အမေရိကန်မင်းသမီး စကားလက်ဂျွန်ဆန် က OpenAI chatbot ဟာ သူမရဲ့အသံကို တုထားတယ်လို့ ဆို

 670

ရောင်နီ (NP News) - မေ ၂၂

ChatGPT ရဲ့ စနစ်သစ်တစ်ခုအတွက် ပြုလုပ်နေတဲ့အသံဖန်တီးမှုမှာ အသံတုတစ်ခုက သူမရဲ့အသံနဲ့ဆင်တူနေ တယ်လို့ အမေရိကန်မင်းသမီး စကားလက်ဂျွန်ဆန် က ဆိုပါတယ်။
ChatGPT ရဲ့ အသံဖန်တီးမှုထဲက "Sky” လို့နာမည်ပေးထားတဲ့အသံဟာ မင်းသမီး စကားလက်ရဲ့အသံနဲ့တူနေခဲ့ တာပါ။ မင်းသမီးရဲ့မှတ်ချက်ကြောင့် ကုမ္ပဏီက အဆိုပါ အသံဖိုင်ကို ဖြုတ်ချပေးခဲ့ပါတယ်။ OpenAI အမှုဆောင် အရာရှိချုပ် ဆမ်အဲတ်မန် က Sky ရဲ့အသံဟာ စကားလက်ကို တုပခြင်း မဟုတ်ဘဲ အခြား ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ဦးရဲ့အသံသာဖြစ်တယ်လို့ မေလ ၂ဝ ရက်က ဆိုကာ ပြန်ဖြေရှင်းခဲ့ပါတယ်။ "မစ္စစကားလက် ကို လေးစားတဲ့အနေနဲ့ Sky ရဲ့အသံကို ခေတ္တရပ်ထားတယ်" လို့ ၎င်းက ဆိုပါတယ်။

AI ရဲ့ အသံတုစနစ်သစ်ဟာ စတူဒီယိုသရုပ်ဆောင်တွေရဲ့အသံနဲ့ ရုပ်ပုံဆိုင်ရာအခွင့်အရေးအတွက် အာရုံစိုက်စရာ ဖြစ်လာပါတယ်။

စကားလက်ရဲ့ပြောဆိုချက်အရတော့ မစ္စတာအယ်တ်မန်ဟာ သူမကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက ChatGPT စနစ်သစ် အသံထွက်အတွက် သူမကို ငှားရမ်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဆိုပါ ကမ်းလှမ်းချက်ကို သူမက ငြင်းဆိုခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကိုးလလောက်ကြာတော့ ChatGPT က အသစ်ထွက်တဲ့ ‘Sky’ လို့ခေါ်တဲ့ နောက်ဆုံးပေါ် အသံစနစ်ဟာ သူမရဲ့အသံထွက်နဲ့တူနေတာကို သတိပြုမိခဲ့တယ်လို့ သူမက ပြောကြားပါတယ်။ စကားလက်က ဒီအကြောင်းကို ရိုက်တာနဲ့ အခြားမီဒီယာတွေကိုပြောကြားခဲ့သလို အသံဖန်တီးမှုလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ဥပဒေအကြံပေးကိုလည်း ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္မင္းသမီး စကားလက္ဂြၽန္ဆန္ က OpenAI chatbot ဟာ သူမရဲ႕အသံကို တုထားတယ္လို႔ ဆို
ေရာင္နီ (NP News) - ေမ ၂၂

ChatGPT ရဲ႕ စနစ္သစ္တစ္ခုအတြက္ ျပဳလုပ္ေနတဲ့အသံဖန္တီးမႈမွာ အသံတုတစ္ခုက သူမရဲ႕အသံနဲ႔ဆင္တူေန တယ္လို႔ အေမရိကန္မင္းသမီး စကားလက္ဂြၽန္ဆန္ က ဆိုပါတယ္။
ChatGPT ရဲ႕ အသံဖန္တီးမႈထဲက "Sky” လို႔နာမည္ေပးထားတဲ့အသံဟာ မင္းသမီး စကားလက္ရဲ႕အသံနဲ႔တူေနခဲ့ တာပါ။ မင္းသမီးရဲ႕မွတ္ခ်က္ေၾကာင့္ ကုမၸဏီက အဆိုပါ အသံဖိုင္ကို ျဖဳတ္ခ်ေပးခဲ့ပါတယ္။ OpenAI အမႈေဆာင္ အရာရွိခ်ဳပ္ ဆမ္အဲတ္မန္ က Sky ရဲ႕အသံဟာ စကားလက္ကို တုပျခင္း မဟုတ္ဘဲ အျခား ပေရာ္ဖက္ရွင္နယ္ သ႐ုပ္ေဆာင္တစ္ဦးရဲ႕အသံသာျဖစ္တယ္လို႔ ေမလ ၂ဝ ရက္က ဆိုကာ ျပန္ေျဖရွင္းခဲ့ပါတယ္။ "မစၥစကားလက္ ကို ေလးစားတဲ့အေနနဲ႔ Sky ရဲ႕အသံကို ေခတၱရပ္ထားတယ္" လို႔ ၎က ဆိုပါတယ္။

AI ရဲ႕ အသံတုစနစ္သစ္ဟာ စတူဒီယိုသ႐ုပ္ေဆာင္ေတြရဲ႕အသံနဲ႔ ႐ုပ္ပုံဆိုင္ရာအခြင့္အေရးအတြက္ အာ႐ုံစိုက္စရာ ျဖစ္လာပါတယ္။

စကားလက္ရဲ႕ေျပာဆိုခ်က္အရေတာ့ မစၥတာအယ္တ္မန္ဟာ သူမကို ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလက ChatGPT စနစ္သစ္ အသံထြက္အတြက္ သူမကို ငွားရမ္းဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ အဆိုပါ ကမ္းလွမ္းခ်က္ကို သူမက ျငင္းဆိုခဲ့ တယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ ကိုးလေလာက္ၾကာေတာ့ ChatGPT က အသစ္ထြက္တဲ့ ‘Sky’ လို႔ေခၚတဲ့ ေနာက္ဆုံးေပၚ အသံစနစ္ဟာ သူမရဲ႕အသံထြက္နဲ႔တူေနတာကို သတိျပဳမိခဲ့တယ္လို႔ သူမက ေျပာၾကားပါတယ္။ စကားလက္က ဒီအေၾကာင္းကို ႐ိုက္တာနဲ႔ အျခားမီဒီယာေတြကိုေျပာၾကားခဲ့သလို အသံဖန္တီးမႈလုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီး ေမးျမန္းဖို႔ ဥပေဒအႀကံေပးကိုလည္း ငွားရမ္းခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.