ဖိလစ်ပိုင်နှင့်ဆက်ဆံရေးမှ အိန္ဒိယ ဘာတွေမျှော်လင့်ထားလဲ (ဘာသာပြန်ဆောင်းပါး)

 495

သန်းထိုက်စိုး (NP News) - မေ ၇

အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့တွင် သံတမန်ဆက်ဆံရေး စတင် ထူထောင်ခဲ့ ကြသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်ဆိုလျှင် ၇၅ နှစ် စိန်ရတုပြည့် မြောက်တော့မည်ဖြစ်သည်။ နှစ်နိုင်ငံလုံး သည် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေးနှင့် နိုင်ငံစုံနှင့် မဟာမိတ်ဆက်ဆံရေးထားရှိမှုတို့တွင် ချန်ပီယံများဖြစ် ကြသည်။ နှစ်နိုင်ငံတို့သည် ပို၍ အပြုသဘောဆောင်သော၊ အားလုံးပါဝင်သော၊ ပို၍တန်းတူညီမှုရှိသော၊ နိုင်ငံစုံ နှင့် မဟာမိတ်ဆက်ဆံရေးထားရှိသော အခြေအနေရောက်ရှိရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံသည် ၁၉၄၆ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ် တွင် လွတ်လပ်ရေး ရရှိခဲ့ကြသည်။ နှစ်နိုင်ငံတို့သည် လွတ်လပ်ရေးရရှိပြီးချိန်တွင်ပင် သံတမန်ဆံရေး တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးတွင် အလှုပ်အရမ်းများသည့် ဒီမိုကရက်တစ် နိုင်ငံရေး၊ အလွှာစုံရှိသည့်လူ့အဖွဲ့အစည်း၊ တရား ဥပဒေစိုးမိုးရေး၊ လွတ်လပ်သောတရားစီရင်ရေး စနစ်၊ လွတ်လပ်သောစာနယ်ဇင်းနှင့် အင်္ဂလိပ်ဘာသာစကားအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှုတို့တွင် တူညီသည့်တန်ဖိုးထားမှု၊ အကျိုးစီးပွား၊ အတွေ့အကြုံများရှိပြီး နွေးထွေး သည့် ဆက်ဆံရေးရှိသည်။
အိန္ဒိယနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် အရှေ့မျှော်မူဝါဒကိုချမှတ်ပြီး အာဆီယံနှင့်မိတ်ဖက် ဆက်ဆံရေး ထူထောင်မည် ဟု ဆုံးဖြတ်လိုက်ချိန်တွင် ဖိလစ်ပိုင်အပါအဝင် ဒေသတွင်းရှိနိုင်ငံများနှင့် ခိုင်မာသည့်ဆက်ဆံရေး ရရှိလာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Act East Policy ချမှတ်လိုက်ချိန်တွင် ဖိလစ်ပိုင်နှင့်ဆက်ဆံရေးမှာ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ ပြည်သူအချင်းချင်းဆက်ဆံရေး စသည့် ကဏ္ဍစုံအထိရောက်ရှိလာခဲ့သည်။ လက်ရှိတွင် နှစ်နိုင်ငံတို့သည် နိုင်ငံခြား ရေးမူဝါဒ၊ လုံခြုံရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေး နှင့် ယဥ်ကျေးမှုကဏ္ဍတို့တွင် ပို၍နီးနီးကပ်ကပ်ဆက်ဆံလာကြသည်။

လွန်ခဲ့သည့်နှစ်များအတွင်းက နှစ်နိုင်ငံအဆင့်မြင့်အရာရှိများ အပြန်အလှန်လည်ပတ်ခဲ့ရာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုမိုနီးကပ်လာခဲ့သည်။ နှစ်နိုင်ငံအဆင့်မြင့်အရာရှိများသည် တယ်လီဖုန်းဆက်သွယ်ပြောဆိုခြင်း၊ ကိုဗစ်−၁၉ ကပ်ရောဂါအတွင်း အွန်လိုင်းဖြင့်တွေ့ဆုံခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။ ၂၀၂၂ ခုနှစ်သည် နှစ်နိုင်ငံအဆင့်မြင့် အရာရှိများ အပြန်အလှန်ထိတွေ့ ဆက်ဆံမှု များပြားခဲ့သည့် နှစ်တစ်နှစ်ဖြစ်သည်။ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ သည် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ထံ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြီး ဖိလစ်ပိုင်နိုင်ငံ ၏ (၁၇)ယောက်မြောက် သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံရသည့်အတွက် ဝမ်းမြောက်ကြောင်းပြောဆိုခဲ့သည်။ ထို့ပြင် ဖိလစ်ပိုင် နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ Act East Policy နှင့် အင်ဒို−ပစိဖိတ်မျှော်မှန်းချက် အကောင်အထည်ဖော်ရာတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးတိုးချဲ့ရန် ဆန္ဒရှိကြောင်းလည်း ထပ်လောင်း ကတိပြုပြောဆိုခဲ့သည်။

ကုလသမဂ္ဂစင်မြင့်တွင် အိန္ဒိယနိုင်ငံအား ထောက်ခံပေးမှု
နှစ်စဥ်ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးများသည် နှစ်နိုင်ငံ ခေါင်းဆောင်များကြား ပုံမှန်တွေ့ဆုံနိုင်ရေးအတွက် အကောင်းဆုံးပလက်ဖောင်းတစ်ခုလည်းဖြစ်သည်။ ဝန်ကြီးချုပ် နရန်ဒရာမိုဒီသည် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံ−အိန္ဒိယထိပ်သီးအစည်းအဝေးနှင့် ကိုး ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးတွင် ဖိလစ်ပိုင်သမ္မတအာကွီနိုနှင့် တွေ့ဆုံခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အိန္ဒိယနိုင်ငံ အတွက် ပိုမိုအရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်ထောက်ခံပေးခဲ့သည်။ ၂၀၁၁−၂၀၁၂ သက်တမ်းအတွက် လည်းကောင်း၊ ၂၀၂၁−၂၀၂၂ သက်တမ်းအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံ ရွေးချယ်ရာတွင်လည်း ထောက်ခံပေးခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် မနီလာမြို့ တွင် ကျင်းပသည့်အစည်းအဝေးတွင်လည်း G4 (Brazil, Germany, India, Japan)လုံခြုံရေးကောင်စီ ပြုပြင် ပြောင်းလဲရေးဆွေးနွေးရာတွင် အိန္ဒိယနိုင်ငံအား ထောက်ခံပေးခဲ့သည်။ ထို့ပြင် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ(IAEA)၊ နိုင်ငံတကာရဲတပ်ဖွဲ့(INTERPOL)၊ နိုင်ငံတကာရေကြောင်းအဖွဲ့ (IMO) ၊ Commission on the Limits of the Continental Shelf (CLCS) နှင့် International Telecommunication Union (ITU)တို့နှင့် ပတ်သက်၍ ရွေးချယ်ရာတွင်လည်း ဖိလစ်ပိုင်နိုင်ငံက အိန္ဒိယနိုင်ငံအား ထောက်ခံပေးခဲ့သည်။ ကုလသမဂ္ဂနှင့် အခြားသောနိုင်ငံစုံ အစည်းအဝေးကြီးများတွင်လည်း နှစ်နိုင်ငံကိုယ်စားလှယ်များကြား ပုံမှန်ဆွေးနွေးမှုများ ရှိကြ သည်။

ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု
နှစ်နိုင်ငံ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမှာ အရည်အသွေးမြှင့်တင်ရေး သင်တန်းများပေးခြင်း၊ နှစ်နိုင်ငံ ကိုယ်စားလှယ်များ အပြန်အလှန်လည်ပတ်ခြင်းတို့လည်းပါဝင်သည်။ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံအား BrahMos မစ်ဆိုင်း ဒုံးကျည်များ ထောက်ပံ့ပေးရန် အမေရိကန်ဒေါ်လာ ၃၇၄.၉ သန်းတန်ဖိုးရှိ စာချုပ်တစ်ခု လက်မှတ်ရေးထိုးခြင်းနှင့်အတူ သိသိသာသာတိုးတက်လာခဲ့သည်။
နှစ်နိုင်ငံတို့သည် ၂၀၀၆ ခုနှစ် ကလည်း ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။ တွဲဖက်အတွင်းရေးမှူအဆင့်တွင် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တွဲဖက် ကော်မတီကိုလည်း အဆိုပါနားလည်မှုစာချွန်လွှာအောက်တွင် ဖွဲ့စည်းထားပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ လေးကြိမ်တွေ့ဆုံထားပြီးဖြစ်သည်။ ထိုသို့တွေ့ဆုံစဥ်အတွင်း နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့တို့သည် ဆက်လက်ပူးပေါင်းဆောင်ရွက်နေသည့် ကာကွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ခဲ့ပြီး ထိရောက်ပြီး လက်တွေ့ကျသောတီထွင်ဆန်းသစ်မှုများ ပြုလုပ် ရန် ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံတို့သည် အဆိုပါ နားလည်မှုစာချွန်လွှာအောက်မှုပင် သီးခြား Joint Defence Industry and Logistics Committee တစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြသည်။ အိန္ဒိယ ရေတပ်နှင့် ဖိလစ်ပိုင်ရေတပ်တို့သည် အသုံးချသိပ္ပံ၏ ပညာရပ်ခွဲ တစ်ခုဖြစ်သည့် ဟိုက်ဒရိုဂရပ်ဖစ် သတင်းအချက်အလက်ကဏ္ဍ (Hydrographic Information) တွင်လည်း အတူ လက်တွဲဆောင်ရွက်လျက်ရှိသည်။ ပထမဆုံးသောအွန်လိုင်းကွန်ဖရင့်ကို ၂ဝ၂၂ ခုနှစ်၊ မေလ ၃၁ ရက်တွင် ကျင်းပခဲ့ သည်။ အိန္ဒိယရေတပ်နှင့် ကမ်းခြေစောင့်သင်္ဘောများသည် ဖိလစ်ပိုင်နိုင်ငံသို့ ပုံမှန်သွားရောက်လည်ပတ်ကြပြီး ၎င်းတို့၏ အဆင့်တူများနှင့် ဆွေးနွေးကြသည်။

စီးပွားရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု
နှစ်နိုင်ငံကုန်သွယ်ရေးဌာနများ၏ တရားဝင်ထုတ်ပြန်ချက်များအရ နှစ်နိုင်ငံကုန်သွယ်ရေးမှာ ၂၀၁၅−၂၀၁၆ တွင် အမေရိကန်ဒေါ်လာ ၁.၈၉ ဘီလျံ ရှိခဲ့ရာမှ ၂၀၂၂−၂၀၂၃ ခုနှစ်တွင် ၃.၀၅ ဘီလျံ အထိ တိုးတက်လာခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့ကုန်များမှာ မိုဘိုင်းဖုန်းအစိတ်အပိုင်းများ၊ လျှပ်စစ်ပစ္စည်းကိရိယာများ၊ ရေနံ ထုတ်ကုန်များ၊ သံနှင့် သံမဏိထုတ်ကုန်များ၊ ဆေးဝါးများ၊ အော်ဂဲနစ်နှင့် အော်ဂဲနစ်မဟုတ်သည့် ဓာတုပစ္စည်းများ၊ ဆန်၊ အမဲသား၊ မြေပဲ နှင့် ဆေးလိပ် စသည်တို့ ဖြစ်ကြသည်။ ဖိလစ်ပိုင်နိုင်ငံသို့ ဆေးဝါးတင်ပို့မှုမှာ အာဆီယံနိုင်ငံ များသို့ ဆေးဝါးပို့ကုန် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းရှိသည်။ ဖိလစ်ပိုင်နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ပို့ကုန်မှာ လျှပ်စစ်ပိုင်း ဆိုင်ရာ ယန္တရားများ၊ လျှပ်ကူးပစ္စည်းများ၊ သတ္ထုရိုင်းများ၊ ကြေးနီ၊ ခဲ၊ ပလတ်စတစ်၊ ပုလဲနှင့်တိရိစ္ဆာန် အစားအစာ များ စသည်တို့ ဖြစ်ကြသည်။ ဖိလစ်ပိုင်နိုင်ငံအတွင်း အိန္ဒိယနိုင်ငံ၏ အဓိကရင်းနှီးမြှပ်နှံသည့် ကဏ္ဍများမှာ ဆေးဝါး နှင့် ကျန်းမာရေး၊ ချည်ထည်လုပ်ငန်း၊ အခြေခံအဆောက်အအုံလုပ်ငန်းဖြစ်သည့် လေဆိပ်၊ ဓာတုပစ္စည်းများ၊ မိုဘိုင်းဖုန်း၊ စိုက်ပျိုးရေးနှင့် ဇီဝလောင်စာစွမ်းအင်တို့ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအတွင်း အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှု ခန့်မှန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅ ဘီလျံ နီးပါး ရှိသည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း အလျင်မြန်ဆုံးနှုန်းဖြင့် စီးပွားရေး တိုးတက်ခဲ့သည်။ ခိုင်မာသည့် နိုင်ငံခြား အရန်ငွေကြေးထားရှိနိုင်မှု၊ တည်ငြိမ်သည့်အတိုးနှုန်းနှင့် သင့်တော်သည့် ကုန်စည်ဈေးနှုန်းတွင် ထိန်းသိမ်းနိုင်ကာ စီးပွားရေးတိုးတက်မှုနှုန်း ၆.၃ ရာခိုင်နှုန်း ရရှိခဲ့သည်။ အဆိုပါ စီးပွားရေးတိုးတက်မှု အညွှန်းကိန်းများသည် ၂၀၂၄ ခုနှစ်တွင်လည်း ဆက်လက်ရှိနေမည့် အလားအလာရှိသည်။ အဆိုပါအချက်များသည် ဖိလစ်ပိုင်နိုင်ငံအား အိန္ဒိယ နိုင်ငံနှင့် စီးပွားရေး ဆက်စပ်မှုတိုးမြှင့်ရန် မက်လုံးဖြစ်စေနိုင်သည်။ အိန္ဒိယနှင့်ဖိလစ်ပိုင်တို့၏ စီးပွားရေး ဆက်ဆံမှုခိုင်မာလာခြင်းသည် နှစ်နိုင်ငံတို့၏ စီးပွားရေးတိုးတက်မှုအား တွန်းအားတစ်ရပ် ဖြစ်စေနိုင်ရုံသာမက ဒေသအတွင်းတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအား အဟန့်တစ်ခုဖြစ်စေနိုင်လိမ့်မည်ဟုလည်း ယူဆထားသည်။

ဖိလစ်ပိုင်နိုင်ငံရှိ အိန္ဒိယနွယ်ဖွားအသိုက်အဝန်း
ဖိလစ်ပိုင်နိုင်ငံတွင်ရှိသည့် အိန္ဒိယအသိုက်အဝန်းမှာ ခန့်မှန်းအားဖြင့် တစ်သိန်းငါးသောင်းနီးပါး ရှိသည်။ ပန်ချာပီ လူမျိုးများနှင့် ဆစ်(ခ)ဘာသာဝင်တို့ အဓိကနေထိုင်ကြသည်။ ဆစ်(ခ)ဘာသာဝင်တို့ တို့သည် လက်လီကဏ္ဍနှင့် အခြားကုန်ထုတ်လုပ်ငန်းများတွင် အဓိကလုပ်ကိုင်ကြသည်။ ပန်ချာပီ လူမျိုးများသည် အများအားဖြင့် ကျေးလက် နောက်ခံမှလာကြသူများဖြစ်ပြီး အသေးစားငွေရေး ကြေးရေးလုပ်ငန်းများတွင် အဓိကလုပ်ကိုင်ကြသည်။ လွန်ခဲ့သည့်ဆယ်နှစ်တာကာလအတွင်း ဖိလစ်ပိုင်နိုင်ငံအတွင်း ပညာရှင်အဖြစ်လုပ်ကိုင်ကြသည့် အိန္ဒိယ နွယ်ဖွားပညာရှင် ၁၅၀၀ ခန့်ထိ ရှိလာ ပြီး multilateral organizations များ၊ multinational corporations များ နှင့် အိန္ဒိယနွယ်ဖွားများ ဖက်စပ်ပါဝင်သည့်လုပ်ငန်းများတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ၎င်းတို့မိသားစုများ အပါအဝင် ဖိလစ်ပိုင်နိုင်ငံတွင် အိန္ဒိယနွယ်ဖွား အရေအတွက်မှာ ခန့်မှန်းခြေအား ၄၀၀၀ ခန့်အထိ ရှိနေပြီဖြစ် သည်။ ဖိလစ်ပိုင်နိုင်ငံရှိ အိန္ဒိယ လုပ်ငန်းအဖွဲ့အစည်းကြီးများမှာ Federation of Indian Chamber of Commerce and Industry of the Phillipines (FICCI -Phillipines) နှင့် Indian Business Forum (IBF) တို့ ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်းက အိန္ဒိယကျောင်းသားအတော်များများသည် ဆေးပညာလေ့လာရန်အတွက် ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်ခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံတွင် အင်္ဂလိပ် စာအား ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲကြရာ နိုင်ငံရပ်ခြားမှကျောင်းသားများ လာရောက်ပညာသင်ရန် ဆွဲဆောင်နိုင်စွမ်းရှိသည်။ လက်ရှိတွင် နိုင်ငံခြား ကျောင်းသားပေါင်း ၁၆၀၀ ကျော်ရှိရာ အများစုမှာ ဆေးပညာလေ့လာရန်ရောက်ရှိလာကြခြင်းဖြစ်သည်။ ဒေသခံ အိန္ဒိယအသိုက်အဝန်းသည် တက်တက်ကြွကြွရှိကြပြီး အိန္ဒိယပွဲတော်များကိုလည်း ကျင်းပကြသည်။

တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှု
အိန္ဒိယနိုင်ငံသည် တရုတ်−ဖိလစ်ပိုင်ရေကြောင်း အငြင်းပွားမှုမှ အကျိုးအမြတ်ကြီးကြီး ရနေသည်။ ၂၀၂၄ ခုနှစ်တွင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုသည် ထိုင်ဝမ်အရေးထက် ပိုမိုကြီးမားသည့်အရေးကိစ္စဖြစ်လာနိုင်သည်။ အင်အားကြီး နိုင်ငံအချို့ကလည်း ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်နိုင်မှုအား ကန့်သတ်ရန် ကြိုးပမ်းနေကြသည်။ အငြင်းပွားမှုလျော့ပါးသက်သာ စေရန် အာဆီယံ−တရုတ်လိုက်နာရမည့်ကျင့်ဝတ် (Code of Conduct) ရေးဆွဲရန်မှာ အရေးတကြီး လိုအပ်နေသည်။ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုမှာ အမေရိကန်နှင့် တရုတ်နိုင်ငံကဲ့သို့သော အင်အားကြီးနိုင်ငံများကြား ညှိနှိုင်းမှုအပေါ် အခြေခံသင့်သည်။ လက်ရှိတောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများမှာ ညှိနှိုင်း ဆောင်ရွက်မှုနှင့်ဝေးကွာနေဆဲဖြစ်သည်။ တရုတ်နှင့်ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်များအား မှတ်တမ်းမှတ်ရာများနှင့်တကွ နိုင်ငံတကာသိ တင်ပြနေ ကြသည်။ ဖိလစ်ပိုင်နိုင်ငံသည် သမိုင်းကြောင်းအရ တည်ရှိပြီးဖြစ်သည့် အစက်ကိုးစက်ပါ(nine dash line)အား ချိုးဖောက်ပြီး ဒေသတွင်းသို့ ဒေသပြင်ပမှအင်အားကြီး နိုင်ငံများအား ဆွဲသွင်းလာရာ စစ်ပွဲတစ်ခုဆီ ဦးတည် သွားနိုင်သည်ဟု တရုတ်တို့ဘက်ပြောဆိုထားသည်။ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုနှင့်ပတ်သက်၍ နိုင်ငံတကာခုံရုံး (အနုညာတ) က အထူး သီးသန့်စီးပွားရေးဇုန်အား သတ်မှတ်ပေးခဲ့သည်။ သို့သော် တရုတ်နိုင်ငံက လက်မခံဘဲ ဖိလစ်ပိုင်အရပ်ဖက်သင်္ဘောများအား နှောက်ယှက်ခြင်းနှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များ၏ အန္တရာယ်များသည့်အပြုအမူများ ဆက်လက်ဆောင်ရွက်နေသည်ဟု ဖိလစ်ပိုင်က ဆိုထားသည်။

ပြင်ပ ပလေယာများ ပါဝင်လာခြင်း
တောင်တရုတ်ပင်လယ်အတွင်း ဒေသပြင်ပမှ အင်အားကြီးနိုင်ငံများပါဝင်မှု မြင့်မားလာခြင်းသည် တရုတ်နိုင်ငံအား ဟန်ချက်ညှိနိုင်လိမ့်မည်ဟု ယူဆနေကြသည်။ အဆိုပါအရွေ့သည် တောင်တရုတ်ပင်လယ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေမှုအား ဟန့်တားနိုင်ပြီး တရုတ်တို့က အရှိန် အဟုန်ဖြင့် ကျွန်းတုတည်ဆောက်နေမှုကို လည်း ဟန့်တားနိုင်လိမ့်မည်ဟု တွက်ဆထားကြသည်။ သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့ ပါဝင်သည့် လုံခြုံရေးမဟာမိတ် AUKUS ပေါ်ပေါက်လာခြင်း သည်လည်း တရုတ်တို့အား စိုးရိမ်စိတ်ပိုစေသည်။ အဆိုပါသုံးနိုင်ငံ လုံခြုံရေးမဟာမိတ်အဖွဲ့သည် နျူကလီးယားပြန့်ပွားမှုဆီ ဦးတည်ကာ လက်နက်ပြိုင်ဆိုင်မှုထိကျယ်ပြန့်လာကာ အခြေခံအဆောက်အအုံများအား နိုင်ငံရေးနှင့်စစ်ရေးအရ အမြတ်ထုတ်သည့် ခေတ်သစ်ဖြစ်လာနိုင်သည်။ ထို့အပြင် စစ်အေးခေတ်သဘောထားများ ပြန်လည်ဖြစ်ပေါ်ကာ ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာရေးနှင့် တည်ငြိမ်ရေးတို့အား ခြိမ်းခြောက်လာနိုင်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကနေဒါစစ်လေယာဥ်တစ်စီးသည် တရုတ်လေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး တရုတ်နယ်စပ်အနီး ချဥ်းကပ်လာခဲ့သည်ဟု တရုတ်တို့က စွပ်စွဲခဲ့သည်။ အဆိုပါအဖြစ်အပျက် သည် နိုင်ငံတကာရေပိုင်နက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လေယာဥ်အနီးတွင် နီးကပ်စွာပျံသန်းခြင်းဖြင့် လွတ်လပ်စွာရေကြောင်းသွားလာမှုအား နှောင့်ယှက်ခြင်းဖြစ်သည်ဟု ကနေဒါအစိုးရက တရုတ်အစိုးရ၏ စွပ်စွဲချက် အပေါ်တုံ့ပြန်ခဲ့သည်။ အထူးစီးပွားရေးသီးသန့်ဇုန်အတွင်း ဖိလစ်ပိုင်တို့၏ ဥပဒေကြောင်းအရ ရပိုင်ခွင့်အား ကနေဒါ နိုင်ငံက ထောက်ခံမှုပေးခြင်းမှာ တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်တို့၏ အချုပ်အခြာအာဏာအား ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုကာ တရုတ်အစိုးရက ကနေဒါအစိုးရအား ပြစ်တင်ရှုံ့ချခဲ့သည်။ အမေရိကန်နိုင်ငံက လည်း ဒေသတွင်းတည်ငြိမ်ရေးအခန်းကဏ္ဍတွင်ပါဝင်ပြီး တရုတ်နိုင်ငံအနီးရှိ အိမ်နီးချင်းနိုင်ငံအချို့၏ ရေပိုင်နက် တောင်းဆိုမှုအား ထောက်ခံကာ လွတ်လပ်စွာရေကြောင်းသွားလာမှုအပေါ် ရပ်တည်ထားသည်။ ထို့ပြင် ၁၉၅၁ ခုနှစ်က လက်မှတ်ရေးထိုးထားသည့် ဖိလစ်ပိုင်နိုင်ငံနှင့် အပြန်အလှန် အကာအကွယ်ပေးရေးစာချုပ်ပါ ကတိကဝတ် များကိုလည်း ကိုင်စွဲထားသည်။ ဂျပန်၊ ရုရှား နှင့် အိန္ဒိယနိုင်ငံတို့သည်လည်း တောင်တရုတ်ပင်လယ်အတွင်း အရေးပါသည့်ပလေယာများဖြစ်လာကြပြီး ပထဝီနိုင်ငံရေး ရှုပ်ထွေးမှုများ ပို၍ဖြစ်စေသည်။

အိန္ဒိယနိုင်ငံ၏ မျှော်မှန်းချက်
အိန္ဒိယနှင့်ဖိလစ်ပိုင်တို့သည် အင်ဒို−ပစိဖိတ်ဒေသတွင် ဘုံအကျိုးစီးပွားများ ပိုင်ဆိုင်ထားကြပြီး လွတ်လပ်ပွင့်လင်း ပြီး အားလုံးပါဝင်သော ဒေသဖြစ်ရမည်ဟု မျှော်မှန်းထားသည်။ အိန္ဒိယနိုင်ငံ အနေဖြင့်လည်း ဖိလစ်ပိုင်နိုင်ငံနှင့် ခိုင်မာသည့်ဆက်ဆံရေးတစ်ရပ် ထူထောင်ထားပြီးဖြစ်သည်။ ဥပမာအားဖြင့် မကြာသေးမီကချုပ်ဆိုခဲ့သည့် စာချုပ် အရ အိန္ဒိယနိုင်ငံက ဖိလစ်ပိုင်နိုင်ငံအား BrahMos မစ်ဆိုင်းဒုံးကျည် သုံးစင်းရောင်းချရန် သဘောတူညီခဲ့ပြီး ယင်းမှာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအားထိန်းညှိရန် ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံအား ဆန့်ကျင်သည့်စစ်ရေးလေ့ကျင့်မှုများ တွင် ပါဝင်ခြင်းနှင့်ပတ်သက်၍ သတိကြီးစွာထားသည်။ ထို့ပြင် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းအများစုအား တရုတ်နိုင်ငံ၏ ထိန်းချုပ်ထားမှုကိုလည်း အသိအမှတ်ပြုထားသည်။ အိန္ဒိယနိုင်ငံ ၏ ရပ်တည်ချက်မှာ အရှေ့တောင်အာရှ၏ ပထဝီနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းထက် အိန္ဒိယ သမုဒ္ဒရာဒေသတွင် အိန္ဒိယနိုင်ငံ၏ တည်ရှိမှု နှင့် လွှမ်းမိုးနိုင်မှုအား ထိန်းသိမ်းထားရန်သာ အဓိက ရည်မှန်းချက်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ရည်ရွယ်ချက် မှာ ၎င်း၏ နယ်နမိတ်အတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးရရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား ဦးစားပေး ဆောင်ရွက်ရန်ဖြစ်သည်။ BRICS အဖွဲ့ဝင်လည်းဖြစ်၊ အမေရိကန်ဦးဆောင်သည့် Quad အဖွဲ့ဝင်လည်းဖြစ်သည့် အိန္ဒိယနိုင်ငံသည် တောင်တရုတ်ပင်လယ်အငြင်းပွားမှုများတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံအား ထောက်ပံ့ပေးသည့် ရပ်တည်ချက်အား ထိန်းသိမ်းထားသည်။
တောင်တရုတ်ပင်လယ်အတွင်း ဒေသပြင်ပမှပလေယာများပါဝင်မှု မြင့်မားလာခြင်းသည် အာဆီယံနိုင်ငံများကြား တွင် လည်းကောင်း၊ ကျန်ကမ္ဘာ့နိုင်ငံများနှင့်လည်းကောင်း ကုန်သွယ်ရေး တိုးချဲ့ရန်အတွက် အခင်းအကျင်းတစ်ခု ဖန်တီးပေးခြင်းဖြစ်သည်။ ယင်းမှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ လုံခြုံရေးနှင့်ကြွယ်ဝချမ်းသာရေးအတွက် အခွင့် အလမ်းလည်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအတွက် တောင်တရုတ်ပင်လယ်အား လာမည့် စစ်ပွဲကြီးအတွက် မီးပွားတစ်စအဖြစ်မယူဆဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် အခွင့်အလမ်းများ ပြည့်လျံနေသည့်ဒေသတစ်ခုအဖြစ် ယူဆပြီး အပြုသဘော ရှုမြင်နိုင်ပါကြောင်း တင်ပြရသည်။
References
Brief on India-Philippines Bilateral Relations ( 12 October, 2023)

Zawgyi Version;
ဖိလစ္ပိုင္ႏွင့္ဆက္ဆံေရးမွ အိႏၵိယ ဘာေတြေမွ်ာ္လင့္ထားလဲ (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ေမ ၇

အိႏၵိယႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔သည္ ၁၉၄၉ ခုႏွစ္၊ ႏိုဝင္ဘာ ၂၆ ရက္ေန႔တြင္ သံတမန္ဆက္ဆံေရး စတင္ ထူေထာင္ခဲ့ ၾကသည္။ ၂၀၂၄ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၆ ရက္ဆိုလွ်င္ ၇၅ ႏွစ္ စိန္ရတုျပည့္ ေျမာက္ေတာ့မည္ျဖစ္သည္။ ႏွစ္ႏိုင္ငံလုံး သည္ တရားဥပေဒစိုးမိုးေရး၊ ဒီမိုကေရစီေရးႏွင့္ ႏိုင္ငံစုံႏွင့္ မဟာမိတ္ဆက္ဆံေရးထားရွိမႈတို႔တြင္ ခ်န္ပီယံမ်ားျဖစ္ ၾကသည္။ ႏွစ္ႏိုင္ငံတို႔သည္ ပို၍ အျပဳသေဘာေဆာင္ေသာ၊ အားလုံးပါဝင္ေသာ၊ ပို၍တန္းတူညီမႈရွိေသာ၊ ႏိုင္ငံစုံ ႏွင့္ မဟာမိတ္ဆက္ဆံေရးထားရွိေသာ အေျခအေနေရာက္ရွိရန္ ႀကိဳးပမ္းေနၾကျခင္းျဖစ္သည္။

ဖိလစ္ပိုင္ႏိုင္ငံသည္ ၁၉၄၆ ခုႏွစ္တြင္ လြတ္လပ္ေရးရရွိခဲ့ၿပီး အိႏၵိယႏိုင္ငံသည္ ၁၉၄၇ ခုႏွစ္ တြင္ လြတ္လပ္ေရး ရရွိခဲ့ၾကသည္။ ႏွစ္ႏိုင္ငံတို႔သည္ လြတ္လပ္ေရးရရွိၿပီးခ်ိန္တြင္ပင္ သံတမန္ဆံေရး တည္ေထာင္ခဲ့ၾကျခင္းျဖစ္သည္။ ႏွစ္ႏိုင္ငံဆက္ဆံေရးတြင္ အလႈပ္အရမ္းမ်ားသည့္ ဒီမိုကရက္တစ္ ႏိုင္ငံေရး၊ အလႊာစုံရွိသည့္လူ႔အဖြဲ႕အစည္း၊ တရား ဥပေဒစိုးမိုးေရး၊ လြတ္လပ္ေသာတရားစီရင္ေရး စနစ္၊ လြတ္လပ္ေသာစာနယ္ဇင္းႏွင့္ အဂၤလိပ္ဘာသာစကားအား က်ယ္က်ယ္ျပန႔္ျပန႔္အသုံးျပဳမႈတို႔တြင္ တူညီသည့္တန္ဖိုးထားမႈ၊ အက်ိဳးစီးပြား၊ အေတြ႕အႀကဳံမ်ားရွိၿပီး ေႏြးေထြး သည့္ ဆက္ဆံေရးရွိသည္။
အိႏၵိယႏိုင္ငံသည္ ၁၉၉၂ ခုႏွစ္တြင္ အေရွ႕ေမွ်ာ္မူဝါဒကိုခ်မွတ္ၿပီး အာဆီယံႏွင့္မိတ္ဖက္ ဆက္ဆံေရး ထူေထာင္မည္ ဟု ဆုံးျဖတ္လိုက္ခ်ိန္တြင္ ဖိလစ္ပိုင္အပါအဝင္ ေဒသတြင္းရွိႏိုင္ငံမ်ားႏွင့္ ခိုင္မာသည့္ဆက္ဆံေရး ရရွိလာခဲ့သည္။ ၂၀၁၄ ခုႏွစ္တြင္ Act East Policy ခ်မွတ္လိုက္ခ်ိန္တြင္ ဖိလစ္ပိုင္ႏွင့္ဆက္ဆံေရးမွာ ကုန္သြယ္ေရး၊ စက္မႈလုပ္ငန္း၊ ျပည္သူအခ်င္းခ်င္းဆက္ဆံေရး စသည့္ က႑စုံအထိေရာက္ရွိလာခဲ့သည္။ လက္ရွိတြင္ ႏွစ္ႏိုင္ငံတို႔သည္ ႏိုင္ငံျခား ေရးမူဝါဒ၊ လုံၿခဳံေရး၊ ကာကြယ္ေရး၊ ကုန္သြယ္ေရး၊ ဘ႑ာေရး၊ ခရီးသြားလုပ္ငန္း၊ က်န္းမာေရး၊ စိုက္ပ်ိဳးေရး၊ ျပည္သူအခ်င္းခ်င္းဆက္ဆံေရး ႏွင့္ ယဥ္ေက်းမႈက႑တို႔တြင္ ပို၍နီးနီးကပ္ကပ္ဆက္ဆံလာၾကသည္။

လြန္ခဲ့သည့္ႏွစ္မ်ားအတြင္းက ႏွစ္ႏိုင္ငံအဆင့္ျမင့္အရာရွိမ်ား အျပန္အလွန္လည္ပတ္ခဲ့ရာ ႏွစ္ႏိုင္ငံ ဆက္ဆံေရးမွာ ပိုမိုနီးကပ္လာခဲ့သည္။ ႏွစ္ႏိုင္ငံအဆင့္ျမင့္အရာရွိမ်ားသည္ တယ္လီဖုန္းဆက္သြယ္ေျပာဆိုျခင္း၊ ကိုဗစ္−၁၉ ကပ္ေရာဂါအတြင္း အြန္လိုင္းျဖင့္ေတြ႕ဆုံျခင္းတို႔ကိုလည္း ျပဳလုပ္ခဲ့ၾကသည္။ ၂၀၂၂ ခုႏွစ္သည္ ႏွစ္ႏိုင္ငံအဆင့္ျမင့္ အရာရွိမ်ား အျပန္အလွန္ထိေတြ႕ ဆက္ဆံမႈ မ်ားျပားခဲ့သည့္ ႏွစ္တစ္ႏွစ္ျဖစ္သည္။ အိႏၵိယဝန္ႀကီးခ်ဳပ္ နရန္ဒရာမိုဒီ သည္ ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကို႔စ္ထံ တယ္လီဖုန္းျဖင့္ဆက္သြယ္ၿပီး ဖိလစ္ပိုင္ႏိုင္ငံ ၏ (၁၇)ေယာက္ေျမာက္ သမၼတအျဖစ္ ေ႐ြးေကာက္တင္ေျမာက္ခံရသည့္အတြက္ ဝမ္းေျမာက္ေၾကာင္းေျပာဆိုခဲ့သည္။ ထို႔ျပင္ ဖိလစ္ပိုင္ ႏိုင္ငံသည္ အိႏၵိယႏိုင္ငံ၏ Act East Policy ႏွင့္ အင္ဒို−ပစိဖိတ္ေမွ်ာ္မွန္းခ်က္ အေကာင္အထည္ေဖာ္ရာတြင္ အေရးပါသည့္အခန္းက႑မွ ပါဝင္ေၾကာင္း ႏွင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးတိုးခ်ဲ႕ရန္ ဆႏၵရွိေၾကာင္းလည္း ထပ္ေလာင္း ကတိျပဳေျပာဆိုခဲ့သည္။

ကုလသမဂၢစင္ျမင့္တြင္ အိႏၵိယႏိုင္ငံအား ေထာက္ခံေပးမႈ
ႏွစ္စဥ္က်င္းပသည့္ အာဆီယံထိပ္သီးအစည္းအေဝးႏွင့္ အေရွ႕အာရွထိပ္သီးအစည္းအေဝးမ်ားသည္ ႏွစ္ႏိုင္ငံ ေခါင္းေဆာင္မ်ားၾကား ပုံမွန္ေတြ႕ဆုံႏိုင္ေရးအတြက္ အေကာင္းဆုံးပလက္ေဖာင္းတစ္ခုလည္းျဖစ္သည္။ ဝန္ႀကီးခ်ဳပ္ နရန္ဒရာမိုဒီသည္ ၂၀၁၄ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ျမန္မာႏိုင္ငံ၊ ေနျပည္ေတာ္တြင္ က်င္းပသည့္ (၁၂) ႀကိမ္ေျမာက္ အာဆီယံ−အိႏၵိယထိပ္သီးအစည္းအေဝးႏွင့္ ကိုး ႀကိမ္ေျမာက္ အေရွ႕အာရွထိပ္သီး အစည္းအေဝးတြင္ ဖိလစ္ပိုင္သမၼတအာကြီႏိုႏွင့္ ေတြ႕ဆုံခဲ့သည္။ ဖိလစ္ပိုင္ႏိုင္ငံသည္ ကုလသမဂၢလုံၿခဳံေရးေကာင္စီတြင္ အိႏၵိယႏိုင္ငံ အတြက္ ပိုမိုအေရးပါသည့္ အခန္း က႑မွ ပါဝင္ေထာက္ခံေပးခဲ့သည္။ ၂၀၁၁−၂၀၁၂ သက္တမ္းအတြက္ လည္းေကာင္း၊ ၂၀၂၁−၂၀၂၂ သက္တမ္းအတြက္ ကုလသမဂၢလုံၿခဳံေရးေကာင္စီတြင္ အၿမဲတမ္းအဖြဲ႕ဝင္မဟုတ္သည့္ ႏိုင္ငံ ေ႐ြးခ်ယ္ရာတြင္လည္း ေထာက္ခံေပးခဲ့သည္။ ဖိလစ္ပိုင္ႏိုင္ငံသည္ ၂၀၁၃ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ မနီလာၿမိဳ႕ တြင္ က်င္းပသည့္အစည္းအေဝးတြင္လည္း G4 (Brazil, Germany, India, Japan)လုံၿခဳံေရးေကာင္စီ ျပဳျပင္ ေျပာင္းလဲေရးေဆြးေႏြးရာတြင္ အိႏၵိယႏိုင္ငံအား ေထာက္ခံေပးခဲ့သည္။ ထို႔ျပင္ ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ ေအဂ်င္စီ(IAEA)၊ ႏိုင္ငံတကာရဲတပ္ဖြဲ႕(INTERPOL)၊ ႏိုင္ငံတကာေရေၾကာင္းအဖြဲ႕ (IMO) ၊ Commission on the Limits of the Continental Shelf (CLCS) ႏွင့္ International Telecommunication Union (ITU)တို႔ႏွင့္ ပတ္သက္၍ ေ႐ြးခ်ယ္ရာတြင္လည္း ဖိလစ္ပိုင္ႏိုင္ငံက အိႏၵိယႏိုင္ငံအား ေထာက္ခံေပးခဲ့သည္။ ကုလသမဂၢႏွင့္ အျခားေသာႏိုင္ငံစုံ အစည္းအေဝးႀကီးမ်ားတြင္လည္း ႏွစ္ႏိုင္ငံကိုယ္စားလွယ္မ်ားၾကား ပုံမွန္ေဆြးေႏြးမႈမ်ား ရွိၾက သည္။

ကာကြယ္ေရးက႑တြင္ ပူးေပါင္းေဆာင္႐ြက္မႈ
ႏွစ္ႏိုင္ငံ ကာကြယ္ေရးက႑ ပူးေပါင္းေဆာင္႐ြက္မႈမွာ အရည္အေသြးျမႇင့္တင္ေရး သင္တန္းမ်ားေပးျခင္း၊ ႏွစ္ႏိုင္ငံ ကိုယ္စားလွယ္မ်ား အျပန္အလွန္လည္ပတ္ျခင္းတို႔လည္းပါဝင္သည္။ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈမွာ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလတြင္ ဖိလစ္ပိုင္ႏိုင္ငံအား BrahMos မစ္ဆိုင္း ဒုံးက်ည္မ်ား ေထာက္ပံ့ေပးရန္ အေမရိကန္ေဒၚလာ ၃၇၄.၉ သန္းတန္ဖိုးရွိ စာခ်ဳပ္တစ္ခု လက္မွတ္ေရးထိုးျခင္းႏွင့္အတူ သိသိသာသာတိုးတက္လာခဲ့သည္။
ႏွစ္ႏိုင္ငံတို႔သည္ ၂၀၀၆ ခုႏွစ္ ကလည္း ကာကြယ္ေရးက႑ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာ (MoU) တစ္ရပ္ လက္မွတ္ေရးထိုးခဲ့သည္။ တြဲဖက္အတြင္းေရးမႉအဆင့္တြင္ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈ တြဲဖက္ ေကာ္မတီကိုလည္း အဆိုပါနားလည္မႈစာခြၽန္လႊာေအာက္တြင္ ဖြဲ႕စည္းထားၿပီး ၂၀၂၃ ခုႏွစ္၊ မတ္လ ၃၁ ရက္အထိ ေလးႀကိမ္ေတြ႕ဆုံထားၿပီးျဖစ္သည္။ ထိုသို႔ေတြ႕ဆုံစဥ္အတြင္း ႏွစ္ဖက္ ကိုယ္စားလွယ္အဖြဲ႕တို႔သည္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္ေနသည့္ ကာကြယ္ေရးက႑ႏွင့္ ပတ္သက္၍ ျပန္လည္သုံးသပ္ခဲ့ၿပီး ထိေရာက္ၿပီး လက္ေတြ႕က်ေသာတီထြင္ဆန္းသစ္မႈမ်ား ျပဳလုပ္ ရန္ ေဆြးေႏြးခဲ့ၾကသည္။ ႏွစ္ႏိုင္ငံတို႔သည္ အဆိုပါ နားလည္မႈစာခြၽန္လႊာေအာက္မႈပင္ သီးျခား Joint Defence Industry and Logistics Committee တစ္ရပ္ကိုလည္း ဖြဲ႕စည္းခဲ့ၾကသည္။ အိႏၵိယ ေရတပ္ႏွင့္ ဖိလစ္ပိုင္ေရတပ္တို႔သည္ အသုံးခ်သိပၸံ၏ ပညာရပ္ခြဲ တစ္ခုျဖစ္သည့္ ဟိုက္ဒ႐ိုဂရပ္ဖစ္ သတင္းအခ်က္အလက္က႑ (Hydrographic Information) တြင္လည္း အတူ လက္တြဲေဆာင္႐ြက္လ်က္ရွိသည္။ ပထမဆုံးေသာအြန္လိုင္းကြန္ဖရင့္ကို ၂ဝ၂၂ ခုႏွစ္၊ ေမလ ၃၁ ရက္တြင္ က်င္းပခဲ့ သည္။ အိႏၵိယေရတပ္ႏွင့္ ကမ္းေျခေစာင့္သေဘၤာမ်ားသည္ ဖိလစ္ပိုင္ႏိုင္ငံသို႔ ပုံမွန္သြားေရာက္လည္ပတ္ၾကၿပီး ၎တို႔၏ အဆင့္တူမ်ားႏွင့္ ေဆြးေႏြးၾကသည္။

စီးပြားေရးက႑တြင္ ပူးေပါင္းေဆာင္႐ြက္မႈ
ႏွစ္ႏိုင္ငံကုန္သြယ္ေရးဌာနမ်ား၏ တရားဝင္ထုတ္ျပန္ခ်က္မ်ားအရ ႏွစ္ႏိုင္ငံကုန္သြယ္ေရးမွာ ၂၀၁၅−၂၀၁၆ တြင္ အေမရိကန္ေဒၚလာ ၁.၈၉ ဘီလ်ံ ရွိခဲ့ရာမွ ၂၀၂၂−၂၀၂၃ ခုႏွစ္တြင္ ၃.၀၅ ဘီလ်ံ အထိ တိုးတက္လာခဲ့သည္။ အိႏၵိယႏိုင္ငံ၏ ဖိလစ္ပိုင္ႏိုင္ငံသို႔တင္ပို႔ကုန္မ်ားမွာ မိုဘိုင္းဖုန္းအစိတ္အပိုင္းမ်ား၊ လွ်ပ္စစ္ပစၥည္းကိရိယာမ်ား၊ ေရနံ ထုတ္ကုန္မ်ား၊ သံႏွင့္ သံမဏိထုတ္ကုန္မ်ား၊ ေဆးဝါးမ်ား၊ ေအာ္ဂဲနစ္ႏွင့္ ေအာ္ဂဲနစ္မဟုတ္သည့္ ဓာတုပစၥည္းမ်ား၊ ဆန္၊ အမဲသား၊ ေျမပဲ ႏွင့္ ေဆးလိပ္ စသည္တို႔ ျဖစ္ၾကသည္။ ဖိလစ္ပိုင္ႏိုင္ငံသို႔ ေဆးဝါးတင္ပို႔မႈမွာ အာဆီယံႏိုင္ငံ မ်ားသို႔ ေဆးဝါးပို႔ကုန္ စုစုေပါင္း၏ ၂၀ ရာခိုင္ႏႈန္းရွိသည္။ ဖိလစ္ပိုင္ႏိုင္ငံမွ အိႏၵိယႏိုင္ငံသို႔ပို႔ကုန္မွာ လွ်ပ္စစ္ပိုင္း ဆိုင္ရာ ယႏၲရားမ်ား၊ လွ်ပ္ကူးပစၥည္းမ်ား၊ သတၳဳ႐ိုင္းမ်ား၊ ေၾကးနီ၊ ခဲ၊ ပလတ္စတစ္၊ ပုလဲႏွင့္တိရိစာၦန္ အစားအစာ မ်ား စသည္တို႔ ျဖစ္ၾကသည္။ ဖိလစ္ပိုင္ႏိုင္ငံအတြင္း အိႏၵိယႏိုင္ငံ၏ အဓိကရင္းႏွီးျမႇပ္ႏွံသည့္ က႑မ်ားမွာ ေဆးဝါး ႏွင့္ က်န္းမာေရး၊ ခ်ည္ထည္လုပ္ငန္း၊ အေျခခံအေဆာက္အအုံလုပ္ငန္းျဖစ္သည့္ ေလဆိပ္၊ ဓာတုပစၥည္းမ်ား၊ မိုဘိုင္းဖုန္း၊ စိုက္ပ်ိဳးေရးႏွင့္ ဇီဝေလာင္စာစြမ္းအင္တို႔ျဖစ္သည္။ ဖိလစ္ပိုင္ႏိုင္ငံအတြင္း အိႏၵိယႏိုင္ငံ၏ ရင္းႏွီးျမႇပ္ႏွံမႈ ခန႔္မွန္းတန္ဖိုးမွာ အေမရိကန္ေဒၚလာ ၅ ဘီလ်ံ နီးပါး ရွိသည္။
အိႏၵိယႏိုင္ငံသည္ ၂၀၂၃ ခုႏွစ္အတြင္း အလ်င္ျမန္ဆုံးႏႈန္းျဖင့္ စီးပြားေရး တိုးတက္ခဲ့သည္။ ခိုင္မာသည့္ ႏိုင္ငံျခား အရန္ေငြေၾကးထားရွိႏိုင္မႈ၊ တည္ၿငိမ္သည့္အတိုးႏႈန္းႏွင့္ သင့္ေတာ္သည့္ ကုန္စည္ေဈးႏႈန္းတြင္ ထိန္းသိမ္းႏိုင္ကာ စီးပြားေရးတိုးတက္မႈႏႈန္း ၆.၃ ရာခိုင္ႏႈန္း ရရွိခဲ့သည္။ အဆိုပါ စီးပြားေရးတိုးတက္မႈ အၫႊန္းကိန္းမ်ားသည္ ၂၀၂၄ ခုႏွစ္တြင္လည္း ဆက္လက္ရွိေနမည့္ အလားအလာရွိသည္။ အဆိုပါအခ်က္မ်ားသည္ ဖိလစ္ပိုင္ႏိုင္ငံအား အိႏၵိယ ႏိုင္ငံႏွင့္ စီးပြားေရး ဆက္စပ္မႈတိုးျမႇင့္ရန္ မက္လုံးျဖစ္ေစႏိုင္သည္။ အိႏၵိယႏွင့္ဖိလစ္ပိုင္တို႔၏ စီးပြားေရး ဆက္ဆံမႈခိုင္မာလာျခင္းသည္ ႏွစ္ႏိုင္ငံတို႔၏ စီးပြားေရးတိုးတက္မႈအား တြန္းအားတစ္ရပ္ ျဖစ္ေစႏိုင္႐ုံသာမက ေဒသအတြင္းတြင္ တ႐ုတ္ႏိုင္ငံ၏ လႊမ္းမိုးမႈအား အဟန႔္တစ္ခုျဖစ္ေစႏိုင္လိမ့္မည္ဟုလည္း ယူဆထားသည္။

ဖိလစ္ပိုင္ႏိုင္ငံရွိ အိႏၵိယႏြယ္ဖြားအသိုက္အဝန္း
ဖိလစ္ပိုင္ႏိုင္ငံတြင္ရွိသည့္ အိႏၵိယအသိုက္အဝန္းမွာ ခန႔္မွန္းအားျဖင့္ တစ္သိန္းငါးေသာင္းနီးပါး ရွိသည္။ ပန္ခ်ာပီ လူမ်ိဳးမ်ားႏွင့္ ဆစ္(ခ)ဘာသာဝင္တို႔ အဓိကေနထိုင္ၾကသည္။ ဆစ္(ခ)ဘာသာဝင္တို႔ တို႔သည္ လက္လီက႑ႏွင့္ အျခားကုန္ထုတ္လုပ္ငန္းမ်ားတြင္ အဓိကလုပ္ကိုင္ၾကသည္။ ပန္ခ်ာပီ လူမ်ိဳးမ်ားသည္ အမ်ားအားျဖင့္ ေက်းလက္ ေနာက္ခံမွလာၾကသူမ်ားျဖစ္ၿပီး အေသးစားေငြေရး ေၾကးေရးလုပ္ငန္းမ်ားတြင္ အဓိကလုပ္ကိုင္ၾကသည္။ လြန္ခဲ့သည့္ဆယ္ႏွစ္တာကာလအတြင္း ဖိလစ္ပိုင္ႏိုင္ငံအတြင္း ပညာရွင္အျဖစ္လုပ္ကိုင္ၾကသည့္ အိႏၵိယ ႏြယ္ဖြားပညာရွင္ ၁၅၀၀ ခန႔္ထိ ရွိလာ ၿပီး multilateral organizations မ်ား၊ multinational corporations မ်ား ႏွင့္ အိႏၵိယႏြယ္ဖြားမ်ား ဖက္စပ္ပါဝင္သည့္လုပ္ငန္းမ်ားတြင္ လုပ္ကိုင္ေနၾကျခင္းျဖစ္သည္။ ၎တို႔မိသားစုမ်ား အပါအဝင္ ဖိလစ္ပိုင္ႏိုင္ငံတြင္ အိႏၵိယႏြယ္ဖြား အေရအတြက္မွာ ခန႔္မွန္းေျခအား ၄၀၀၀ ခန႔္အထိ ရွိေနၿပီျဖစ္ သည္။ ဖိလစ္ပိုင္ႏိုင္ငံရွိ အိႏၵိယ လုပ္ငန္းအဖြဲ႕အစည္းႀကီးမ်ားမွာ Federation of Indian Chamber of Commerce and Industry of the Phillipines (FICCI -Phillipines) ႏွင့္ Indian Business Forum (IBF) တို႔ ျဖစ္သည္။ မၾကာေသးမီႏွစ္မ်ားအတြင္းက အိႏၵိယေက်ာင္းသားအေတာ္မ်ားမ်ားသည္ ေဆးပညာေလ့လာရန္အတြက္ ဖိလစ္ပိုင္ႏိုင္ငံသို႔ လာေရာက္ခဲ့ၾကသည္။ ဖိလစ္ပိုင္ႏိုင္ငံတြင္ အဂၤလိပ္ စာအား က်ယ္က်ယ္ျပန႔္ျပန႔္သုံးစြဲၾကရာ ႏိုင္ငံရပ္ျခားမွေက်ာင္းသားမ်ား လာေရာက္ပညာသင္ရန္ ဆြဲေဆာင္ႏိုင္စြမ္းရွိသည္။ လက္ရွိတြင္ ႏိုင္ငံျခား ေက်ာင္းသားေပါင္း ၁၆၀၀ ေက်ာ္ရွိရာ အမ်ားစုမွာ ေဆးပညာေလ့လာရန္ေရာက္ရွိလာၾကျခင္းျဖစ္သည္။ ေဒသခံ အိႏၵိယအသိုက္အဝန္းသည္ တက္တက္ႂကြႂကြရွိၾကၿပီး အိႏၵိယပြဲေတာ္မ်ားကိုလည္း က်င္းပၾကသည္။

ေတာင္တ႐ုတ္ပင္လယ္အတြင္း ေရပိုင္နက္အျငင္းပြားမႈ
အိႏၵိယႏိုင္ငံသည္ တ႐ုတ္−ဖိလစ္ပိုင္ေရေၾကာင္း အျငင္းပြားမႈမွ အက်ိဳးအျမတ္ႀကီးႀကီး ရေနသည္။ ၂၀၂၄ ခုႏွစ္တြင္ ေတာင္တ႐ုတ္ပင္လယ္အျငင္းပြားမႈသည္ ထိုင္ဝမ္အေရးထက္ ပိုမိုႀကီးမားသည့္အေရးကိစၥျဖစ္လာႏိုင္သည္။ အင္အားႀကီး ႏိုင္ငံအခ်ိဳ႕ကလည္း ေဒသတြင္းတြင္ တ႐ုတ္ႏိုင္ငံ၏ လႈပ္ရွားေဆာင္႐ြက္ႏိုင္မႈအား ကန႔္သတ္ရန္ ႀကိဳးပမ္းေနၾကသည္။ အျငင္းပြားမႈေလ်ာ့ပါးသက္သာ ေစရန္ အာဆီယံ−တ႐ုတ္လိုက္နာရမည့္က်င့္ဝတ္ (Code of Conduct) ေရးဆြဲရန္မွာ အေရးတႀကီး လိုအပ္ေနသည္။ ေဒသတြင္းလုံၿခဳံေရး၊ တည္ၿငိမ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး အတြက္ အာဆီယံ၏ ႀကိဳးပမ္းအားထုတ္မႈမွာ အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံကဲ့သို႔ေသာ အင္အားႀကီးႏိုင္ငံမ်ားၾကား ညႇိႏႈိင္းမႈအေပၚ အေျခခံသင့္သည္။ လက္ရွိေတာင္တ႐ုတ္ပင္လယ္အတြင္း ျဖစ္ေပၚတိုးတက္မႈမ်ားမွာ ညႇိႏႈိင္း ေဆာင္႐ြက္မႈႏွင့္ေဝးကြာေနဆဲျဖစ္သည္။ တ႐ုတ္ႏွင့္ဖိလစ္ပိုင္တို႔သည္ ေတာင္တ႐ုတ္ပင္လယ္အတြင္း အျငင္းပြားမႈမ်ားႏွင့္ပတ္သက္၍ ၎တို႔၏ အျမင္မ်ားအား မွတ္တမ္းမွတ္ရာမ်ားႏွင့္တကြ ႏိုင္ငံတကာသိ တင္ျပေန ၾကသည္။ ဖိလစ္ပိုင္ႏိုင္ငံသည္ သမိုင္းေၾကာင္းအရ တည္ရွိၿပီးျဖစ္သည့္ အစက္ကိုးစက္ပါ(nine dash line)အား ခ်ိဳးေဖာက္ၿပီး ေဒသတြင္းသို႔ ေဒသျပင္ပမွအင္အားႀကီး ႏိုင္ငံမ်ားအား ဆြဲသြင္းလာရာ စစ္ပြဲတစ္ခုဆီ ဦးတည္ သြားႏိုင္သည္ဟု တ႐ုတ္တို႔ဘက္ေျပာဆိုထားသည္။ ေတာင္တ႐ုတ္ပင္လယ္အတြင္း အျငင္းပြားမႈႏွင့္ပတ္သက္၍ ႏိုင္ငံတကာခုံ႐ုံး (အႏုညာတ) က အထူး သီးသန႔္စီးပြားေရးဇုန္အား သတ္မွတ္ေပးခဲ့သည္။ သို႔ေသာ္ တ႐ုတ္ႏိုင္ငံက လက္မခံဘဲ ဖိလစ္ပိုင္အရပ္ဖက္သေဘၤာမ်ားအား ေႏွာက္ယွက္ျခင္းႏွင့္ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ား၏ အႏၲရာယ္မ်ားသည့္အျပဳအမူမ်ား ဆက္လက္ေဆာင္႐ြက္ေနသည္ဟု ဖိလစ္ပိုင္က ဆိုထားသည္။

ျပင္ပ ပေလယာမ်ား ပါဝင္လာျခင္း
ေတာင္တ႐ုတ္ပင္လယ္အတြင္း ေဒသျပင္ပမွ အင္အားႀကီးႏိုင္ငံမ်ားပါဝင္မႈ ျမင့္မားလာျခင္းသည္ တ႐ုတ္ႏိုင္ငံအား ဟန္ခ်က္ညႇိႏိုင္လိမ့္မည္ဟု ယူဆေနၾကသည္။ အဆိုပါအေ႐ြ႕သည္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ရွာေဖြမႈအား ဟန႔္တားႏိုင္ၿပီး တ႐ုတ္တို႔က အရွိန္ အဟုန္ျဖင့္ ကြၽန္းတုတည္ေဆာက္ေနမႈကို လည္း ဟန႔္တားႏိုင္လိမ့္မည္ဟု တြက္ဆထားၾကသည္။ ၾသစေၾတးလ်၊ ၿဗိတိန္ႏွင့္ အေမရိကန္တို႔ ပါဝင္သည့္ လုံၿခဳံေရးမဟာမိတ္ AUKUS ေပၚေပါက္လာျခင္း သည္လည္း တ႐ုတ္တို႔အား စိုးရိမ္စိတ္ပိုေစသည္။ အဆိုပါသုံးႏိုင္ငံ လုံၿခဳံေရးမဟာမိတ္အဖြဲ႕သည္ န်ဴကလီးယားျပန႔္ပြားမႈဆီ ဦးတည္ကာ လက္နက္ၿပိဳင္ဆိုင္မႈထိက်ယ္ျပန႔္လာကာ အေျခခံအေဆာက္အအုံမ်ားအား ႏိုင္ငံေရးႏွင့္စစ္ေရးအရ အျမတ္ထုတ္သည့္ ေခတ္သစ္ျဖစ္လာႏိုင္သည္။ ထို႔အျပင္ စစ္ေအးေခတ္သေဘာထားမ်ား ျပန္လည္ျဖစ္ေပၚကာ ၿငိမ္းခ်မ္းေရး၊ ႂကြယ္ဝခ်မ္းသာေရးႏွင့္ တည္ၿငိမ္ေရးတို႔အား ၿခိမ္းေျခာက္လာႏိုင္သည္။
၂၀၂၃ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ကေနဒါစစ္ေလယာဥ္တစ္စီးသည္ တ႐ုတ္ေလပိုင္နက္အတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာၿပီး တ႐ုတ္နယ္စပ္အနီး ခ်ဥ္းကပ္လာခဲ့သည္ဟု တ႐ုတ္တို႔က စြပ္စြဲခဲ့သည္။ အဆိုပါအျဖစ္အပ်က္ သည္ ႏိုင္ငံတကာေရပိုင္နက္အတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ၎တို႔၏ ေလယာဥ္အနီးတြင္ နီးကပ္စြာပ်ံသန္းျခင္းျဖင့္ လြတ္လပ္စြာေရေၾကာင္းသြားလာမႈအား ေႏွာင့္ယွက္ျခင္းျဖစ္သည္ဟု ကေနဒါအစိုးရက တ႐ုတ္အစိုးရ၏ စြပ္စြဲခ်က္ အေပၚတုံ႔ျပန္ခဲ့သည္။ အထူးစီးပြားေရးသီးသန႔္ဇုန္အတြင္း ဖိလစ္ပိုင္တို႔၏ ဥပေဒေၾကာင္းအရ ရပိုင္ခြင့္အား ကေနဒါ ႏိုင္ငံက ေထာက္ခံမႈေပးျခင္းမွာ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ တ႐ုတ္တို႔၏ အခ်ဳပ္အျခာအာဏာအား ခ်ိဳးေဖာက္ျခင္းျဖစ္သည္ဟု ဆိုကာ တ႐ုတ္အစိုးရက ကေနဒါအစိုးရအား ျပစ္တင္ရႈံ႕ခ်ခဲ့သည္။ အေမရိကန္ႏိုင္ငံက လည္း ေဒသတြင္းတည္ၿငိမ္ေရးအခန္းက႑တြင္ပါဝင္ၿပီး တ႐ုတ္ႏိုင္ငံအနီးရွိ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕၏ ေရပိုင္နက္ ေတာင္းဆိုမႈအား ေထာက္ခံကာ လြတ္လပ္စြာေရေၾကာင္းသြားလာမႈအေပၚ ရပ္တည္ထားသည္။ ထို႔ျပင္ ၁၉၅၁ ခုႏွစ္က လက္မွတ္ေရးထိုးထားသည့္ ဖိလစ္ပိုင္ႏိုင္ငံႏွင့္ အျပန္အလွန္ အကာအကြယ္ေပးေရးစာခ်ဳပ္ပါ ကတိကဝတ္ မ်ားကိုလည္း ကိုင္စြဲထားသည္။ ဂ်ပန္၊ ႐ုရွား ႏွင့္ အိႏၵိယႏိုင္ငံတို႔သည္လည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း အေရးပါသည့္ပေလယာမ်ားျဖစ္လာၾကၿပီး ပထဝီႏိုင္ငံေရး ရႈပ္ေထြးမႈမ်ား ပို၍ျဖစ္ေစသည္။

အိႏၵိယႏိုင္ငံ၏ ေမွ်ာ္မွန္းခ်က္
အိႏၵိယႏွင့္ဖိလစ္ပိုင္တို႔သည္ အင္ဒို−ပစိဖိတ္ေဒသတြင္ ဘုံအက်ိဳးစီးပြားမ်ား ပိုင္ဆိုင္ထားၾကၿပီး လြတ္လပ္ပြင့္လင္း ၿပီး အားလုံးပါဝင္ေသာ ေဒသျဖစ္ရမည္ဟု ေမွ်ာ္မွန္းထားသည္။ အိႏၵိယႏိုင္ငံ အေနျဖင့္လည္း ဖိလစ္ပိုင္ႏိုင္ငံႏွင့္ ခိုင္မာသည့္ဆက္ဆံေရးတစ္ရပ္ ထူေထာင္ထားၿပီးျဖစ္သည္။ ဥပမာအားျဖင့္ မၾကာေသးမီကခ်ဳပ္ဆိုခဲ့သည့္ စာခ်ဳပ္ အရ အိႏၵိယႏိုင္ငံက ဖိလစ္ပိုင္ႏိုင္ငံအား BrahMos မစ္ဆိုင္းဒုံးက်ည္ သုံးစင္းေရာင္းခ်ရန္ သေဘာတူညီခဲ့ၿပီး ယင္းမွာ ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ႏိုင္ငံ၏ လႊမ္းမိုးမႈအားထိန္းညႇိရန္ ရည္႐ြယ္ျခင္းျဖစ္သည္။ သို႔ေသာ္ အိႏၵိယႏိုင္ငံအေနျဖင့္ ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ႏိုင္ငံအား ဆန႔္က်င္သည့္စစ္ေရးေလ့က်င့္မႈမ်ား တြင္ ပါဝင္ျခင္းႏွင့္ပတ္သက္၍ သတိႀကီးစြာထားသည္။ ထို႔ျပင္ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ကြၽန္းအမ်ားစုအား တ႐ုတ္ႏိုင္ငံ၏ ထိန္းခ်ဳပ္ထားမႈကိုလည္း အသိအမွတ္ျပဳထားသည္။ အိႏၵိယႏိုင္ငံ ၏ ရပ္တည္ခ်က္မွာ အေရွ႕ေတာင္အာရွ၏ ပထဝီႏိုင္ငံေရးတြင္ ဝင္ေရာက္စြက္ဖက္ျခင္းထက္ အိႏၵိယ သမုဒၵရာေဒသတြင္ အိႏၵိယႏိုင္ငံ၏ တည္ရွိမႈ ႏွင့္ လႊမ္းမိုးႏိုင္မႈအား ထိန္းသိမ္းထားရန္သာ အဓိက ရည္မွန္းခ်က္ျဖစ္သည္။ အိႏၵိယႏိုင္ငံ၏ ရည္႐ြယ္ခ်က္ မွာ ၎၏ နယ္နမိတ္အတြင္း လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေရးရရွိၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအား ဦးစားေပး ေဆာင္႐ြက္ရန္ျဖစ္သည္။ BRICS အဖြဲ႕ဝင္လည္းျဖစ္၊ အေမရိကန္ဦးေဆာင္သည့္ Quad အဖြဲ႕ဝင္လည္းျဖစ္သည့္ အိႏၵိယႏိုင္ငံသည္ ေတာင္တ႐ုတ္ပင္လယ္အျငင္းပြားမႈမ်ားတြင္ တိုက္႐ိုက္ပါဝင္ျခင္းမရွိဘဲ ဖိလစ္ပိုင္ႏိုင္ငံအား ေထာက္ပံ့ေပးသည့္ ရပ္တည္ခ်က္အား ထိန္းသိမ္းထားသည္။
ေတာင္တ႐ုတ္ပင္လယ္အတြင္း ေဒသျပင္ပမွပေလယာမ်ားပါဝင္မႈ ျမင့္မားလာျခင္းသည္ အာဆီယံႏိုင္ငံမ်ားၾကား တြင္ လည္းေကာင္း၊ က်န္ကမာၻ႔ႏိုင္ငံမ်ားႏွင့္လည္းေကာင္း ကုန္သြယ္ေရး တိုးခ်ဲ႕ရန္အတြက္ အခင္းအက်င္းတစ္ခု ဖန္တီးေပးျခင္းျဖစ္သည္။ ယင္းမွာ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္မႈ၊ လုံၿခဳံေရးႏွင့္ႂကြယ္ဝခ်မ္းသာေရးအတြက္ အခြင့္ အလမ္းလည္းျဖစ္သည္။ သို႔ျဖစ္ရာ ႏိုင္ငံတကာအသိုက္အဝန္းအတြက္ ေတာင္တ႐ုတ္ပင္လယ္အား လာမည့္ စစ္ပြဲႀကီးအတြက္ မီးပြားတစ္စအျဖစ္မယူဆဘဲ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္အတြက္ အခြင့္အလမ္းမ်ား ျပည့္လ်ံေနသည့္ေဒသတစ္ခုအျဖစ္ ယူဆၿပီး အျပဳသေဘာ ရႈျမင္ႏိုင္ပါေၾကာင္း တင္ျပရသည္။
References
Brief on India-Philippines Bilateral Relations ( 12 October, 2023)

Related news

© 2021. All rights reserved.