၾကာင္းသိရပါတယ္။

ဖိလစ္ပိုင္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ေတာင္တ႐ုတ္ပင္လယ္မွာ ကာလအတန္ၾကာ ပိုင္နက္နယ္ေျမ အျငင္းပြားေနခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ပိုင္းမွာ တ႐ုတ္စစ္သေဘၤာေတြက ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာေတြကို ေႏွာက္ယွက္ဟန႔္တားမႈပိုမိုလုပ္ေဆာင္လာခဲ့ေၾကာင္း သိရပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ကေတာ့ ဖိလစ္ပိုင္ကမ္းေျခေစာင့္သေဘၤာေတြဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ တ႐ုတ္ပိုင္နက္ အတြင္းကို တရားမဝင္ ဝင္ေရာက္လာတဲ့အတြက္ ဟန႔္တားခံရတာျဖစ္တယ္လို႔ ေျပာပါတယ္။ ဖိလစ္ပိုင္ဟာ တ႐ုတ္နဲ႔အျငင္းပြားမႈေတြပိုမိုျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္၊ ဂ်ပန္ တို႔နဲ႔ စစ္ေရး ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမိုလုပ္ေဆာင္လာခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.