အိန္ဒိယနိုင်ငံမှာ တံတားတစ်စင်းပြိုကျခဲ့ပြီး အနည်းဆုံးလူ(၆)ဦးသေဆုံး

 229

Pika (NP News) - ဇွန် ၁၇

အိန္ဒိယနိုင်ငံအနောက်ပိုင်း Pune မြို့ရှိ Indrayani မြစ်ပေါ်မှာတည်ဆောက်ထားတဲ့ တံတားတစ်စင်းပြိုကျခဲ့ပြီးနောက် အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် တံတားပြိုကျမှုနဲ့အတူ အခြားလူ(၂၅)ဦးဟာ ရေစီးနဲ့အတူ မျောပါသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တာဝန်ရှိသူတစ်ဦးက "အချို့လူတွေဟာ ရေစီးနဲ့အတူ မျောပါသွားခဲ့ပါတယ်။သူတို့တွေကို ရှာဖွေဖို့အတွက် ရှာဖွေကယ်ဆယ်‌ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ဆက်လက်လုပ်ဆောင်နေပါတယ်။"လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီတံတားပျက်ကျမှုဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံမှာ ခရီးသည်တင်လေယာဉ်ပျက်ကျမှုနဲ့ ရဟတ်ယာဉ်ပျက်ကျမှုတို့ဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ထပ်မံဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လ(၁၂)ရက်နေ့က လန်ဒန်မြို့ကိုပျံသန်းမယ့် အိန္ဒိယခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပျံတက်ပြီးနောက်မိနစ်ပိုင်းအကြာမှာ လူနေရပ်ကွက်တစ်ခုအတွင်းကို ပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၂၉၀)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ဇွန်လ(၁၅)ရက် အ‌စောပိုင်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttarakhand ပြည်နယ်မှာ လူ(၇)ဦးလိုက်ပါလာတဲ့ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံး သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
အိႏၵိယႏိုင္ငံမွာ တံတားတစ္စင္းၿပိဳက်ခဲ့ၿပီး အနည္းဆုံးလူ(၆)ဦးေသဆုံး
Pika (NP News) - ဇြန္ ၁၇

အိႏၵိယႏိုင္ငံအေနာက္ပိုင္း Pune ၿမိဳ႕ရွိ Indrayani ျမစ္ေပၚမွာတည္ေဆာက္ထားတဲ့ တံတားတစ္စင္းၿပိဳက်ခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၆)ဦးေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ တံတားၿပိဳက်မႈနဲ႔အတူ အျခားလူ(၂၅)ဦးဟာ ေရစီးနဲ႔အတူ ေမ်ာပါသြားခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ တာဝန္ရွိသူတစ္ဦးက "အခ်ိဳ႕လူေတြဟာ ေရစီးနဲ႔အတူ ေမ်ာပါသြားခဲ့ပါတယ္။သူတို႔ေတြကို ရွာေဖြဖို႔အတြက္ ရွာေဖြကယ္ဆယ္‌ေရးလုပ္ငန္းေတြကို ကြၽန္ေတာ္တို႔ဆက္လက္လုပ္ေဆာင္ေနပါတယ္။"လို႔ ေျပာဆိုခဲ့ပါတယ္။ အဲဒီတံတားပ်က္က်မႈျဖစ္စဥ္ဟာ အိႏၵိယႏိုင္ငံမွာ ခရီးသည္တင္ေလယာဥ္ပ်က္က်မႈနဲ႔ ရဟတ္ယာဥ္ပ်က္က်မႈတို႔ျဖစ္ပြားခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ထပ္မံျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ဇြန္လ(၁၂)ရက္ေန႔က လန္ဒန္ၿမိဳ႕ကိုပ်ံသန္းမယ့္ အိႏၵိယခရီးသည္တင္ေလယာဥ္တစ္စင္းဟာ ပ်ံတက္ၿပီးေနာက္မိနစ္ပိုင္းအၾကာမွာ လူေနရပ္ကြက္တစ္ခုအတြင္းကို ပ်က္က်ခဲ့ၿပီး အနည္းဆုံးလူ(၂၉၀)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ဇြန္လ(၁၅)ရက္ အ‌ေစာပိုင္းက အိႏၵိယႏိုင္ငံေျမာက္ပိုင္း Uttarakhand ျပည္နယ္မွာ လူ(၇)ဦးလိုက္ပါလာတဲ့ ရဟတ္ယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး လိုက္ပါသြားသူအားလုံး ေသဆုံးသြားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.