မြဝတီဒေသတစ်ဝိုက်၌ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေသော နိုင်ငံခြားသားများအနေဖြင့် (၆)လအတွင်း အပြီးထွက်ခွာရန် BGF ကြေညာ

 4662

မြူနစ် (NP News) - မေ ၄

ကရင်ပြည်နယ်၊ မြဝတီဒေသတစ်ဝိုက်၌ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေသော နိုင်ငံခြားသားများအနေဖြင့် (၆)လအတွင်း အပြီးထွက်ခွာသွားရန် BGF အဖွဲ့က ကြေညာထားသည်။

မြဝတီမြို့နယ်ဒေသတစ်ဝိုက်ရှိ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများအားလုံးအနေဖြင့် ယခု မေ ၁ ရက်မှစ၍ အောက်တိုဘာ ၃၁ နေ့အတွင်း ထွက်ခွာပေးရမည်ဟု မြဝတီစည်းကမ်းထိန်းသိမ်းရေးရုံး BGF အဖွဲ့က ကြေညာခဲ့သည်။

တရားမဝင်နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသည့် နိုင်ငံခြားသားများသည် မိမိတို့လာရာလမ်းအတိုင်း သတ်မှတ်ရက်အတွင်း ထွက်ခွာပေးရမည်ဖြစ်ပြီး အဆိုပါကာလအား ကျော်လွန်၍တွေ့ရှိပါက ထိရောက်စွာအရေးယူခြင်းခံရမည်ဟုလည်း BGF အဖွဲ့က ဆိုသည်။

ကာစီနိုအပါအဝင် အွန်လိုင်းလိမ်လည်မှုလောင်းကစားလုပ်ငန်းများသည် လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ ဒေသခံများတွင် အများဆုံးတည်ရှိပြီး ၎င်းလုပ်ငန်းများထဲတွင် တရုတ်နိုင်ငံသားများက အများဆုံးလုပ်ကိုင်နေလျက်ရှိကြောင်း မြဝတီမြို့ခံများက ဆိုသည်။

“ရွှေကုက္ကိုမှာလည်း အဲဒီအွန်လိုင်းလောင်ကစားဝိုင်းတွေရှိတယ်။ ဒီအပေါ်တက်လာရင်လည်း မြဝတီမှာရှိတယ်။ သောင်ရင်းမြစ်ရိုးတစ်လျှောက်က အကုန်လုံးကာစီနိုရုံတွေချည်ပဲ။ ကာစီနိုရုံဆိုတာက အဲဒီအထဲမှာ အလုပ်စုံ လုပ်တာလေ။ အွန်လိုင်းလိမ်လည်တဲ့ကိစ္စရော၊ ပြည့်တန်ဆာကိစ္စတွေရော အကုန်ပါတယ်။ အဲဒါတွေကလည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ ဆက်စပ်နေတာ။ ပြီးတော့ မြဝတီမြို့မှာလည်း ရပ်ကွက်တိုင်းမှာရှိတဲ့ လမ်းတွေမှာ ကာစီနိုရုံအသေးလေးတွေရှိတယ်။ အဲဒါတွေကလည်း BGF နဲ့ဆက်စပ်နေတာပဲ”ဟု မြဝတီမြို့ခံတစ်ဦးက NP News ကို ပြောသည်။

မြဝတီမြို့နှင့် တစ်ဝိုက်ရှိ KNLA ထိန်းချုပ်ရာဒေသ၊ DKBA ထိန်းချုပ်ရာဒေသနှင့် BGF ထိန်းချုပ်ရာဒေသတွင် ကာစီနိုရုံများ အပါအဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သောကာလများအတွင်း၌ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသော တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသား (၅၀၀၀၀)ကျော်ကို နစကအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက် ၎င်းတို့အား သက်ဆိုင်ရာမိခင်နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ဖူးသည်။

zawgyi version
ျမဝတီေဒသတစ္ဝိုက္၌ အြန္လိုင္းလုပ္ငန္းေဆာင္႐ြက္ေနေသာ ႏိုင္ငံျခားသားမ်ားအေနျဖင့္ (၆)လအတြင္း အၿပီးထြက္ခြာရန္ BGF ေၾကညာ

ျမဴနစ္ (NP News) - ေမ ၄

ကရင္ျပည္နယ္၊ ျမဝတီေဒသတစ္ဝိုက္၌ အြန္လိုင္းလုပ္ငန္းေဆာင္႐ြက္ေနေသာ ႏိုင္ငံျခားသားမ်ားအေနျဖင့္ (၆)လအတြင္း အၿပီးထြက္ခြာသြားရန္ BGF အဖြဲ႕က ေၾကညာထားသည္။

ျမဝတီၿမိဳ႕နယ္ေဒသတစ္ဝိုက္ရွိ အြန္လိုင္းလုပ္ငန္းေဆာင္႐ြက္ေနၾကေသာ ႏိုင္ငံျခားသားမ်ားအားလုံးအေနျဖင့္ ယခု ေမ ၁ ရက္မွစ၍ ေအာက္တိုဘာ ၃၁ ေန႔အတြင္း ထြက္ခြာေပးရမည္ဟု ျမဝတီစည္းကမ္းထိန္းသိမ္းေရး႐ုံး BGF အဖြဲ႕က ေၾကညာခဲ့သည္။

တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ ခိုးဝင္ေရာက္ရွိလာသည့္ ႏိုင္ငံျခားသားမ်ားသည္ မိမိတို႔လာရာလမ္းအတိုင္း သတ္မွတ္ရက္အတြင္း ထြက္ခြာေပးရမည္ျဖစ္ၿပီး အဆိုပါကာလအား ေက်ာ္လြန္၍ေတြ႕ရွိပါက ထိေရာက္စြာအေရးယူျခင္းခံရမည္ဟုလည္း BGF အဖြဲ႕က ဆိုသည္။

ကာစီႏိုအပါအဝင္ အြန္လိုင္းလိမ္လည္မႈေလာင္းကစားလုပ္ငန္းမ်ားသည္ လက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္ရာ ေဒသခံမ်ားတြင္ အမ်ားဆုံးတည္ရွိၿပီး ၎လုပ္ငန္းမ်ားထဲတြင္ တ႐ုတ္ႏိုင္ငံသားမ်ားက အမ်ားဆုံးလုပ္ကိုင္ေနလ်က္ရွိေၾကာင္း ျမဝတီၿမိဳ႕ခံမ်ားက ဆိုသည္။

“ေ႐ႊကုကၠိဳမွာလည္း အဲဒီအြန္လိုင္းေလာင္ကစားဝိုင္းေတြရွိတယ္။ ဒီအေပၚတက္လာရင္လည္း ျမဝတီမွာရွိတယ္။ ေသာင္ရင္းျမစ္႐ိုးတစ္ေလွ်ာက္က အကုန္လုံးကာစီႏို႐ုံေတြခ်ည္ပဲ။ ကာစီႏို႐ုံဆိုတာက အဲဒီအထဲမွာ အလုပ္စုံ လုပ္တာေလ။ အြန္လိုင္းလိမ္လည္တဲ့ကိစၥေရာ၊ ျပည့္တန္ဆာကိစၥေတြေရာ အကုန္ပါတယ္။ အဲဒါေတြကလည္း လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ပဲ ဆက္စပ္ေနတာ။ ၿပီးေတာ့ ျမဝတီၿမိဳ႕မွာလည္း ရပ္ကြက္တိုင္းမွာရွိတဲ့ လမ္းေတြမွာ ကာစီႏို႐ုံအေသးေလးေတြရွိတယ္။ အဲဒါေတြကလည္း BGF နဲ႔ဆက္စပ္ေနတာပဲ”ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ျမဝတီၿမိဳ႕ႏွင့္ တစ္ဝိုက္ရွိ KNLA ထိန္းခ်ဳပ္ရာေဒသ၊ DKBA ထိန္းခ်ဳပ္ရာေဒသႏွင့္ BGF ထိန္းခ်ဳပ္ရာေဒသတြင္ ကာစီႏို႐ုံမ်ား အပါအဝင္ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ားလည္း ရွိေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ၿပီးခဲ့ေသာကာလမ်ားအတြင္း၌ ျမန္မာႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္ကာ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနေသာ တ႐ုတ္ႏိုင္ငံသားမ်ားအပါအဝင္ ႏိုင္ငံျခားသား (၅၀၀၀၀)ေက်ာ္ကို နစကအစိုးရက ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး ေနာက္ ၎တို႔အား သက္ဆိုင္ရာမိခင္ႏိုင္ငံမ်ားသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ဖူးသည္။

Related news

© 2021. All rights reserved.