ဆော်လမွန်ကျွန်းစုသည် တရုတ်နှင့်ရင်းနှီးသော Manele ကို ၀န်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့

 479

ALynn (NP News) - မေ ၂

ဆော်လမွန်ကျွန်းစုများနိုင်ငံ ဥပဒေပြုအမတ်များသည် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စေမည့် ပစိဖိတ်ကျွန်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်လုပ်ဆောင်မည်ဟု ကတိပြုထားသော နိုင်ငံခြားရေးဝန်ကြီးဟောင်း Jeremiah Manele ကို ၎င်းတို့၏ ၀န်ကြီးချုပ်အသစ်အဖြစ် ကြာသပတေးနေ့ (မေလ ၂ ရက်) တွင် ရွေးချယ်ခန့်အပ်ခဲ့ကြသည်။

အမတ်နေရာ ၅၀ ရှိသည့် ပါလီမန်တွင် ၁၈ မဲရသော အတိုက်အခံခေါင်းဆောင် Matthew Wales ကို Manele က ၃၁ မဲဖြင့် အနိုင်ရရှိခဲ့ကြောင်း ဘုရင်ခံချုပ် ဆာဒေးဗစ် ဗိုနာဂီက ပါလီမန်ရှေ့မှောက်တွင် ကြေညာခဲ့သည်။

ပြီးခဲ့သည့်လက ပြည်လုံးကျွတ်ရွေးကောက်ပွဲတွင် လက်ရှိ၀န်ကြီးချုပ် Manasseh Sogavare ၏အစိုးရသည် ၎င်း၏အမတ်နေရာ တစ်ဝက်ကို ဆုံးရှုံးခဲ့သော်လည်း မည်သည့် နိုင်ငံရေးပါတီမျှ နေရာအများစု မရရှိခဲ့ပေ။ ဝန်ကြီးချုပ်ရာထူးအတွက် မဲမပေးရမီကတည်းက အစိုးရနှင့် အတိုက်အခံပါတီများသည် တသီးပုဂ္ဂလများထံမှ ထောက်ခံမှုရရှိရန် ရက်သတ္တပတ်များစွာ အပြင်းအထန်စည်းရုံးခဲ့ကြသည်။

ကြာသပတေးနေ့တွင် ပါလီမန်သို့ အသစ်ရောက်ရှိလာသော ရွေးကောက်ခံအမတ်များ လျှို့ဝှက်မဲ ပေးစနစ်ဖြင့် မဲပေးနိုင်ရန် မြို့တော် Honiara တွင် လုံခြုံရေးတိုးမြှင့်ချထားခဲ့သည်။ ဝန်ကြီးချုပ် Sogavare သည် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အငြင်းပွားဖွယ်ရာ လုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ဒေသတွင်းလုံခြုံရေးအပေါ် သက်ရောက်မှုရှိနိုင်သောကြောင့် တရုတ်၊ အမေရိကန်နှင့် အိမ်နီးချင်း သြစတြေးလျတို့က ဆော်လမွန်ကျွန်းစုအား အနီးကပ်စောင့်ကြည့်ခဲ့ကြသည်။

ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က ဝန်ကြီးချုပ်သစ်ဖြစ်လာမည့် Manele နှင့် နီးကပ်စွာ လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ကိုဗစ်ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် တွင် ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေး အဓိကရုဏ်းများကြောင့် ဆုတ်ယုတ်သွားသော စီးပွားရေး သည် ယခုအခါတဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး အစိုးရသည် မကြာမီကာလအတွင်း အခွန်၊ သစ်တောနှင့် ဓာတ်သတ္တုဆိုင်ရာ မူဝါဒများကို ချမှတ်သွားမည်ဖြစ်ကြောင်း Manele က ပြောကြားခဲ့သည်။

Manele သည် ၂၀၁၄ ခုနှစ်တွင် ပါလီမန်သို့ ဝင်ရောက်ခဲ့သော သံတမန်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကာ ဆော်လမွန် ကျွန်းစု၏ သံတမန်ဆက်ဆံရေးကို ထိုင်ဝမ်မှ တရုတ်ပြည်ပကြီးဆီသို့ တရားဝင်ကူးပြောင်းခဲ့သူ လည်းဖြစ်သည်။

zawgyi version
ေဆာ္လမြန္ကြၽန္းစုသည္ တ႐ုတ္ႏွင့္ရင္းႏွီးေသာ Manele ကို ၀န္ႀကီးခ်ဳပ္သစ္အျဖစ္ ေ႐ြးခ်ယ္ခဲ့
ALynn (NP News) - ေမ ၂

ေဆာ္လမြန္ကြၽန္းစုမ်ားႏိုင္ငံ ဥပေဒျပဳအမတ္မ်ားသည္ တ႐ုတ္ႏိုင္ငံႏွင့္ ပိုမိုနီးကပ္ေစမည့္ ပစိဖိတ္ကြၽန္းႏိုင္ငံ၏ ႏိုင္ငံျခားေရးမူဝါဒကို ဆက္လက္လုပ္ေဆာင္မည္ဟု ကတိျပဳထားေသာ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Jeremiah Manele ကို ၎တို႔၏ ၀န္ႀကီးခ်ဳပ္အသစ္အျဖစ္ ၾကာသပေတးေန႔ (ေမလ ၂ ရက္) တြင္ ေ႐ြးခ်ယ္ခန႔္အပ္ခဲ့ၾကသည္။

အမတ္ေနရာ ၅၀ ရွိသည့္ ပါလီမန္တြင္ ၁၈ မဲရေသာ အတိုက္အခံေခါင္းေဆာင္ Matthew Wales ကို Manele က ၃၁ မဲျဖင့္ အႏိုင္ရရွိခဲ့ေၾကာင္း ဘုရင္ခံခ်ဳပ္ ဆာေဒးဗစ္ ဗိုနာဂီက ပါလီမန္ေရွ႕ေမွာက္တြင္ ေၾကညာခဲ့သည္။

ၿပီးခဲ့သည့္လက ျပည္လုံးကြၽတ္ေ႐ြးေကာက္ပြဲတြင္ လက္ရွိ၀န္ႀကီးခ်ဳပ္ Manasseh Sogavare ၏အစိုးရသည္ ၎၏အမတ္ေနရာ တစ္ဝက္ကို ဆုံးရႈံးခဲ့ေသာ္လည္း မည္သည့္ ႏိုင္ငံေရးပါတီမွ် ေနရာအမ်ားစု မရရွိခဲ့ေပ။ ဝန္ႀကီးခ်ဳပ္ရာထူးအတြက္ မဲမေပးရမီကတည္းက အစိုးရႏွင့္ အတိုက္အခံပါတီမ်ားသည္ တသီးပုဂၢလမ်ားထံမွ ေထာက္ခံမႈရရွိရန္ ရက္သတၱပတ္မ်ားစြာ အျပင္းအထန္စည္း႐ုံးခဲ့ၾကသည္။

ၾကာသပေတးေန႔တြင္ ပါလီမန္သို႔ အသစ္ေရာက္ရွိလာေသာ ေ႐ြးေကာက္ခံအမတ္မ်ား လွ်ိဳ႕ဝွက္မဲ ေပးစနစ္ျဖင့္ မဲေပးႏိုင္ရန္ ၿမိဳ႕ေတာ္ Honiara တြင္ လုံၿခဳံေရးတိုးျမႇင့္ခ်ထားခဲ့သည္။ ဝန္ႀကီးခ်ဳပ္ Sogavare သည္ ၂၀၂၂ ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံႏွင့္ အျငင္းပြားဖြယ္ရာ လုံၿခဳံေရးသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးၿပီးေနာက္ ေဒသတြင္းလုံၿခဳံေရးအေပၚ သက္ေရာက္မႈရွိႏိုင္ေသာေၾကာင့္ တ႐ုတ္၊ အေမရိကန္ႏွင့္ အိမ္နီးခ်င္း ၾသစေၾတးလ်တို႔က ေဆာ္လမြန္ကြၽန္းစုအား အနီးကပ္ေစာင့္ၾကည့္ခဲ့ၾကသည္။

ဩစေၾတးလ်ဝန္ႀကီးခ်ဳပ္ အန္တိုနီ အယ္လ္ဘာနီးစ္က ဝန္ႀကီးခ်ဳပ္သစ္ျဖစ္လာမည့္ Manele ႏွင့္ နီးကပ္စြာ လုပ္ေဆာင္ရန္ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့သည္။ ကိုဗစ္ကပ္ေရာဂါႏွင့္ ၂၀၂၁ ခုႏွစ္ တြင္ ျဖစ္ပြားခဲ့ေသာ အစိုးရဆန႔္က်င္ေရး အဓိက႐ုဏ္းမ်ားေၾကာင့္ ဆုတ္ယုတ္သြားေသာ စီးပြားေရး သည္ ယခုအခါတျဖည္းျဖည္း ျပန္လည္ေကာင္းမြန္လာၿပီး အစိုးရသည္ မၾကာမီကာလအတြင္း အခြန္၊ သစ္ေတာႏွင့္ ဓာတ္သတၱဳဆိုင္ရာ မူဝါဒမ်ားကို ခ်မွတ္သြားမည္ျဖစ္ေၾကာင္း Manele က ေျပာၾကားခဲ့သည္။

Manele သည္ ၂၀၁၄ ခုႏွစ္တြင္ ပါလီမန္သို႔ ဝင္ေရာက္ခဲ့ေသာ သံတမန္ေဟာင္းတစ္ဦးျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တြင္ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့ကာ ေဆာ္လမြန္ ကြၽန္းစု၏ သံတမန္ဆက္ဆံေရးကို ထိုင္ဝမ္မွ တ႐ုတ္ျပည္ပႀကီးဆီသို႔ တရားဝင္ကူးေျပာင္းခဲ့သူ လည္းျဖစ္သည္။

Related news

© 2021. All rights reserved.