လှိုင်သာယာမြို့နယ်တွင် YBS (79) ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

3126

စော (NP News) - မေ ၁၂
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် YBS (79) ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သွေးဒါနမျိုးဆက်လူမှု ကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုမှာ ယနေ့ (မေလ ၁၂ ရက်)၊ နံနက် ၁၀ နာရီ (၄၄)မိနစ်အချိန်တွင် လှိုင်သာယာမြို့နယ်၊ ညောင်တုန်း လမ်း၊ သမကုန်းကားမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“လူတွေဘာတွေလည်း ထိခိုက်မှုမရှိဘူး။ ကျွန်တော်တို့သွားတော့ ဒီအတိုင်း မီးငြှိမ်းနေတာပဲရှိတယ်။ အပူလွန်ကဲ ပြီးလောင်တာဖြစ်မယ်။ ကားရဲ့အနောက်ပိုင်းပဲ ပျက်စီးသွားတယ်။ အရှေ့ပိုင်းတော့မပါဘူး” ဟု သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
မီးလောင်မှုအား လှိုင်သာယာမြိုနယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မိနစ်အပိုင်း အတွင်း မီးငြိမ်းသွားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် မေလ (၂)ရက်၊ ညနေပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၅၃)ရပ်ကွက်၊ အမှတ် (၂)လမ်းမတွင် ကမ္ဘာကျော်အမည်ရှိ ပဲခူး-ရန်ကုန် ပြေးဆွဲနေသော ခရီးသည်တင်ကားတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ (၅)ရက်၊ နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာ တံတားအဆင်းတွင် ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။

Zawgyi Version;
လႈိင္သာယာၿမိဳ႕နယ္တြင္ YBS (79) ယာဥ္တစ္စီး မီးေလာင္မႈျဖစ္ပြား
ေစာ (NP News) - ေမ ၁၂
ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္တြင္ YBS (79) ယာဥ္တစ္စီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ေသြးဒါနမ်ိဳးဆက္လူမႈ ကူညီေရးအသင္းထံမွ သိရသည္။
မီးေလာင္မႈမွာ ယေန႔ (ေမလ ၁၂ ရက္)၊ နံနက္ ၁၀ နာရီ (၄၄)မိနစ္အခ်ိန္တြင္ လႈိင္သာယာၿမိဳ႕နယ္၊ ေညာင္တုန္း လမ္း၊ သမကုန္းကားမွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
“လူေတြဘာေတြလည္း ထိခိုက္မႈမရွိဘူး။ ကြၽန္ေတာ္တို႔သြားေတာ့ ဒီအတိုင္း မီးျငႇိမ္းေနတာပဲရွိတယ္။ အပူလြန္ကဲ ၿပီးေလာင္တာျဖစ္မယ္။ ကားရဲ႕အေနာက္ပိုင္းပဲ ပ်က္စီးသြားတယ္။ အေရွ႕ပိုင္းေတာ့မပါဘူး” ဟု ေသြးဒါနမ်ိဳးဆက္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
မီးေလာင္မႈအား လႈိင္သာယာၿမိဳနယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္(၁)စီးျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ရာ မိနစ္အပိုင္း အတြင္း မီးၿငိမ္းသြားေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ေမလ (၂)ရက္၊ ညေနပိုင္းတြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၁၅၃)ရပ္ကြက္၊ အမွတ္ (၂)လမ္းမတြင္ ကမာၻေက်ာ္အမည္ရွိ ပဲခူး-ရန္ကုန္ ေျပးဆြဲေနေသာ ခရီးသည္တင္ကားတစ္စီး မီးေလာင္မႈ ျဖစ္ပြားခဲ့ေသးသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ေမလ (၅)ရက္၊ နံနက္ပိုင္းတြင္ အင္းစိန္ၿမိဳ႕နယ္၊ ဒညင္းကုန္းရပ္ကြက္၊ ေ႐ႊျပည္သာ တံတား အဆင္းတြင္ ယာဥ္တစ္စီး မီးေလာင္မႈျဖစ္ပြားခဲ့ေသးသည္။