You Are The Apple Of My Eye ဇာတ်ကား ကိုရီးယားဗားရှင်းတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံခဲ့ရတဲ့ Twice အဖွဲ့ဝင် Dahyun

621

Pika (NP News) - မေ ၁၆
တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ Twice ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Dahyun သည် ထိုင်ဝမ်ရုပ်ရှင်ဖြစ်သော You Are The Apple Of My Eye ဇာတ်ကားကို ကိုရီးယားဗားရှင်းဖြင့် ပြန်လည်ရိုက်ကူးရာတွင် အမျိုးသမီးဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းချက်ရရှိခဲ့ကြောင်းသိရသည်။
Dahyun ၏ You Are The Apple Of My Eye ဇာတ်ကား ကိုရီးယားဗားရှင်းတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံရမှုသတင်းကို မေလ(၁၃)ရက်နေ့တွင် ကိုရီးယားသတင်းဌာန Xportsnews က ပထမဆုံးဖော်ပြခဲ့ခြင်းဖြစ် သည်။ You Are The Apple Of My Eye ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန်ကမ်းလှမ်းခံရမှုနှင့် လက်ရှိအချိန်တွင် ပြန်လည်သုံးသပ်မှုများကို Dahyun ၏အေဂျင်စီ JYP Entertainment က နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။ ဒါရိုက်တာ Giddens Ko ရိုက်ကူးခဲ့သော You Are The Apple Of My Eye ဇာတ်ကားသည် ၂၀၁၁ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ထိုင်ဝမ်အချစ်ဇာတ်လမ်းဇာတ်ကားဖြစ်သည်။
အဆိုပါ ဇာတ်ကားသည် အထက်တန်းကျောင်းသား Ko Ching Teng နှင့် နာမည်ကြီးမော်ဒယ်ကျောင်းသူ Shen Chia Yi တို့၏ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားလည်းဖြစ်သည်။ အဆိုပါကမ်းလှမ်းမှုကို လက်ခံမည်ဆိုပါက Dahyun သည် You Are The Apple Of My Eye ဇာတ်ကောင် Shen Chia Yi အဖြစ် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်းသိရသည်။ Dahyun သည် Ha Seok-jin နှင့် Lee Sin-young တို့နှင့်အတူ လာမည့်အားကစားဇာတ်ကား Sprint တွင် သရုပ်ဆောင်အဖြစ် ပထမဦးဆုံးပွဲဦးထွက်ပါဝင်သွားမည်ဖြစ်ကြောင်း ယခုလအစောပိုင်းတွင် သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။ အဆိုပါပွဲဦးထွက်သရုပ် ဆောင်မှုနှင့်အတူ Dahyun သည် ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် Twice အဖွဲ့၏ပထမဦးဆုံးအဖွဲ့ဝင် ဖြစ်လာမည်ဖြစ် ကြောင်းလည်း သိရသည်။
Twice အဖွဲ့သည် ၎င်းတို့၏ပဥ္စမမြောက် ဂျပန်အယ်လ်ဘမ် Dive ကို လာမည့်ဇူလိုင်လ(၁၇)ရက်နေ့တွင် စတင်ဖြန့်ချီရန်စီစဉ်ထားပြီး အဆိုပါလအတွင်း ဂျပန်နိုင်ငံတစ်ဝှမ်းတွင် အထူးဖျော်ဖြေပွဲ (၆)ပွဲပြုလုပ်မည်ဖြစ်ကြောင်းလည်းသိရသည်။
zawgyi version
You Are The Apple Of My Eye ဇာတ္ကား ကိုရီးယားဗားရွင္းတြင္ ပါဝင္သ႐ုပ္ေဆာင္ရန္ ကမ္းလွမ္းခံခဲ့ရတဲ့ Twice အဖြဲ႕ဝင္ Dahyun
Pika (NP News) - ေမ ၁၆
ေတာင္ကိုရီးယားအမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ Twice ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ Dahyun သည္ ထိုင္ဝမ္႐ုပ္ရွင္ျဖစ္ေသာ You Are The Apple Of My Eye ဇာတ္ကားကို ကိုရီးယားဗားရွင္းျဖင့္ ျပန္လည္႐ိုက္ကူးရာတြင္ အမ်ိဳးသမီးဇာတ္ေဆာင္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ရန္ ကမ္းလွမ္းခ်က္ရရွိခဲ့ေၾကာင္းသိရသည္။
Dahyun ၏ You Are The Apple Of My Eye ဇာတ္ကား ကိုရီးယားဗားရွင္းတြင္ ပါဝင္သ႐ုပ္ေဆာင္ရန္ ကမ္းလွမ္းခံရမႈသတင္းကို ေမလ(၁၃)ရက္ေန႔တြင္ ကိုရီးယားသတင္းဌာန Xportsnews က ပထမဆုံးေဖာ္ျပခဲ့ျခင္းျဖစ္ သည္။ You Are The Apple Of My Eye ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ရန္ကမ္းလွမ္းခံရမႈႏွင့္ လက္ရွိအခ်ိန္တြင္ ျပန္လည္သုံးသပ္မႈမ်ားကို Dahyun ၏ေအဂ်င္စီ JYP Entertainment က ေနာက္ပိုင္းတြင္ အတည္ျပဳခဲ့သည္။ ဒါ႐ိုက္တာ Giddens Ko ႐ိုက္ကူးခဲ့ေသာ You Are The Apple Of My Eye ဇာတ္ကားသည္ ၂၀၁၁ ခုႏွစ္တြင္ ထြက္ရွိခဲ့သည့္ ထိုင္ဝမ္အခ်စ္ဇာတ္လမ္းဇာတ္ကားျဖစ္သည္။
အဆိုပါ ဇာတ္ကားသည္ အထက္တန္းေက်ာင္းသား Ko Ching Teng ႏွင့္ နာမည္ႀကီးေမာ္ဒယ္ေက်ာင္းသူ Shen Chia Yi တို႔၏ အခ်စ္ဇာတ္လမ္းကို ႐ိုက္ကူးထားသည့္ ဇာတ္ကားတစ္ကားလည္းျဖစ္သည္။ အဆိုပါကမ္းလွမ္းမႈကို လက္ခံမည္ဆိုပါက Dahyun သည္ You Are The Apple Of My Eye ဇာတ္ေကာင္ Shen Chia Yi အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ရမည္ျဖစ္ေၾကာင္းလည္းသိရသည္။ Dahyun သည္ Ha Seok-jin ႏွင့္ Lee Sin-young တို႔ႏွင့္အတူ လာမည့္အားကစားဇာတ္ကား Sprint တြင္ သ႐ုပ္ေဆာင္အျဖစ္ ပထမဦးဆုံးပြဲဦးထြက္ပါဝင္သြားမည္ျဖစ္ေၾကာင္း ယခုလအေစာပိုင္းတြင္ သတင္းမီဒီယာမ်ားက ေရးသားေဖာ္ျပခဲ့သည္။ အဆိုပါပြဲဦးထြက္သ႐ုပ္ ေဆာင္မႈႏွင့္အတူ Dahyun သည္ ႐ုပ္ရွင္ဇာတ္ကားတစ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္မည့္ Twice အဖြဲ႕၏ပထမဦးဆုံးအဖြဲ႕ဝင္ ျဖစ္လာမည္ျဖစ္ ေၾကာင္းလည္း သိရသည္။
Twice အဖြဲ႕သည္ ၎တို႔၏ပၪၥမေျမာက္ ဂ်ပန္အယ္လ္ဘမ္ Dive ကို လာမည့္ဇူလိုင္လ(၁၇)ရက္ေန႔တြင္ စတင္ျဖန႔္ခ်ီရန္စီစဥ္ထားၿပီး အဆိုပါလအတြင္း ဂ်ပန္ႏိုင္ငံတစ္ဝွမ္းတြင္ အထူးေဖ်ာ္ေျဖပြဲ (၆)ပြဲျပဳလုပ္မည္ျဖစ္ေၾကာင္းလည္းသိရသည္။