ပါလက်စတိုင်းလိုလားတဲ့ ကျောင်းသားဆန္ဒပြပွဲတွေက နော်ဒစ်နိုင်ငံတွေအထိ ပျံနှံ့လာ

 644

Pika (NP News) - မေ ၈

ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ဥရောပနဲ့ အမေရိကန် တက္ကသိုလ်ကျောင်းတွေမှာဖြစ်ပွားနေတဲ့ ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲတွေဟာ နော်ဒစ်နိုင်ငံတွေအထိ ပျံ့နှံ့သွားပြီလို့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

ဖင်လန်နိုင်ငံမှာ ပါလက်စတိုင်းလိုလားတဲ့ ဒါဇင်နဲ့ချီတဲ့ဆန္ဒပြကျောင်းသားတွေဟာ Helsinki တက္ကသိုလ်အပြင်ဘက်မှာ စခန်းချခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီကျောင်းသားတွေဟာ အပြန်အလှန်ဖလှယ်ရေးကျောင်းသား သဘောတူညီချက်တွေနဲ့ သုတေသနပူးပေါင်းဆောင် ရွက်မှုတွေကို ရပ်ဆိုင်းခြင်းအပါအဝင် အစ္စရေးတက္ကသိုလ်တွေနဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်ကြဖို့ တောင်းဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။ အစ္စရေးတက္ကသိုလ်တွေ အထူးသဖြင့် Tel Aviv တက္ကသိုလ်နဲ့ Hebrew University of Jerusalem တို့ဟာ ဂါဇာမှာ အသုံးပြုနေတဲ့ လက်နက်နည်းပညာတွေကို တီထွင်ထုတ်လုပ်ပြီး အစ္စရေးစစ်တပ်နဲ့ပူးပေါင်းကာ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ခန်းတွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိတယ်လို့ ဆန္ဒပြသူတွေကပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ဖင်လန်တက္ကသိုလ်တွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အစ္စရေးနဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်လိုက်တဲ့ နော်ဝေးတက္ကသိုလ်(၅)ခုရဲ့ လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်သင့်တယ်လို့ ဆန္ဒပြသူတွေကပြောကြားခဲ့ပါတယ်။ တောင်းဆိုချက်တွေအားလုံးကို မလိုက်လျော မပေးမချင်း ဆန္ဒပြပွဲတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆန္ဒပြကျောင်းသားတွေက သတိပေးပြောဆိုခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံမှာ ကျောင်းသားတွေဟာ ကိုပင်ဟေဂင်တက္ကသိုလ်မှာ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြပွဲကို လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ကျောင်းသားတွေအနေနဲ့ ဆန္ဒပြပွဲတွေ လုပ်ဆောင်နိုင်ပေမယ့် ကျောင်းဝင်းအတွင်း စည်းကမ်းချက်တွေကို လေးစားလိုက်နာဖို့ ကိုပင်ဟေဂင်တက္ကသိုလ်က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဆွီဒင်အစိုးရဟာ ဆန္ဒပြပွဲတွေမဖြစ်ပွားမီ လုံခြုံရေးကို တင်းကြပ်ထားပြီး ရဲတပ်ဖွဲ့ဝင်တွေကို လက်နက်ကြီးတွေပေးထားတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဆွီဒင်အစိုးရဟာ ဒိန်းမတ်နဲ့နော်ဝေးနိုင်ငံတို့က အရာရှိတွေကို စစ်ကူခေါ်ယူထားတယ်လို့လည်း သိရပါတယ်။

zawgyi version
ပါလက္စတိုင္းလိုလားတဲ့ ေက်ာင္းသားဆႏၵျပပြဲေတြက ေနာ္ဒစ္ႏိုင္ငံေတြအထိ ပ်ံႏွံ႔လာ
Pika (NP News) - ေမ ၈

ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့ စစ္ပြဲနဲ႔ပတ္သက္ၿပီး ဥေရာပနဲ႔ အေမရိကန္ တကၠသိုလ္ေက်ာင္းေတြမွာျဖစ္ပြားေနတဲ့ ပါလက္စတိုင္းလိုလားတဲ့ဆႏၵျပပြဲေတြဟာ ေနာ္ဒစ္ႏိုင္ငံေတြအထိ ပ်ံ႕ႏွံ႔သြားၿပီလို႔ သတင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရသိရပါတယ္။

ဖင္လန္ႏိုင္ငံမွာ ပါလက္စတိုင္းလိုလားတဲ့ ဒါဇင္နဲ႔ခ်ီတဲ့ဆႏၵျပေက်ာင္းသားေတြဟာ Helsinki တကၠသိုလ္အျပင္ဘက္မွာ စခန္းခ်ခဲ့ၾကတယ္လို႔ သိရပါတယ္။ အဲဒီေက်ာင္းသားေတြဟာ အျပန္အလွန္ဖလွယ္ေရးေက်ာင္းသား သေဘာတူညီခ်က္ေတြနဲ႔ သုေတသနပူးေပါင္းေဆာင္ ႐ြက္မႈေတြကို ရပ္ဆိုင္းျခင္းအပါအဝင္ အစၥေရးတကၠသိုလ္ေတြနဲ႔ ဆက္ဆံေရးေတြကို ျဖတ္ေတာက္ၾကဖို႔ ေတာင္းဆိုခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ အစၥေရးတကၠသိုလ္ေတြ အထူးသျဖင့္ Tel Aviv တကၠသိုလ္နဲ႔ Hebrew University of Jerusalem တို႔ဟာ ဂါဇာမွာ အသုံးျပဳေနတဲ့ လက္နက္နည္းပညာေတြကို တီထြင္ထုတ္လုပ္ၿပီး အစၥေရးစစ္တပ္နဲ႔ပူးေပါင္းကာ စစ္ဘက္ဆိုင္ရာ ေလ့က်င့္ခန္းေတြမွာ ပါဝင္ေဆာင္႐ြက္လ်က္ရွိတယ္လို႔ ဆႏၵျပသူေတြကေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ဖင္လန္တကၠသိုလ္ေတြဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလမွာ အစၥေရးနဲ႔ ဆက္ဆံေရးေတြကို ျဖတ္ေတာက္လိုက္တဲ့ ေနာ္ေဝးတကၠသိုလ္(၅)ခုရဲ႕ လုပ္ေဆာင္ခ်က္အတိုင္း လုပ္ေဆာင္သင့္တယ္လို႔ ဆႏၵျပသူေတြကေျပာၾကားခဲ့ပါတယ္။ ေတာင္းဆိုခ်က္ေတြအားလုံးကို မလိုက္ေလ်ာ မေပးမခ်င္း ဆႏၵျပပြဲေတြကို ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ဆႏၵျပေက်ာင္းသားေတြက သတိေပးေျပာဆိုခဲ့ပါတယ္။ ဒိန္းမတ္ႏိုင္ငံမွာ ေက်ာင္းသားေတြဟာ ကိုပင္ေဟဂင္တကၠသိုလ္မွာ ပါလက္စတိုင္းလိုလားတဲ့ ဆႏၵျပပြဲကို လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ေက်ာင္းသားေတြအေနနဲ႔ ဆႏၵျပပြဲေတြ လုပ္ေဆာင္ႏိုင္ေပမယ့္ ေက်ာင္းဝင္းအတြင္း စည္းကမ္းခ်က္ေတြကို ေလးစားလိုက္နာဖို႔ ကိုပင္ေဟဂင္တကၠသိုလ္က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဆြီဒင္အစိုးရဟာ ဆႏၵျပပြဲေတြမျဖစ္ပြားမီ လုံၿခဳံေရးကို တင္းၾကပ္ထားၿပီး ရဲတပ္ဖြဲ႕ဝင္ေတြကို လက္နက္ႀကီးေတြေပးထားတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဆြီဒင္အစိုးရဟာ ဒိန္းမတ္နဲ႔ေနာ္ေဝးႏိုင္ငံတို႔က အရာရွိေတြကို စစ္ကူေခၚယူထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.