ဆီဆိုင်မြို့နယ်ရှိ သံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရ

 631

စော (NP News) - မေ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-စံကားလမ်း(ဆီဆိုင်မြို့နှင့် ဝိန်းကောင်ရွာကြား)ရှိ သံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရကြောင်း နစက၏ (မေလ ၅ ရက်)နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် (ဧပြီလ ၂၈ ရက်နေ့)၊ မွန်းလွဲ (၁)နာရီခွဲအချိန်တွင် ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-စံကားလမ်း(ဆီဆိုင်မြို့နှင့် ဝိန်းကောင်ရွာကြား)ရှိ တံတားအမှတ် ၅/၅ ဝိန်းကောင်သံကူကွန်ကရစ်တံတားတွင် KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆီဆိုင်ဘက်ခြမ်းတံတားအဝင်ကြမ်းခင်းနှင့် တံတားယက်မ ပျက်စီးခဲ့ခြင်းကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိကြောင်း သိရသည်။

မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသအေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကက ထုတ်ပြန်ထားသည်။

zawgyi version
ဆီဆိုင္ၿမိဳ႕နယ္ရွိ သံကူကြန္ကရစ္တံတား မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခံရ
ေစာ (NP News) - ေမ ၆

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဆီဆိုင္ၿမိဳ႕နယ္၊ ဆီဆိုင္-စံကားလမ္း(ဆီဆိုင္ၿမိဳ႕ႏွင့္ ဝိန္းေကာင္႐ြာၾကား)ရွိ သံကူကြန္ကရစ္တံတား မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခံခဲ့ရေၾကာင္း နစက၏ (ေမလ ၅ ရက္)ေန႔ ထုတ္ျပန္ခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ (ဧၿပီလ ၂၈ ရက္ေန႔)၊ မြန္းလြဲ (၁)နာရီခြဲအခ်ိန္တြင္ ဆီဆိုင္ၿမိဳ႕နယ္၊ ဆီဆိုင္-စံကားလမ္း(ဆီဆိုင္ၿမိဳ႕ႏွင့္ ဝိန္းေကာင္႐ြာၾကား)ရွိ တံတားအမွတ္ ၅/၅ ဝိန္းေကာင္သံကူကြန္ကရစ္တံတားတြင္ KNDF အဖြဲ႕ႏွင့္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေဖာက္ခြဲဖ်က္ဆီးခဲ့သျဖင့္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ဆီဆိုင္ဘက္ျခမ္းတံတားအဝင္ၾကမ္းခင္းႏွင့္ တံတားယက္မ ပ်က္စီးခဲ့ျခင္းေၾကာင့္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာႏိုင္ျခင္းမရွိေၾကာင္း သိရသည္။

မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ နယ္ေျမေဒသေအးခ်မ္းေရးအတြက္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကက ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.