အိန္ဒိယနိုင်ငံမှာ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၂၉၀)ဦးသေဆုံး

541

Pika (NP News)- June 13
ဇွန်လ(၁၂)ရက်နေ့က လန်ဒန်မြို့ကို ပျံသန်းမယ့် Air India လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစ်စင်းဟာ Ahmedabadမြို့ကနေ ပျံတက်ပြီးနောက် မိနစ်ပိုင်းအကြာမှာ ဆေးဘက်ဆိုင်ရာကောလိပ်အဆောင်တစ်ခုပေါ်ကို ပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၂၉၀)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီလေယာဉ်ပေါ်မှာ စုစုပေါင်းလူ(၂၄၂)ဦးလိုက်ပါလာခဲ့ပြီး တစ်ဦးသာအသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်ကသေဆုံးသူတွေအပါအဝင် စုစုပေါင်းသေဆုံးသူအရေအတွက်ဟာ အနည်းဆုံးလူ(၂၉၀)ဦးအထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ Ahmedabadမြို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။အဲ့ဒီခရီးသည်တင်လေယာဉ်ဟာ ဂူဂျာရတ်ပြည်နယ် Sardar Vallabhbhai Patelလေဆိပ်ကနေ ပျံတက်ခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာပဲ လူနေရပ်ကွက်တစ်ခုပေါ်ကို ပျက်ကျခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ပျက်ကျမှုနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်တွေမှာ အခင်းဖြစ်ပွားရာနေရာကနေ ကြီးမားတဲ့မီးခိုးလုံးကြီးတွေ ထွက်ပေါ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ဒါပေမယ့်လည်း လေယာဉ်ပျက်ကျမှုဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကိုတော့ လက်ရှိအချိန်အထိ အာဏာပိုင်တွေက အတည်ပြုနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ပျက်ကျမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်စဉ်အချိန်အတွင်း ခရီးသည်တစ်ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။အဲ့ဒီခရီးသည်ဟာ ထိုင်ခုံနံပါတ်(၁၁)အေမှာထိုင်တဲ့ Vishwash Kumar Rameshဆိုတဲ့အမျိုးသားတစ်ဦးဖြစ်တယ်လို့ Ahmedabadမြို့ရဲမင်းကြီး GS Malikက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။Vishwash Kumar Rameshဟာ လေယာဉ်နဲ့အဆောက်အဦးနဲ့မတိုက်မိခင် လေယာဉ်ပေါ်ကနေ ခုန်ချခဲ့ပုံပေါ်တယ်လို့ ရေးသားဖော်ပြထားမှုတွေလည်း ရှိနေပါတယ်။ Air Indiaလေကြောင်းလိုင်းရဲ့အဆိုအရ လေယာဉ်ပေါ်မှာလိုက်ပါသွားတဲ့ခရီးသည်(၂၄၂)ဦးအနက် (၁၆၉)ဦးဟာ အိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး (၅၃)ဦးက ဗြိတိန်နိုင်ငံသားတွေဖြစ်ကာ (၇)ဦးကပေါ်တူဂီနိုင်ငံသားတွေဖြစ်ပြီး တစ်ဦးက ကနေဒါနိုင်ငံသားဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Verrsion:
အိႏၵိယႏိုင္ငံမွာ ခရီးသည္တင္ေလယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး အနည္းဆုံးလူ(၂၉၀)ဦးေသဆုံး
Pika (NP News)- June 13
ဇြန္လ(၁၂)ရက္ေန႔က လန္ဒန္ၿမိဳ႕ကို ပ်ံသန္းမယ့္ Air India ေလေၾကာင္းလိုင္းက ခရီးသည္တင္ေလယာဥ္တစ္စင္းဟာ Ahmedabadၿမိဳ႕ကေန ပ်ံတက္ၿပီးေနာက္ မိနစ္ပိုင္းအၾကာမွာ ေဆးဘက္ဆိုင္ရာေကာလိပ္အေဆာင္တစ္ခုေပၚကို ပ်က္က်ခဲ့ၿပီး အနည္းဆုံးလူ(၂၉၀)ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။အဲ့ဒီေလယာဥ္ေပၚမွာ စုစုေပါင္းလူ(၂၄၂)ဦးလိုက္ပါလာခဲ့ၿပီး တစ္ဦးသာအသက္ရွင္လြတ္ေျမာက္ခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ေလယာဥ္ပ်က္က်မႈေၾကာင့္ ေျမျပင္ကေသဆုံးသူေတြအပါအဝင္ စုစုေပါင္းေသဆုံးသူအေရအတြက္ဟာ အနည္းဆုံးလူ(၂၉၀)ဦးအထိ ရွိလာခဲ့ၿပီျဖစ္တယ္လို႔ Ahmedabadၿမိဳ႕ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။အဲ့ဒီခရီးသည္တင္ေလယာဥ္ဟာ ဂူဂ်ာရတ္ျပည္နယ္ Sardar Vallabhbhai Patelေလဆိပ္ကေန ပ်ံတက္ခဲ့ၿပီးေနာက္ မိနစ္ပိုင္းအၾကာမွာပဲ လူေနရပ္ကြက္တစ္ခုေပၚကို ပ်က္က်ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ပ်က္က်မႈနဲ႔ပတ္သက္ၿပီး ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုဖိုင္ေတြမွာ အခင္းျဖစ္ပြားရာေနရာကေန ႀကီးမားတဲ့မီးခိုးလုံးႀကီးေတြ ထြက္ေပၚေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ဒါေပမယ့္လည္း ေလယာဥ္ပ်က္က်မႈဘာေၾကာင့္ျဖစ္ပြားရတယ္ဆိုတဲ့အခ်က္ကိုေတာ့ လက္ရွိအခ်ိန္အထိ အာဏာပိုင္ေတြက အတည္ျပဳႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ပ်က္က်မႈျဖစ္ပြားၿပီးေနာက္ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္စဥ္အခ်ိန္အတြင္း ခရီးသည္တစ္ဦးကို အသက္ရွင္လ်က္ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။အဲ့ဒီခရီးသည္ဟာ ထိုင္ခုံနံပါတ္(၁၁)ေအမွာထိုင္တဲ့ Vishwash Kumar Rameshဆိုတဲ့အမ်ိဳးသားတစ္ဦးျဖစ္တယ္လို႔ Ahmedabadၿမိဳ႕ရဲမင္းႀကီး GS Malikက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။Vishwash Kumar Rameshဟာ ေလယာဥ္နဲ႔အေဆာက္အဦးနဲ႔မတိုက္မိခင္ ေလယာဥ္ေပၚကေန ခုန္ခ်ခဲ့ပုံေပၚတယ္လို႔ ေရးသားေဖာ္ျပထားမႈေတြလည္း ရွိေနပါတယ္။ Air Indiaေလေၾကာင္းလိုင္းရဲ႕အဆိုအရ ေလယာဥ္ေပၚမွာလိုက္ပါသြားတဲ့ခရီးသည္(၂၄၂)ဦးအနက္ (၁၆၉)ဦးဟာ အိႏၵိယႏိုင္ငံသားေတြျဖစ္ၿပီး (၅၃)ဦးက ၿဗိတိန္ႏိုင္ငံသားေတြျဖစ္ကာ (၇)ဦးကေပၚတူဂီႏိုင္ငံသားေတြျဖစ္ၿပီး တစ္ဦးက ကေနဒါႏိုင္ငံသားျဖစ္တယ္လို႔လည္း သိရပါတယ္။