K-pop အမျိုးသမီးအဖွဲ့ Twice ရဲ့ အဖွဲ့ဝင် ဒါဟွန်း အားကစား ဇာတ်ကား Sprint မှာ ပွဲဦးထွက် သရုပ်ဆောင်မည်

 62

K-pop အမျိုးသမီးအဖွဲ့ Twice ရဲ့ အဖွဲ့ဝင် ဒါဟွန်း အားကစား ဇာတ်ကား Sprint မှာ ပွဲဦးထွက် သရုပ်ဆောင်မည်
ရောင်နီ (NP News) - မေ ၄

အမျိုးသမီး K pop အဖွဲ့ Twice ရဲ့ အဖွဲ့ဝင်၊ Michael Kors တို့ရဲ့ကမ္ဘာလုံးဆိုင်ရာ Ambassador၊ အသက် ၂၅ နှစ် အရွယ် ဒါဟွန်းဟာ အားကစားဇာတ်ကား Sprint မှာ ပထမဆုံးသရုပ်ဆောင်အဖြစ် ပွဲဦးထွက် ပါဝင်သွားမယ်လို့ သိရပါတယ်။

တောင်ကိုရီးယားမီဒီယာတွေရဲ့ဖော်ပြချက်အရ Sprint ဟာ အားကစားစိတ်ဓာတ်နဲ့ အိပ်မက်တွေဆီ မမောပန်းတန်း ပြေးလွှားနေသူတွေရဲ့ဇာတ်လမ်းကို ပုံဖော်ထားတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ လီဆမ်ဟွန်း ရိုက်ကူးမယ့် Sprint ဇာတ်ကားမှာ သရုပ်ဆောင် ဟာဆော့ဂျင်က မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ စံချိန်သစ် တင်ခဲ့တဲ့ အားကစားသမားအဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး Crash Landing On You ဇာတ်လမ်းတွဲထဲက သရုပ်ဆောင် လီရှင်ယောင်းကတော့ အောင်မြင်တဲ့ ဘောလုံးကစားသမား အိပ်မက်ရှိတဲ့ လူငယ်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။
အဆိုပါဇာတ်ကားကို မေလမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားပြီး ရုပ်ရှင်မှာ ပါဝင်မယ့် ဒါဟွန်းရဲ့ကာရိုက်တာကိုတော့ မသိရသေးပါဘူး။ ဒါဟွန်းဟာ Twice အဖွဲ့ရဲ့ပထမဆုံး သရုပ်ဆောင် ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

Twice အဖွဲ့ဟာ ၂၀၁၅ ခုနှစ် Survival ရှိုး Sixteen မှ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယနေ့ထိ K- Pop အဖွဲ့တွေကြား အအောင်မြင်ဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

Zawgyi Version;
K-pop အမ်ိဳးသမီးအဖြဲ႕ Twice ရဲ႕ အဖြဲ႕ဝင္ ဒါဟြန္း အားကစား ဇာတ္ကား Sprint မွာ ပြဲဦးထြက္ သ႐ုပ္ေဆာင္မည္
ေရာင္နီ (NP News) - ေမ ၄

အမ်ိဳးသမီး K pop အဖြဲ႕ Twice ရဲ႕ အဖြဲ႕ဝင္၊ Michael Kors တို႔ရဲ႕ကမာၻလုံးဆိုင္ရာ Ambassador၊ အသက္ ၂၅ ႏွစ္ အ႐ြယ္ ဒါဟြန္းဟာ အားကစားဇာတ္ကား Sprint မွာ ပထမဆုံးသ႐ုပ္ေဆာင္အျဖစ္ ပြဲဦးထြက္ ပါဝင္သြားမယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ Sprint ဟာ အားကစားစိတ္ဓာတ္နဲ႔ အိပ္မက္ေတြဆီ မေမာပန္းတန္း ေျပးလႊားေနသူေတြရဲ႕ဇာတ္လမ္းကို ပုံေဖာ္ထားတယ္လို႔ ဆိုပါတယ္။ ဒါ႐ိုက္တာ လီဆမ္ဟြန္း ႐ိုက္ကူးမယ့္ Sprint ဇာတ္ကားမွာ သ႐ုပ္ေဆာင္ ဟာေဆာ့ဂ်င္က မီတာ ၁၀၀ အေျပးၿပိဳင္ပြဲမွာ စံခ်ိန္သစ္ တင္ခဲ့တဲ့ အားကစားသမားအျဖစ္ ပါဝင္သ႐ုပ္ေဆာင္မွာျဖစ္ၿပီး Crash Landing On You ဇာတ္လမ္းတြဲထဲက သ႐ုပ္ေဆာင္ လီရွင္ေယာင္းကေတာ့ ေအာင္ျမင္တဲ့ ေဘာလုံးကစားသမား အိပ္မက္ရွိတဲ့ လူငယ္တစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။
အဆိုပါဇာတ္ကားကို ေမလမွာ စတင္႐ိုက္ကူးဖို႔ စီစဥ္ထားၿပီး ႐ုပ္ရွင္မွာ ပါဝင္မယ့္ ဒါဟြန္းရဲ႕ကာ႐ိုက္တာကိုေတာ့ မသိရေသးပါဘူး။ ဒါဟြန္းဟာ Twice အဖြဲ႕ရဲ႕ပထမဆုံး သ႐ုပ္ေဆာင္ ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

Twice အဖြဲ႕ဟာ ၂၀၁၅ ခုႏွစ္ Survival ရႈိး Sixteen မွ စတင္ဖြဲ႕စည္းခဲ့တာျဖစ္ၿပီး ယေန႔ထိ K- Pop အဖြဲ႕ေတြၾကား အေအာင္ျမင္ဆုံး အဖြဲ႕တစ္ဖြဲ႕ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.