ဗီယက်နမ်နိုင်ငံမှာ အပူချိန်စံချိန်တင်မြင့်တက်လာနေ

 573

ဂျန်ဇက် (NP News) - မေ ၄

အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့တောင်အာရှဒေသတွေမှာ အပူချိန်မြင့်တက်နေချိန်မှာပဲဗီယက်နမ်နိုင်ငံဟာလည်း အပူချိန်စံချိန်တင် မြင့်တက်လာခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ အပူချိန်မြင့်တက်လာခြင်းကြောင့်စာသင်ကျောင်းတွေ ပိတ်သိမ်းခဲ့သလို မိုးခေါ်ပွဲတွေကျင်းပခဲ့ကြောင်းသိရပါတယ်။ ဗီယက်နမ်နိုင်ငံမှာလည်း ဧပြီလအတွင်း အပူချိန်စံချိန်တင်မြင့်တက်လာခဲ့ပြီး ဒီသီတင်းပတ်အတွင်းမှာ ဗီယက်နမ်နိုင်ငံအတွင်းရှိ မြို့နှစ်မြို့မှာ အပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိလာခဲ့ကြောင်းသိရပါတယ်။ဗီယက်နမ်နိုင်ငံရဲ့လက်ရှိအပူချိန်ဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင်အနည်းငယ်လျော့နည်းနေပေမယ့် လာမယ့်သီတင်းပတ်တွေအတွင်း ဆက်လက်မြင့်တက်လာဖွယ်ရှိနေကြောင်း ခန့်မှန်းမှုတွေလည်းရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့အပူချိန်ဟာ ၄၃ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာဖွယ်ရှိနေပြီး နိုင်ငံတောင်ပိုင်း Dong Nai ဒေသမှာအပူချိန် ပိုမိုမြင့်တက်လာဖွယ်ရှိနေပါတယ်။ အဲဒီအရပ်ဒေသမှာအပူချိန်မြင့်မားလွန်းတဲ့အတွက် ငါးအရေအတွက် ထောင်နဲ့ချီပြီး သေဆုံးခြင်းတွေရှိနေကြောင်းသိရပါတယ်။

အာဆီယံဒေသအတွင်းရှိ နိုင်ငံတွေထဲမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့ရှိမြို့အချို့ဟာ ပြီးခဲ့တဲ့ဧပြီလအတွင်း အပူချိန်စံချိန်တင်မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ အစိုးရတွေဟာ အ ပူချိန်မြင့်တက်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို ကြိုတင်သတိ ပေးချက်အမျိုးမျိုးထုတ်ပြန်ထားရကြောင်းသိရပါတယ်။

zawgyi version
ဗီယက္နမ္ႏိုင္ငံမွာ အပူခ်ိန္စံခ်ိန္တင္ျမင့္တက္လာေန
ဂ်န္ဇက္ (NP News) - ေမ ၄

အာရွတိုက္ေတာင္ပိုင္းနဲ႔ အေရွ႕ေတာင္အာရွေဒသေတြမွာ အပူခ်ိန္ျမင့္တက္ေနခ်ိန္မွာပဲဗီယက္နမ္ႏိုင္ငံဟာလည္း အပူခ်ိန္စံခ်ိန္တင္ ျမင့္တက္လာခဲ့ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

အိႏၵိယနဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔မွာ အပူခ်ိန္ျမင့္တက္လာျခင္းေၾကာင့္စာသင္ေက်ာင္းေတြ ပိတ္သိမ္းခဲ့သလို မိုးေခၚပြဲေတြက်င္းပခဲ့ေၾကာင္းသိရပါတယ္။ ဗီယက္နမ္ႏိုင္ငံမွာလည္း ဧၿပီလအတြင္း အပူခ်ိန္စံခ်ိန္တင္ျမင့္တက္လာခဲ့ၿပီး ဒီသီတင္းပတ္အတြင္းမွာ ဗီယက္နမ္ႏိုင္ငံအတြင္းရွိ ၿမိဳ႕ႏွစ္ၿမိဳ႕မွာ အပူခ်ိန္ ၄၄ ဒီဂရီ စင္တီဂရိတ္အထိ ရွိလာခဲ့ေၾကာင္းသိရပါတယ္။ဗီယက္နမ္ႏိုင္ငံရဲ႕လက္ရွိအပူခ်ိန္ဟာ ၿပီးခဲ့တဲ့ႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္အနည္းငယ္ေလ်ာ့နည္းေနေပမယ့္ လာမယ့္သီတင္းပတ္ေတြအတြင္း ဆက္လက္ျမင့္တက္လာဖြယ္ရွိေနေၾကာင္း ခန႔္မွန္းမႈေတြလည္းရွိေနပါတယ္။ ဗီယက္နမ္ႏိုင္ငံရဲ႕အပူခ်ိန္ဟာ ၄၃ ဒီဂရီ စင္တီဂရိတ္အထိ ျမင့္တက္လာဖြယ္ရွိေနၿပီး ႏိုင္ငံေတာင္ပိုင္း Dong Nai ေဒသမွာအပူခ်ိန္ ပိုမိုျမင့္တက္လာဖြယ္ရွိေနပါတယ္။ အဲဒီအရပ္ေဒသမွာအပူခ်ိန္ျမင့္မားလြန္းတဲ့အတြက္ ငါးအေရအတြက္ ေထာင္နဲ႔ခ်ီၿပီး ေသဆုံးျခင္းေတြရွိေနေၾကာင္းသိရပါတယ္။

အာဆီယံေဒသအတြင္းရွိ ႏိုင္ငံေတြထဲမွာ ျမန္မာ၊ ကေမာၻဒီးယား၊ ဖိလစ္ပိုင္၊ ဗီယက္နမ္ႏိုင္ငံတို႔ရွိၿမိဳ႕အခ်ိဳ႕ဟာ ၿပီးခဲ့တဲ့ဧၿပီလအတြင္း အပူခ်ိန္စံခ်ိန္တင္ျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။ အစိုးရေတြဟာ အ ပူခ်ိန္ျမင့္တက္မႈေတြနဲ႔ပတ္သက္ၿပီး ျပည္သူေတြကို ႀကိဳတင္သတိ ေပးခ်က္အမ်ိဳးမ်ိဳးထုတ္ျပန္ထားရေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.