အာကာသယာဉ် Lego အရုပ်ကို အချိန်(၇) နာရီခွဲကျော်အတွင်း တည်ဆောက်ပြခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ ကနေဒါအမျိုးသား

 975

Pika (NP News) - မေ ၂၂

Star Wars ရုပ်ရှင်နှင့် Lego အရုပ်များကို ကြိုက်နှစ်သက်သော ကနေဒါနိုင်ငံမှအမျိုးသားတစ်ဦးသည် အပိုင်းအစ(၇၅၄၁)ခုရှိသော Millennium Falcon အာကာသယာဉ်ကို အချိန်(၇)နာရီ(၃၆)မိနစ်နှင့် (၃၇)စက္ကန့်အတွင်း တည်ဆောက်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။

ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် Markham မြို့မှ အိုင်ဗန်ယုဟုအမည်ရသော အမျိုးသားသည် Lego Star Wars မော်ဒယ် 75192 Millennium Falcon အာကာသယာဉ်ကို အမြန်ဆုံးတည်ဆောက်ပြနိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အိုင်ဗန်ယုက 'အမှန်တကယ်တည်ဆောက်တဲ့အချိန်က အရမ်းကိုပျော်ဖို့ကောင်းပါတယ်။ Lego အရုပ်ဒီဇိုင်နာတွေဟာ ဒီလိုကြီးမားတဲ့အာကာသယာဉ်ကို တည်ဆောက်နေချိန်အတွင်း ပျော်စရာကောင်းတဲ့အခိုက်အတန့်တွေရအောင် ဖန်တီးခဲ့တာလို့ ကျွန်တော်ထင်ပါတယ်'ဟု ပြောဆိုခဲ့သည်။

ထို့ပြင် ကြီးမားသော Lego အာကာသယာဉ်ကို တည်ဆောက်နေစဉ်အချိန်အတွင်း မည်သည့်ပင်ပန်းနွမ်းနယ်မှုကိုမှ မခံစားခဲ့ရကြောင်းလည်း အိုင်ဗန်ယုကပြောကြားခဲ့သည်။ ၎င်းက 'ဒီလို Lego အာကာသယာဉ်ကို တည် ဆောက်ရတာ ကျွန်တော်တကယ်ကို ကြိုက်ပါတယ်။ အဲဒါကြောင့် ကျွန် တော်လုံးဝစိတ်နှစ်ပြီး တည်ဆောက်ခဲ့တာပါ။ ဒါပေမဲ့ တည်ဆောက်မှုအတွက် စုစုပေါင်းအချိန်က (၇)နာရီခွဲကျော်ကြာသွားတယ်ဆိုတာ အကုန်လုံးပြီးသွားမှ ကျွန်တော်သိခဲ့တာပါ"ဟု ပြောဆိုခဲ့သည်။

zawgyi version
Star Wars Millennium Falcon အာကာသယာဥ္ Lego အ႐ုပ္ကို အခ်ိန္(၇) နာရီခြဲေက်ာ္အတြင္း တည္ေဆာက္ျပခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ ကေနဒါအမ်ိဳးသား
Pika (NP News) - ေမ ၂၂

Star Wars ႐ုပ္ရွင္ႏွင့္ Lego အ႐ုပ္မ်ားကို ႀကိဳက္ႏွစ္သက္ေသာ ကေနဒါႏိုင္ငံမွအမ်ိဳးသားတစ္ဦးသည္ အပိုင္းအစ(၇၅၄၁)ခုရွိေသာ Millennium Falcon အာကာသယာဥ္ကို အခ်ိန္(၇)နာရီ(၃၆)မိနစ္ႏွင့္ (၃၇)စကၠန႔္အတြင္း တည္ေဆာက္ျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။

ကေနဒါႏိုင္ငံ အြန္တာရီယိုျပည္နယ္ Markham ၿမိဳ႕မွ အိုင္ဗန္ယုဟုအမည္ရေသာ အမ်ိဳးသားသည္ Lego Star Wars ေမာ္ဒယ္ 75192 Millennium Falcon အာကာသယာဥ္ကို အျမန္ဆုံးတည္ေဆာက္ျပႏိုင္ခဲ့ျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အိုင္ဗန္ယုက 'အမွန္တကယ္တည္ေဆာက္တဲ့အခ်ိန္က အရမ္းကိုေပ်ာ္ဖို႔ေကာင္းပါတယ္။ Lego အ႐ုပ္ဒီဇိုင္နာေတြဟာ ဒီလိုႀကီးမားတဲ့အာကာသယာဥ္ကို တည္ေဆာက္ေနခ်ိန္အတြင္း ေပ်ာ္စရာေကာင္းတဲ့အခိုက္အတန႔္ေတြရေအာင္ ဖန္တီးခဲ့တာလို႔ ကြၽန္ေတာ္ထင္ပါတယ္'ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ ႀကီးမားေသာ Lego အာကာသယာဥ္ကို တည္ေဆာက္ေနစဥ္အခ်ိန္အတြင္း မည္သည့္ပင္ပန္းႏြမ္းနယ္မႈကိုမွ မခံစားခဲ့ရေၾကာင္းလည္း အိုင္ဗန္ယုကေျပာၾကားခဲ့သည္။ ၎က 'ဒီလို Lego အာကာသယာဥ္ကို တည္ ေဆာက္ရတာ ကြၽန္ေတာ္တကယ္ကို ႀကိဳက္ပါတယ္။ အဲဒါေၾကာင့္ ကြၽန္ ေတာ္လုံးဝစိတ္ႏွစ္ၿပီး တည္ေဆာက္ခဲ့တာပါ။ ဒါေပမဲ့ တည္ေဆာက္မႈအတြက္ စုစုေပါင္းအခ်ိန္က (၇)နာရီခြဲေက်ာ္ၾကာသြားတယ္ဆိုတာ အကုန္လုံးၿပီးသြားမွ ကြၽန္ေတာ္သိခဲ့တာပါ"ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.