ကွန်တိန်နာစနစ်ဖြင့် ရန်ကုန်- ကော့သောင်း လမ်းကြောင်းမှ ပို့ကုန်တင်ပို့ရန် ဒေါ်လာ(၄) သန်း‌ကျော်တန်ဖိုးရှိ ပို့ကုန်လိုင်စင် (၁၄)စောင်ခွင့်ပြုခဲ့

 1031

ယွန်း (NP News) - မေ ၂၃

ကွန်တိန်နာစနစ်ဖြင့် ရန်ကုန်- ကော့သောင်း- ရနောင်းလမ်းကြောင်းမှ ပို့ကုန်တင်ပို့ရန် ဒေါ်လာ (၄)သန်းကျော်တန်ဖိုးရှိ ပို့ကုန်လိုင်စင် (၁၄)စောင်ခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ- ထိုင်းနယ်စပ်ကုန်သွယ်ရေး (ရန်ကုန်- ကော့သောင်း- ရနောင်း)နှင့် (ရနောင်း- ကော့သောင်း- ရန်ကုန်)ကို ကမ်းရိုးတန်းဆိပ်ကမ်းမှ ကွန်တိန်နာ စနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်ခွင့်ပြုကြောင်း ပြီးခဲ့သည့် ဧပြီ(၁၁) ရက်နေ့တွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ သန်းကျော် တန်ဖိုးရှိသည့် ပို့ကုန်လိုင်စင်(၁၄)စောင်ကို လိုင်စင်ခွင့်ပြုပေးထားကြောင်း သိရသည်။

“ဆိပ်ကမ်းကနေပြီးတော့ တခြားနိုင်ငံတွေကိုလည်း သင်္ဘောတွေနဲ့တင်ပို့မှုရှိသလို အဲဒီလမ်းကြောင်းကိုလည်း တင်ပို့ဖို့အတွက်ကို စီစဥ်ဆောင်ရွက်လျက်ရှိနေတယ်။ သွင်းကုန်လိုင်စင်တွေလည်း လျှောက်ထားတဲ့အနေအထားတွေရှိတယ်။ သွင်းကုန်လိုင်စင်တွေကိုလည်း ခွင့်ပြုထားတယ်။ လိုင်စင်ခွင့်ပြုထားမှုအနေနဲ့ ၅ လပိုင်း ၉ရက်နေ့အထိ ပို့ကုန်လိုင်စင် ၁၄ စောင် တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ သန်းကျော်ဖိုးကို လိုင်စင်ခွင့်ပြု ထားပြီးဖြစ်တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဆိပ်ကမ်းမှာလည်း တင်ပို့ဖို့ကိစ္စတွေ ဆောင်ရွက်နေတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထုတ်ပြန်ချက်အရ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တင်ပို့ခြင်းကို ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် သွင်းကုန် တင်သွင်းခြင်းကို ရနောင်း- ကော့သောင်း- ရန်ကုန် မှ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ(၂)ရက်နေ့အထိ အဆိုပါကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ခွင့်ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဆောင်ရွက်မှုမှာ ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးခဲ့သော်လည်း လိုင်စင်ခွင့်ပြုချက်မရရှိသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ကော့သောင်း- ရနောင်းအခြေစိုက် သွင်းကုန်၊ ပို့ကုန်ဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများ၌ ကုန်ကြမ်းပြတ်လပ်မှုမရှိစေရေးအတွက် သွင်းကုန်လိုင်စင်များကိုလည်း စိစစ်ခွင့်ပြုပေးနေကြောင်း သိရသည်။ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးတွင် အ‌ရေးပါသည့် မြဝတီကုန်သွယ်ရေးလမ်းကြောင်းသည်လည်း မြန်မာတစ်နိုင်ငံလုံးမှဆောင်ရွက်နေသည့် နယ်စပ်ကုန်သွယ်ရေးပမာဏ၏ ၂၅ ရာခိုင်နှုန်းကျော်ရှိပြီး လက်ရှိတွင် တိုက်ပွဲများကြောင့် ကုန်သွယ်မှုများသည် ရပ်နားလျက်ရှိသည်။

zawgyi version
ကြန္တိန္နာစနစ္ျဖင့္ ရန္ကုန္- ေကာ့ေသာင္း- ရေနာင္းလမ္းေၾကာင္းမွ ပို႔ကုန္တင္ပို႔ရန္ ေဒၚလာ(၄) သန္း‌ေက်ာ္တန္ဖိုးရွိ ပို႔ကုန္လိုင္စင္ (၁၄)ေစာင္ခြင့္ျပဳခဲ့
ယြန္း (NP News) - ေမ ၂၃

ကြန္တိန္နာစနစ္ျဖင့္ ရန္ကုန္- ေကာ့ေသာင္း- ရေနာင္းလမ္းေၾကာင္းမွ ပို႔ကုန္တင္ပို႔ရန္ ေဒၚလာ (၄)သန္းေက်ာ္တန္ဖိုးရွိ ပို႔ကုန္လိုင္စင္ (၁၄)ေစာင္ခြင့္ျပဳခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနထံမွ သိရသည္။

ျမန္မာ- ထိုင္းနယ္စပ္ကုန္သြယ္ေရး (ရန္ကုန္- ေကာ့ေသာင္း- ရေနာင္း)ႏွင့္ (ရေနာင္း- ေကာ့ေသာင္း- ရန္ကုန္)ကို ကမ္း႐ိုးတန္းဆိပ္ကမ္းမွ ကြန္တိန္နာ စနစ္ျဖင့္ ကုန္သြယ္မႈေဆာင္႐ြက္ခြင့္ျပဳေၾကာင္း ၿပီးခဲ့သည့္ ဧၿပီ(၁၁) ရက္ေန႔တြင္ စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရး ဦးစီးဌာနက ထုတ္ျပန္ခဲ့သည္။ လက္ရွိတြင္ စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာနအေနျဖင့္ အေမရိကန္ေဒၚလာ ၄ ဒသမ ၄ သန္းေက်ာ္ တန္ဖိုးရွိသည့္ ပို႔ကုန္လိုင္စင္(၁၄)ေစာင္ကို လိုင္စင္ခြင့္ျပဳေပးထားေၾကာင္း သိရသည္။

“ဆိပ္ကမ္းကေနၿပီးေတာ့ တျခားႏိုင္ငံေတြကိုလည္း သေဘၤာေတြနဲ႔တင္ပို႔မႈရွိသလို အဲဒီလမ္းေၾကာင္းကိုလည္း တင္ပို႔ဖို႔အတြက္ကို စီစဥ္ေဆာင္႐ြက္လ်က္ရွိေနတယ္။ သြင္းကုန္လိုင္စင္ေတြလည္း ေလွ်ာက္ထားတဲ့အေနအထားေတြရွိတယ္။ သြင္းကုန္လိုင္စင္ေတြကိုလည္း ခြင့္ျပဳထားတယ္။ လိုင္စင္ခြင့္ျပဳထားမႈအေနနဲ႔ ၅ လပိုင္း ၉ရက္ေန႔အထိ ပို႔ကုန္လိုင္စင္ ၁၄ ေစာင္ တန္ဖိုးအေနျဖင့္ အေမရိကန္ေဒၚလာ ၄ ဒသမ ၄ သန္းေက်ာ္ဖိုးကို လိုင္စင္ခြင့္ျပဳ ထားၿပီးျဖစ္တယ္။ အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ ဆိပ္ကမ္းမွာလည္း တင္ပို႔ဖို႔ကိစၥေတြ ေဆာင္႐ြက္ေနတယ္”ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထုတ္ျပန္ခ်က္အရ ပို႔ကုန္သြင္း ကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ ပို႔ကုန္တင္ပို႔ျခင္းကို ရန္ကုန္-ေကာ့ေသာင္း-ရေနာင္းႏွင့္ သြင္းကုန္ တင္သြင္းျခင္းကို ရေနာင္း- ေကာ့ေသာင္း- ရန္ကုန္ မွ နယ္စပ္ကုန္သြယ္ေရးနည္းလမ္းျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ေမလ(၂)ရက္ေန႔အထိ အဆိုပါကြန္တိန္နာစနစ္ျဖင့္ ကုန္သြယ္ခြင့္ရရွိေရးအတြက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၏ ေဆာင္႐ြက္မႈမွာ ၈၀ ရာခိုင္ႏႈန္းအထိ ၿပီးစီးခဲ့ေသာ္လည္း လိုင္စင္ခြင့္ျပဳခ်က္မရရွိသည့္ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း ေကာ့ေသာင္း- ရေနာင္းအေျခစိုက္ သြင္းကုန္၊ ပို႔ကုန္ဝန္ေဆာင္မႈ လုပ္ငန္းရွင္တစ္ဦးထံမွ သိရသည္။

ဝန္ႀကီးဌာနအေနျဖင့္ လက္ရွိတြင္ ျပည္တြင္းထုတ္လုပ္မႈလုပ္ငန္းမ်ား၌ ကုန္ၾကမ္းျပတ္လပ္မႈမရွိေစေရးအတြက္ သြင္းကုန္လိုင္စင္မ်ားကိုလည္း စိစစ္ခြင့္ျပဳေပးေနေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္ေရးတြင္ အ‌ေရးပါသည့္ ျမဝတီကုန္သြယ္ေရးလမ္းေၾကာင္းသည္လည္း ျမန္မာတစ္ႏိုင္ငံလုံးမွေဆာင္႐ြက္ေနသည့္ နယ္စပ္ကုန္သြယ္ေရးပမာဏ၏ ၂၅ ရာခိုင္ႏႈန္းေက်ာ္ရွိၿပီး လက္ရွိတြင္ တိုက္ပြဲမ်ားေၾကာင့္ ကုန္သြယ္မႈမ်ားသည္ ရပ္နားလ်က္ရွိသည္။

Related news

© 2021. All rights reserved.