စင်ကာပူမှာ အရက်မူးပြီး ရဲကားကို တွယ်စီးလာတဲ့ အမျိုးသား ဖမ်းဆီးခံရ

 2249

ရောင်နီ(NP News) - မေ ၅

စင်ကာပူနိုင်ငံ၊ စတန်းဖို့ဒ်လမ်းမှာ သောကြာနေ့ (မေလ ၃ ရက်) က အရက်မူးပြီး အရန်ရဲတပ်ဖွဲ့ရဲ့ သံချပ်ကာ ယာဉ်နောက်မှာ တွယ်ကပ်လိုက်စီးလာတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

အသက် (၂၂) နှစ်အရွယ် အဆိုပါ အမျိုးသားဟာ ပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်စေတဲ့ မူးယစ်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ စင်္ကာပူရဲတပ်ဖွဲ (SPF) ရဲ့ အဆိုအရ နံနက် ၃ နာရီ ခွဲခန့် အချိန်မှာ အရက်မူးနေပုံရတဲ့ အဆိုပါ အမျိုးသားက ရဲကားထဲ ဝင်ကာ လိုက်စီးလိုကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ ရဲတွေက အဲဒီလူကို ကားမမောင်းခင် ထွက်သွားဖို့ ပြောခဲ့ပေမယ့် အဲဒီနေရာမှ ရဲကားမောင်းထွက်လာချိန်မှာ အဆိုပါအမျိုးသားက ကားနောက်ကနေ တွယ်ကပ်လိုက်ပါလာပြီး ဗစ်တိုးရီးယားလမ်းနဲ့ စတန်းဖို့ဒ်လမ်းကြား မီတာ ၈၅၀ လောက်အကွာထိ လိုက်ပါစီးနင်းခဲ့တယ်လို့ သိရပါတယ်။ ရဲတွေက ကားရပ်လိုက်တဲ့ အချိန်မှာတော့ အဆိုပါအမျိုးသားလည်း ထွက်ပြေးသွားခဲ့ပေမယ့် ၎င်းကို နောက် ၂ နာရီအတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

စင်ကာပူမှာ အများသူငှာနေရာတွေကို အရက်မူးပြီး အနှောင့်အယှက် ဖြစ်စေမှုနဲ့ ပြစ်မှုကျူးလွန်ခဲ့ရင် ထောင်ဒဏ်ခြောက်လအထိ၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁,၀၀၀ (အမေရိကန်ဒေါ်လာ ၇၄၀) အထိ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

zawgyi version
စင္ကာပူမွာ အရက္မူးၿပီး ရဲကားကို တြယ္စီးလာတဲ့ အမ်ိဳးသား ဖမ္းဆီးခံရ
ေရာင္နီ(NP News) - ေမ ၅

စင္ကာပူႏိုင္ငံ၊ စတန္းဖို႔ဒ္လမ္းမွာ ေသာၾကာေန႔ (ေမလ ၃ ရက္) က အရက္မူးၿပီး အရန္ရဲတပ္ဖြဲ႕ရဲ႕ သံခ်ပ္ကာ ယာဥ္ေနာက္မွာ တြယ္ကပ္လိုက္စီးလာတဲ့ အမ်ိဳးသားတစ္ဦး ဖမ္းဆီးခံခဲ့ရပါတယ္။

အသက္ (၂၂) ႏွစ္အ႐ြယ္ အဆိုပါ အမ်ိဳးသားဟာ ပတ္ဝန္းက်င္ အေႏွာင့္အယွက္ ျဖစ္ေစတဲ့ မူးယစ္မႈနဲ႔ ဖမ္းဆီးခံခဲ့ရတာ ျဖစ္ပါတယ္။ စကၤာပူရဲတပ္ဖြဲ (SPF) ရဲ႕ အဆိုအရ နံနက္ ၃ နာရီ ခြဲခန႔္ အခ်ိန္မွာ အရက္မူးေနပုံရတဲ့ အဆိုပါ အမ်ိဳးသားက ရဲကားထဲ ဝင္ကာ လိုက္စီးလိုေၾကာင္း ေျပာခဲ့တယ္လို႔ ဆိုပါတယ္။ ရဲေတြက အဲဒီလူကို ကားမေမာင္းခင္ ထြက္သြားဖို႔ ေျပာခဲ့ေပမယ့္ အဲဒီေနရာမွ ရဲကားေမာင္းထြက္လာခ်ိန္မွာ အဆိုပါအမ်ိဳးသားက ကားေနာက္ကေန တြယ္ကပ္လိုက္ပါလာၿပီး ဗစ္တိုးရီးယားလမ္းနဲ႔ စတန္းဖို႔ဒ္လမ္းၾကား မီတာ ၈၅၀ ေလာက္အကြာထိ လိုက္ပါစီးနင္းခဲ့တယ္လို႔ သိရပါတယ္။ ရဲေတြက ကားရပ္လိုက္တဲ့ အခ်ိန္မွာေတာ့ အဆိုပါအမ်ိဳးသားလည္း ထြက္ေျပးသြားခဲ့ေပမယ့္ ၎ကို ေနာက္ ၂ နာရီအတြင္း ျပန္လည္ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

စင္ကာပူမွာ အမ်ားသူငွာေနရာေတြကို အရက္မူးၿပီး အေႏွာင့္အယွက္ ျဖစ္ေစမႈနဲ႔ ျပစ္မႈက်ဴးလြန္ခဲ့ရင္ ေထာင္ဒဏ္ေျခာက္လအထိ၊ ဒဏ္ေငြ စင္ကာပူေဒၚလာ ၁,၀၀၀ (အေမရိကန္ေဒၚလာ ၇၄၀) အထိ ဒါမွမဟုတ္ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။

Related news

© 2021. All rights reserved.