(၁၀)နှစ်အတွင်း မီးလောင်မှုအကြိမ်ပေါင်း (၁၈၀၀၀)ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ဘီလျံ(၁၈၀)ကျော်ခန့်ရှိ

 225

စော(NP News) - မေ ၆

တစ်နိုင်ငံလုံး၌ (၁၀)နှစ်အတွင်း မီးလောင်မှုအကြိမ်ပေါင်း (၁၈၀၀၀)ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ဘီလျံ (၁၈၀) ကျော်ခန့်ရှိကြောင်း နစက၏ အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများဖြစ်ပွားလျက်ရှိရာ ၂၀၁၄ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ပေါင်း ၁၈၀၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ဘီလျံ (၁၈၇)ကျော်ခန့်ရှိကြောင်း သိရသည်။ နိုင်ငံတစ်ဝန်းလုံး ပျမ်းမျှအားဖြင့် တစ်နှစ်တွင် အကြိမ်ရေ (၁၈၀၀)ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် နှစ်စဉ် (၁၈)ဘီလျံကျော် ဆုံးရှုံးနေကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှု၊ နိုင်ငံအလိုက် လူဦးရေတိုးပွားလာမှုများ၊ စက်မှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မီးလောင်မှုဖြစ်စဉ်များ များပြားလာသည်ကို တွေ့ရှိရကြောင်း နစက ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ထို့ကြောင့် နှစ်စဉ်မီးလောင်မှုအကြိမ်ရေနှင့် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာများ စိမ့်ဝင်ပျံ့နှံ့နေအောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားသည်။

ယမန်နေ့ မေလ (၅)ရက်နေ့သည့် ၇၈နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ဖြစ်ပြီး မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားများကို တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မီးသတ်ရုံးများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

zawgyi version
(၁၀)ႏွစ္အတြင္း မီးေလာင္မႈအႀကိမ္ေပါင္း (၁၈၀၀၀)ခန႔္ျဖစ္ပြားခဲ့ၿပီး ဆုံးရႈံးမႈတန္ဖိုး ဘီလ်ံ(၁၈၀)ေက်ာ္ခန႔္ရွိ
ေစာ(NP News) - ေမ ၆

တစ္ႏိုင္ငံလုံး၌ (၁၀)ႏွစ္အတြင္း မီးေလာင္မႈအႀကိမ္ေပါင္း (၁၈၀၀၀)ခန႔္ျဖစ္ပြားခဲ့ၿပီး ဆုံးရႈံးမႈတန္ဖိုးမွာ ဘီလ်ံ (၁၈၀) ေက်ာ္ခန႔္ရွိေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္မီးေလာင္မႈမ်ားျဖစ္ပြားလ်က္ရွိရာ ၂၀၁၄ ခုႏွစ္ မွ ၂၀၂၃ ခုႏွစ္အထိ ၁၀ ႏွစ္တာကာလအတြင္း မီးေလာင္မႈအႀကိမ္ေပါင္း ၁၈၀၀၀ ခန႔္ျဖစ္ပြားခဲ့ၿပီး ဆုံးရႈံးမႈတန္ဖိုးမွာ ဘီလ်ံ (၁၈၇)ေက်ာ္ခန႔္ရွိေၾကာင္း သိရသည္။ ႏိုင္ငံတစ္ဝန္းလုံး ပ်မ္းမွ်အားျဖင့္ တစ္ႏွစ္တြင္ အႀကိမ္ေရ (၁၈၀၀)ခန႔္ျဖစ္ပြားခဲ့ၿပီး ဆုံးရႈံးမႈအေနျဖင့္ ႏွစ္စဥ္ (၁၈)ဘီလ်ံေက်ာ္ ဆုံးရႈံးေနေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ကမာၻ႔ရာသီဥတုေဖာက္ျပန္ေျပာင္းလဲလာမႈ၊ ႏိုင္ငံအလိုက္ လူဦးေရတိုးပြားလာမႈမ်ား၊ စက္မႈနည္းပညာမ်ား ဖြံ႕ၿဖိဳးတိုးတက္လာမႈႏွင့္အတူ မီးေလာင္မႈျဖစ္စဥ္မ်ား မ်ားျပားလာသည္ကို ေတြ႕ရွိရေၾကာင္း နစက ဒုတိယဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းက ေျပာၾကားသည္။

ထို႔ေၾကာင့္ ႏွစ္စဥ္မီးေလာင္မႈအႀကိမ္ေရႏွင့္ မီးေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္ပ်က္စီးဆုံးရႈံးမႈတန္ဖိုးမ်ား ေလ်ာ့က်ေစေရးအတြက္ ျပည္သူလူထုအတြင္း မီးသတိျပဳေရးႏွင့္ မီးေဘးႀကိဳတင္ကာကြယ္ေရးအသိပညာမ်ား စိမ့္ဝင္ပ်ံ႕ႏွံ႔ေနေအာင္ ႀကိဳးပမ္းရမည္ျဖစ္ေၾကာင္း ၎က တိုက္တြန္းေျပာၾကားသည္။

ယမန္ေန႔ ေမလ (၅)ရက္ေန႔သည့္ ၇၈ႏွစ္ေျမာက္ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ေန႔ျဖစ္ၿပီး မီးသတ္တပ္ဖြဲ႕ေန႔ အခမ္းအနားမ်ားကို တိုင္းႏွင့္ ျပည္နယ္အသီးသီးရွိ မီးသတ္႐ုံးမ်ားတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.