အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အုပ်ချုပ်ရေးကို နာဇီအုပ်ချုပ်ရေးနဲ့ နှိုင်းယှဉ်ပြောဆိုလိုက်တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်

 481

Pika (NP News) - မေ ၆

ယခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ၎င်းကို မနိုင်အောင် လုပ်ဆောင်ဖို့အတွက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အစိုးရအဖွဲ့ဟာ နာဇီဂျာမနီတွေရဲ့တရားဝင်လျှို့ဝှက်ရဲအဖွဲ့အစည်း(Gestapo) လိုမျိုး အဆင့်တွေကို အသုံးပြုနေတယ်လို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်က "ဒီလူတွေဟာ Gestapo အုပ်ချုပ်ရေးကို လုပ်ဆောင်နေတာပါ” လို့ ပြောခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ဟာ မေလ(၄)ရက်က ဖလော်ရီဒါပြည်နယ်မှာ ပြုလုပ်တဲ့ ပွဲတစ်ခုအတွင်း ရီပတ်ဘလစ်ကန်ပါတီထောက်ခံသူတွေကို ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါ်နယ်ထရမ့်က "ဒါက ဒီရွေးကောက်ပွဲမှာ ကျွန်တော် အနိုင်မရရှိစေဖို့အတွက် သူတို့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာပါ။ သူတို့အမြင်မှာတော့ အဲဒီနည်းလမ်းဟာ ဒီရွေးကောက်ပွဲမှာ သူတို့အနိုင်ရရှိဖို့အတွက် တစ်ခုတည်းသောနည်းလမ်းလို့ မြင်နေကြတာပါ” လို့ ပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ အပြာသရုပ်ဆောင် Stormy Daniels ကို နှုတ်ပိတ်ခအဖြစ် ငွေကြေးတွေ ပေးအပ်ခဲ့တယ်ဆိုတဲ့အမှုအပြင် ရာဇဝတ်မှုလေးခုနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ တရားသူကြီးတွေက ချမှတ်ထားတဲ့ပြစ်တင်ဝေဖန်မှုတွေ မလုပ်ဆောင်ဖို့ တားမြစ်ထားတဲ့အမိန့်ကို ချိုးဖောက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဒဏ်ငွေရိုက်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒီရာဇဝတ်မှုလေးခုစလုံးဟာ လက်ရှိ အမေရိကန်သမ္မတရွေးကောက်ပွဲကနေ ၎င်းကို နှုတ်ထွက်စေဖို့အတွက် ဒီမိုကရက်တစ်တွေ ကြိုးကိုင်ထားတဲ့ပူးပေါင်းကြံစည်မှုတစ်ခုလို့ ဒေါ်နယ်ထရမ့်က ပြောထားပါတယ်။

ဒါ့အပြင် ဒေါ်နယ်ထရမ့်ရဲ့တရားရင်ဆိုင်မှုတွေဟာ ဒေါ်နယ်ထရမ့်ကမ်းပိန်းအပေါ် ထိရောက်တဲ့အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က "ဒါပေမယ့် အဲဒါတွေက ကျွန်တော့်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ အဲဒါတွေကို ကျွန်တော်ဂရုမစိုက်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္အုပ္ခ်ဳပ္ေရးကို နာဇီအုပ္ခ်ဳပ္ေရးနဲ႔ ႏႈိင္းယွဥ္ေျပာဆိုလိုက္တဲ့ သမၼတေဟာင္း ေဒၚနယ္ထရမ့္
Pika (NP News) - ေမ ၆

ယခုႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ၎ကို မႏိုင္ေအာင္ လုပ္ေဆာင္ဖို႔အတြက္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္အစိုးရအဖြဲ႕ဟာ နာဇီဂ်ာမနီေတြရဲ႕တရားဝင္လွ်ိဳ႕ဝွက္ရဲအဖြဲ႕အစည္း(Gestapo) လိုမ်ိဳး အဆင့္ေတြကို အသုံးျပဳေနတယ္လို႔ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုလိုက္ပါတယ္။

ေဒၚနယ္ထရမ့္က "ဒီလူေတြဟာ Gestapo အုပ္ခ်ဳပ္ေရးကို လုပ္ေဆာင္ေနတာပါ” လို႔ ေျပာခဲ့ပါတယ္။ေဒၚနယ္ထရမ့္ဟာ ေမလ(၄)ရက္က ဖေလာ္ရီဒါျပည္နယ္မွာ ျပဳလုပ္တဲ့ ပြဲတစ္ခုအတြင္း ရီပတ္ဘလစ္ကန္ပါတီေထာက္ခံသူေတြကို ယခုလိုေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေဒၚနယ္ထရမ့္က "ဒါက ဒီေ႐ြးေကာက္ပြဲမွာ ကြၽန္ေတာ္ အႏိုင္မရရွိေစဖို႔အတြက္ သူတို႔လုပ္ႏိုင္တဲ့တစ္ခုတည္းေသာအရာပါ။ သူတို႔အျမင္မွာေတာ့ အဲဒီနည္းလမ္းဟာ ဒီေ႐ြးေကာက္ပြဲမွာ သူတို႔အႏိုင္ရရွိဖို႔အတြက္ တစ္ခုတည္းေသာနည္းလမ္းလို႔ ျမင္ေနၾကတာပါ” လို႔ ေျပာခဲ့ပါတယ္။

ေဒၚနယ္ထရမ့္ဟာ လက္ရွိအခ်ိန္မွာ အျပာသ႐ုပ္ေဆာင္ Stormy Daniels ကို ႏႈတ္ပိတ္ခအျဖစ္ ေငြေၾကးေတြ ေပးအပ္ခဲ့တယ္ဆိုတဲ့အမႈအျပင္ ရာဇဝတ္မႈေလးခုနဲ႔ ရင္ဆိုင္ေနရတာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ေဒၚနယ္ထရမ့္ဟာ တရားသူႀကီးေတြက ခ်မွတ္ထားတဲ့ျပစ္တင္ေဝဖန္မႈေတြ မလုပ္ေဆာင္ဖို႔ တားျမစ္ထားတဲ့အမိန႔္ကို ခ်ိဳးေဖာက္ခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဒဏ္ေငြ႐ိုက္ခံခဲ့ရတယ္လို႔လည္း သိရပါတယ္။

ဒီရာဇဝတ္မႈေလးခုစလုံးဟာ လက္ရွိ အေမရိကန္သမၼတေ႐ြးေကာက္ပြဲကေန ၎ကို ႏႈတ္ထြက္ေစဖို႔အတြက္ ဒီမိုကရက္တစ္ေတြ ႀကိဳးကိုင္ထားတဲ့ပူးေပါင္းႀကံစည္မႈတစ္ခုလို႔ ေဒၚနယ္ထရမ့္က ေျပာထားပါတယ္။

ဒါ့အျပင္ ေဒၚနယ္ထရမ့္ရဲ႕တရားရင္ဆိုင္မႈေတြဟာ ေဒၚနယ္ထရမ့္ကမ္းပိန္းအေပၚ ထိေရာက္တဲ့အက်ိဳးသက္ေရာက္မႈေတြ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က "ဒါေပမယ့္ အဲဒါေတြက ကြၽန္ေတာ့္ကို တားဆီးႏိုင္မွာ မဟုတ္ပါဘူး။ အဲဒါေတြကို ကြၽန္ေတာ္ဂ႐ုမစိုက္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.