မင်္ဂလာဒုံမြို့နယ်တွင် YBS(92)ယာဉ်က လမ်းဖြတ်ကူးသည့် အမျိုးသားကို ဝင်တိုက်မိ၍ ပွဲချင်းပြီးသေဆုံးခဲ့

 15440

သန့်ဇင် (NP News) - မေ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် YBS(92)ယာဉ်က လမ်းဖြတ်ကူးသည့် အမျိုးသားကို ဝင်တိုက်မိ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(မေလ ၆ ရက်)၊ နံနက် ၆နာရီခွဲအချိန်ခန့်က မင်္ဂလာဒုံမြု့နယ်၊ အမှတ်(၃)လမ်းမ၊ (၃)လမ်းစုံမီးပွိုင့်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားလမ်းဖြတ်ကူးတဲ့အမျိုးသားကို YBS(92)ကဝင်တိုက်မိတာ။ တိုက်ပြီး ချိတ်ဆွဲသွားမိတဲ့သဘောပေါ့။ ကားကတိုက်ပြီး မောင်းပြေးသွားတာ”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် အသက်(၃၀)ဝန်းကျင်အမျိုးသားမှာအခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မောင်းနှင်ပြေးသွားသည့် YBS(92)ယာဉ်မှ ယာဉ်မောင်းကို ပုလဲလမ်းဆုံတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
မဂၤလာဒုံၿမိဳ႕နယ္တြင္ YBS(92)ယာဥ္က လမ္းျဖတ္ကူးသည့္ အမ်ိဳးသားကို ဝင္တိုက္မိ၍ ပြဲခ်င္းၿပီးေသဆုံးခဲ့

သန႔္ဇင္ (NP News) - ေမ ၆

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ YBS(92)ယာဥ္က လမ္းျဖတ္ကူးသည့္ အမ်ိဳးသားကို ဝင္တိုက္မိ၍ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ေမလ ၆ ရက္)၊ နံနက္ ၆နာရီခြဲအခ်ိန္ခန႔္က မဂၤလာဒုံျမဳ႕နယ္၊ အမွတ္(၃)လမ္းမ၊ (၃)လမ္းစုံမီးပြိဳင့္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကားလမ္းျဖတ္ကူးတဲ့အမ်ိဳးသားကို YBS(92)ကဝင္တိုက္မိတာ။ တိုက္ၿပီး ခ်ိတ္ဆြဲသြားမိတဲ့သေဘာေပါ့။ ကားကတိုက္ၿပီး ေမာင္းေျပးသြားတာ”ဟု ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ အသက္(၃၀)ဝန္းက်င္အမ်ိဳးသားမွာအခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ေမာင္းႏွင္ေျပးသြားသည့္ YBS(92)ယာဥ္မွ ယာဥ္ေမာင္းကို ပုလဲလမ္းဆုံတြင္ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ပုလဲအရန္မီးသတ္တပ္ဖြဲ႕က ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေမဓာဝီေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.