ဆေးဝါးကုန်ကြမ်းများကို ပြည်ပမှ အဓိက တင်သွင်းခွင့်ပြုနေပြီး အသုံးများသည့်ဆေးဝါးများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်ရန်လိုဟုဆို

2655

ယွန်း (NP News) - မေ ၂၆
နိုင်ငံတော်အနေဖြင့် ဆေးဝါးကုန်ကြမ်းများကို အဓိကတင်သွင်းခွင့်ပြုနေပြီး အသုံးများသည့်ဆေးဝါးများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးက တိုက်တွန်းထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြီးခဲ့သည့်ရက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံကြီးများ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ် ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများအထိ လိုအပ်သည့် အခြေခံအဓိက ဆေး နှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးကို အထူးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထို့ပြင် ပြည်သူ့ဆေးရုံများအတွက် ဆေးနှင့်ဆေးပစ္စည်းများကို ဝယ်ယူဖြန့်ဖြူးရာတွင်လည်း အရန်စုဆောင်းထားရှိ ခြင်းတို့ကိုဆောင်ရွက်နေပြီး ဆေးဝါးပြတ်လပ်မှုမရှိစေရေးကို စီမံခန့်ခွဲလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ ဆေးဝါးထုတ်လုပ်မှုများ တိုးတက်လာစေရေးအတွက် ဆေးဝါး ကုန်ကြမ်းများကို အဓိကထားတင်သွင်းခွင့်ပြုနေ ပြီး အခြေခံအဓိကဆေးဝါးများ၊ ပဋိဇီဝဆေးဝါးများ၊ အားဆေးများ နှင့် အသုံးများသည့်ဆေးဝါးများကို ပြည်တွင်းတွင် အဓိကထား၍ လုံလောက်စွာ ထုတ်လုပ်ပေးရန် ကျန်းမာရေး ဝန်ကြီးက တိုက်တွန်းပြောထားသည်။
ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းအောက်ရှိ စက်ရုံများမှ အဓိကထား၍ ဝယ်ယူလျက်ရှိပြီး ပြည်တွင်းထုတ်ဆေးဝါးထုတ်လုပ်သည့်စက်ရုံများမှလည်း ဝယ်ယူနေကြောင်း သိရသည်။

Zawgyi Version;
ေဆးဝါးကုန္ၾကမ္းမ်ားကို ျပည္ပမွ အဓိက တင္သြင္းခြင့္ျပဳေနၿပီး အသုံးမ်ားသည့္ေဆးဝါးမ်ားကို ျပည္တြင္း၌ လုံေလာက္စြာ ထုတ္လုပ္ရန္လိုဟုဆို
ယြန္း (NP News) - ေမ ၂၆
ႏိုင္ငံေတာ္အေနျဖင့္ ေဆးဝါးကုန္ၾကမ္းမ်ားကို အဓိကတင္သြင္းခြင့္ျပဳေနၿပီး အသုံးမ်ားသည့္ေဆးဝါးမ်ားကို ျပည္တြင္း၌ လုံေလာက္စြာထုတ္လုပ္ရန္ လိုအပ္ေၾကာင္း က်န္းမာေရးဝန္ႀကီးက တိုက္တြန္းထားသည္။
က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာနအစည္းအေဝးခန္းမ၌ က်င္းပခဲ့သည့္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္း ျဖစ္သည္။
ဝန္ႀကီးဌာနအေနျဖင့္ ျပည္သူ႔ေဆး႐ုံႀကီးမ်ား အပါအဝင္ တိုင္းေဒသႀကီး/ျပည္နယ္၊ ၿမိဳ႕နယ္ေဆး႐ုံမ်ား၊ တိုက္နယ္ ေဆး႐ုံမ်ားႏွင့္ ေက်းလက္က်န္းမာေရးဌာန၊ ေက်းလက္က်န္းမာေရးဌာနခြဲမ်ားအထိ လိုအပ္သည့္ အေျခခံအဓိက ေဆး ႏွင့္ ေဆးပစၥည္းမ်ား ျပတ္လပ္မႈ မရွိေစေရးကို အထူးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရ သည္။
ထို႔ျပင္ ျပည္သူ႔ေဆး႐ုံမ်ားအတြက္ ေဆးႏွင့္ေဆးပစၥည္းမ်ားကို ဝယ္ယူျဖန႔္ျဖဴးရာတြင္လည္း အရန္စုေဆာင္းထားရွိ ျခင္းတို႔ကိုေဆာင္႐ြက္ေနၿပီး ေဆးဝါးျပတ္လပ္မႈမရွိေစေရးကို စီမံခန႔္ခြဲလ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ႏိုင္ငံေတာ္အေနျဖင့္ ျပည္တြင္း၌ ေဆးဝါးထုတ္လုပ္မႈမ်ား တိုးတက္လာေစေရးအတြက္ ေဆးဝါး ကုန္ၾကမ္းမ်ားကို အဓိကထားတင္သြင္းခြင့္ျပဳေန ၿပီး အေျခခံအဓိကေဆးဝါးမ်ား၊ ပဋိဇီဝေဆးဝါးမ်ား၊ အားေဆးမ်ား ႏွင့္ အသုံးမ်ားသည့္ေဆးဝါးမ်ားကို ျပည္တြင္းတြင္ အဓိကထား၍ လုံေလာက္စြာ ထုတ္လုပ္ေပးရန္ က်န္းမာေရး ဝန္ႀကီးက တိုက္တြန္းေျပာထားသည္။
ထို႔ျပင္ ဝန္ႀကီးဌာနအေနျဖင့္ စက္မႈဝန္ႀကီးဌာန ျမန္မာ့ေဆးဝါးလုပ္ငန္းေအာက္ရွိ စက္႐ုံမ်ားမွ အဓိကထား၍ ဝယ္ယူလ်က္ရွိၿပီး ျပည္တြင္းထုတ္ေဆးဝါးထုတ္လုပ္သည့္စက္႐ုံမ်ားမွလည္း ဝယ္ယူေနေၾကာင္း သိရသည္။