ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ တွေ့ဆုံရန် လတ်တလော၌ မဖြစ်နိုင်သေးဟု နစကတုံ့ပြန်

 1713

မြူနစ် (NP News) - မေ ၈

ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ တွေ့ဆုံရန် လတ်တလော၌ မဖြစ်နိုင်သေးကြောင်း နစကဘက်က ပြန်လည်တုံ့ပြန်ထားသည်။

ယမန်နေ့(မေ ၇ ရက်)နံနက်ပိုင်းတွင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မစ္စတာဟွန်ဆန်တို့သည် video conferencing စနစ်ဖြင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် မစ္စတာဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အသိပေးတောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့တောင်းဆိုမှုအပေါ် နစက၏ သဘောထားအား ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(မေ ၈ ရက်)တွင် မီဒီယာများကို အသိပေးပြောဆိုရာ၌ လတ်တလောတွင် ဆောင်ရွက်ပေးနိုင်စရာအကြောင်း မရှိသေးကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ကတော့ နှောင့်နှေးစေနိုင်တယ်၊ မလိုအပ်ဘူးလို့ ယူဆရင်တော့ ကျွန်တော်တို့အနေနဲ့ကတော့ လတ်တလောမှာ ဆောင်ရွက်ပေးနိုင်စရာအကြောင်းတော့ မရှိသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် နစကအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်အား မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်များကို နှောင့်နှေးစေနိုင်သော လုပ်ဆောင်ချက်များကို ရှောင်ရှားသွားမည်ဟုလည်း ၎င်းကထည့်သွင်းပြောဆိုခဲ့သည်။

အလားတူ ပြီးခဲ့သော ရက်ပိုင်းအတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်းမစ္စတာသက်ဆင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထွက်ပေါ်မှုအပေါ် နစကဘက်ကလည်း ပြန်လည်တုံ့ပြန်ထားသည်။

“ကျွန်တော်တို့ရဲ့ သဘောထားကတော့ အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံအကျိုးကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့၊ နိုင်ငံနဲ့ပတ်သက်ပြီး ဆန့်ကျင်ဘက်လုပ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကို အားပေးအားမြှောက်ပြုမယ့်ပုံစံမျိုးကိုတော့ မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆက် သွယ်ဆက်ဆံမှုပေါ့လေ မပြတ်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ နှစ်နိုင်ငံချစ်ကြည်ရေး ဆက်သွယ်ဆက်ဆံမှုကို ကောင်းတဲ့အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်းမစ္စတာသက်ဆင်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော KNU၊ KNO၊ KNPP နှင့် NUG အဖွဲ့တို့ကို တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြထားကြသည်။

zawgyi version
ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္းဟြန္ဆန္တို႔ ေတြ႕ဆုံရန္ လတ္တေလာ၌ မျဖစ္ႏိုင္ေသးဟု နစကတုံ႔ျပန္
ျမဴနစ္ (NP News) - ေမ ၈

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကေမာၻဒီးယားအထက္လႊတ္ေတာ္ဥကၠ႒၊ ဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္တို႔ ေတြ႕ဆုံရန္ လတ္တေလာ၌ မျဖစ္ႏိုင္ေသးေၾကာင္း နစကဘက္က ျပန္လည္တုံ႔ျပန္ထားသည္။

ယမန္ေန႔(ေမ ၇ ရက္)နံနက္ပိုင္းတြင္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ မစၥတာဟြန္ဆန္တို႔သည္ video conferencing စနစ္ျဖင့္ တစ္နာရီေက်ာ္ၾကာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။

ထိုသို႔ေတြ႕ဆုံစဥ္ မစၥတာဟြန္ဆန္က ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံလိုေၾကာင္းကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အား အသိေပးေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ေတာင္းဆိုမႈအေပၚ နစက၏ သေဘာထားအား ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔(ေမ ၈ ရက္)တြင္ မီဒီယာမ်ားကို အသိေပးေျပာဆိုရာ၌ လတ္တေလာတြင္ ေဆာင္႐ြက္ေပးႏိုင္စရာအေၾကာင္း မရွိေသးေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည္။

“ေရွ႕လုပ္ငန္းစဥ္အတိုင္း ေဆာင္႐ြက္တဲ့ေနရာမွာ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ ေႏွာင့္ေႏွးေစႏိုင္တယ္၊ မလိုအပ္ဘူးလို႔ ယူဆရင္ေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ လတ္တေလာမွာ ေဆာင္႐ြက္ေပးႏိုင္စရာအေၾကာင္းေတာ့ မရွိေသးပါဘူး” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔ျပင္ နစကအေနျဖင့္ ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္အား မျဖစ္မေနေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ၎လုပ္ငန္းစဥ္မ်ားကို ေႏွာင့္ေႏွးေစႏိုင္ေသာ လုပ္ေဆာင္ခ်က္မ်ားကို ေရွာင္ရွားသြားမည္ဟုလည္း ၎ကထည့္သြင္းေျပာဆိုခဲ့သည္။

အလားတူ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းမစၥတာသက္ဆင္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တစ္ခ်ိဳ႕ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းထြက္ေပၚမႈအေပၚ နစကဘက္ကလည္း ျပန္လည္တုံ႔ျပန္ထားသည္။

“ကြၽန္ေတာ္တို႔ရဲ႕ သေဘာထားကေတာ့ အိမ္နီးနားခ်င္းႏိုင္ငံေတြအေနနဲ႔လည္း ျမန္မာႏိုင္ငံအက်ိဳးကို ဖ်က္လိုဖ်က္ဆီးလုပ္ေနတဲ့၊ ႏိုင္ငံနဲ႔ပတ္သက္ၿပီး ဆန႔္က်င္ဘက္လုပ္ေနတဲ့ အၾကမ္းဖက္အဖြဲ႕ေတြကို အားေပးအားေျမႇာက္ျပဳမယ့္ပုံစံမ်ိဳးကိုေတာ့ မလုပ္သင့္ဘူးလို႔ ယူဆပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနနဲ႔ကေတာ့ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ ဆက္ သြယ္ဆက္ဆံမႈေပါ့ေလ မျပတ္ရွိပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး ဆက္သြယ္ဆက္ဆံမႈကို ေကာင္းတဲ့အစဥ္အလာေတြကို ဆက္လက္ထိန္းသိမ္းေဆာင္႐ြက္သြားဖို႔ရွိပါတယ္”ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းမစၥတာသက္ဆင္အေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ေသာ KNU၊ KNO၊ KNPP ႏွင့္ NUG အဖြဲ႕တို႔ကို ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းသတင္းမ်ားက ေဖာ္ျပထားၾကသည္။

Related news

© 2021. All rights reserved.