NCA ထိုးထားသော 7 EAO Alliance ၏ ဦးဆောင်ကော်မတီအစည်းအဝေးပြုလုပ်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးကြိုးပမ်းနေ

 1372

မြူနစ် (NP News) - မေ ၈

NCA လက်မှတ်ရေးထိုးထားသော 7 EAO Alliance ၏ ဦးဆောင်ကော်မတီအစည်းအဝေးကို (၂)ရက်တာ ကျင်းပခဲ့ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

အဆိုပါ (၇)ဖွဲ့၏ ဦးဆောင်ကော်မတီအစည်းအဝေးကို မေ ၇ ရက်နှင့် ၈ ရက်တို့တွင် video conferencing စနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၎င်းအစည်းအဝေးကို RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

“7 EAO Alliance ဆိုတာထက်လေ အဲဒီမှာစုဖွဲ့ထားတဲ့ ဦးဆောင်ကော်မတီရဲ့ ပထမဆုံးအကြိမ် ဆွေးနွေးမှုပါ။ အစည်းအဝေးရလာဒ်ကတော့ ထွေထွေထူးထူးတော့ မရှိပါဘူး။ လက်ရှိ ကျွန်တော်တို့သွားနေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ စတင်ပြီးတော့ လုပ်သင့်လုပ်ထိုက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ stakeholder အားလုံးနဲ့ တစ်ဆင့်ချင်းစီတွေ့ဆုံနိုင်အောင် ကြိုးပမ်းဆောင်ရွက်မယ့်အစီအစဉ်တွေ၊ ဘာတွေကပဲ အဓိကလွှမ်းမိုးပြီးတော့ (၂)ရက်တာအစည်းအဝေးကို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ခဲ့ပါတယ်”ဟု 7 EAO Alliance အဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကိုပြောသည်။

လက်ရှိတွင် စစ်ရေးပဋိပက္ခများမှာ ပိုမိုပြင်းထန်နေလျက်ရှိသော်လည်း သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန်အတွက် သက်ဆိုင်သူများအားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှာ လိုအပ်နေလျက်ရှိကြောင်း သိရသည်။

zawgyi version
NCA ထိုးထားေသာ 7 EAO Alliance ၏ ဦးေဆာင္ေကာ္မတီအစည္းအေဝးျပဳလုပ္၊ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲျဖစ္ေျမာက္ေရးႀကိဳးပမ္းေန
ျမဴနစ္ (NP News) - ေမ ၈

NCA လက္မွတ္ေရးထိုးထားေသာ 7 EAO Alliance ၏ ဦးေဆာင္ေကာ္မတီအစည္းအေဝးကို (၂)ရက္တာ က်င္းပခဲ့ၿပီး ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲျဖစ္ေျမာက္ေရးအတြက္ ႀကိဳးပမ္းေနေၾကာင္း သတင္းရရွိသည္။

အဆိုပါ (၇)ဖြဲ႕၏ ဦးေဆာင္ေကာ္မတီအစည္းအေဝးကို ေမ ၇ ရက္ႏွင့္ ၈ ရက္တို႔တြင္ video conferencing စနစ္ျဖင့္ က်င္းပခဲ့ျခင္းျဖစ္ၿပီး ၎အစည္းအေဝးကို RCSS ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္လည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

“7 EAO Alliance ဆိုတာထက္ေလ အဲဒီမွာစုဖြဲ႕ထားတဲ့ ဦးေဆာင္ေကာ္မတီရဲ႕ ပထမဆုံးအႀကိမ္ ေဆြးေႏြးမႈပါ။ အစည္းအေဝးရလာဒ္ကေတာ့ ေထြေထြထူးထူးေတာ့ မရွိပါဘူး။ လက္ရွိ ကြၽန္ေတာ္တို႔သြားေနတဲ့ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲ ျဖစ္ေျမာက္ဖို႔ စတင္ၿပီးေတာ့ လုပ္သင့္လုပ္ထိုက္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈေတြ၊ stakeholder အားလုံးနဲ႔ တစ္ဆင့္ခ်င္းစီေတြ႕ဆုံႏိုင္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္မယ့္အစီအစဥ္ေတြ၊ ဘာေတြကပဲ အဓိကလႊမ္းမိုးၿပီးေတာ့ (၂)ရက္တာအစည္းအေဝးကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ၿပီးေျမာက္ခဲ့ပါတယ္”ဟု 7 EAO Alliance အဖြဲ႕မွ ေျပာခြင့္ရ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News ကိုေျပာသည္။

လက္ရွိတြင္ စစ္ေရးပဋိပကၡမ်ားမွာ ပိုမိုျပင္းထန္ေနလ်က္ရွိေသာ္လည္း သက္ဆိုင္သူမ်ားအားလုံးပါဝင္ေသာ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈျဖစ္ေျမာက္ေရးအတြက္ ႀကိဳးပမ္းေနေၾကာင္းလည္း ၎ကဆက္လက္ေျပာသည္။ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအက်ပ္အတည္းကို ေက်ာ္လႊားႏိုင္ရန္အတြက္ သက္ဆိုင္သူမ်ားအားလုံးပါဝင္သည့္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမွာ လိုအပ္ေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.