တိုက်ပွဲများမရှိတော့သော်လည်း ဆီဆိုင်မြို့သို့ စစ်ဘေးရှောင်(၅၀)ရာခိုင်နှုန်းခန့်သာ ပြန်လည်နေထိုင်

 1038

မြူနစ် (NP News) - မေ ၆

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲများရပ်တန့်ခဲ့သည်မှာ တစ်လနီးပါးရှိပြီဖြစ်သော်လည်း စစ်ဘေးရှောင် (၅၀)ရာခိုင်နှုန်းခန့်သာ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

PNLA၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့များသည် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှစတင်ကာ ဆီဆိုင်မြို့နယ်အတွင်း၌ တိုက်ပွဲများကို အပြင်းအထန် ဖော်ဆောင်ခဲ့သည်။ ထိုသို့ တိုက်ပွဲဖော်ဆောင်မှုများကြောင့် လူဦးရေ (၂၀ဝဝ) ခန့်ရှိသော ဆီဆိုင်မြို့သည် ထိခိုက်ပျက်စီးမှုအများအပြားရှိခဲ့ကာ မြို့ခံအားလုံး နီးပါးသည်လည်း နေရပ်စွန့်ခွာ စစ်ဘေး ရှောင်ခဲ့ရသည်။ ထိုကဲ့သို့ တိုက်ပွဲဖော်ဆောင်သည့် PNLA ပူးပေါင်းအဖွဲ့ကို တပ်မတော်နှင့် PNO အဖွဲ့တို့က ပူးပေါင်းကာ ပြန်လည်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် မတ်လကုန်ပိုင်းနှင့် ဧပြီလအစပိုင်းတို့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

‘‘ဆီဆိုင်မြို့ပေါ်မှာက (၇၀)ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်။ အခုကတော့ ပြန်လည် ထူထောင်ရေးကိစ္စတွေ လုပ်နေတယ်။ ပြည်သူလူထုအရေးပေါ် အရေးပေါ်စားသောက်ဖို့အတွက် စားသောက်ကုန်တွေ၊ လူသုံးကုန်တွေကို ဆောင်ရွက်ပေးနေတယ်။ နောက်တစ်ခုက ဈေးနေရာတွေဆိုရင် ဘူဒိုဇာတွေနဲ့ ထိုးပြီးတော့မှ ပြန်လည်နေရာချထားဖို့ ပြင်ဆင်နေတယ်။ ယာယီဈေးရောင်းဖို့ နေရာလေးတွေလည်း စီစဉ်ပေးထားတယ်” ဟု PNO အဖွဲ့မှ ထိပ်ပိုင်းအရာရှိ တစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင်လည်း ဆီဆိုင်မြို့၌ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို တပ်မတော်နှင့် PNO တို့ ပူးပေါင်းကာ ဆောင်ရွက်နေသကဲ့သို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရသည့် ဒေသခံပြည်သူများကိုလည်း ပြန်လည်နေထိုင်ရန် ဖိတ်ခေါ် လျက်ရှိကြောင်း သိရသည်။ သို့သော် ဆီဆိုင်မြို့ပေါ်၌ ပြန်လည်ဝင်ရောက်နေထိုင်သည့် စစ်ဘေးရှောင်ဦးရေမှာ (၁၀ဝဝ) ဝန်းကျင်ခန့်သာရှိကြောင်း သိရသည်။

‘‘အခုပြန်ဝင်လာတဲ့ ဦးရေက ၅၀ ရာခိုင်နှုန်း လောက်ပဲ ရှိသေးတယ်။ အကုန်လုံးတော့ မဟုတ်သေးဘူး။ တချို့က ဝင်လာပြီးတော့ ဘာလုပ်လဲဆိုတော့ သန့်ရှင်းရေးလုပ်တယ်။ ပြီးတော့ သူတို့စစ်ရှောင်တဲ့နေရာကိုပဲ ပြန်သွားကြတယ်။ တချို့က စိတ်ပူနေတာတွေ ရှိနေသေးတော့လေ။ တစ်ဖက်က အကြမ်းဖက်အဖွဲ့တွေကလည်း အလုံးစုံမထွက်သေးတဲ့ အခါကျတော့ ပြည်သူလူထုတွေက နည်းနည်းကြောက်နေတယ်” ဟု PNO ထိပ်ပိုင်းအရာရှိက ဆက်လက်ပြောသည်။

လက်ရှိတွင် ဒေသခံပြည်သူလူထုအနေဖြင့်လည်း PNLA ပူးပေါင်းအဖွဲ့များကို ဆီဆိုင်မြို့နယ်အတွင်းမှ အပြီး သတ်တိုက်ထုတ်ရန်နှင့် မြို့ရွာများကို စိတ်ချရသည့်လုံခြုံရေးမျိုးဆောင်ရွက်ပေးရန်လိုလားနေလျက်ရှိကြောင်း သိရသည်။

zawgyi version
တိုက္ပြဲမ်ားမရွိေတာ့ေသာ္လည္း ဆီဆိုင္ၿမိဳ႕သို႔ စစ္ေဘးေရွာင္(၅၀)ရာခိုင္ႏႈန္းခန႔္သာ ျပန္ လည္ေနထိုင္
ျမဴနစ္ (NP News) - ေမ ၆

ရွမ္းျပည္နယ္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕တြင္ တိုက္ပြဲမ်ားရပ္တန႔္ခဲ့သည္မွာ တစ္လနီးပါးရွိၿပီျဖစ္ေသာ္လည္း စစ္ေဘးေရွာင္ (၅၀)ရာခိုင္ႏႈန္းခန႔္သာ ျပန္လည္ဝင္ေရာက္ေနထိုင္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

PNLA၊ KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ယခု ၂၀၂၄ ခုႏွစ္ ဇန္နဝါရီ ၂၄ ရက္မွစတင္ကာ ဆီဆိုင္ၿမိဳ႕နယ္အတြင္း၌ တိုက္ပြဲမ်ားကို အျပင္းအထန္ ေဖာ္ေဆာင္ခဲ့သည္။ ထိုသို႔ တိုက္ပြဲေဖာ္ေဆာင္မႈမ်ားေၾကာင့္ လူဦးေရ (၂၀ဝဝ) ခန႔္ရွိေသာ ဆီဆိုင္ၿမိဳ႕သည္ ထိခိုက္ပ်က္စီးမႈအမ်ားအျပားရွိခဲ့ကာ ၿမိဳ႕ခံအားလုံး နီးပါးသည္လည္း ေနရပ္စြန႔္ခြာ စစ္ေဘး ေရွာင္ခဲ့ရသည္။ ထိုကဲ့သို႔ တိုက္ပြဲေဖာ္ေဆာင္သည့္ PNLA ပူးေပါင္းအဖြဲ႕ကို တပ္မေတာ္ႏွင့္ PNO အဖြဲ႕တို႔က ပူးေပါင္းကာ ျပန္လည္ထိုးစစ္ဆင္မႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ မတ္လကုန္ပိုင္းႏွင့္ ဧၿပီလအစပိုင္းတို႔တြင္ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

‘‘ဆီဆိုင္ၿမိဳ႕ေပၚမွာက (၇၀)ရာခိုင္ႏႈန္းေလာက္ ပ်က္စီးသြားတယ္။ အခုကေတာ့ ျပန္လည္ ထူေထာင္ေရးကိစၥေတြ လုပ္ေနတယ္။ ျပည္သူလူထုအေရးေပၚ အေရးေပၚစားေသာက္ဖို႔အတြက္ စားေသာက္ကုန္ေတြ၊ လူသုံးကုန္ေတြကို ေဆာင္႐ြက္ေပးေနတယ္။ ေနာက္တစ္ခုက ေဈးေနရာေတြဆိုရင္ ဘူဒိုဇာေတြနဲ႔ ထိုးၿပီးေတာ့မွ ျပန္လည္ေနရာခ်ထားဖို႔ ျပင္ဆင္ေနတယ္။ ယာယီေဈးေရာင္းဖို႔ ေနရာေလးေတြလည္း စီစဥ္ေပးထားတယ္” ဟု PNO အဖြဲ႕မွ ထိပ္ပိုင္းအရာရွိ တစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္လည္း ဆီဆိုင္ၿမိဳ႕၌ ျပန္လည္ထူ ေထာင္ေရးလုပ္ငန္းမ်ားကို တပ္မေတာ္ႏွင့္ PNO တို႔ ပူးေပါင္းကာ ေဆာင္႐ြက္ေနသကဲ့သို႔ ေနရပ္စြန႔္ခြာ စစ္ေဘးေရွာင္ခဲ့ရသည့္ ေဒသခံျပည္သူမ်ားကိုလည္း ျပန္လည္ေနထိုင္ရန္ ဖိတ္ေခၚ လ်က္ရွိေၾကာင္း သိရသည္။ သို႔ေသာ္ ဆီဆိုင္ၿမိဳ႕ေပၚ၌ ျပန္လည္ဝင္ေရာက္ေနထိုင္သည့္ စစ္ေဘးေရွာင္ဦးေရမွာ (၁၀ဝဝ) ဝန္းက်င္ခန႔္သာရွိေၾကာင္း သိရသည္။

‘‘အခုျပန္ဝင္လာတဲ့ ဦးေရက ၅၀ ရာခိုင္ႏႈန္း ေလာက္ပဲ ရွိေသးတယ္။ အကုန္လုံးေတာ့ မဟုတ္ေသးဘူး။ တခ်ိဳ႕က ဝင္လာၿပီးေတာ့ ဘာလုပ္လဲဆိုေတာ့ သန႔္ရွင္းေရးလုပ္တယ္။ ၿပီးေတာ့ သူတို႔စစ္ေရွာင္တဲ့ေနရာကိုပဲ ျပန္သြားၾကတယ္။ တခ်ိဳ႕က စိတ္ပူေနတာေတြ ရွိေနေသးေတာ့ေလ။ တစ္ဖက္က အၾကမ္းဖက္အဖြဲ႕ေတြကလည္း အလုံးစုံမထြက္ေသးတဲ့ အခါက်ေတာ့ ျပည္သူလူထုေတြက နည္းနည္းေၾကာက္ေနတယ္” ဟု PNO ထိပ္ပိုင္းအရာရွိက ဆက္လက္ေျပာသည္။

လက္ရွိတြင္ ေဒသခံျပည္သူလူထုအေနျဖင့္လည္း PNLA ပူးေပါင္းအဖြဲ႕မ်ားကို ဆီဆိုင္ၿမိဳ႕နယ္အတြင္းမွ အၿပီး သတ္တိုက္ထုတ္ရန္ႏွင့္ ၿမိဳ႕႐ြာမ်ားကို စိတ္ခ်ရသည့္လုံၿခဳံေရးမ်ိဳးေဆာင္႐ြက္ေပးရန္လိုလားေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.