ဖားဆောင်းမြို့နယ်၌ တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ

 3980

မြူနစ် (NP News) - မေ ၆

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၌ တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်းမှာ ကရင်နီလက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖားဆောင်းမြို့နယ်အတွင်းတွင် တပ်မတော်၏ ရိက္ခာသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစ်စင်းကို ယနေ့(မေ ၆ ရက်) နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင် ကရင်နီလက်နက်ကိုင်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်မှန်ပါတယ်။ ဒီဘက်ကနေ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းသွားပို့တဲ့အချိန်မှာ သူတို့က ပစ်လိုက်တာပေါ့။ ဒီနေ့က မနက်ပိုင်းမှာ ဖြစ်သွားတာပါ။ တခြားတော့ တိတိကျကျ မသိရသေးဘူး” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သော အရာရှိတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ ကရင်နီလက်နက်ကိုင်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ရဟတ်ယာဉ်မှာ ပျက်ကျမှုဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်တစ်ချို့လည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သို့သော်လည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကို တိတိကျကျသိရှိရခြင်း မရှိသေးသကဲ့သို့ နစကဘက်ကလည်း တစ်စုံတစ်ရာသတင်းထုတ်ပြန်ခြင်းမျိုး မတွေ့ရသေးပေ။

ပြီးခဲ့သော ကာလများအတွင်း၌လည်း တပ်မတော်၏ ရဟတ်ယာဉ်တစ်ချို့သည် လက် နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရကာ ကျပျက်ခဲ့သော ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။

zawgyi version
ဖားေဆာင္းၿမိဳ႕နယ္၌ တပ္မေတာ္၏ ရဟတ္ယာဥ္တစ္စင္း ပစ္ခတ္တိုက္ခိုက္ခံခဲ့ရ
ျမဴနစ္ (NP News) - ေမ ၆

ကယားျပည္နယ္၊ ဖားေဆာင္းၿမိဳ႕နယ္၌ တပ္မေတာ္၏ ရဟတ္ယာဥ္တစ္စင္းမွာ ကရင္နီလက္နက္ကိုင္အဖြဲ႕မ်ား၏ ပစ္ခတ္တိုက္ခိုက္ျခင္းကို ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ဖားေဆာင္းၿမိဳ႕နယ္အတြင္းတြင္ တပ္မေတာ္၏ ရိကၡာသယ္ယူပို႔ေဆာင္ေရးရဟတ္ယာဥ္တစ္စင္းကို ယေန႔(ေမ ၆ ရက္) နံနက္ ၁၀ နာရီဝန္းက်င္အခ်ိန္ခန႔္တြင္ ကရင္နီလက္နက္ကိုင္အဖြဲ႕မ်ားက ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျဖစ္စဥ္မွန္ပါတယ္။ ဒီဘက္ကေန စားနပ္ရိကၡာနဲ႔ လက္နက္ခဲယမ္းသြားပို႔တဲ့အခ်ိန္မွာ သူတို႔က ပစ္လိုက္တာေပါ့။ ဒီေန႔က မနက္ပိုင္းမွာ ျဖစ္သြားတာပါ။ တျခားေတာ့ တိတိက်က် မသိရေသးဘူး” ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္ေသာ အရာရွိတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ ကရင္နီလက္နက္ကိုင္အဖြဲ႕မ်ားက ပစ္ခတ္တိုက္ခိုက္ျခင္းေၾကာင့္ ရဟတ္ယာဥ္မွာ ပ်က္က်မႈျဖစ္ေပၚခဲ့ၿပီး လုံၿခဳံေရးအဖြဲ႕ဝင္တစ္ခ်ိဳ႕လည္း ထိခိုက္ေသဆုံးမႈရွိႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

သို႔ေသာ္လည္း အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အေသးစိတ္ကို တိတိက်က်သိရွိရျခင္း မရွိေသးသကဲ့သို႔ နစကဘက္ကလည္း တစ္စုံတစ္ရာသတင္းထုတ္ျပန္ျခင္းမ်ိဳး မေတြ႕ရေသးေပ။

ၿပီးခဲ့ေသာ ကာလမ်ားအတြင္း၌လည္း တပ္မေတာ္၏ ရဟတ္ယာဥ္တစ္ခ်ိဳ႕သည္ လက္ နက္ကိုင္အဖြဲ႕မ်ား၏ ပစ္ခတ္တိုက္ခိုက္မႈကို ခံခဲ့ရကာ က်ပ်က္ခဲ့ေသာ ျဖစ္စဥ္မ်ားလည္း ရွိခဲ့ဖူးသည္။

Related news

© 2021. All rights reserved.