မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၌ (၁၀)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲပေါင်း (၄၅၀၀)ကျော် ထည့်သွင်းရောင်းချမည်

 472

Pearl (NP News) - မေ ၄
(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၌ (၁၀)ရက်ကြာ ကျင်ပသွားမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲပေါင်း (၄၅၀၀)ကျော်ကို ထည့်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (မေလ ၃ရက်)တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တတ်ရောက်ခဲ့ကြောင်း သိရသည်။

ယခုကျင်းပပြုလုပ်သည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်း စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A) နှင့် (B) အုပ်စုမှ ကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အခြေခံဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် (A) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိသော ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း တန်ဖိုးငွေကို ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် (C) အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အခြေခံဈေးကို မြန်မာကျပ်ငွေဖြင့် သတ်မှတ်ထား၍ အာမခံစပေါ်ငွေကို မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂ဝ၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်း အတွဲပေါင်း (၄ဝဝဝ)ကျော် ရောင်းချနိုင်ခဲ့ကြောင်းလည်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ အချက်အလက်များအရ သိရသည်။

Zawgyi Version

ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ေနျပည္ေတာ္၌ (၁၀)ရက္ၾကာ က်င္းပမည္ျဖစ္ၿပီး ေက်ာက္စိမ္းအတြဲေပါင္း (၄၅၀၀)ေက်ာ္ ထည့္သြင္းေရာင္းခ်မည္

Pearl (NP News) - ေမ ၄
(၅၉) ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ေနျပည္ေတာ္၌ (၁၀)ရက္ၾကာ က်င္ပသြားမည္ျဖစ္ၿပီး ေက်ာက္စိမ္းအတြဲေပါင္း (၄၅၀၀)ေက်ာ္ကို ထည့္သြင္းေရာင္းခ်သြားမည္ျဖစ္ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

၂၀၂၄ ခုႏွစ္၊ (၅၉) ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ဖြင့္ပြဲအခမ္းအနားကို ယမန္ေန႔ (ေမလ ၃ရက္)တြင္ ေနျပည္ေတာ္ရွိ မဏိရတနာေက်ာက္စိမ္းခန္းမ၌ က်င္းပရာ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တတ္ေရာက္ခဲ့ေၾကာင္း သိရသည္။

ယခုက်င္းပျပဳလုပ္သည့္ (၅၉) ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲကို ေမ ၃ ရက္မွ ၁၂ ရက္အထိ က်င္းပသြားမည္ျဖစ္ၿပီး ျပပြဲတြင္ ပုလဲအတြဲေပါင္း ၄၀၀၊ ေက်ာက္မ်က္အတြဲေပါင္း ၁၆၀ ႏွင့္ ေက်ာက္စိမ္းအတြဲေပါင္း ၄၅၅၀ တို႔ကို ျပည္တြင္းျပည္ပရတနာကုန္သည္မ်ားအား အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ စည္းမ်ည္း စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

ပုလဲအတြဲ၊ ေက်ာက္မ်က္အတြဲ၊ (A) ႏွင့္ (B) အုပ္စုမွ ေက်ာက္စိမ္းအတြဲမ်ား ေရာင္းခ်ရာတြင္ အေျခခံေဈးကို အေမရိကန္ေဒၚလာျဖင့္ သတ္မွတ္ထားရွိၿပီး ျပည္တြင္း၊ ျပည္ပ ရတနာကုန္သည္မ်ားအေနျဖင့္ ဝယ္ယူခြင့္ရရွိသည့္ (A) အုပ္စုမွ ေက်ာက္စိမ္းအတြဲမ်ားအတြက္ တန္ဖိုးေငြကို အေမရိကန္ေဒၚလာအျပင္ အေမရိကန္ေဒၚလာႏွင့္ညီမွ်ေသာ ယူ႐ိုေငြ၊ ထိုင္းဘတ္ေငြ၊ ယြမ္ေငြမ်ားျဖင့္ ေပးေခ်ရမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ပုလဲအတြဲ၊ ေက်ာက္မ်က္အတြဲ၊ (B) အုပ္စုမွ ေက်ာက္စိမ္းအတြဲမ်ားကို ဝယ္ယူခြင့္ရရွိေသာ ျပည္ပရတနာကုန္သည္မ်ားအေနျဖင့္ အေမရိကန္ေဒၚလာအျပင္ အေမရိကန္ေဒၚလာႏွင့္ညီမွ်ေသာ ယူ႐ိုေငြ၊ ထိုင္းဘတ္ေငြ၊ ယြမ္ေငြမ်ားျဖင့္လည္းေကာင္း၊ ျပည္တြင္းရတနာကုန္သည္မ်ားအေနျဖင့္ အေမရိကန္ေဒၚလာအျပင္ အေမရိကန္ေဒၚလာႏွင့္ညီမွ်ေသာ ျမန္မာက်ပ္ေငြျဖင့္လည္းေကာင္း တန္ဖိုးေငြကို ေပးေခ်ရမည္ျဖစ္ေၾကာင္း သိရသည္။

ျပည္တြင္းရတနာကုန္သည္မ်ားသာ ဝယ္ယူခြင့္ရွိသည့္ (C) အုပ္စုမွ ေက်ာက္စိမ္းအတြဲမ်ားအတြက္ အေျခခံေဈးကို ျမန္မာက်ပ္ေငြျဖင့္ သတ္မွတ္ထား၍ အာမခံစေပၚေငြကို ျမန္မာက်ပ္ေငြျဖင့္ ေပးသြင္းႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

ႏိုင္ငံေတာ္အတြက္ ႏိုင္ငံျခားဝင္ေငြရရွိရန္ႏွင့္ ႏိုင္ငံသားမ်ားအတြက္ စီးပြားေရးအက်ိဳး ျဖစ္ထြန္းမႈမ်ား ရရွိႏိုင္ေစရန္အတြက္ တူးေဖာ္ထုတ္လုပ္ထားသည့္ ေက်ာက္မ်က္ရတနာမ်ားကို ေရာင္းခ်ႏိုင္မည့္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲမ်ားကို ၁၉၆၄ ခုႏွစ္မွ စတင္၍က်င္းပခဲ့ျခင္းျဖစ္ၿပီး ၂ဝ၂၃ ခုႏွစ္၊ ႏွစ္လယ္ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲတြင္ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ပုလဲ၊ ေက်ာက္မ်က္၊ ေက်ာက္စိမ္း အတြဲေပါင္း (၄ဝဝဝ)ေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ေၾကာင္းလည္း ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ဗဟိုေကာ္မတီ၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.