အမေရိကန်အောက်လွှတ်တော်က ဂျူးဆန့်ကျင်ရေးနှင့်ပတ်သက်ပြီး အကျယ်အပြန့် အဓိပ္ပါယ် ဖွင့်ဆိုသွားမည့် အငြင်းပွားဖွယ်ဥပဒေကြမ်းကို အတည်ပြုခဲ့

 561

ALynn (NP News) - မေ ၂

အမေရိကန်ပြည်ထောင်စု၊ အောက်လွှတ်တော်သည် ပါလက်စတိုင်းထောက်ခံသည့် ဆန္ဒပြမှုများ ဖြစ်ပွားနေသည့်ကြားကပင် ဂျူးမုန်းတီးရေးဝါဒနှင့်ပတ်သက်ပြီး အကျယ်အပြန့် အဓိပ္ပါယ်ဖွင့်ဆိုသွားမည့် ဥပဒေကြမ်းကို အတည်ပြုခဲ့ကြသည်။

အဆိုပါ ဥပဒေကြမ်းအား အောက်လွှတ်တော်တွင် ထောက်ခံမဲ ၃၂၀၊ ကန့်ကွက်မဲ ၉၁ မဲဖြင့် ဗုဒ္ဓဟူးနေ့ (မေလ ၁ ရက်) တွင် အတည်ပြုခဲ့ပြီး ၎င်းသည် အမေရိကန် တက္ကသိုလ် ကျောင်းဝင်းများတွင် ဖြစ်ပွားနေသည့် ဂျူးဆန့်ကျင်ရေး ဆန္ဒပြမှုများအား တုံ့ပြန်ခြင်းအဖြစ် ရှုမြင်နိုင်သည်။ ယခုအခါ ၎င်းဥပဒေကြမ်းကို အထက်လွှတ်တော်တွင် ဆုံးဖြတ်ရန် ပေးပို့ပြီးဖြစ် သည်။

အကယ်၍ အဆိုပါဥပဒေကြမ်းသည် အတည်ဖြစ်လာပါက ၎င်းသည် International Holocaust Remembrance Alliance (IHRA) ၏ ၁၉၆၄ ခုနှစ်၊ နိုင်ငံသားအခွင့်အရေးအက်ဥပဒေ ခေါင်းစဉ် (၅) အောက်တွင် ပါရှိသော ဂျူးဆန့်ကျင်ရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း ဥပဒေပြဋ္ဌာန်းသွားမည်ဖြစ်သည်။ ၎င်းသည် အစဉ်အဆက်မျှဝေလာသော မျိုးရိုး၊ လူမျိုးရေးလက္ခဏာများ သို့မဟုတ် အမျိုးသားဇာတိအပေါ်အခြေခံ၍ ခွဲခြားဆက်ဆံခြင်းကို တားမြစ်သည့် ဖယ်ဒရယ် ခွဲခြားမှုဆန့်ကျင်ရေးဥပဒေဖြစ်သည်။ IHRA ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အား ဥပဒေတွင် ထည့်သွင်း ခြင်းဖြင့် ပညာရေးဝန်ကြီးဌာနသည် ကိုးကွယ်ယုံကြည်မှုဆန့်ကျင်ရေးကို အာခံသည်ဟု ယူဆသော ကျောင်းများအတွက် ရန်ပုံငွေနှင့် အခြားအရင်းအမြစ်များကို ကန့်သတ်နိုင်ခွင့်ရှိမည်ဖြစ် သည်။

IHRA ၏ ဂျူးဆန့်ကျင်ရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဂျူးများအပေါ် မုန်းတီးမှုအဖြစ် ဖော်ပြနိုင်သည့် ဂျူးများ၏ ခံယူချက်တစ်ခုဖြစ်သည်။ ဂျူး သို့မဟုတ် ဂျူးမဟုတ်သော လူပုဂ္ဂိုလ် များနှင့်/သို့မဟုတ် ၎င်းတို့၏ပိုင်ဆိုင်မှုများ၊ ဂျူးအသိုက်အဝန်းအဖွဲ့အစည်းများနှင့် ဘာသာရေး ဆိုင်ရာအဆောက်အအုံများဆီသို့ ဦးတည်နေသည့် ဂျူးဆန့်ကျင်ရေးဝါဒ၏ စကားလုံးများနှင့် ရုပ်ပိုင်းဆိုင်ရာ သရုပ်ဖော်ပြမှုများဖြစ်သည်။ IHRA အရ ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်သည် ဂျူးလူမျိုးစုများ စုစည်းရာအဖြစ် ခံယူထားသော အစ္စရေးနိုင်ငံနှင့်လည်း ဆက်နွှယ်နေသည်။

သောကြာနေ့ (ဧပြီလ ၂၆ ရက်) က အမေရိကန်ပြည်သူ့လွတ်လပ်ရေးယူနီယံ (ACLU) မှ ဥပဒေပြု အမတ်များထံ ပေးပို့သောစာတွင် အောက်လွှတ်တော်အမတ်များအား ဖက်ဒရယ်ဥပဒေသည် ဂျူးဆန့်ကျင်ရေးခွဲခြားဆက်ဆံမှုနှင့် နှောင့်ယှက်မှုများကို တားမြစ်ထားပြီးဖြစ်သည့်အတွက် ယခုဥပဒေအား ဆန့်ကျင်မဲပေးရန် တိုက်တွန်းခဲ့သည်။

zawgyi version
အေမရိကန္ေအာက္လႊတ္ေတာ္က ဂ်ဴးဆန႔္က်င္ေရးႏွင့္ပတ္သက္ၿပီး အက်ယ္အျပန႔္ အဓိပၸါယ္ ဖြင့္ဆိုသြားမည့္ အျငင္းပြားဖြယ္ဥပေဒၾကမ္းကို အတည္ျပဳခဲ့
ALynn (NP News) - ေမ ၂

အေမရိကန္ျပည္ေထာင္စု၊ ေအာက္လႊတ္ေတာ္သည္ ပါလက္စတိုင္းေထာက္ခံသည့္ ဆႏၵျပမႈမ်ား ျဖစ္ပြားေနသည့္ၾကားကပင္ ဂ်ဴးမုန္းတီးေရးဝါဒႏွင့္ပတ္သက္ၿပီး အက်ယ္အျပန႔္ အဓိပၸါယ္ဖြင့္ဆိုသြားမည့္ ဥပေဒၾကမ္းကို အတည္ျပဳခဲ့ၾကသည္။

အဆိုပါ ဥပေဒၾကမ္းအား ေအာက္လႊတ္ေတာ္တြင္ ေထာက္ခံမဲ ၃၂၀၊ ကန႔္ကြက္မဲ ၉၁ မဲျဖင့္ ဗုဒၶဟူးေန႔ (ေမလ ၁ ရက္) တြင္ အတည္ျပဳခဲ့ၿပီး ၎သည္ အေမရိကန္ တကၠသိုလ္ ေက်ာင္းဝင္းမ်ားတြင္ ျဖစ္ပြားေနသည့္ ဂ်ဴးဆန႔္က်င္ေရး ဆႏၵျပမႈမ်ားအား တုံ႔ျပန္ျခင္းအျဖစ္ ရႈျမင္ႏိုင္သည္။ ယခုအခါ ၎ဥပေဒၾကမ္းကို အထက္လႊတ္ေတာ္တြင္ ဆုံးျဖတ္ရန္ ေပးပို႔ၿပီးျဖစ္ သည္။

အကယ္၍ အဆိုပါဥပေဒၾကမ္းသည္ အတည္ျဖစ္လာပါက ၎သည္ International Holocaust Remembrance Alliance (IHRA) ၏ ၁၉၆၄ ခုႏွစ္၊ ႏိုင္ငံသားအခြင့္အေရးအက္ဥပေဒ ေခါင္းစဥ္ (၅) ေအာက္တြင္ ပါရွိေသာ ဂ်ဴးဆန႔္က်င္ေရးဆိုင္ရာ အဓိပၸါယ္ဖြင့္ဆိုခ်က္အတိုင္း ဥပေဒျပ႒ာန္းသြားမည္ျဖစ္သည္။ ၎သည္ အစဥ္အဆက္မွ်ေဝလာေသာ မ်ိဳး႐ိုး၊ လူမ်ိဳးေရးလကၡဏာမ်ား သို႔မဟုတ္ အမ်ိဳးသားဇာတိအေပၚအေျခခံ၍ ခြဲျခားဆက္ဆံျခင္းကို တားျမစ္သည့္ ဖယ္ဒရယ္ ခြဲျခားမႈဆန႔္က်င္ေရးဥပေဒျဖစ္သည္။ IHRA ၏ အဓိပၸါယ္ဖြင့္ဆိုခ်က္အား ဥပေဒတြင္ ထည့္သြင္း ျခင္းျဖင့္ ပညာေရးဝန္ႀကီးဌာနသည္ ကိုးကြယ္ယုံၾကည္မႈဆန႔္က်င္ေရးကို အာခံသည္ဟု ယူဆေသာ ေက်ာင္းမ်ားအတြက္ ရန္ပုံေငြႏွင့္ အျခားအရင္းအျမစ္မ်ားကို ကန႔္သတ္ႏိုင္ခြင့္ရွိမည္ျဖစ္ သည္။

IHRA ၏ ဂ်ဴးဆန႔္က်င္ေရးဆိုင္ရာ အဓိပၸါယ္ဖြင့္ဆိုခ်က္မွာ ဂ်ဴးမ်ားအေပၚ မုန္းတီးမႈအျဖစ္ ေဖာ္ျပႏိုင္သည့္ ဂ်ဴးမ်ား၏ ခံယူခ်က္တစ္ခုျဖစ္သည္။ ဂ်ဴး သို႔မဟုတ္ ဂ်ဴးမဟုတ္ေသာ လူပုဂၢိဳလ္ မ်ားႏွင့္/သို႔မဟုတ္ ၎တို႔၏ပိုင္ဆိုင္မႈမ်ား၊ ဂ်ဴးအသိုက္အဝန္းအဖြဲ႕အစည္းမ်ားႏွင့္ ဘာသာေရး ဆိုင္ရာအေဆာက္အအုံမ်ားဆီသို႔ ဦးတည္ေနသည့္ ဂ်ဴးဆန႔္က်င္ေရးဝါဒ၏ စကားလုံးမ်ားႏွင့္ ႐ုပ္ပိုင္းဆိုင္ရာ သ႐ုပ္ေဖာ္ျပမႈမ်ားျဖစ္သည္။ IHRA အရ ထိုအဓိပၸါယ္ဖြင့္ဆိုခ်က္သည္ ဂ်ဴးလူမ်ိဳးစုမ်ား စုစည္းရာအျဖစ္ ခံယူထားေသာ အစၥေရးႏိုင္ငံႏွင့္လည္း ဆက္ႏႊယ္ေနသည္။

ေသာၾကာေန႔ (ဧၿပီလ ၂၆ ရက္) က အေမရိကန္ျပည္သူ႔လြတ္လပ္ေရးယူနီယံ (ACLU) မွ ဥပေဒျပဳ အမတ္မ်ားထံ ေပးပို႔ေသာစာတြင္ ေအာက္လႊတ္ေတာ္အမတ္မ်ားအား ဖက္ဒရယ္ဥပေဒသည္ ဂ်ဴးဆန႔္က်င္ေရးခြဲျခားဆက္ဆံမႈႏွင့္ ေႏွာင့္ယွက္မႈမ်ားကို တားျမစ္ထားၿပီးျဖစ္သည့္အတြက္ ယခုဥပေဒအား ဆန႔္က်င္မဲေပးရန္ တိုက္တြန္းခဲ့သည္။

Related news

© 2021. All rights reserved.