အမေရိကန်တရားသူကြီးတစ်ဦးက ဒေါ်နယ်ထရမ့်ရဲ့အရေးကြီးတဲ့စာရွက်စာတမ်းအလွဲသုံးစားလုပ်မှုရုံးချိန်းကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်း

 787

Pika (NP News) - မေ ၉

အရေးကြီးတဲ့စာရွက်စာတမ်းတွေကို အလွဲသုံးစားလုပ်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ ရုံးချိန်းကို အမေရိကန်ဖက်ဒရယ်တရားသူကြီးတရားတစ်ဦးက ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေဟာ ဒေါ်နယ်ထရမ့်ရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ရာနဲ့ချီတဲ့ အရေးကြီးတဲ့စာရွက်စာတမ်းတွေကို သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ အချို့စာရွက်စာတမ်းတွေဟာ အမေရိကန်ရဲ့နျူကလီးယားလျှို့ဝှက်ချက်တွေ၊ အီရန်ရဲ့ ဒုံးကျည်အစီအစဉ်တွေ၊ တရုတ်မှာရှိတဲ့ အမေရိကန်ရဲ့ထောက်လှမ်းရေးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ဆက်စပ်နေတယ်လို့ Washington Post သတင်းဌာနက ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ရေးသားဖော်ပြခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့မှာရှိတဲ့ ဂျူရီတရားသူကြီးအဖွဲ့ဟာ ဒေါ်နယ်ထရမ့်ကို စွဲချက်တင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့လည်း အဲဒီစွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်မရှိဘူးလို့ ဒေါ်နယ်ထရမ့်က ဝန်ခံခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ရုံးချိန်းကို ၂၀၂၄ ခုနှစ် မေလ(၂၀)ရက်နေ့မှာ စတင်ဖို့စီစဉ်ထားပေမယ့်လည်း မေလ(၇)ရက်နေ့မှာ အမေရိကန်ခရိုင်တရားသူကြီး Aileen Cannon က ၎င်းမဆုံးဖြတ်ရသေးတဲ့ အဆို(၈)ခုရှိတယ်လို့ပြောဆိုခဲ့ပြီး ရုံးချိန်းရက်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ရုံးချိန်းကို ရွေးကောက်ပွဲအချိန်နဲ့ကပ်ပြီး လုပ်ဆောင်တာဟာ ဝင်ရောက်စွက်ဖက်တာမျိုးဖြစ်နိုင်တယ်လို့ ဒေါ်နယ်ထရမ့်ရဲ့ ဥပဒေရေးရာအဖွဲ့က ယခင်ကပြောဆိုခဲ့ဖူးပါတယ်။ ဆုံးဖြတ်ချက်အသစ်အရ ဒေါ်နယ်ထရမ့်ရဲ့ ရုံးချိန်းကို ရွေးကောက်ပွဲမတိုင်မီ လုပ်ဆောင်မှာလားဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ သိရပါတယ်။

zawgyi version
အေမရိကန္တရားသူႀကီးတစ္ဦးက ေဒၚနယ္ထရမ့္ရဲ႕အေရးႀကီးတဲ့စာ႐ြက္စာတမ္းအလြဲသုံးစားလုပ္မႈ႐ုံးခ်ိန္းကို ရက္အကန႔္အသတ္မရွိေ႐ႊ႕ဆိုင္း
Pika (NP News) - ေမ ၉

အေရးႀကီးတဲ့စာ႐ြက္စာတမ္းေတြကို အလြဲသုံးစားလုပ္မႈ စြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္ရဲ႕ ႐ုံးခ်ိန္းကို အေမရိကန္ဖက္ဒရယ္တရားသူႀကီးတရားတစ္ဦးက ရက္အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္းလိုက္တယ္လို႔ သိရပါတယ္။

၂၀၂၂ ခုႏွစ္မွာ အက္ဖ္ဘီအိုင္ေအးဂ်င့္ေတြဟာ ေဒၚနယ္ထရမ့္ရဲ႕ေနအိမ္ကို ဝင္ေရာက္စီးနင္းမႈေတြ လုပ္ေဆာင္ခဲ့ၿပီး ရာနဲ႔ခ်ီတဲ့ အေရးႀကီးတဲ့စာ႐ြက္စာတမ္းေတြကို သိမ္းယူခဲ့တယ္လို႔ သိရပါတယ္။ အခ်ိဳ႕စာ႐ြက္စာတမ္းေတြဟာ အေမရိကန္ရဲ႕န်ဴကလီးယားလွ်ိဳ႕ဝွက္ခ်က္ေတြ၊ အီရန္ရဲ႕ ဒုံးက်ည္အစီအစဥ္ေတြ၊ တ႐ုတ္မွာရွိတဲ့ အေမရိကန္ရဲ႕ေထာက္လွမ္းေရးေတြနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြနဲ႔ဆက္စပ္ေနတယ္လို႔ Washington Post သတင္းဌာနက ၂၀၂၂ ခုႏွစ္ စက္တင္ဘာလမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

၂၀၂၃ ခုႏွစ္မွာ ဖေလာ္ရီဒါျပည္နယ္ မိုင္ယာမီၿမိဳ႕မွာရွိတဲ့ ဂ်ဴရီတရားသူႀကီးအဖြဲ႕ဟာ ေဒၚနယ္ထရမ့္ကို စြဲခ်က္တင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့လည္း အဲဒီစြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး အျပစ္မရွိဘူးလို႔ ေဒၚနယ္ထရမ့္က ဝန္ခံခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ ႐ုံးခ်ိန္းကို ၂၀၂၄ ခုႏွစ္ ေမလ(၂၀)ရက္ေန႔မွာ စတင္ဖို႔စီစဥ္ထားေပမယ့္လည္း ေမလ(၇)ရက္ေန႔မွာ အေမရိကန္ခ႐ိုင္တရားသူႀကီး Aileen Cannon က ၎မဆုံးျဖတ္ရေသးတဲ့ အဆို(၈)ခုရွိတယ္လို႔ေျပာဆိုခဲ့ၿပီး ႐ုံးခ်ိန္းရက္ကို ေ႐ႊ႕ဆိုင္းခဲ့တာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ ႐ုံးခ်ိန္းကို ေ႐ြးေကာက္ပြဲအခ်ိန္နဲ႔ကပ္ၿပီး လုပ္ေဆာင္တာဟာ ဝင္ေရာက္စြက္ဖက္တာမ်ိဳးျဖစ္ႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္ရဲ႕ ဥပေဒေရးရာအဖြဲ႕က ယခင္ကေျပာဆိုခဲ့ဖူးပါတယ္။ ဆုံးျဖတ္ခ်က္အသစ္အရ ေဒၚနယ္ထရမ့္ရဲ႕ ႐ုံးခ်ိန္းကို ေ႐ြးေကာက္ပြဲမတိုင္မီ လုပ္ေဆာင္မွာလားဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.