ပြည်ပသို့သယ်ဆောင်ရောင်းချမည့် ငွေကျပ်(၁၀၀)ဘီလျံတန်ဖိုးရှိ အိုက်စ်များကို ကျောက်ဆည်မြို့နယ်တွင် ဖမ်းမိ

 4988

သန့်ဇင် (NP News) - မေ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်ပသို့သယ်ဆောင်ရောင်းချမည့် ငွေကျပ်(၁၀၀)ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ဆီဘောက်ဆာကားအတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည့် မေလ ၁ ရက်၊ ည ၈နာရီခွဲအချိန်က ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ် သွားကားလမ်း၊ သံရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာအနီးတွင် ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ မင်းမင်းခိုင် မောင်းနှင်ကာ အောင်ထွန်းနိုင်လိုက်ပါလာသည့် NISSAN DIESEL ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရှာဖွေစဉ် ၎င်းတို့(၂)ဦးမှာ ကားပေါ်မှ ခုန်ချထွက်ပြေးခဲ့သဖြင့် သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရာ မင်းမင်းခိုင်တွင် ကျည်ထိမှန် ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး (၂)ဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့နောက် ဆက်လက်စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါဆီးဘောက်ဆာယာဉ်၏ဆီများထည့်သည့် အကန့်(၂)ကန့်အတွင်းမှ ငွေကျပ်(၁၀၀)ဘီလျံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀၀ ကီလို(၅)တန်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့(၂)ဦးအား စစ်ဆေးချက်အရ အဆိုပါဖမ်းဆီးရမိသည့် မက်သ်အဖက်တမင်းများကို ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ကာ ထိုမှတစ်ဆင့် ပင်လယ်ရေးကြောင်းဖြင့် ပြည်ပသို့သယ်ဆောင်ရောင်း ဝယ်ခြင်းများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မင်းမင်းခိုင်နှင့် အောင်ထွန်းနိုင်တို့(၂)ဦးကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ျပည္ပသို႔သယ္ေဆာင္ေရာင္းခ်မည့္ ေငြက်ပ္(၁၀၀)ဘီလ်ံတန္ဖိုးရွိ အိုက္စ္မ်ားကို ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ဖမ္းမိ
သန႔္ဇင္ (NP News) - ေမ ၇

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ ျပည္ပသို႔သယ္ေဆာင္ေရာင္းခ်မည့္ ေငြက်ပ္(၁၀၀)ဘီလ်ံတန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားကို ဆီေဘာက္ဆာကားအတြင္းမွ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္း ထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ၿပီးခဲ့သည့္ ေမလ ၁ ရက္၊ ည ၈နာရီခြဲအခ်ိန္က ေက်ာက္ဆည္ၿမိဳ႕နယ္၊ ႐ြာငံ-ဟန္ျမင့္မိုရ္ သြားကားလမ္း၊ သံ႐ြာအနီးတြင္ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာအနီးတြင္ ႐ြာငံဘက္မွ ေက်ာက္ဆည္ဘက္သို႔ မင္းမင္းခိုင္ ေမာင္းႏွင္ကာ ေအာင္ထြန္းႏိုင္လိုက္ပါလာသည့္ NISSAN DIESEL ၁၂ ဘီး ဆီေဘာက္ဆာယာဥ္ကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ရပ္တန႔္စစ္ေဆး ရွာေဖြခဲ့ေၾကာင္း သိရသည္။ ထိုသို႔ စစ္ေဆးရွာေဖြစဥ္ ၎တို႔(၂)ဦးမွာ ကားေပၚမွ ခုန္ခ်ထြက္ေျပးခဲ့သျဖင့္ သတိေပးပစ္ခတ္ဖမ္းဆီးခဲ့ရာ မင္းမင္းခိုင္တြင္ က်ည္ထိမွန္ ဒဏ္ရာတစ္ခ်က္ရရွိခဲ့ၿပီး (၂)ဦးစလုံးကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

ထို႔ေနာက္ ဆက္လက္စစ္ေဆးရွာေဖြခဲ့ရာ အဆိုပါဆီးေဘာက္ဆာယာဥ္၏ဆီမ်ားထည့္သည့္ အကန႔္(၂)ကန႔္အတြင္းမွ ေငြက်ပ္(၁၀၀)ဘီလ်ံ တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း) ၅၀၀၀ ကီလို(၅)တန္ကိုလည္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ၎တို႔(၂)ဦးအား စစ္ေဆးခ်က္အရ အဆိုပါဖမ္းဆီးရမိသည့္ မက္သ္အဖက္တမင္းမ်ားကို ရွမ္းျပည္နယ္မွ ရန္ကုန္တိုင္းေဒသႀကီးသို႔ သယ္ေဆာင္ကာ ထိုမွတစ္ဆင့္ ပင္လယ္ေရးေၾကာင္းျဖင့္ ျပည္ပသို႔သယ္ေဆာင္ေရာင္း ဝယ္ျခင္းမ်ားျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မင္းမင္းခိုင္ႏွင့္ ေအာင္ထြန္းႏိုင္တို႔(၂)ဦးကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရအမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.