“လျှပ်စစ်မီးဘာကြောင့် ပြတ်တောက်ရသလဲ ’’ - ဝန်ကြီးဌာန ဖြေကြားချက် - (အင်တာဗျူး)

 9839

ယွန်း (NP News) - မေ ၉

မေး - ဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာတစ်ရက်ကို လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ်ကိုဘယ်လောက်ထုတ်ပေး နေပါသလဲ။ ထွက်ရှိတဲ့ မဂ္ဂါဝပ်ဘယ်လောက်ကို သုံးစွဲနေပါသလဲ။
ဖြေ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် တစ်ရက်လျှင်ပျမ်းမျှ ၂၈၀ဝ မဂ္ဂါဝပ်ခန့် ထုတ်လုပ်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သုံးစွဲသူစုစုပေါင်း၏ ၉၀% ခန့်မှာ အိမ်သုံးအမျိုးအစားဖြစ်ပြီး ၁၀% ခန့်မှာ စက်မူသုံး/စီးပွား‌ဖြစ် အမျိုးအစားဖြစ်ပါသည်။

မေး - လျှပ်စစ်ဝန်ကြီးဌာနရဲ့အောက်မှာ ရေးအားလျှပ်စစ်၊ လေအားလျှပ်စစ်အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် နေတဲ့ကဏ္ဍ ဘယ်နှခုရှိပါသလဲ။ ကဏ္ဍတစ်ခုချင်းအလိုက် လက်ရှိရရှိနေတဲ့ ဓာတ်အားပမာဏကိုလည်း သေချာသိလိုပါတယ်။

မေး - ရေအားလျှပ်စစ်အပါအဝင် ဆက်လက်တည်ဆောက်နေဆဲဖြစ်တဲ့ စီမံကိန်းတွေ ဘယ်နခုရှိပါသလဲ။ စီမံကိန်း တစ်ခုချင်းစီရဲ့ စတင်တည်ဆောက်တဲ့ခုနှစ်နဲ့ မည်သည့်ဘဏ္ဍာနှစ်မှာ ပြီးစီးနိုင်မယ်ဆိုတာကိုလည်း သိလိုပါတယ်။
ဖြေ - တည်ဆောက်နေဆဲ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်း (၇)ခု၏ တပ်ဆင်စက်အင်အားပြီးစီးမူ အခြေအနေနှင့် ခန့်မှန်းပြီးစီးမည့် ကာလများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မေး - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မတိုင်ခင်ကကော တစ်ရက်ကို ဘယ်လောက်ထုတ်လုပ်နိုင်ပါသလဲ။ အခုထုတ်လုပ် နိုင်တာနဲ့ နှိုင်းယှဉ်ကြည့်ရင် ပိုတိုးပြီးထုတ်နိုင်လား။ ထုတ်လုပ်မူနည်းသွားလား။ ဘာကြောင့်လဲ။
ဖြေ - ရွှေကျင်၊ ဘီလူးချောင်း(၁)၊ (၂)၊ (၃)၊ သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ မှထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗီ၊ ၁၃၂ ကေဗီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ သဘာဝဓာတ်ငွေ ခွဲတမ်းလျော့နည်းရရှိမူအရ အပူစွမ်းအင်သုံးစက်ရုံတို့မှ စွမ်းအားပြည့်မောင်းနှင်ထုတ်လုပ်နိုင်မူမရှိခြင်းတို့ကြောင့် သာမန် အချိန်ထက် မဂ္ဂါဝပ် ၁၀ဝ၀ ခန့် လျော့နည်းနေသဖြင့် ဓာတ်အားခွဲဝေဖြန့်ဖြူးခြင်းများကို ဆောင်ရွက်ရလျက်ရှိပါသည်။

မေး - ရသုံးမှန်းခြေ ငွေစာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့စုစုပေါင်း ဘီလျံ(၃၀ဝဝ)ကျော် သုံးခဲ့တယ်လို့ သိရပါတယ်။ ဒီပမာဏသုံးလိုက်တဲ့အတွက် မီးလင်းရုံ တစ်ခုတည်းပဲလား တခြား ဘယ်လိုအကျိူးကျေးဇူးတွေရခဲ့လဲ။
ဖြေ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာက်အားလိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ရေးအတွက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ခြင်း၊ ဓာတ်အားစနစ်တည်ငြိမ် ကောင်း မွန်ရေး၊ ဓာတ်အားပျောက်ဆုံးမူလျော့ကျရေးနှင့် ဓာတ်အားပြတ်တောက် မူလျှော့ချနိုင်ရေးအတွက် လျှပ်စစ် ဓာတ်အား လိုင်းများ၊ ဓာတ်အားခွဲရုံများတိုးချဲ့တည်ဆောက်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ များ၏ ဖောက်ခွဲဖျက်ဆီးမူများကြောင့် ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများနှင့် အခြေခံအဆောက် အအုံများကို ပြန်လည်ပြုပြင်ခြင်းတို့အပြင် မီးသုံးစွဲသူများအား တိုးချဲ့ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိသဖြင့် မီးသုံးစွဲလျက်ရှိသူများမှ ဗို့အားတည်ငြိမ်စွာအသုံးပြုနိုင်ခြင်းနှင့် ပညာရေးမြှင့်တင်မူများ တိုးပွားလာခြင်းစ သည့် အကျိုးကျေးဇူးများ ရရှိပါသည်။

မေး - မြန်မာနိုင်ငံမှာ ၂၀၂၁ အခင်းအကျင်းဖြစ် ပြီးတဲ့နောက်ပိုင်းကနေစပြီး မြို့နယ်အဆင့် ဌာနမှူး ရုံးထိုင်လည်ပတ် နိုင်ခြင်းမရှိတဲ့ မြို့နယ်ဘယ်နှမြို့ နယ်ရှိသွားခဲ့လဲ။
ဖြေ - ၂၀၂၁ အခင်းအကျင်းဖြစ်ပြီးတဲ့နောက်ပိုင်း တိုင်းဒေသကြီး/ပြည်နယ် (၈) ခုတို့ရှိ (၉၀)မြို့တို့တွင် နယ်မြေ အခြေအနေအရ မီတာဖတ်ရှုနိုင်ခြင်း မရှိပါသဖြင့် ဓာတ်အားခတောင်းခံခြင်းကို ရပ်နားထားပါသည်။

မေး - စက်မှုဇုန်တွေကို သီးသန့်လျှပ်စစ်မီးပေးဖို့ စီစဉ်နေတာကော ဘယ်အဆင့်အထိ ရောက်သွားပြီလဲ။ လုပ်ငန်းရှင် တွေရဲ့ပြောကြားချက်အရ ဝန်ကြီးဌာနအနေနဲ့ စာချုပ်ချုပ်ခါနီးမှာ အတည်မပြုခဲ့ဘူးလို့ ပြောကြားချက်တွေတည်း ကြားရပါတယ်။ ဝန်ကြီးဌာနဘက်က အားနည်းချက်တစ်ခုလိုမျိုး ထောက်ပြတာ တွေ့ရပါတယ်။ အဲ့ဒီအစီအစဉ်က ဘာဖြစ်သွားတာလဲ။
ဖြေ - ပြည်သူများလိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် စက်မှုဇုန်များ လျှပ်စစ်ဓာတ် အားရရှိရေးတို့အတွက် ၅၀ဝ မဂ္ဂါဝပ် ထွက်ရှိမည့် LNG စက်ရုံစီမံကိန်းနှင့် ၃၅၀ မဂ္ဂါဝပ် ထွက်ရှိမည့် HFO စက်ရုံ စီမံကိန်းများကို ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ဓာတ်အားခ ပေးချေမှု ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေး လျက်ရှိပါသည်။

မေး - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေစပြီး ယနေ့အထိ ဖျက်ဆီးခံရတဲ့ တာဝါတိုင်အရေအတွက် ဘယ်လောက်ရှိ ပါသလဲ။ ပြန်လည်ပြင်ဆင်မှုကရော ဘယ်လောက်ရှိလဲ။ ပြင်ဆင်မှုမလုပ်ရသေးတဲ့ သိချင်ပါတယ်။
ဖြေ - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေစပြီး ယနေ့အထိ ဓာတ်အားလိုင်းတာဝါတိုင်းများအား (၇၁)ကြိမ် ဖောက်ခွဲ ဖျက်ဆီးခဲ့ရပြီး တာဝါတိုင်ပေါင်း (၈၉) တိုင် ပြိုလဲပျက်စီးခဲ့ပြီး၊ ဓာတ်အားခွဲရုံကြီး (၅)ရုံ ဖောက်ခွဲဖျက်ဆီးခံရပါသည်။ တာဝါတိုင်ပေါင်း (၄၉) တိုင်အစားထိုးပြင်ဆင်ပြီးစီးခဲ့ပြီး တာဝါတိုင် (၄၀) ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

မေး - ပြည်တွင်းလျှပ်စစ်ကဏ္ဍအတွက် ပြည်ပနိုင်ငံတွေနဲ့ စာချုပ်ချုပ်ဆိုထားတာတွေရှိပါသလား။ ပြည်ပကနေ ဓာတ်အား ဘယ်လောက်အထိ ဝယ်ယူမယ်ဆိုပြီး ရှာထားတာမျိုးကော ရှိပါသလား။
ဖြေ - နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူနိုင်ရေးအတွက် တရုတ်နိုင်ငံမှ (ပ)အဆင့် ၁၀ဝ မဂ္ဂါဝပ်၊ (ဒု) အဆင့် ၃၀ဝ မဂ္ဂါဝပ်နှင့် လာအိုနိုင်ငံမှ လျှပ်စစ် ၁၀ဝ၀ မဂ္ဂါဝပ် အဆင့်လိုက် ဝယ်ယူနိုင်ရေး အသေးစိတ်ညှိနှိုင်း အကောင်အထည် ဖော်လျက်ရှိပါသည်။

မေး - တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လျှပ်စစ်ဓာတ်အားခ ကောက်ခံဖို့ဘယ်လောက်ရှိပါသလဲ။ ဘယ်ဒေသတွေ က ဓာတ်အားခ မပေးဆောင်မှု အများဆုံးလဲ။
ဖြေ - မီတာခြွေကးကျန်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီ လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ မီတာခ ကောက်ခံရငွေ (၉၆) ရာခိုင်နှုန်းအထိကောက်ခံရရှိခဲ့ပြီး ကျန်(၄)ရာခိုင်နှုန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိသက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ ဆက်လက်ကောက်ခံဆောင်ရွက် လျက်ရှိပါသည်။ မီတာခပေးဆောင်ရန် ပျက်ကွက်သူ များကို ပထမလတွင် သတိပေးခြင်း၊ ပထမလမှ တတိယလအထိ ရက်လွန်ဒဏ်ကြေးကောက်ခံခြင်း၊ စတုတ္ထလတွင် လအလိုက်ပေးဆောင်ရမည့် မီတာခနှင့် ရက်လွန်ဒဏ်ကြေးများကို ပေးဆောင်ခြင်းမရှိပါက ဓာတ်အားဆက်သွယ်မှု ဖြတ်တောက်ခြင်းနှင့် မီတာသိမ်းဆည်း၍ ဥပဒေကြောင်းအရ အရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဓာတ်အားခ ပေးဆောင်ခြင်းမရှိသော အများဆုံးဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ချင်းပြည် နယ်တို့ဖြစ်ပါသည်။

မေး - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေစပြီး လက်ရှိအချိန်ထိ လျှပ်စစ်မီးသုံးစွဲသူဘယ်နှဦးကို ဓာတ်အား ဖြတ်တောက် ခဲ့ပါသလဲ။ ဖြုတ်သိမ်းခဲ့တဲ့ မီတာပုံးအရေ အတွက်ကော ဘယ်လောက်ရှိပါသလဲ။
ဖြေ - စုစုပေါင်း မီတာအလုံးရေ ၄ သိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့ပြီး မီတာအလုံး ၆ သောင်းကျော်ကို ဖြုတ်သိမ်းခြင်းများဆောင်ရွက်ခဲ့ပါသည်။

မေး - ၃ နှစ်ကျော်အတွင်း ဖမ်းဆီးခံရတဲ့ လျှပ်စစ်ဝန်ထမ်းအရေအတွက် ဘယ်လောက်ရှိပါသလဲ။ ထိခိုက်ဒဏ်ရာရသူ၊ သတ်ဖြတ်ခံခဲ့ရတဲ့ အရေအတွက်ကော ဘယ်လောက်ရှိပါသလဲ။ ဘယ်ဒေသမှာအများ ဆုံးဖြစ်ပွားခဲ့ပါသလဲ။
ဖြေ - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ထိခိုက်သေဆုံးဝန်ထမ်းများအနက် သေဆုံးဝန်ထမ်း (၂၇)ဦး၊ ထိခိုက်ဒဏ်ရာရ (၇၂)ဦး၊ ဖမ်းဆီးခံရသည့် ဝန်ထမ်း(၆၂)ဦးရှိပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပွားခဲ့ပါသည်။

မေး - လက်ရှိတွင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုကို မီးပေးနေသည့် စနစ်ကို ရှင်းရှင်းလင်းလင်းလေး သိပါရစေရှင်။ မည်သည့်ခွဲဝေမှုပုံစံမျိုးဖြင့် ပေးနေသည်ကို ရှင်းရှင်းလင်းလင်းသိပါရစေ။
ဖြေ - လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျှက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်းတပ်ဆင်စက် အင်အားမှာ (၇၁၈၄.၄၆) မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ် စစ်စက်ရုံ (၂၉)ရုံ၏ တပ်ဆင်စက်အင်အား (၃၂၂၈) မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ (၂၇)ရုံ၏ တပ်ဆင်စက်အင်အား (၃၆၃၈.၃၆၄) မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ(၂)ရုံ၏ တပ်ဆင်စက်အင် အား(၁၃၈) မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင် စက်ရုံ(၆) ရုံ၏ တပ်ဆင်စက်အင်အား(၁၈၀) မဂ္ဂါဝပ်တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင် သည့်စက်များ၏ စက်တပ် ဆင်အင်အားမှာ ၇၁၈၄.၄၆ မဂ္ဂါဝပ်အထိရှိပါသည်။ နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်း တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၄၃) မဂ္ဂါဝပ် လိုအပ်သည်။ ထိုသို့ရှိသော်လည်း တပ်ဆင် အင်အားအတိုင်း စက်များအားစွမ်းအားပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိပါသည်။
သို့ရာတွင် လက်ရှိကာလ၌ ရွှေကျင် (၇၅) မဂ္ဂါဝပ်၊ ဘီလူးချောင်း (၁)၊(၂)၊(၃) တို့မှ (၂၄၈) မဂ္ဂါဝပ်နှင့် သဖန်းဆိပ် (၃၀) မဂ္ဂါဝပ် ရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် ဓာတ်အား (၃၅၃) မဂ္ဂါဝပ် အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိပါသည်။
ထို့အတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုအချိုးမှာ (၅၀)ရာခိုင် နှုန်းခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ရရှိနိုင်မှုမှာ လျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ် စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုမှာလည်း ယခုကာလ အတွင်း (၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပါသည်။ သို့ပါ၍ စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ ထုတ်လုပ်မှုတွင် (၃၅၃+၄၄၆) = ၇၉၉ မဂ္ဂါဝပ်ခန့်မှာ အသားတင်လျော့ နည်းထုတ် လုပ်ရလျက်ရှိပါသည်။
ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စ်စဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရန် အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား (၆၃၈၅.၄၆) မဂ္ဂါဝပ်မှ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ခဲ့ရပါသည်။ သို့ရာတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်နိုင်ရန်စီမံရာ၌ ၂၀၂၃ ခုနှစ်မုတ်သုံရာသီတွင် ၂၀၂၂ ခုနှစ်ထက်ပုံမှန်မိုးရွာသွန်းနိုင်မှုအောက်တွင် ဆက်လက်ရှိနေ၍ ဆည်များ၌ ရေပြည့်ဝစွာ မရရှိခြင်း ဓာတ်အားစနစ်အတွင်း တစ်နိုင်ငံလုံးကို ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာရရှိစေရန်အတွက် မိုးမကျမီ ကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှု ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လအထိ ယခင် သိုလှောင်စုဆောင်းထားရှိသည့် ရေများအားချိန်ညှိ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရခြင်း သဘာဝဓာတ်ငွေ့ ရရှိမှုတို့အား ထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းစသည်တို့ ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၈၀ဝ) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ (၅၀)ရာခိုင်နှုန်း ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။

အထက်ပါအခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုအချိုးအစားပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးသို့ (၄၆)ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးသို့ (၁၆)ရာခိုင်နှုန်း နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ (၃၈)ရာခိုင်နှုန်း အား အချိုးကျခွဲဝေပို့လွှတ် ခဲ့ပြီး သုံးစွဲသူပြည်သူများ အဆင်ပြေစေရန်အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်းအခြားအလိုက် ခွဲဝေဖြန့် ဖြူးပေးလျက်ရှိပါသည်။

အထက်ပါအတိုင်း ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်အပိုင်းအခြားအလိုက်ခွဲဝေ ဖြန့်ဖြူး ထားသော်လည်း ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတစ်ရံသတ်မှတ်ကြိမ်နှုန်း (frequency) အောက်ရောက် ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည်စက်များအား ထိခိုက် ပျက်စီးမှုမဖြစ်ပေါ် စေရေးအတွက် ဗဟိုဓာတ်အားကွပ်ကဲရေးဌာန (National Control Centre) မှ အရေးပေါ်ဝန်အား လျော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ရခြင်းများကို ပြုလုပ်ရကာ ပုံမှန်ခွဲတမ်းအရရရှိမည့် ဓာတ်အားရရှိချိန်အတွင်း တိုက်ဆိုင်စွာဖြတ် တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရလျက်ရှိပါသည်။

တစ်ဖက်တွင်လည်း ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်းကြီးများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေစပြီး ယနေ့အထိ ဓာတ်အားလိုင်း တာဝါတိုင်များအား (၇၁)ကြိမ် ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်ပေါင်း (၈၉)တိုင်ပြိုလဲပျက်စီးခဲ့ကာ ဓာတ်အားခွဲရုံကြီး (၅)ရုံဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ်နိုင်မှုမရှိသဖြင့် ဓာတ်အားပြတ် တောက်မှုများလည်း ဖြစ်ပေါ်ခဲ့ရပါသည်။ သို့သော် လည်း ပြည်သူများ၏ ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ်ရရှိရေးအတွက် ပြင်ဆင်မှုများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးခဲ့ရာ တာဝါတိုင်ပေါင်း (၄၉)တိုင်အား အစားထိုးပြင်ဆင်ပြီးစီးခဲ့ပြီး တာဝါတိုင် (၄၀)ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားကို လျော့နည်းပျောက်ဆုံးမှု မရှိစေရေးအတွက် ဓာတ်အားခ ရရှိရေးအတွက်လည်း မီတာခပေးဆောင်ရန် ပျက်ကွက်သူများအား ပထမလတွင် သတိပေးခြင်း၊ ပထမလမှ တတိယလ အထိ ရက်လွန်ဒဏ်ကြေးများအား ပေးဆောင်ခြင်းမရှိပါက ဓာတ်အားဆက်သွယ်မှု ဖြတ်တောက်ခြင်းနှင့် မီတာသိမ်း ဆည်း၍ ဥပဒေကြောင်းအရ အရေးယူခြင်းများကို ဆောင်ရွက်ခဲ့၍ စုစုပေါင်းမီတာအလုံးရေ ၄ သိန်းကျော်ကို ဓာတ်အား ဖြတ်တောက်ခဲ့ပြီး မီတာအလုံး ၆ သောင်းကျော် ကို ဖြုတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

၎င်းအပြင် ဓာတ်အားသုံးစွဲသူပြည်သူများ၏ လို အပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံ ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက် ရုံ စီမံကိန်းများဖြစ်သော တောင်တော်ကွင်း (၂၀) မဂ္ဂါဝပ်၊ ကြီးအုံကြီးဝ (၃၀) မဂ္ဂါဝပ်၊ စေတုတ္တရာ (၃၀) မဂ္ဂါဝပ် နှင့် ကင်းတား (၃၀) မဂ္ဂါဝပ် စုစုပေါင်း ဓာတ် အားပေးစက်ရုံ (၄)ခု တပ်ဆင်အင်အား (၁၁၀) မဂ္ဂါဝပ်ခန့်အား ဓာတ်အားဝယ်ယူရေး စာချုပ်များ (ဏဏဗ)ချုပ်ဆို၍ ဓာတ်အားစနစ်အတွင်းသို့ လျှပ်စစ်ဓာတ်အား ပိုမိုပို့လွှတ်ပေးနိုင်ခဲ့ပြီး သပြေဝ-၃ (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ် အား ပေးစက်ရုံစီမံကိန်း ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ရက် နေ့တွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အား စတင် စမ်းသပ်ပို့လွှတ်နိုင်ခဲ့သဖြင့် စုစုပေါင်း (၂၁၀) မဂ္ဂါဝပ် ခန့် ထပ်တိုးထုတ်လုပ်နိုင်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ ဝန်အားလျှော့ ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်သောကြောင့် ပြည်သူလုထူအနေဖြင့် အဆင်မပြေ မှုများရှိပါက နားလည်ပေးနိုင်ပါရန်နှင့် ဓာတ်အား လိုင်းများ ဖောက်ခွဲဖျက်ဆီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီစောင့်ရှောက် ပေးကြပါရန်နှင့် လျော့နည်း လျက်ရှိသော လျှပ်စစ်ဓာတ်အားများ အ မြန်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင် ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စီမံကိန်းအသစ်များကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

zawgyi version
“လွ်ပ္စစ္မီးဘာေၾကာင့္ ျပတ္ေတာက္ရသလဲ ’’ - ဝန္ႀကီးဌာန ေျဖၾကားခ်က္ - (အင္တာဗ်ဴး)
ယြန္း (NP News) - ေမ ၉

ေမး - ဝန္ႀကီးဌာနအေနနဲ႔ လက္ရွိမွာတစ္ရက္ကို လွ်ပ္စစ္ဓာတ္အားမဂၢါဝပ္ကိုဘယ္ေလာက္ထုတ္ေပး ေနပါသလဲ။ ထြက္ရွိတဲ့ မဂၢါဝပ္ဘယ္ေလာက္ကို သုံးစြဲေနပါသလဲ။
ေျဖ - လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ တစ္ရက္လွ်င္ပ်မ္းမွ် ၂၈၀ဝ မဂၢါဝပ္ခန႔္ ထုတ္လုပ္လ်က္ရွိပါသည္။ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလတြင္ သုံးစြဲသူစုစုေပါင္း၏ ၉၀% ခန႔္မွာ အိမ္သုံးအမ်ိဳးအစားျဖစ္ၿပီး ၁၀% ခန႔္မွာ စက္မူသုံး/စီးပြား‌ျဖစ္ အမ်ိဳးအစားျဖစ္ပါသည္။

ေမး - လွ်ပ္စစ္ဝန္ႀကီးဌာနရဲ႕ေအာက္မွာ ေရးအားလွ်ပ္စစ္၊ ေလအားလွ်ပ္စစ္အပါအဝင္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ ေနတဲ့က႑ ဘယ္ႏွခုရွိပါသလဲ။ က႑တစ္ခုခ်င္းအလိုက္ လက္ရွိရရွိေနတဲ့ ဓာတ္အားပမာဏကိုလည္း ေသခ်ာသိလိုပါတယ္။

ေမး - ေရအားလွ်ပ္စစ္အပါအဝင္ ဆက္လက္တည္ေဆာက္ေနဆဲျဖစ္တဲ့ စီမံကိန္းေတြ ဘယ္နခုရွိပါသလဲ။ စီမံကိန္း တစ္ခုခ်င္းစီရဲ႕ စတင္တည္ေဆာက္တဲ့ခုႏွစ္နဲ႔ မည္သည့္ဘ႑ာႏွစ္မွာ ၿပီးစီးႏိုင္မယ္ဆိုတာကိုလည္း သိလိုပါတယ္။
ေျဖ - တည္ေဆာက္ေနဆဲ ေရအားလွ်ပ္စစ္ ဓာတ္အားေပးစက္႐ုံ စီမံကိန္း (၇)ခု၏ တပ္ဆင္စက္အင္အားၿပီးစီးမူ အေျခအေနႏွင့္ ခန႔္မွန္းၿပီးစီးမည့္ ကာလမ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

ေမး - ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ မတိုင္ခင္ကေကာ တစ္ရက္ကို ဘယ္ေလာက္ထုတ္လုပ္ႏိုင္ပါသလဲ။ အခုထုတ္လုပ္ ႏိုင္တာနဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ ပိုတိုးၿပီးထုတ္ႏိုင္လား။ ထုတ္လုပ္မူနည္းသြားလား။ ဘာေၾကာင့္လဲ။
ေျဖ - ေ႐ႊက်င္၊ ဘီလူးေခ်ာင္း(၁)၊ (၂)၊ (၃)၊ သဖန္းဆိပ္ ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ား မွထြက္ရွိသည့္ ဓာတ္အားကို ပို႔လႊတ္လ်က္ရွိသည့္ ၂၃၀ ေကဗီ၊ ၁၃၂ ေကဗီ ဓာတ္အားလိုင္းမ်ား ဖ်က္ဆီးခံထားရျခင္း၊ သဘာဝဓာတ္ေငြ ခြဲတမ္းေလ်ာ့နည္းရရွိမူအရ အပူစြမ္းအင္သုံးစက္႐ုံတို႔မွ စြမ္းအားျပည့္ေမာင္းႏွင္ထုတ္လုပ္ႏိုင္မူမရွိျခင္းတို႔ေၾကာင့္ သာမန္ အခ်ိန္ထက္ မဂၢါဝပ္ ၁၀ဝ၀ ခန႔္ ေလ်ာ့နည္းေနသျဖင့္ ဓာတ္အားခြဲေဝျဖန႔္ျဖဴးျခင္းမ်ားကို ေဆာင္႐ြက္ရလ်က္ရွိပါသည္။

ေမး - ရသုံးမွန္းေျခ ေငြစာရင္းအရ ၿပီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္မွာ လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဌာနအေနနဲ႔စုစုေပါင္း ဘီလ်ံ(၃၀ဝဝ)ေက်ာ္ သုံးခဲ့တယ္လို႔ သိရပါတယ္။ ဒီပမာဏသုံးလိုက္တဲ့အတြက္ မီးလင္း႐ုံ တစ္ခုတည္းပဲလား တျခား ဘယ္လိုအက်ိဴးေက်းဇူးေတြရခဲ့လဲ။
ေျဖ - လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ ႏွစ္စဥ္တိုးတက္သုံးစြဲလာသည့္ လွ်ပ္စစ္ဓာက္အားလိုအပ္ခ်က္ကို ျဖည့္ ဆည္းေပးႏိုင္ေရးအတြက္ ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားတည္ေဆာက္ျခင္း၊ ဓာတ္အားစနစ္တည္ၿငိမ္ ေကာင္း မြန္ေရး၊ ဓာတ္အားေပ်ာက္ဆုံးမူေလ်ာ့က်ေရးႏွင့္ ဓာတ္အားျပတ္ေတာက္ မူေလွ်ာ့ခ်ႏိုင္ေရးအတြက္ လွ်ပ္စစ္ ဓာတ္အား လိုင္းမ်ား၊ ဓာတ္အားခြဲ႐ုံမ်ားတိုးခ်ဲ႕တည္ေဆာက္ျခင္း၊ မြမ္းမံျပင္ဆင္ျခင္းႏွင့္ အၾကမ္းဖက္ေသာင္းက်န္းသူ မ်ား၏ ေဖာက္ခြဲဖ်က္ဆီးမူမ်ားေၾကာင့္ ပ်က္စီးသြားသည့္ လွ်ပ္စစ္ဓာတ္အားလိုင္း၊ ဓာတ္အားခြဲ႐ုံမ်ားႏွင့္ အေျခခံအေဆာက္ အအုံမ်ားကို ျပန္လည္ျပဳျပင္ျခင္းတို႔အျပင္ မီးသုံးစြဲသူမ်ားအား တိုးခ်ဲ႕ျဖန႔္ျဖဴးႏိုင္ရန္ ေဆာင္႐ြက္ျခင္းတို႔ကို ေဆာင္႐ြက္ လ်က္ရွိသျဖင့္ မီးသုံးစြဲလ်က္ရွိသူမ်ားမွ ဗို႔အားတည္ၿငိမ္စြာအသုံးျပဳႏိုင္ျခင္းႏွင့္ ပညာေရးျမႇင့္တင္မူမ်ား တိုးပြားလာျခင္းစ သည့္ အက်ိဳးေက်းဇူးမ်ား ရရွိပါသည္။

ေမး - ျမန္မာႏိုင္ငံမွာ ၂၀၂၁ အခင္းအက်င္းျဖစ္ ၿပီးတဲ့ေနာက္ပိုင္းကေနစၿပီး ၿမိဳ႕နယ္အဆင့္ ဌာနမႉး ႐ုံးထိုင္လည္ပတ္ ႏိုင္ျခင္းမရွိတဲ့ ၿမိဳ႕နယ္ဘယ္ႏွၿမိဳ႕ နယ္ရွိသြားခဲ့လဲ။
ေျဖ - ၂၀၂၁ အခင္းအက်င္းျဖစ္ၿပီးတဲ့ေနာက္ပိုင္း တိုင္းေဒသႀကီး/ျပည္နယ္ (၈) ခုတို႔ရွိ (၉၀)ၿမိဳ႕တို႔တြင္ နယ္ေျမ အေျခအေနအရ မီတာဖတ္ရႈႏိုင္ျခင္း မရွိပါသျဖင့္ ဓာတ္အားခေတာင္းခံျခင္းကို ရပ္နားထားပါသည္။

ေမး - စက္မႈဇုန္ေတြကို သီးသန႔္လွ်ပ္စစ္မီးေပးဖို႔ စီစဥ္ေနတာေကာ ဘယ္အဆင့္အထိ ေရာက္သြားၿပီလဲ။ လုပ္ငန္းရွင္ ေတြရဲ႕ေျပာၾကားခ်က္အရ ဝန္ႀကီးဌာနအေနနဲ႔ စာခ်ဳပ္ခ်ဳပ္ခါနီးမွာ အတည္မျပဳခဲ့ဘူးလို႔ ေျပာၾကားခ်က္ေတြတည္း ၾကားရပါတယ္။ ဝန္ႀကီးဌာနဘက္က အားနည္းခ်က္တစ္ခုလိုမ်ိဳး ေထာက္ျပတာ ေတြ႕ရပါတယ္။ အဲ့ဒီအစီအစဥ္က ဘာျဖစ္သြားတာလဲ။
ေျဖ - ျပည္သူမ်ားလိုအပ္လ်က္ရွိေသာ လွ်ပ္စစ္ဓာတ္အားကို ျဖည့္ဆည္းေပးႏိုင္ေရးႏွင့္ စက္မႈဇုန္မ်ား လွ်ပ္စစ္ဓာတ္ အားရရွိေရးတို႔အတြက္ ၅၀ဝ မဂၢါဝပ္ ထြက္ရွိမည့္ LNG စက္႐ုံစီမံကိန္းႏွင့္ ၃၅၀ မဂၢါဝပ္ ထြက္ရွိမည့္ HFO စက္႐ုံ စီမံကိန္းမ်ားကို ရင္းႏွီးျမႇဳပ္ႏွံလိုသည့္ ပုဂၢလိက လုပ္ငန္းရွင္မ်ားႏွင့္ အျမန္ဆုံး အေကာင္အထည္ေဖာ္ႏိုင္ေရး ဓာတ္အားခ ေပးေခ်မႈ ဆိုင္ရာ ကိစၥရပ္မ်ားကို အေသးစိတ္ ညႇိႏႈိင္းေဆြးေႏြး လ်က္ရွိပါသည္။

ေမး - ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလကေနစၿပီး ယေန႔အထိ ဖ်က္ဆီးခံရတဲ့ တာဝါတိုင္အေရအတြက္ ဘယ္ေလာက္ရွိ ပါသလဲ။ ျပန္လည္ျပင္ဆင္မႈကေရာ ဘယ္ေလာက္ရွိလဲ။ ျပင္ဆင္မႈမလုပ္ရေသးတဲ့ သိခ်င္ပါတယ္။
ေျဖ - ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလကေနစၿပီး ယေန႔အထိ ဓာတ္အားလိုင္းတာဝါတိုင္းမ်ားအား (၇၁)ႀကိမ္ ေဖာက္ခြဲ ဖ်က္ဆီးခဲ့ရၿပီး တာဝါတိုင္ေပါင္း (၈၉) တိုင္ ၿပိဳလဲပ်က္စီးခဲ့ၿပီး၊ ဓာတ္အားခြဲ႐ုံႀကီး (၅)႐ုံ ေဖာက္ခြဲဖ်က္ဆီးခံရပါသည္။ တာဝါတိုင္ေပါင္း (၄၉) တိုင္အစားထိုးျပင္ဆင္ၿပီးစီးခဲ့ၿပီး တာဝါတိုင္ (၄၀) ျပင္ဆင္ရန္ ေဆာင္႐ြက္လ်က္ရွိပါသည္။

ေမး - ျပည္တြင္းလွ်ပ္စစ္က႑အတြက္ ျပည္ပႏိုင္ငံေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတာေတြရွိပါသလား။ ျပည္ပကေန ဓာတ္အား ဘယ္ေလာက္အထိ ဝယ္ယူမယ္ဆိုၿပီး ရွာထားတာမ်ိဳးေကာ ရွိပါသလား။
ေျဖ - နယ္စပ္ျဖတ္ေက်ာ္ ဓာတ္အားဝယ္ယူႏိုင္ေရးအတြက္ တ႐ုတ္ႏိုင္ငံမွ (ပ)အဆင့္ ၁၀ဝ မဂၢါဝပ္၊ (ဒု) အဆင့္ ၃၀ဝ မဂၢါဝပ္ႏွင့္ လာအိုႏိုင္ငံမွ လွ်ပ္စစ္ ၁၀ဝ၀ မဂၢါဝပ္ အဆင့္လိုက္ ဝယ္ယူႏိုင္ေရး အေသးစိတ္ညႇိႏႈိင္း အေကာင္အထည္ ေဖာ္လ်က္ရွိပါသည္။

ေမး - တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ လွ်ပ္စစ္ဓာတ္အားခ ေကာက္ခံဖို႔ဘယ္ေလာက္ရွိပါသလဲ။ ဘယ္ေဒသေတြ က ဓာတ္အားခ မေပးေဆာင္မႈ အမ်ားဆုံးလဲ။
ေျဖ - မီတာေႁခြကးက်န္အေနျဖင့္ ၂၀၂၁ ခုႏွစ္၊ ဧၿပီ လမွ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလအထိ မီတာခ ေကာက္ခံရေငြ (၉၆) ရာခိုင္ႏႈန္းအထိေကာက္ခံရရွိခဲ့ၿပီး က်န္(၄)ရာခိုင္ႏႈန္းကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိသက္ဆိုင္ရာ အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမ်ားႏွင့္ေပါင္းစပ္၍ ဆက္လက္ေကာက္ခံေဆာင္႐ြက္ လ်က္ရွိပါသည္။ မီတာခေပးေဆာင္ရန္ ပ်က္ကြက္သူ မ်ားကို ပထမလတြင္ သတိေပးျခင္း၊ ပထမလမွ တတိယလအထိ ရက္လြန္ဒဏ္ေၾကးေကာက္ခံျခင္း၊ စတုတၳလတြင္ လအလိုက္ေပးေဆာင္ရမည့္ မီတာခႏွင့္ ရက္လြန္ဒဏ္ေၾကးမ်ားကို ေပးေဆာင္ျခင္းမရွိပါက ဓာတ္အားဆက္သြယ္မႈ ျဖတ္ေတာက္ျခင္းႏွင့္ မီတာသိမ္းဆည္း၍ ဥပေဒေၾကာင္းအရ အေရးယူျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါသည္။ ဓာတ္အားခ ေပးေဆာင္ျခင္းမရွိေသာ အမ်ားဆုံးေဒသမ်ားမွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကယားျပည္နယ္ႏွင့္ ခ်င္းျပည္ နယ္တို႔ျဖစ္ပါသည္။

ေမး - ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကေနစၿပီး လက္ရွိအခ်ိန္ထိ လွ်ပ္စစ္မီးသုံးစြဲသူဘယ္ႏွဦးကို ဓာတ္အား ျဖတ္ေတာက္ ခဲ့ပါသလဲ။ ျဖဳတ္သိမ္းခဲ့တဲ့ မီတာပုံးအေရ အတြက္ေကာ ဘယ္ေလာက္ရွိပါသလဲ။
ေျဖ - စုစုေပါင္း မီတာအလုံးေရ ၄ သိန္းေက်ာ္ကို ဓာတ္အားျဖတ္ေတာက္ခဲ့ၿပီး မီတာအလုံး ၆ ေသာင္းေက်ာ္ကို ျဖဳတ္သိမ္းျခင္းမ်ားေဆာင္႐ြက္ခဲ့ပါသည္။

ေမး - ၃ ႏွစ္ေက်ာ္အတြင္း ဖမ္းဆီးခံရတဲ့ လွ်ပ္စစ္ဝန္ထမ္းအေရအတြက္ ဘယ္ေလာက္ရွိပါသလဲ။ ထိခိုက္ဒဏ္ရာရသူ၊ သတ္ျဖတ္ခံခဲ့ရတဲ့ အေရအတြက္ေကာ ဘယ္ေလာက္ရွိပါသလဲ။ ဘယ္ေဒသမွာအမ်ား ဆုံးျဖစ္ပြားခဲ့ပါသလဲ။
ေျဖ - ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလအထိ ထိခိုက္ေသဆုံးဝန္ထမ္းမ်ားအနက္ ေသဆုံးဝန္ထမ္း (၂၇)ဦး၊ ထိခိုက္ဒဏ္ရာရ (၇၂)ဦး၊ ဖမ္းဆီးခံရသည့္ ဝန္ထမ္း(၆၂)ဦးရွိပါသည္။ မႏၲေလးတိုင္းေဒသႀကီးတြင္ အမ်ားဆုံး ျဖစ္ပြားခဲ့ပါသည္။

ေမး - လက္ရွိတြင္ တစ္ႏိုင္ငံလုံးရွိ ျပည္သူလူထုကို မီးေပးေနသည့္ စနစ္ကို ရွင္းရွင္းလင္းလင္းေလး သိပါရေစရွင္။ မည္သည့္ခြဲေဝမႈပုံစံမ်ိဳးျဖင့္ ေပးေနသည္ကို ရွင္းရွင္းလင္းလင္းသိပါရေစ။
ေျဖ - လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာနမွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေပးလွ်က္ရွိသည့္ ဓာတ္အားေပးစက္႐ုံမ်ား၏ အရင္းအျမစ္အလိုက္ စုစုေပါင္းတပ္ဆင္စက္ အင္အားမွာ (၇၁၈၄.၄၆) မဂၢါဝပ္ရွိၿပီး ေရအားလွ်ပ္ စစ္စက္႐ုံ (၂၉)႐ုံ၏ တပ္ဆင္စက္အင္အား (၃၂၂၈) မဂၢါဝပ္၊ သဘာဝဓာတ္ေငြ႕သုံးစက္႐ုံ (၂၇)႐ုံ၏ တပ္ဆင္စက္အင္အား (၃၆၃၈.၃၆၄) မဂၢါဝပ္၊ ေက်ာက္မီးေသြးသုံးစက္႐ုံ(၂)႐ုံ၏ တပ္ဆင္စက္အင္ အား(၁၃၈) မဂၢါဝပ္ႏွင့္ ေနေရာင္ျခည္သုံးစြမ္းအင္ စက္႐ုံ(၆) ႐ုံ၏ တပ္ဆင္စက္အင္အား(၁၈၀) မဂၢါဝပ္တို႔ရွိၿပီး စုစုေပါင္းဓာတ္အားစနစ္အတြင္း ဓာတ္အားထုတ္လုပ္ႏိုင္ သည့္စက္မ်ား၏ စက္တပ္ ဆင္အင္အားမွာ ၇၁၈၄.၄၆ မဂၢါဝပ္အထိရွိပါသည္။ ႏိုင္ငံေတာ္၏ လိုအပ္ခ်က္မွာ ႏွစ္စဥ္ (၉)ရာခိုင္ႏႈန္း တိုးတက္သုံးစြဲလ်က္ရွိသျဖင့္ စုစုေပါင္း (၅၄၄၃) မဂၢါဝပ္ လိုအပ္သည္။ ထိုသို႔ရွိေသာ္လည္း တပ္ဆင္ အင္အားအတိုင္း စက္မ်ားအားစြမ္းအားျပည့္ေမာင္းႏွင္ႏိုင္ပါက လုံေလာက္မႈရွိပါသည္။
သို႔ရာတြင္ လက္ရွိကာလ၌ ေ႐ႊက်င္ (၇၅) မဂၢါဝပ္၊ ဘီလူးေခ်ာင္း (၁)၊(၂)၊(၃) တို႔မွ (၂၄၈) မဂၢါဝပ္ႏွင့္ သဖန္းဆိပ္ (၃၀) မဂၢါဝပ္ ေရအားလွ်ပ္ စစ္ဓာတ္အားေပးစက္႐ုံမ်ားမွ ထြက္ရွိသည့္ ဓာတ္အားကို ပို႔လႊတ္လ်က္ရွိသည့္ ၂၃၀ ေကဗီ၊ ၁၃၂ ေကဗြီ ဓာတ္အားလိုင္းမ်ား ဖ်က္ဆီးခံထားရျခင္းေၾကာင့္ ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားမွထြက္ရွိသည့္ ဓာတ္အား (၃၅၃) မဂၢါဝပ္ အသားတင္ေလ်ာ့နည္း ထုတ္လုပ္ရလ်က္ရွိပါသည္။
ထို႔အတူ လက္ရွိဓာတ္အားထုတ္လုပ္မႈ၌ အပူစြမ္းအင္သုံးစက္႐ုံမ်ားရွိ သဘာဝဓာတ္ေငြ႕အသုံးျပဳ၍ လွ်ပ္စစ္ ဓာတ္အားထုတ္လုပ္မႈအခ်ိဳးမွာ (၅၀)ရာခိုင္ ႏႈန္းခန႔္ရွိေသာ္လည္း သဘာဝဓာတ္ေငြ႕ရရွိႏိုင္မႈမွာ ေလ်ာ့နည္းလ်က္ရွိသျဖင့္ သဘာဝဓာတ္ေငြ႕သုံးလွ်ပ္ စစ္ဓာတ္အားေပးစက္႐ုံမ်ားမွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေပးႏိုင္မႈမွာလည္း ယခုကာလ အတြင္း (၄၄၆) မဂၢါဝပ္ခန႔္ ေလ်ာ့နည္းလ်က္ရွိပါသည္။ သို႔ပါ၍ စုစုေပါင္းစက္မ်ား၏ တပ္ဆင္အားမ်ားမွ ေရအားႏွင့္ သဘာဝဓာတ္ေငြ႕သုံးစက္႐ုံမ်ား၏ ထုတ္လုပ္မႈတြင္ (၃၅၃+၄၄၆) = ၇၉၉ မဂၢါဝပ္ခန႔္မွာ အသားတင္ေလ်ာ့ နည္းထုတ္ လုပ္ရလ်က္ရွိပါသည္။
ထိုသို႔ ထုတ္လုပ္မႈေလ်ာ့နည္းရရွိမႈကို ႏိုင္ငံေတာ္၏ လွ်ပ္စ္စဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းေပး ႏိုင္ရန္ အတြက္ က်န္ရွိေသာ စက္တပ္ဆင္အင္အား (၆၃၈၅.၄၆) မဂၢါဝပ္မွ ထုတ္လုပ္ျဖန႔္ျဖဴးႏိုင္ရန္ စီမံေဆာင္႐ြက္ခဲ့ရပါသည္။ သို႔ရာတြင္ ေရအားလွ်ပ္စစ္ ဓာတ္အားေပးစက္႐ုံမ်ားမွ ထြက္ရွိသည့္ ဓာတ္အားကို ပို႔လႊတ္ႏိုင္ရန္စီမံရာ၌ ၂၀၂၃ ခုႏွစ္မုတ္သုံရာသီတြင္ ၂၀၂၂ ခုႏွစ္ထက္ပုံမွန္မိုး႐ြာသြန္းႏိုင္မႈေအာက္တြင္ ဆက္လက္ရွိေန၍ ဆည္မ်ား၌ ေရျပည့္ဝစြာ မရရွိျခင္း ဓာတ္အားစနစ္အတြင္း တစ္ႏိုင္ငံလုံးကို ဓာတ္အားစဥ္ဆက္မျပတ္ တည္ၿငိမ္စြာရရွိေစရန္အတြက္ မိုးမက်မီ ကာလအတြင္းအထိ ဓာတ္အားျပတ္ေတာက္မႈ ျဖစ္စဥ္မ်ား ျဖစ္ပြားမႈမရွိေစေရးအတြက္ ႏိုဝင္ဘာလမွ ဇြန္လအထိ ယခင္ သိုေလွာင္စုေဆာင္းထားရွိသည့္ ေရမ်ားအားခ်ိန္ညႇိ၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ရျခင္း သဘာဝဓာတ္ေငြ႕ ရရွိမႈတို႔အား ထိန္းညႇိ၍ လုံေလာက္စြာမရရွိသျဖင့္ တပ္ဆင္ထားေသာစက္မ်ား၏ စက္စြမ္းအားျပည့္လည္ပတ္ႏိုင္မႈမရွိျခင္းစသည္တို႔ ေၾကာင့္ ယခုကာလတြင္ တစ္ရက္ပ်မ္းမွ် (၂၈၀ဝ) မဂၢါဝပ္ခန႔္သာ ထုတ္လုပ္ႏိုင္သျဖင့္ လိုအပ္ခ်က္၏ (၅၀)ရာခိုင္ႏႈန္း ခန႔္ကိုသာ ထုတ္လုပ္ေပးႏိုင္လ်က္ရွိပါသည္။

အထက္ပါအေျခအေနမ်ားအရ ထုတ္လုပ္ႏိုင္မႈႏွင့္ သုံးစြဲမႈအခ်ိဳးအစားေပၚအေျခခံ၍ ရန္ကုန္တိုင္းေဒသႀကီးသို႔ (၄၆)ရာခိုင္ႏႈန္း၊ မႏၲေလးတိုင္းေဒသႀကီးသို႔ (၁၆)ရာခိုင္ႏႈန္း ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားသို႔ (၃၈)ရာခိုင္ႏႈန္း အား အခ်ိဳးက်ခြဲေဝပို႔လႊတ္ ခဲ့ၿပီး သုံးစြဲသူျပည္သူမ်ား အဆင္ေျပေစရန္အတြက္ အုပ္စုမ်ားခြဲ၍ အခ်ိန္အပိုင္းအျခားအလိုက္ ခြဲေဝျဖန႔္ ျဖဴးေပးလ်က္ရွိပါသည္။

အထက္ပါအတိုင္း ဓာတ္အားထုတ္လုပ္ႏိုင္မႈအေပၚ အခ်ိဳးက်အရ အခ်ိန္အပိုင္းအျခားအလိုက္ခြဲေဝ ျဖန႔္ျဖဴး ထားေသာ္လည္း ႐ုတ္တရက္ျမင့္မားလာသည့္ သုံးစြဲမႈအရ တစ္ခါတစ္ရံသတ္မွတ္ႀကိမ္ႏႈန္း (frequency) ေအာက္ေရာက္ ရွိပါက ဓာတ္အားစနစ္အတြင္းရွိ ထရန္စေဖာ္မာမ်ား၊ ဓာတ္အားထုတ္လုပ္သည္စက္မ်ားအား ထိခိုက္ ပ်က္စီးမႈမျဖစ္ေပၚ ေစေရးအတြက္ ဗဟိုဓာတ္အားကြပ္ကဲေရးဌာန (National Control Centre) မွ အေရးေပၚဝန္အား ေလ်ာ့ခ်ရန္အတြက္ ဓာတ္အားျဖတ္ေတာက္ရျခင္းမ်ားကို ျပဳလုပ္ရကာ ပုံမွန္ခြဲတမ္းအရရရွိမည့္ ဓာတ္အားရရွိခ်ိန္အတြင္း တိုက္ဆိုင္စြာျဖတ္ ေတာက္ခဲ့ရပါက ျပတ္ေတာက္ခ်ိန္မွာ ပိုမိုရွည္ၾကာျခင္းမ်ား ျဖစ္ေပၚရလ်က္ရွိပါသည္။

တစ္ဖက္တြင္လည္း ဓာတ္အားေပးစက္႐ုံမ်ားမွ ထြက္ရွိလာသည့္ ဓာတ္အားမ်ားကို ပို႔လႊတ္လ်က္ရွိသည့္ ဓာတ္အားလိုင္းႀကီးမ်ားအား ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလကေနစၿပီး ယေန႔အထိ ဓာတ္အားလိုင္း တာဝါတိုင္မ်ားအား (၇၁)ႀကိမ္ ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရၿပီး တာဝါတိုင္ေပါင္း (၈၉)တိုင္ၿပိဳလဲပ်က္စီးခဲ့ကာ ဓာတ္အားခြဲ႐ုံႀကီး (၅)႐ုံေဖာက္ခြဲ ဖ်က္ဆီးခံခဲ့ရသျဖင့္ ဓာတ္အားပို႔လႊတ္ႏိုင္မႈမရွိသျဖင့္ ဓာတ္အားျပတ္ ေတာက္မႈမ်ားလည္း ျဖစ္ေပၚခဲ့ရပါသည္။ သို႔ေသာ္ လည္း ျပည္သူမ်ား၏ ဓာတ္အားလိုအပ္ခ်က္ကို စဥ္ဆက္မျပတ္ရရွိေရးအတြက္ ျပင္ဆင္မႈမ်ားကို အခ်ိန္ႏွင့္ တေျပးညီ ေဆာင္႐ြက္ေပးခဲ့ရာ တာဝါတိုင္ေပါင္း (၄၉)တိုင္အား အစားထိုးျပင္ဆင္ၿပီးစီးခဲ့ၿပီး တာဝါတိုင္ (၄၀)ျပင္ဆင္ရန္ ေဆာင္႐ြက္လ်က္ရွိပါသည္။

အလားတူ ထုတ္လုပ္ႏိုင္ေသာ လွ်ပ္စစ္ဓာတ္အားကို ေလ်ာ့နည္းေပ်ာက္ဆုံးမႈ မရွိေစေရးအတြက္ ဓာတ္အားခ ရရွိေရးအတြက္လည္း မီတာခေပးေဆာင္ရန္ ပ်က္ကြက္သူမ်ားအား ပထမလတြင္ သတိေပးျခင္း၊ ပထမလမွ တတိယလ အထိ ရက္လြန္ဒဏ္ေၾကးမ်ားအား ေပးေဆာင္ျခင္းမရွိပါက ဓာတ္အားဆက္သြယ္မႈ ျဖတ္ေတာက္ျခင္းႏွင့္ မီတာသိမ္း ဆည္း၍ ဥပေဒေၾကာင္းအရ အေရးယူျခင္းမ်ားကို ေဆာင္႐ြက္ခဲ့၍ စုစုေပါင္းမီတာအလုံးေရ ၄ သိန္းေက်ာ္ကို ဓာတ္အား ျဖတ္ေတာက္ခဲ့ၿပီး မီတာအလုံး ၆ ေသာင္းေက်ာ္ ကို ျဖဳတ္သိမ္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ရပါသည္။

၎အျပင္ ဓာတ္အားသုံးစြဲသူျပည္သူမ်ား၏ လို အပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ေရးအတြက္ စီမံ ေဆာင္႐ြက္ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘ႑ာေရးႏွစ္အတြင္း ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစက္ ႐ုံ စီမံကိန္းမ်ားျဖစ္ေသာ ေတာင္ေတာ္ကြင္း (၂၀) မဂၢါဝပ္၊ ႀကီးအုံႀကီးဝ (၃၀) မဂၢါဝပ္၊ ေစတုတၱရာ (၃၀) မဂၢါဝပ္ ႏွင့္ ကင္းတား (၃၀) မဂၢါဝပ္ စုစုေပါင္း ဓာတ္ အားေပးစက္႐ုံ (၄)ခု တပ္ဆင္အင္အား (၁၁၀) မဂၢါဝပ္ခန႔္အား ဓာတ္အားဝယ္ယူေရး စာခ်ဳပ္မ်ား (ဏဏဗ)ခ်ဳပ္ဆို၍ ဓာတ္အားစနစ္အတြင္းသို႔ လွ်ပ္စစ္ဓာတ္အား ပိုမိုပို႔လႊတ္ေပးႏိုင္ခဲ့ၿပီး သေျပဝ-၃ (၃၀) မဂၢါဝပ္ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္ အား ေပးစက္႐ုံစီမံကိန္း ၂၀၂၄ ခုႏွစ္၊ မတ္လ ၃၀ရက္ ေန႔တြင္ ဓာတ္အားစနစ္အတြင္းသို႔ ဓာတ္အား စတင္ စမ္းသပ္ပို႔လႊတ္ႏိုင္ခဲ့သျဖင့္ စုစုေပါင္း (၂၁၀) မဂၢါဝပ္ ခန႔္ ထပ္တိုးထုတ္လုပ္ႏိုင္ခဲ့ပါသည္။

သို႔ျဖစ္ပါ၍ ဝန္အားထိန္းညႇိမႈအရ ဝန္အားေလွ်ာ့ ခ်ရျခင္းမ်ားအား ဆက္လက္ေဆာင္႐ြက္သြားရမည္ ျဖစ္ေသာေၾကာင့္ ျပည္သူလုထူအေနျဖင့္ အဆင္မေျပ မႈမ်ားရွိပါက နားလည္ေပးႏိုင္ပါရန္ႏွင့္ ဓာတ္အား လိုင္းမ်ား ေဖာက္ခြဲဖ်က္ဆီးခံရျခင္း၊ အဖ်က္အေမွာင့္ျပဳလုပ္ျခင္းမ်ားအေပၚ ျပည္သူလူထုမွလည္း ဝိုင္းဝန္းကူညီေစာင့္ေရွာက္ ေပးၾကပါရန္ႏွင့္ ေလ်ာ့နည္း လ်က္ရွိေသာ လွ်ပ္စစ္ဓာတ္အားမ်ား အ ျမန္ဆုံးျပန္လည္ျဖည့္ဆည္းေပးႏိုင္ေရးအတြက္ ျပင္ ဆင္ေဆာင္႐ြက္မႈမ်ား ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသလို စီမံကိန္းအသစ္မ်ားကိုလည္း ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါေၾကာင္း အသိေပးအပ္ပါသည္။

Related news

© 2021. All rights reserved.