မြောက်ပိုင်း မဟာမိတ် အကွဲအပြဲ ပြဿနာ (ဆောင်းပါး)

 10109

နရီမိုး (NP News) - မေ ၉

(၁၀)နှစ်ကျော်အထိ မဖွင့်လှစ်နိုင်ဘဲ ပိတ်ထားခဲ့တဲ့ လိုင်ဇာမြို့ဝင်ပေါက်ကို ပြန်လည်ဖွင့်လှစ်ပြီဆိုတဲ့ လှုပ်ရှားမှုသတင်းတစ်ပုဒ်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ KIA စစ်ဦး စီးချုပ်ဖြစ်တဲ့ ဂွမ်မော်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ထားတာ တွေ့လိုက်ရတယ်။

လိုင်ဇာမြို့ဝင်ပေါက်လမ်းကြောင်းဆိုတာ သမ္မတကြီး ဦးသိန်းစိန်လက်ထက်က လိုင်ဇာ မြို့ဝင်ပေါက်အထိ တပ်မတော် စစ်ကြောင်းတွေ ရောက်ရှိပြီးခါမှ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး တပ်ဆုတ်မိန့်ပေးခဲ့လိုက်တဲ့ လမ်းကြောင်းတစ်ခုဆိုရင်လည်း မှားမယ်မထင်ဘူး။ ဒီသတင်းနဲ့ဆက်စပ်ပြီး ဂွမ်မော်ရေးသားတဲ့ စာမှာ ‘မိတ်ဆွေ (၃)ကောင် အဆင်ပြေပါတယ်၊ ကချင်စကားတော့ သိပ်နားမလည်ကြသေးပါဘူး’ ဆိုတဲ့ စကားဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ KIA ရဲ့ဆက်ဆံရေးဟာ အများကထင်မြင်ကြသလို အပေါ်ယံမှာ ကောင်းနေသယောင်ယောင်ရှိနေပေမယ့် အောက်ခြေမှာတော့ ထင်သလောက် အဆင်ပြေ မနေဘူးဆိုတာ တွေ့လိုက်ရတယ်။

အထူးသဖြင့် ‘ဝ’တပ်ဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC ရဲ့ မဟာမိတ် တပ်ဖွဲ့ဝင် အချင်းချင်းဟာ ဒီရက်ပိုင်းအတွင်း သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ အကျိုးစီးပွားအရ နယ်မြေလုတာ တွေ၊ ပြည်ထောင်စုလမ်းမပေါ်မှာ လုံခြုံရေးဂိတ်တွေ အပြန်အလှန်ဖယ်ရှားဖို့ တောင်းဆိုတာတွေ အပါအဝင် နှစ်ဖက် ဆက်ဆံရေးတင်းမာတာတွေ ဖြစ်နေခဲ့တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့မြင်နေရ တာဖြစ်တယ်။ ဧပြီ လ ၁၀နဲ့ ၁၂ ရက်နေ့တုန်းက ကွတ်ခိုင်မြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ KIA တပ်ဖွဲ့တွေ ကို ကွတ်ခိုင်မြို့က အပြီးထွက်ခွာသွားဖို့ TNLA က ဖိအားပေးခဲ့တဲ့ သတင်းတွေလည်း တွေ့နေရသလို ဧပြီ ၁၉ ရက်နေ့ တုန်းကလည်း ကွတ်ခိုင်မြို့နဲ့ တာမိုးညဲမြို့ကြားမှာရှိတဲ့ မော်ဟန်ကျေးရွာအုပ်စုမှာ TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တာလည်း ရှိခဲ့တယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်မှာလည်း ကွတ်ခိုင်မြို့၊ ကောင်းခါးလမ်းခွဲက စိုက်ပျိုးရေးခြံမှာ တပ်စွဲထားတဲ့ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA တွေကို ကိုးကန့်တပ်ဖွဲ့ MNDAA က အင်အား (၈၀)ခန့် သုံးပြီး ဝင်ရောက်နေရာယူ ဖယ်ရှား ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဖုံးဖိမရဘဲ ပေါ်ပေါက်လာတာ တွေ့လိုက်ရတယ်။ လက်ရှိ ပေါ်ပေါက်နေတဲ့ ပြဿနာတွေရဲ့ အရင်းခံအကြောင်းတရားဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေရဲ့ လှုပ်ရှားမှုသတင်း တွေကို သက်ဆိုင်ရာ ထိန်းချုပ်သူတပ်တွေက အသီးသီးဝင်ရောက် နေရာယူပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားလာခြင်းရဲ့နောက်ဆက်တွဲ ပြဿနာတွေလည်းဖြစ်နေပြန်တယ်။ ကိုးကန့်တပ် MNDAA သိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ လောက်ကိုင်မြို့အပါအဝင် ကွမ်းလုံမြို့ရဲ့ လှုပ်ရှားမှု သတင်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖော်ပြထားတာမျိုး တွေ့လိုက်ရ တယ်။ ဒါဟာ ၁၀၂၇ စစ်ဆင်ရေးအပြီး (၅)လအကြာမှာ မြင်တွေ့ရတဲ့ သိမ်းပိုက်ခံမြို့တွေရဲ့ မြင်ကွင်း တွေပဲ ဖြစ်တယ်။

ဒီသတင်းတွေဖော်ပြချက်အရ ဒီမြို့ထဲကို မြို့တွင်းဒေသခံတွေ တစ်ဝက်လောက် ပြန်လည် ရောက်ရှိလာကြတယ်ဆိုပေမယ့် ကိုးကန့်တပ်တွေရဲ့ လူမျိုးရေးခွဲခြားမှုတွေကြောင့် ဒေသခံတွေကလွဲရင် ဗမာလူမျိုးတွေနဲ့ အစိုးရအဖွဲ့ထဲ တာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေကိုတော့ မြင်တွေ့ရခြင်း မရှိတော့ပါဘူး။ လောက်ကိုင်ဒေသမှာ MNDAA ထောက်ခံစာပါမှ ဝင်ရောက်ခွင့်ရမယ်၊ တရုတ်ငွေကြေး သာ သုံးစွဲရမယ်၊ ဗမာလူမျိုးဖယ်ရှားရှင်းလင်းရေးဆိုတဲ့ လူမျိုးရေးခွဲခြားမှုတွေအပြင် ပိုဆိုးတာကတော့ ပြီးခဲ့တဲ့ ဧပြီ လ ၂၄ ရက်မှာ ကိုးကန့်တပ် MNDAA လုပ်ဆောင်ခဲ့တဲ့ တရားစီရင်ရေးစနစ်ပဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့သူတွေကို လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်စီရင်ခဲ့တာဟာ ဒီနယ် မြေဒေသမှာ ဒီမိုကရေစီစနစ်မရှိတော့ဘဲ ကိုးကန့် လက်နက်ကိုင်တပ်ရဲ့ အုပ်ချုပ်မှုသီးသန့်အောက်ကို သာ လုံးလုံးလျားလျား ကျရောက်သွားတယ်ဆိုတဲ့ အသွင်သဏ္ဌာန် ဖြစ်စေခဲ့တာဖြစ်တယ်။ တစ်နည်းအား ဖြင့် ကိုးကန့်တပ်ရဲ့အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး စနစ်ခိုင်မာမှုကို သက်သေပြစေတဲ့သဘောလည်း သက်ရောက်နေတာဖြစ်တယ်။

အရင်က ရှမ်းမြောက်ဒေသတစ်ခုလုံးမှာ ဒေသခံတိုင်းရင်းသားတွေအပြင် ဒေသအစုံ၊ နယ်ပယ်အစုံက တိုင်းရင်းသားပေါင်းစုံတို့ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ခဲ့ပေမယ့် လက်ရှိနယ်မြေလုစစ်ပွဲတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်သူလက်နက်ကိုင်တပ်တွေ အချင်းချင်းဟာ နယ်မြေပိုင်းခြားရယူလိုမှုတွေ၊ အကျိုးစီးပွားအရ သိမ်းပိုက်လိုမှုတွေကြောင့် အချင်းချင်းကြားမှာ မကြေလည်မှုတွေနဲ့ ပွတ်တိုက်မှုတွေ ဖြစ်နေတာဟာ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေတာ တွေ့ရမှာဖြစ်တယ်။

လက်ရှိ အငြင်းပွားမှုနဲ့ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ မုံကိုးနဲ့ သိန္ဒီဆိုတဲ့ မြို့တွေဟာ ကချင် KIA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအာင်း TNLA နဲ့ ရှမ်းတောင် SSA တို့ရဲ့ ထိန်းချုပ် နယ်မြေတွေနဲ့ ပထဝီနယ်မြေဆက်စပ်ပုံအရ သူပိုင်ငါပိုင် အငြင်းပွားနေကြတာဖြစ်တယ်။ ကျားဖြန့် ကို ဦးတည်ပြီး စစ်ဆင်ရေးလှုပ်ရှားစဉ်မှာတော့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုအဖွဲ့ဆိုပြီး ညီညီညွတ် ညွတ် ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြားမှာ မပြေလည်မှုအသံတွေ တစ်စတစ်စနဲ့ ကျယ်လောင်လာတာ ဖြစ်တယ်။

တစ်နည်းအားဖြင့်တော့ ခုလိုစစ်ဆင်ရေး ဆိုင်ရာ နယ်မြေလုတဲ့ အစပျိုးမှုတွေဟာ မူလရည်မှန်း ချက်မှာ မပါဝင်တဲ့ သဘောတူညီချက်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်လို့ ရေရှည်အတွက် တော့ ကောင်းမွန်နိုင်မယ်မထင်မိဘူး။ ဒါပေမယ့် ဒီလက်နက်ကိုင်အင်အားစုတွေရဲ့ နောက်ကွယ်မှာ မထင်မရှားနဲ့ တစ်ဖုံ၊ ထင်ထင်ရှားရှားတစ်ဖုံ အထောက်အကူပြုပေးနေတဲ့ ‘‘ဝ”နဲ့ “တရုတ်” ရှိနေ သမျှတော့ မကြေလည်မှုတွေကို အတော်အသင့် ဖြေရှင်းနိုင်ဖွယ် ရှိနိုင်တယ်လို့ ကောက်ချက်ချနိုင်သလို ဒီနယ်မြေလုတဲ့ကိစ္စတွေမှာ လုံးလုံးလျားလျား ဝင်မပါတော့တာမျိုးလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ် လို့ ယူဆရတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက် ကနေ ၂၉ ရက်အထိ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီး မစ္စတာ ဝမ်ရှောင်ဟုန်ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်မှာ ကျင်းပခဲ့တဲ့ နှစ်နိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးပွဲမှာ မြန်မာအစိုးရအတွက် ကောင်းမွန်တဲ့ အရိပ်အယောင်တွေ ဖြစ်ပေါ်တွေ့ရှိခဲ့တာဖြစ်တယ်။

တကယ်လို့သာ တရုတ်နိုင်ငံနဲ့ ‘ဝ’တပ်ဖွဲ့တွေအနေနဲ့ ဒီလက်နက်ကိုင် အစုအဖွဲ့တွေရဲ့ ပြဿနာမှာ ဝင်ရောက်ဖျန်ဖြေတာမျိုး မရှိတော့ဘူးဆိုရင်တော့ မဟာမိတ် တပ်ပေါင်းစုအသွင်သဏ္ဌာန် ရှိနေတဲ့ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လားရာဟာ အတော်လေးထိခိုက်သွားနိုင်ဖွယ်ရှိတယ်။ ဒီရက်ပိုင်း ကျင်းပသွားတဲ့ စစ်ရေးပြအခမ်းအနားမှာ မြန်မာနိုင်ငံအလံ လွှင့်ထူသွားတဲ့ ‘ဝ’ ရဲ့လုပ်ရပ်ဟာ သရုပ်မှန်/ မမှန်တော့ စိစစ်ဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ အကျိုးစီးပွားအရ နယ်မြေ အပိုင်စားရယူဖို့ ကြိုးစားနေမှုတွေ ဟာ တော်ရုံဆွေးနွေးမှုမျိုးနဲ့တော့ ပြေလည်ဖွယ် မရှိဘူးလို့ သုံးသပ်ရမှာဖြစ်တယ်။ ထပ်ပြီး ထည်သွင်း စဉ်းစားဖို့လိုတဲ့ အချက်က KIA ဆိုတာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ FPNCC ရဲ့ အဖွဲ့ဝင်ဖြစ်ပေမယ့် အနောက်ယိမ်းတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ အဖွဲ့မှာ နိုင်ငံရေးအရ နီးစပ်တဲ့ လက်နက်ကိုင်တပ် ဖြစ်နေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်တယ်။

၁၀၂၇ စစ်ဆင်ရေးဟာ ကျားဖြန့်ကို ဦးတည်နှိမ်နင်းတယ်ဆိုပေမယ့် မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်အတွက်တော့ အတော်လေး ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ အခြေအနေလည်းဖြစ်တယ်။ ဒီစစ်ပွဲကို ရင်နာစရာ ဖြစ်ရပ်တွေ အများအပြားမြင်တွေ့ခဲ့ရတဲ့ စစ်ပွဲလို့ ပြောရင်လည်း မှားမယ်မထင်ဘူး။ စစ်ပွဲ စတင်ရာ ချင်းရွှေဟော်ဂိတ်မှာ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ အများအပြား အသတ်ခံလိုက်ရတယ်။ မုံကိုးမှာ နိုင်ငံတော်အလံ ဖြုတ်ချပြီး ကိုးကန့်အလံတွေ လွှင့်ထူခံရတယ်။ ဗုဒ္ဓဘာသာရဲ့ ဘုရားစေတီတွေ ဖျက်စီးခံရသလို နိုင်ငံတော်အလံကို ခွေးမှာပတ်ပေးတာတွေလည်း မြင်တွေ့ခဲ့လိုက်ရတယ်။ အထူးသဖြင့်တော့ နယ်စပ်ကုန်သွယ်ရေး မြို့တွေဟာ လက်နက်ကိုင်တပ်တွေ လက်အောက်ကို ကျရောက်နေခဲ့သလို အချုပ်အခြာနဲ့ပတ်သက်ရင်လည်း အတော်လေး စိတ်ပူရမယ့်အခြေအနေဖြစ်ခဲ့ရ တယ်။ လက်ရှိမြင်တွေ့နေရတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ အကွဲအပြဲပြဿနာဟာ နှစ်နိုင်ငံ ကုန် သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ် စတင်နိုင်ဖို့အတွက်လည်း ခက်ခဲမယ့်ပုံဖြစ်နေတာ တွေ့ရ တယ်။ နယ်စပ်ဂိတ်တွေ ဖွင့်လှစ်နိုင်ဖို့ ခက်တာဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက်တည်ဆောက် မယ့် BRI လမ်းကြောင်းတွေကို သွားပြီး ‘တန့်’ စေသလို အနောက်ယိမ်းတဲ့ KIA ကပါ စစ်ပွဲထဲ ပါနေတာ ကို တရုတ်အနေနဲ့ သတိထားမိဟန်ရှိတယ်။ NUG ရဲ့ ဒေါ်ဇင်မာအောင်က တရုတ်အနေနဲ့ မြန်မာအစိုးရ ကို ထောက်ပံ့တာတွေမလုပ်ဖို့ ထုတ်ဖော်ပြောနေပုံထောက်ရင် ၁၀၂၇ စစ်ဆင်ရေးမှာလည်းနေရာ မရခဲ့သလို ကရင်ပြည်နယ်ထဲက မြို့သိမ်းစစ်ပွဲတွေမှာလည်း အောင်မြင်မှု မရှိခဲ့တဲ့ NUG အတွက်တော့ နိုင်ငံရေးနဲ့စစ်ရေးမှာပါ အရှုံးကြီးရှုံးနေတာ တွေ့ရတယ်။

အမေရိကန်ကျောထောက်နောက်ခံပြုတဲ့ K3C တွေနဲ့ တရုတ်အထောက်အပံ့ရှိနေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ အားပြိုင်မှုတွေဟာ ဆက်ပြီး ရှိနေဦးမယ်လို့ ယူဆရတယ်။ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်လည်ရရှိရေးဟာ တပ်မတော်နဲ့ အစိုးရ တို့ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ပါသက်ဆိုင်တာမို့ တရုတ် အနေနဲ့ဘယ်လိုကြားဝင်ရပ်တည်ပေးမလဲ ဆိုတာ အရေးပါနေတယ်။

မြန်မာဟာ တရုတ်နိုင်ငံရဲ့ ပင်လယ်ထွက်ပေါက်ဖြစ်ပြီး နှစ်နိုင်ငံကြားမှာ ဆက်ဆံရေးကောင်း တွေ မဖြစ်မနေတည်ဆောက်ဖို့လိုတာဖြစ်လို့ ‘ပျားရည်နဲ့ ဝမ်းချ’ တာမျိုးမလုပ်ဖို့ပဲလိုပါတယ်။ တရုတ် အနေနဲ့ ရှမ်းမြောက်စစ်ဆင်ရေးနဲ့ပတ်သက်ပြီး အိမ်နီးချင်းကောင်းပီသစွာနဲ့ ကြားဝင်စေ့စပ်ပေးချင်တဲ့ ဆန္ဒအမှန်ရှိမယ်ဆိုရင်တော့ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကာလ အခင်းအကျင်းမျိုးထိရောက်အောင် စွမ်းဆောင်ပြဖို့ လိုပါလိမ့်မယ်။

ဒီလိုမှမဟုတ်ဘဲ အချုပ်အခြာပိုင်ဆိုင်မှုကို မျက်ကွယ်ပြုပြီး ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့် ဖို့လောက်ကိုသာ တာစူနေရင်တော့ ခုလို မလိုလားအပ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ပြီး ဖြစ်နေဦးမှာပါပဲ။

zawgyi version
ေျမာက္ပိုင္း မဟာမိတ္ အကြဲအၿပဲ ျပႆနာ (ေဆာင္းပါး)
နရီမိုး (NP News) - ေမ ၉

(၁၀)ႏွစ္ေက်ာ္အထိ မဖြင့္လွစ္ႏိုင္ဘဲ ပိတ္ထားခဲ့တဲ့ လိုင္ဇာၿမိဳ႕ဝင္ေပါက္ကို ျပန္လည္ဖြင့္လွစ္ၿပီဆိုတဲ့ လႈပ္ရွားမႈသတင္းတစ္ပုဒ္ကို ၂၀၂၄ ခုႏွစ္ ဧၿပီလ ၂၆ ရက္ေန႔မွာ KIA စစ္ဦး စီးခ်ဳပ္ျဖစ္တဲ့ ဂြမ္ေမာ္က လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေရးတင္ထားတာ ေတြ႕လိုက္ရတယ္။

လိုင္ဇာၿမိဳ႕ဝင္ေပါက္လမ္းေၾကာင္းဆိုတာ သမၼတႀကီး ဦးသိန္းစိန္လက္ထက္က လိုင္ဇာ ၿမိဳ႕ဝင္ေပါက္အထိ တပ္မေတာ္ စစ္ေၾကာင္းေတြ ေရာက္ရွိၿပီးခါမွ ၿငိမ္းခ်မ္းေရးအတြက္ ရည္႐ြယ္ၿပီး တပ္ဆုတ္မိန႔္ေပးခဲ့လိုက္တဲ့ လမ္းေၾကာင္းတစ္ခုဆိုရင္လည္း မွားမယ္မထင္ဘူး။ ဒီသတင္းနဲ႔ဆက္စပ္ၿပီး ဂြမ္ေမာ္ေရးသားတဲ့ စာမွာ ‘မိတ္ေဆြ (၃)ေကာင္ အဆင္ေျပပါတယ္၊ ကခ်င္စကားေတာ့ သိပ္နားမလည္ၾကေသးပါဘူး’ ဆိုတဲ့ စကားဟာ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြနဲ႔ KIA ရဲ႕ဆက္ဆံေရးဟာ အမ်ားကထင္ျမင္ၾကသလို အေပၚယံမွာ ေကာင္းေနသေယာင္ေယာင္ရွိေနေပမယ့္ ေအာက္ေျခမွာေတာ့ ထင္သေလာက္ အဆင္ေျပ မေနဘူးဆိုတာ ေတြ႕လိုက္ရတယ္။

အထူးသျဖင့္ ‘ဝ’တပ္ဖြဲ႕ဦးေဆာင္တဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ FPNCC ရဲ႕ မဟာမိတ္ တပ္ဖြဲ႕ဝင္ အခ်င္းခ်င္းဟာ ဒီရက္ပိုင္းအတြင္း သိမ္းပိုက္ထားတဲ့ နယ္ေျမေတြမွာ အက်ိဳးစီးပြားအရ နယ္ေျမလုတာ ေတြ၊ ျပည္ေထာင္စုလမ္းမေပၚမွာ လုံၿခဳံေရးဂိတ္ေတြ အျပန္အလွန္ဖယ္ရွားဖို႔ ေတာင္းဆိုတာေတြ အပါအဝင္ ႏွစ္ဖက္ ဆက္ဆံေရးတင္းမာတာေတြ ျဖစ္ေနခဲ့တယ္ဆိုတာ ထင္ထင္ရွားရွား ေတြ႕ျမင္ေနရ တာျဖစ္တယ္။ ဧၿပီ လ ၁၀နဲ႔ ၁၂ ရက္ေန႔တုန္းက ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာ လႈပ္ရွားေနတဲ့ KIA တပ္ဖြဲ႕ေတြ ကို ကြတ္ခိုင္ၿမိဳ႕က အၿပီးထြက္ခြာသြားဖို႔ TNLA က ဖိအားေပးခဲ့တဲ့ သတင္းေတြလည္း ေတြ႕ေနရသလို ဧၿပီ ၁၉ ရက္ေန႔ တုန္းကလည္း ကြတ္ခိုင္ၿမိဳ႕နဲ႔ တာမိုးညဲၿမိဳ႕ၾကားမွာရွိတဲ့ ေမာ္ဟန္ေက်း႐ြာအုပ္စုမွာ TNLA နဲ႔ ကိုးကန႔္တပ္ဖြဲ႕ MNDAA တို႔ ႏွစ္ဖက္ထိေတြ႕မႈ ျဖစ္ပြားခဲ့တာလည္း ရွိခဲ့တယ္။ ၿပီးခဲ့တဲ့ ဧၿပီလ ၂၇ ရက္မွာလည္း ကြတ္ခိုင္ၿမိဳ႕၊ ေကာင္းခါးလမ္းခြဲက စိုက္ပ်ိဳးေရးၿခံမွာ တပ္စြဲထားတဲ့ တအာင္း (ပေလာင္) တပ္ဖြဲ႕ TNLA ေတြကို ကိုးကန႔္တပ္ဖြဲ႕ MNDAA က အင္အား (၈၀)ခန႔္ သုံးၿပီး ဝင္ေရာက္ေနရာယူ ဖယ္ရွား ခဲ့တယ္ဆိုတဲ့ သတင္းေတြလည္း လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ဖုံးဖိမရဘဲ ေပၚေပါက္လာတာ ေတြ႕လိုက္ရတယ္။ လက္ရွိ ေပၚေပါက္ေနတဲ့ ျပႆနာေတြရဲ႕ အရင္းခံအေၾကာင္းတရားဟာ ၁၀၂၇ စစ္ဆင္ေရးအတြင္း ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႕ေတြ သိမ္းပိုက္ထားတဲ့ ၿမိဳ႕ေတြရဲ႕ လႈပ္ရွားမႈသတင္း ေတြကို သက္ဆိုင္ရာ ထိန္းခ်ဳပ္သူတပ္ေတြက အသီးသီးဝင္ေရာက္ ေနရာယူၿပီး အုပ္ခ်ဳပ္ေရးယႏၲရား လည္ပတ္ႏိုင္ဖို႔ အၿပိဳင္အဆိုင္ႀကိဳးစားလာျခင္းရဲ႕ေနာက္ဆက္တြဲ ျပႆနာေတြလည္းျဖစ္ေနျပန္တယ္။ ကိုးကန႔္တပ္ MNDAA သိမ္းပိုက္ထိန္းခ်ဳပ္ခဲ့တဲ့ ေလာက္ကိုင္ၿမိဳ႕အပါအဝင္ ကြမ္းလုံၿမိဳ႕ရဲ႕ လႈပ္ရွားမႈ သတင္းေတြကို ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေဖာ္ျပထားတာမ်ိဳး ေတြ႕လိုက္ရ တယ္။ ဒါဟာ ၁၀၂၇ စစ္ဆင္ေရးအၿပီး (၅)လအၾကာမွာ ျမင္ေတြ႕ရတဲ့ သိမ္းပိုက္ခံၿမိဳ႕ေတြရဲ႕ ျမင္ကြင္း ေတြပဲ ျဖစ္တယ္။

ဒီသတင္းေတြေဖာ္ျပခ်က္အရ ဒီၿမိဳ႕ထဲကို ၿမိဳ႕တြင္းေဒသခံေတြ တစ္ဝက္ေလာက္ ျပန္လည္ ေရာက္ရွိလာၾကတယ္ဆိုေပမယ့္ ကိုးကန႔္တပ္ေတြရဲ႕ လူမ်ိဳးေရးခြဲျခားမႈေတြေၾကာင့္ ေဒသခံေတြကလြဲရင္ ဗမာလူမ်ိဳးေတြနဲ႔ အစိုးရအဖြဲ႕ထဲ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အစိုးရဝန္ထမ္းေတြကိုေတာ့ ျမင္ေတြ႕ရျခင္း မရွိေတာ့ပါဘူး။ ေလာက္ကိုင္ေဒသမွာ MNDAA ေထာက္ခံစာပါမွ ဝင္ေရာက္ခြင့္ရမယ္၊ တ႐ုတ္ေငြေၾကး သာ သုံးစြဲရမယ္၊ ဗမာလူမ်ိဳးဖယ္ရွားရွင္းလင္းေရးဆိုတဲ့ လူမ်ိဳးေရးခြဲျခားမႈေတြအျပင္ ပိုဆိုးတာကေတာ့ ၿပီးခဲ့တဲ့ ဧၿပီ လ ၂၄ ရက္မွာ ကိုးကန႔္တပ္ MNDAA လုပ္ေဆာင္ခဲ့တဲ့ တရားစီရင္ေရးစနစ္ပဲ ျဖစ္ပါတယ္။

ဒီျဖစ္စဥ္မွာပါဝင္ခဲ့တဲ့သူေတြကို လူျမင္ကြင္းေရွ႕မွာ ေသဒဏ္ခ်မွတ္စီရင္ခဲ့တာဟာ ဒီနယ္ ေျမေဒသမွာ ဒီမိုကေရစီစနစ္မရွိေတာ့ဘဲ ကိုးကန႔္ လက္နက္ကိုင္တပ္ရဲ႕ အုပ္ခ်ဳပ္မႈသီးသန႔္ေအာက္ကို သာ လုံးလုံးလ်ားလ်ား က်ေရာက္သြားတယ္ဆိုတဲ့ အသြင္သဏၭာန္ ျဖစ္ေစခဲ့တာျဖစ္တယ္။ တစ္နည္းအား ျဖင့္ ကိုးကန႔္တပ္ရဲ႕အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရး စနစ္ခိုင္မာမႈကို သက္ေသျပေစတဲ့သေဘာလည္း သက္ေရာက္ေနတာျဖစ္တယ္။

အရင္က ရွမ္းေျမာက္ေဒသတစ္ခုလုံးမွာ ေဒသခံတိုင္းရင္းသားေတြအျပင္ ေဒသအစုံ၊ နယ္ပယ္အစုံက တိုင္းရင္းသားေပါင္းစုံတို႔ လြတ္လြတ္လပ္လပ္ လႈပ္ရွားသြားလာႏိုင္ခဲ့ေပမယ့္ လက္ရွိနယ္ေျမလုစစ္ပြဲေတြနဲ႔ ပတ္သက္ၿပီး အုပ္ခ်ဳပ္သူလက္နက္ကိုင္တပ္ေတြ အခ်င္းခ်င္းဟာ နယ္ေျမပိုင္းျခားရယူလိုမႈေတြ၊ အက်ိဳးစီးပြားအရ သိမ္းပိုက္လိုမႈေတြေၾကာင့္ အခ်င္းခ်င္းၾကားမွာ မေၾကလည္မႈေတြနဲ႔ ပြတ္တိုက္မႈေတြ ျဖစ္ေနတာဟာ ျပည္သူေတြအတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္ေနေစတာ ေတြ႕ရမွာျဖစ္တယ္။

လက္ရွိ အျငင္းပြားမႈနဲ႔ စစ္ေရးတင္းမာမႈေတြရွိေနတဲ့ ကြတ္ခိုင္၊ နမ့္ဖက္ကာ၊ မုံကိုးနဲ႔ သိႏၵီဆိုတဲ့ ၿမိဳ႕ေတြဟာ ကခ်င္ KIA ၊ ကိုးကန႔္တပ္ဖြဲ႕ MNDAA ၊ တအာင္း TNLA နဲ႔ ရွမ္းေတာင္ SSA တို႔ရဲ႕ ထိန္းခ်ဳပ္ နယ္ေျမေတြနဲ႔ ပထဝီနယ္ေျမဆက္စပ္ပုံအရ သူပိုင္ငါပိုင္ အျငင္းပြားေနၾကတာျဖစ္တယ္။ က်ားျဖန႔္ ကို ဦးတည္ၿပီး စစ္ဆင္ေရးလႈပ္ရွားစဥ္မွာေတာ့ ေျမာက္ပိုင္းမဟာမိတ္တပ္ေပါင္းစုအဖြဲ႕ဆိုၿပီး ညီညီၫြတ္ ၫြတ္ ပူးေပါင္းတိုက္ပြဲဝင္ခဲ့ၾကေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ လက္နက္ကိုင္တပ္ဖြဲ႕အခ်င္းခ်င္းၾကားမွာ မေျပလည္မႈအသံေတြ တစ္စတစ္စနဲ႔ က်ယ္ေလာင္လာတာ ျဖစ္တယ္။

တစ္နည္းအားျဖင့္ေတာ့ ခုလိုစစ္ဆင္ေရး ဆိုင္ရာ နယ္ေျမလုတဲ့ အစပ်ိဳးမႈေတြဟာ မူလရည္မွန္း ခ်က္မွာ မပါဝင္တဲ့ သေဘာတူညီခ်က္ေတြရဲ႕ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြျဖစ္လို႔ ေရရွည္အတြက္ ေတာ့ ေကာင္းမြန္ႏိုင္မယ္မထင္မိဘူး။ ဒါေပမယ့္ ဒီလက္နက္ကိုင္အင္အားစုေတြရဲ႕ ေနာက္ကြယ္မွာ မထင္မရွားနဲ႔ တစ္ဖုံ၊ ထင္ထင္ရွားရွားတစ္ဖုံ အေထာက္အကူျပဳေပးေနတဲ့ ‘‘ဝ”နဲ႔ “တ႐ုတ္” ရွိေန သမွ်ေတာ့ မေၾကလည္မႈေတြကို အေတာ္အသင့္ ေျဖရွင္းႏိုင္ဖြယ္ ရွိႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ႏိုင္သလို ဒီနယ္ေျမလုတဲ့ကိစၥေတြမွာ လုံးလုံးလ်ားလ်ား ဝင္မပါေတာ့တာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္သြားႏိုင္တယ္ လို႔ ယူဆရတယ္။

အေၾကာင္းကေတာ့ ၿပီးခဲ့တဲ့ ဧၿပီ ၂၄ ရက္ ကေန ၂၉ ရက္အထိ ျပည္သူ႔လုံၿခဳံေရးဆိုင္ရာဝန္ႀကီး မစၥတာ ဝမ္ေရွာင္ဟုန္ရဲ႕ ဖိတ္ၾကားခ်က္အရ တ႐ုတ္ျပည္မွာ က်င္းပခဲ့တဲ့ ႏွစ္ႏိုင္ငံဝန္ႀကီးအဆင့္ ေဆြးေႏြးပြဲမွာ ျမန္မာအစိုးရအတြက္ ေကာင္းမြန္တဲ့ အရိပ္အေယာင္ေတြ ျဖစ္ေပၚေတြ႕ရွိခဲ့တာျဖစ္တယ္။

တကယ္လို႔သာ တ႐ုတ္ႏိုင္ငံနဲ႔ ‘ဝ’တပ္ဖြဲ႕ေတြအေနနဲ႔ ဒီလက္နက္ကိုင္ အစုအဖြဲ႕ေတြရဲ႕ ျပႆနာမွာ ဝင္ေရာက္ဖ်န္ေျဖတာမ်ိဳး မရွိေတာ့ဘူးဆိုရင္ေတာ့ မဟာမိတ္ တပ္ေပါင္းစုအသြင္သဏၭာန္ ရွိေနတဲ့ ဒီလက္နက္ကိုင္တပ္ဖြဲ႕ေတြရဲ႕ လားရာဟာ အေတာ္ေလးထိခိုက္သြားႏိုင္ဖြယ္ရွိတယ္။ ဒီရက္ပိုင္း က်င္းပသြားတဲ့ စစ္ေရးျပအခမ္းအနားမွာ ျမန္မာႏိုင္ငံအလံ လႊင့္ထူသြားတဲ့ ‘ဝ’ ရဲ႕လုပ္ရပ္ဟာ သ႐ုပ္မွန္/ မမွန္ေတာ့ စိစစ္ဖို႔ လိုလိမ့္မယ္။ ဒါေပမဲ့ အက်ိဳးစီးပြားအရ နယ္ေျမ အပိုင္စားရယူဖို႔ ႀကိဳးစားေနမႈေတြ ဟာ ေတာ္႐ုံေဆြးေႏြးမႈမ်ိဳးနဲ႔ေတာ့ ေျပလည္ဖြယ္ မရွိဘူးလို႔ သုံးသပ္ရမွာျဖစ္တယ္။ ထပ္ၿပီး ထည္သြင္း စဥ္းစားဖို႔လိုတဲ့ အခ်က္က KIA ဆိုတာ ေျမာက္ပိုင္း မဟာမိတ္အဖြဲ႕ FPNCC ရဲ႕ အဖြဲ႕ဝင္ျဖစ္ေပမယ့္ အေနာက္ယိမ္းတဲ့ အမ်ိဳးသားညီၫႊတ္ေရးအစိုးရ အဖြဲ႕မွာ ႏိုင္ငံေရးအရ နီးစပ္တဲ့ လက္နက္ကိုင္တပ္ ျဖစ္ေနတယ္ဆိုတဲ့ အခ်က္ပဲ ျဖစ္တယ္။

၁၀၂၇ စစ္ဆင္ေရးဟာ က်ားျဖန႔္ကို ဦးတည္ႏွိမ္နင္းတယ္ဆိုေပမယ့္ ျမန္မာႏိုင္ငံအစိုးရနဲ႔ တပ္မေတာ္အတြက္ေတာ့ အေတာ္ေလး ထိခိုက္ဆုံးရႈံးခဲ့ရတဲ့ အေျခအေနလည္းျဖစ္တယ္။ ဒီစစ္ပြဲကို ရင္နာစရာ ျဖစ္ရပ္ေတြ အမ်ားအျပားျမင္ေတြ႕ခဲ့ရတဲ့ စစ္ပြဲလို႔ ေျပာရင္လည္း မွားမယ္မထင္ဘူး။ စစ္ပြဲ စတင္ရာ ခ်င္းေ႐ႊေဟာ္ဂိတ္မွာ ျပည္သူ႔ရဲတပ္ဖြဲ႕ဝင္ေတြ အမ်ားအျပား အသတ္ခံလိုက္ရတယ္။ မုံကိုးမွာ ႏိုင္ငံေတာ္အလံ ျဖဳတ္ခ်ၿပီး ကိုးကန႔္အလံေတြ လႊင့္ထူခံရတယ္။ ဗုဒၶဘာသာရဲ႕ ဘုရားေစတီေတြ ဖ်က္စီးခံရသလို ႏိုင္ငံေတာ္အလံကို ေခြးမွာပတ္ေပးတာေတြလည္း ျမင္ေတြ႕ခဲ့လိုက္ရတယ္။ အထူးသျဖင့္ေတာ့ နယ္စပ္ကုန္သြယ္ေရး ၿမိဳ႕ေတြဟာ လက္နက္ကိုင္တပ္ေတြ လက္ေအာက္ကို က်ေရာက္ေနခဲ့သလို အခ်ဳပ္အျခာနဲ႔ပတ္သက္ရင္လည္း အေတာ္ေလး စိတ္ပူရမယ့္အေျခအေနျဖစ္ခဲ့ရ တယ္။ လက္ရွိျမင္ေတြ႕ေနရတဲ့ ေျမာက္ပိုင္းမဟာမိတ္တပ္ဖြဲ႕ေတြရဲ႕ အကြဲအၿပဲျပႆနာဟာ ႏွစ္ႏိုင္ငံ ကုန္ သြယ္ေရးလမ္းေၾကာင္းေတြ ျပန္လည္ဖြင့္လွစ္ စတင္ႏိုင္ဖို႔အတြက္လည္း ခက္ခဲမယ့္ပုံျဖစ္ေနတာ ေတြ႕ရ တယ္။ နယ္စပ္ဂိတ္ေတြ ဖြင့္လွစ္ႏိုင္ဖို႔ ခက္တာဟာ တ႐ုတ္ႏိုင္ငံရဲ႕ မဟာဗ်ဴဟာေျမာက္တည္ေဆာက္ မယ့္ BRI လမ္းေၾကာင္းေတြကို သြားၿပီး ‘တန႔္’ ေစသလို အေနာက္ယိမ္းတဲ့ KIA ကပါ စစ္ပြဲထဲ ပါေနတာ ကို တ႐ုတ္အေနနဲ႔ သတိထားမိဟန္ရွိတယ္။ NUG ရဲ႕ ေဒၚဇင္မာေအာင္က တ႐ုတ္အေနနဲ႔ ျမန္မာအစိုးရ ကို ေထာက္ပံ့တာေတြမလုပ္ဖို႔ ထုတ္ေဖာ္ေျပာေနပုံေထာက္ရင္ ၁၀၂၇ စစ္ဆင္ေရးမွာလည္းေနရာ မရခဲ့သလို ကရင္ျပည္နယ္ထဲက ၿမိဳ႕သိမ္းစစ္ပြဲေတြမွာလည္း ေအာင္ျမင္မႈ မရွိခဲ့တဲ့ NUG အတြက္ေတာ့ ႏိုင္ငံေရးနဲ႔စစ္ေရးမွာပါ အရႈံးႀကီးရႈံးေနတာ ေတြ႕ရတယ္။

အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳတဲ့ K3C ေတြနဲ႔ တ႐ုတ္အေထာက္အပံ့ရွိေနတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြရဲ႕ အားၿပိဳင္မႈေတြဟာ ဆက္ၿပီး ရွိေနဦးမယ္လို႔ ယူဆရတယ္။ လက္ရွိ တိုင္းရင္းသား လက္နက္ကိုင္ေတြ သိမ္းပိုက္ထားတဲ့ ၿမိဳ႕ေတြကို ျပန္လည္ရရွိေရးဟာ တပ္မေတာ္နဲ႔ အစိုးရ တို႔ရဲ႕ ဂုဏ္သိကၡာပိုင္းနဲ႔ပါသက္ဆိုင္တာမို႔ တ႐ုတ္ အေနနဲ႔ဘယ္လိုၾကားဝင္ရပ္တည္ေပးမလဲ ဆိုတာ အေရးပါေနတယ္။

ျမန္မာဟာ တ႐ုတ္ႏိုင္ငံရဲ႕ ပင္လယ္ထြက္ေပါက္ျဖစ္ၿပီး ႏွစ္ႏိုင္ငံၾကားမွာ ဆက္ဆံေရးေကာင္း ေတြ မျဖစ္မေနတည္ေဆာက္ဖို႔လိုတာျဖစ္လို႔ ‘ပ်ားရည္နဲ႔ ဝမ္းခ်’ တာမ်ိဳးမလုပ္ဖို႔ပဲလိုပါတယ္။ တ႐ုတ္ အေနနဲ႔ ရွမ္းေျမာက္စစ္ဆင္ေရးနဲ႔ပတ္သက္ၿပီး အိမ္နီးခ်င္းေကာင္းပီသစြာနဲ႔ ၾကားဝင္ေစ့စပ္ေပးခ်င္တဲ့ ဆႏၵအမွန္ရွိမယ္ဆိုရင္ေတာ့ ၁၀၂၇ စစ္ဆင္ေရး မတိုင္မီကာလ အခင္းအက်င္းမ်ိဳးထိေရာက္ေအာင္ စြမ္းေဆာင္ျပဖို႔ လိုပါလိမ့္မယ္။

ဒီလိုမွမဟုတ္ဘဲ အခ်ဳပ္အျခာပိုင္ဆိုင္မႈကို မ်က္ကြယ္ျပဳၿပီး ကုန္သြယ္ေရးလမ္းေၾကာင္း ျပန္ပြင့္ ဖို႔ေလာက္ကိုသာ တာစူေနရင္ေတာ့ ခုလို မလိုလားအပ္တဲ့ လက္နက္ကိုင္ပဋိပကၡေတြ ဆက္ၿပီး ျဖစ္ေနဦးမွာပါပဲ။

Related news

© 2021. All rights reserved.