တက္ကသိုလ်ကျောင်းသားတွေရဲ့ဆန္ဒပြပွဲတွေကြောင့် အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်က ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖျက်သိမ်း

 720

ဂျန်ဇက် (NP News) - မေ ၇

အမေရိကန်နိုင်ငံမှာ ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြနေတဲ့အတွက် ကိုလံဘီယာတက္ကသိုလ်ဟာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

တက္ကသိုလ်ကျောင်းသားတွေဟာ သီတင်းပတ်အတန်ကြာ တက္ကသိုလ်အဆောက်အအုံတွေကို ဝန်းရံပိတ်ဆို့ဆန္ဒပြနေခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ရကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုလံဘီယာတက္ကသိုလ်ကို အမေရိကန်ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖြိုခွင်းခဲ့ပြီး ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြသူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရပါတယ်။

ကိုလံဘီယာတက္ကသိုလ်အာဏာပိုင်တွေက လုံခြုံရေးအခြေအနေတွေ စိုးရိမ်ရတဲ့အတွက် မေလ ၁၅ ရက်နေ့မှာကျင်းပဖို့ စီစဉ်ထားတဲ့ ဘွဲ့နှင်းသဘင်အခမ်းနားအစီအစဉ်ကိုဖျက်သိမ်းခဲ့ကြောင်းသိရပါတယ်။ အမေရိကန်တက္ကသိုလ်ကျောင်းသားတွေဟာ ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီး အမေရိကန်အစိုးရက အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးနေခြင်းတွေကို စိတ်ဆိုးဒေါသဖြစ်နေကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံအပြင် ဗြိတိန်၊ သြစတြေးလျနိုင်ငံတို့ရှိ တက္ကသိုလ်တွေမှာလည်း ဂါဇာစစ်ပွဲနဲ့ဆက်နွယ်ပြီးတက္ကသိုလ်ကျောင်းသားတွေဆန္ဒပြခဲ့ကြောင်းသိရပါတယ်။ အမေရိကန်သမ္မတကတော့ ဆန္ဒပြကျောင်းသားတွေကို သတိပေးထားပြီး အမိန့်စည်းကမ်းဥပဒေတွေကိုလိုက်နာဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

ဆန္ဒပြတက္ကသိုလ်ကျောင်းသားတွေဟာ ၎င်းတို့ဖြိုခွင်းခံရခြင်းကို လိုလားခြင်းမရှိတဲ့အတွက်လာမယ့်သီတင်းပတ်များအတွင်း ဆန္ဒပြပွဲများထပ်မံလုပ်ဆောင်ဖို့ စီစဉ်နေကြောင်းသိရပါတယ်။

zawgyi version
တကၠသိုလ္ေက်ာင္းသားေတြရဲ႕ဆႏၵျပပြဲေတြေၾကာင့္ အေမရိကန္ႏိုင္ငံ ကိုလံဘီယာတကၠသိုလ္က ဘြဲ႕ႏွင္းသဘင္အခမ္းအနားကို ဖ်က္သိမ္း
ဂ်န္ဇက္ (NP News) - ေမ ၇

အေမရိကန္ႏိုင္ငံမွာ ဂါဇာစစ္ပြဲနဲ႔ဆက္ႏြယ္ၿပီး တကၠသိုလ္ေက်ာင္းသားေတြ ဆႏၵျပေနတဲ့အတြက္ ကိုလံဘီယာတကၠသိုလ္ဟာ က်င္းပဖို႔ စီစဥ္ထားတဲ့ ဘြဲ႕ႏွင္းသဘင္အခမ္းအနားကို ဖ်က္သိမ္းလိုက္ေၾကာင္း သိရပါတယ္။

တကၠသိုလ္ေက်ာင္းသားေတြဟာ သီတင္းပတ္အတန္ၾကာ တကၠသိုလ္အေဆာက္အအုံေတြကို ဝန္းရံပိတ္ဆို႔ဆႏၵျပေနျခင္းေၾကာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ၿဖိဳခြင္းခဲ့ရေၾကာင္းသိရပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ကိုလံဘီယာတကၠသိုလ္ကို အေမရိကန္ရဲတပ္ဖြဲ႕ဝင္မ်ား ဝင္ေရာက္ၿဖိဳခြင္းခဲ့ၿပီး ပါလက္စတိုင္းလိုလားတဲ့ဆႏၵျပသူ ၁၀၀ ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္းသိရပါတယ္။

ကိုလံဘီယာတကၠသိုလ္အာဏာပိုင္ေတြက လုံၿခဳံေရးအေျခအေနေတြ စိုးရိမ္ရတဲ့အတြက္ ေမလ ၁၅ ရက္ေန႔မွာက်င္းပဖို႔ စီစဥ္ထားတဲ့ ဘြဲ႕ႏွင္းသဘင္အခမ္းနားအစီအစဥ္ကိုဖ်က္သိမ္းခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္တကၠသိုလ္ေက်ာင္းသားေတြဟာ ဂါဇာစစ္ပြဲနဲ႔ဆက္ႏြယ္ၿပီး အေမရိကန္အစိုးရက အစၥေရးႏိုင္ငံကို ကူညီေထာက္ပံ့ေပးေနျခင္းေတြကို စိတ္ဆိုးေဒါသျဖစ္ေနေၾကာင္း သိရပါတယ္။ အေမရိကန္ႏိုင္ငံအျပင္ ၿဗိတိန္၊ ၾသစေၾတးလ်ႏိုင္ငံတို႔ရွိ တကၠသိုလ္ေတြမွာလည္း ဂါဇာစစ္ပြဲနဲ႔ဆက္ႏြယ္ၿပီးတကၠသိုလ္ေက်ာင္းသားေတြဆႏၵျပခဲ့ေၾကာင္းသိရပါတယ္။ အေမရိကန္သမၼတကေတာ့ ဆႏၵျပေက်ာင္းသားေတြကို သတိေပးထားၿပီး အမိန႔္စည္းကမ္းဥပေဒေတြကိုလိုက္နာဖို႔ တိုက္တြန္းေတာင္းဆိုထားပါတယ္။

ဆႏၵျပတကၠသိုလ္ေက်ာင္းသားေတြဟာ ၎တို႔ၿဖိဳခြင္းခံရျခင္းကို လိုလားျခင္းမရွိတဲ့အတြက္လာမယ့္သီတင္းပတ္မ်ားအတြင္း ဆႏၵျပပြဲမ်ားထပ္မံလုပ္ေဆာင္ဖို႔ စီစဥ္ေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.