မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ သစ်ပင်လဲကျမှုကြောင့် လူတစ်ဦးသေဆုံး

 187

ရောင်နီ (NP News) - မေ ၈

အင်္ဂါနေ့ (မေလ ၇ ရက်) က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်မှု ဖြစ်စဉ်ကြောင့် သစ်ပင်ကြီးတစ်ပင်လဲကျကာ အမျိုးသားတစ်ဦး သေဆုံးပြီး အခြားအမျိုးသားတစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအဖြစ်အပျက်ဟာ Concorde Hotel အပြင်ဘက်ရှိ Jalan Sultan Ismail မှာ မွန်းလွဲ ၂ နာရီ ၂ဝ ခန့်က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မုန်သည်းထန်စွာရွာသွန်းမှုကြောင့် ကွာလာလမ်ပူမြို့လယ်မှာ မော်တော်ယာဉ်များ ပျက်စီးခြင်း၊ ဘတ်စ်ကားမှတ်တိုင်နဲ့ မိုနီရထားလမ်းများ ပျက်စီးခြင်းတို့ ဖြစ်ခဲ့ပါတယ်။ သစ်ပင်ကြီး ပြိုလဲမှုမှ လူထိခိုက်ခဲ့တဲ့ ဖုန်းခေါ်ဆိုမှုရရှိခဲ့ပြီးနောက် မလေးရှားမီးသတ်နဲ့ ယ်ဆယ်ရေးဌာနက မွန်းလွဲ ၂ နာရီ ၁၉ မိနစ်မှာ အခင်းဖြစ်နေရာကို အရာရှိ ၂၇ ဦး စေလွှတ်ပေးခဲ့ပါတယ်။

သစ်ပင်ပိပြီး စေဆုံးသူဟာ အသက် (၄၇) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဆေးရုံရောက်မှ သေဆုံးခဲ့ရကာ အခြား ဒဏ်ရာရရှိသူကတော့ အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူမွာ သစ္ပင္လဲက်မႈေၾကာင့္ လူတစ္ဦးေသဆုံး
ေရာင္နီ (NP News) - ေမ ၈

အဂၤါေန႔ (ေမလ ၇ ရက္) က မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူမွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး မိုးႀကိဳးပစ္မႈ ျဖစ္စဥ္ေၾကာင့္ သစ္ပင္ႀကီးတစ္ပင္လဲက်ကာ အမ်ိဳးသားတစ္ဦး ေသဆုံးၿပီး အျခားအမ်ိဳးသားတစ္ဦး ဒဏ္ရာျပင္းျပင္းထန္ထန္ ရရွိခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါအျဖစ္အပ်က္ဟာ Concorde Hotel အျပင္ဘက္ရွိ Jalan Sultan Ismail မွာ မြန္းလြဲ ၂ နာရီ ၂ဝ ခန႔္က ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ မုန္သည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ကြာလာလမ္ပူၿမိဳ႕လယ္မွာ ေမာ္ေတာ္ယာဥ္မ်ား ပ်က္စီးျခင္း၊ ဘတ္စ္ကားမွတ္တိုင္နဲ႔ မိုနီရထားလမ္းမ်ား ပ်က္စီးျခင္းတို႔ ျဖစ္ခဲ့ပါတယ္။ သစ္ပင္ႀကီး ၿပိဳလဲမႈမွ လူထိခိုက္ခဲ့တဲ့ ဖုန္းေခၚဆိုမႈရရွိခဲ့ၿပီးေနာက္ မေလးရွားမီးသတ္နဲ႔ ယ္ဆယ္ေရးဌာနက မြန္းလြဲ ၂ နာရီ ၁၉ မိနစ္မွာ အခင္းျဖစ္ေနရာကို အရာရွိ ၂၇ ဦး ေစလႊတ္ေပးခဲ့ပါတယ္။

သစ္ပင္ပိၿပီး ေစဆုံးသူဟာ အသက္ (၄၇) ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး ေဆး႐ုံေရာက္မွ ေသဆုံးခဲ့ရကာ အျခား ဒဏ္ရာရရွိသူကေတာ့ အသက္ ၂၆ ႏွစ္အ႐ြယ္ လူငယ္တစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.