သြစတြေးလျဝန်ကြီးချုပ်က တရုတ်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ လက်ခံနိုင်ဖွယ်မရှိဟု ပြော

 11575

ALynn (NP News) - မေ ၇

ကုလသမဂ္ဂ၏ မြောက်ကိုရီယားအပေါ် ဒဏ်ခတ်အရေးယူမှုကို တွန်းအားပေးသည့် စစ်ဆင်ရေးကို ထမ်းဆောင်နေ သော သြစတြေးလျကာကွယ်ရေးဝန်ထမ်းများသည် တရုတ်စစ်တပ်နှင့် နိုင်ငံတကာလေပိုင်နက်ထဲတွင် ထိပ်တိုက် တွေ့ဆုံပြီး အန္တရာယ်ကျရောက်စေခဲ့ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီစ်က အင်္ဂါနေ့ (မေလ ၇ရက်) တွင် ပြောကြားခဲ့သည်။

ပင်လယ်ဝါတွင် သြစတြေးလျစစ်ရဟတ်ယာဉ်တစ်စီးသည် တရုတ်တိုက်လေယာဉ်တစ်စင်း နှင့် ထိပ်တိုက်တွေ့ဆုံ ခဲ့ပြီး လက်ခံနိုင်ဖွယ်မရှိသော အန္တရာယ်ဖြစ်စေခဲ့ကြောင်း သြစတြေးလျက တနင်္လာနေ့ မေလ ၆ ရက်တွင် ပြောကြားခဲ့သည်။

သြစတြေးလျ MH60R Seahawk ရဟတ်ယာဉ်သည် မြောက်ကိုရီယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သည့် စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအဖြစ် စနေနေ့က ပုံမှန်ပျံသန်းနေချိန်တွင် တရုတ်လေတပ် J-10 ဂျက်လေယာဉ်က ၎င်း၏ရှေ့တွင် မီးတောက်များ ပစ်ချခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Richard Marles က ပြောကြားခဲ့သည်။ ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုတွင် အယ်လ်ဘာနီစ်က တရုတ်နိုင်ငံသည် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သြစတြေးလျအား လူသိရှင်ကြား တုံ့ပြန်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။

“၎င်းကိစ္စရပ်ကို ရှင်းရှင်းလင်းလင်းနှင့် ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုပေးစေလိုကြောင်း၊ ၎င်းအပြုအမူမျိုး ကို လက်သင့်မခံနိုင်ကြောင်း၊ သြစတြေးလျ ကာကွယ်ရေးဝန်ထမ်းများသည် နိုင်ငံတကာ ရေပိုင်နက် ၊ နိုင်ငံတကာ လေပိုင်နက်အတွင်း မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂမှ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို သေချာစေ ရန် လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ တရုတ်စစ်တပ်၏ မဆင်မခြင်အပြုအမူကြောင့် အန္တရာယ်တစ်စုံတစ်ရာ မဖြစ်သင့်ကြောင်း” ဩစတြေးလျဝန်ကြီးချုပ်က Nine's Today Show သို့ ပြောကြားခဲ့သည်။

နှစ်ပေါင်းများစွာ တင်းမာသောဆက်ဆံရေးနှင့် ကုန်သွယ်ရေးအငြင်းပွားမှုများအပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးပိုမို နီးကပ်လာသည့် ခြောက်လအတွင်း ဒုတိယအကြိမ်မြောက် ယခုလိုဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလကလည်း တရုတ်ရေတပ်သင်္ဘောတစ်စင်းသည် ရေအောက်ဆိုနာ (အသံလှိုင်းဖြင့် ရေအောက်ဝတ္တုတို့ ၏တည်နေရာကို ရှာဖွေသော ကိရိယာ) ကို အသုံးပြု၍ ဂျပန်ရေပိုင်နက်အတွင်းရှိ ဩစတြေးလျရေငုပ်သမား အချို့ကို ဒဏ်ရာရရှိစေခဲ့ကြောင်း သိရသည်။

ယင်းတွင် တရုတ်က ၎င်း၏ ဆိုနာကို အသုံးမပြုခဲ့ကြောင်း ငြင်းဆိုသော်လည်း သြစတြေးလျက အဆိုပါ ရှင်းလင်းချက်ကို ပယ်ချခဲ့သည်။ တရုတ်ရေတပ်သင်္ဘောများသည် မကြာသေးမီနှစ်များအတွင်း သြစတြေးလျကမ်းရိုးတန်းအား အကြိမ်ပေါင်းများစွာ ခြေရာခံခဲ့ပြီး အမေရိကန်စစ်တပ်နှင့် စစ်ရေးလေ့ကျင့်မှုများကိုလည်း စောင့်ကြည့်ထောက်လှမ်းလျက်ရှိသည်။

Zawgyi Version;
ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္က တ႐ုတ္စစ္တပ္၏ ေလေၾကာင္းတိုက္ခိုက္မႈမွာ လက္ခံႏိုင္ဖြယ္မရွိဟု ေျပာ
ALynn (NP News) - ေမ ၇

ကုလသမဂၢ၏ ေျမာက္ကိုရီယားအေပၚ ဒဏ္ခတ္အေရးယူမႈကို တြန္းအားေပးသည့္ စစ္ဆင္ေရးကို ထမ္းေဆာင္ေန ေသာ ၾသစေၾတးလ်ကာကြယ္ေရးဝန္ထမ္းမ်ားသည္ တ႐ုတ္စစ္တပ္ႏွင့္ ႏိုင္ငံတကာေလပိုင္နက္ထဲတြင္ ထိပ္တိုက္ ေတြ႕ဆုံၿပီး အႏၲရာယ္က်ေရာက္ေစခဲ့ေၾကာင္း ဩစေၾတးလ်ဝန္ႀကီးခ်ဳပ္ အန္တိုနီအယ္လ္ဘာနီစ္က အဂၤါေန႔ (ေမလ ၇ရက္) တြင္ ေျပာၾကားခဲ့သည္။

ပင္လယ္ဝါတြင္ ၾသစေၾတးလ်စစ္ရဟတ္ယာဥ္တစ္စီးသည္ တ႐ုတ္တိုက္ေလယာဥ္တစ္စင္း ႏွင့္ ထိပ္တိုက္ေတြ႕ဆုံ ခဲ့ၿပီး လက္ခံႏိုင္ဖြယ္မရွိေသာ အႏၲရာယ္ျဖစ္ေစခဲ့ေၾကာင္း ၾသစေၾတးလ်က တနလၤာေန႔ ေမလ ၆ ရက္တြင္ ေျပာၾကားခဲ့သည္။

ၾသစေၾတးလ် MH60R Seahawk ရဟတ္ယာဥ္သည္ ေျမာက္ကိုရီယားအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ျပဳလုပ္သည့္ စစ္ဆင္ေရးတစ္စိတ္တစ္ပိုင္းအျဖစ္ စေနေန႔က ပုံမွန္ပ်ံသန္းေနခ်ိန္တြင္ တ႐ုတ္ေလတပ္ J-10 ဂ်က္ေလယာဥ္က ၎၏ေရွ႕တြင္ မီးေတာက္မ်ား ပစ္ခ်ခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီး Richard Marles က ေျပာၾကားခဲ့သည္။ ႐ုပ္ျမင္သံၾကားအင္တာဗ်ဴးတစ္ခုတြင္ အယ္လ္ဘာနီစ္က တ႐ုတ္ႏိုင္ငံသည္ အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္၍ ၾသစေၾတးလ်အား လူသိရွင္ၾကား တုံ႔ျပန္ျခင္းမရွိေသးေၾကာင္း ေျပာၾကားခဲ့သည္။

“၎ကိစၥရပ္ကို ရွင္းရွင္းလင္းလင္းႏွင့္ ျပတ္ျပတ္သားသား ထုတ္ေဖာ္ေျပာဆိုေပးေစလိုေၾကာင္း၊ ၎အျပဳအမူမ်ိဳး ကို လက္သင့္မခံႏိုင္ေၾကာင္း၊ ၾသစေၾတးလ် ကာကြယ္ေရးဝန္ထမ္းမ်ားသည္ ႏိုင္ငံတကာ ေရပိုင္နက္ ၊ ႏိုင္ငံတကာ ေလပိုင္နက္အတြင္း ေျမာက္ကိုရီးယားအေပၚ ကုလသမဂၢမွ ခ်မွတ္ထားေသာ ပိတ္ဆို႔အေရးယူမႈမ်ားကို ေသခ်ာေစ ရန္ လုပ္ေဆာင္ေနၾကျခင္းျဖစ္ေၾကာင္း၊ တ႐ုတ္စစ္တပ္၏ မဆင္မျခင္အျပဳအမူေၾကာင့္ အႏၲရာယ္တစ္စုံတစ္ရာ မျဖစ္သင့္ေၾကာင္း” ဩစေၾတးလ်ဝန္ႀကီးခ်ဳပ္က Nine's Today Show သို႔ ေျပာၾကားခဲ့သည္။

ႏွစ္ေပါင္းမ်ားစြာ တင္းမာေသာဆက္ဆံေရးႏွင့္ ကုန္သြယ္ေရးအျငင္းပြားမႈမ်ားအၿပီး ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးပိုမို နီးကပ္လာသည့္ ေျခာက္လအတြင္း ဒုတိယအႀကိမ္ေျမာက္ ယခုလိုျဖစ္ရပ္မ်ိဳး ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ၿပီးခဲ့သည့္ ႏိုဝင္ဘာလကလည္း တ႐ုတ္ေရတပ္သေဘၤာတစ္စင္းသည္ ေရေအာက္ဆိုနာ (အသံလႈိင္းျဖင့္ ေရေအာက္ဝတၱဳတို႔ ၏တည္ေနရာကို ရွာေဖြေသာ ကိရိယာ) ကို အသုံးျပဳ၍ ဂ်ပန္ေရပိုင္နက္အတြင္းရွိ ဩစေၾတးလ်ေရငုပ္သမား အခ်ိဳ႕ကို ဒဏ္ရာရရွိေစခဲ့ေၾကာင္း သိရသည္။

ယင္းတြင္ တ႐ုတ္က ၎၏ ဆိုနာကို အသုံးမျပဳခဲ့ေၾကာင္း ျငင္းဆိုေသာ္လည္း ၾသစေၾတးလ်က အဆိုပါ ရွင္းလင္းခ်က္ကို ပယ္ခ်ခဲ့သည္။ တ႐ုတ္ေရတပ္သေဘၤာမ်ားသည္ မၾကာေသးမီႏွစ္မ်ားအတြင္း ၾသစေၾတးလ်ကမ္း႐ိုးတန္းအား အႀကိမ္ေပါင္းမ်ားစြာ ေျခရာခံခဲ့ၿပီး အေမရိကန္စစ္တပ္ႏွင့္ စစ္ေရးေလ့က်င့္မႈမ်ားကိုလည္း ေစာင့္ၾကည့္ေထာက္လွမ္းလ်က္ရွိသည္။

Related news

© 2021. All rights reserved.