ဝန်ကြီး ဦးအောင်နိုင်ဦး နှင့် စီမံ/ဘဏ္ဍာ ဒုဝန်ကြီးတို့ကို တာဝန်မှအနားယူခွင့်ပြု

 1619

Pearl (NP News) - မေ ၂၈

နစကဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃)မှ ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကို တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း နစကမှ ယမန်နေ့ (မေလ ၂၇ ရက်)က ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နစကဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကို တာဝန်မှအနားယူခွင့်ပြုကြောင်း အမိန့်အမှတ် ၃၈ /၂ဝ၂၄ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဦးအောင်နိုင်ဦးသည် ပြည်ထောင် စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၃) ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ ထို့ပြင် ဦးအောင်နိုင်ဦးသည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲခဲ့ကာ အဓိကကျသော ကုန်သွယ် ရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

အလားတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ တာဝန်မှအနားယူခွင့်ပြုကြောင်း နစကမှ အမိန့်အမှတ် ၃၉ /၂၀၂၄ဖြင့် ထုတ်ပြန်ထားသည်။ ဦးမောင်မောင်ဝင်းသည် NLD အစိုးရလက်ထက်က စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်ခဲ့ပြီး နစက အစိုးရလက်ထက်တွင်လည်း အဆိုပါ ရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံထားရသူဖြစ်ကြောင်း သိရသည်။

နစက အနေဖြင့် ပြီးခဲ့သည့် ဧပြီလကလည်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုခဲ့သည်။

zawgyi version
ဝန္ႀကီး ဦးေအာင္ႏိုင္ဦး ႏွင့္ စီမံ/ဘ႑ာ ဒုဝန္ႀကီးတို႔ကို တာဝန္မွအနားယူခြင့္ျပဳ
Pearl (NP News) - ေမ ၂၈

နစကဥကၠ႒႐ုံးဝန္ႀကီးဌာန(၃)မွ ဝန္ႀကီး ဦးေအာင္ႏိုင္ဦးႏွင့္ စီမံကိန္းႏွင့္ဘ႑ာေရး ဒုဝန္ႀကီး ဦးေမာင္ေမာင္ဝင္းတို႔ကို တာဝန္မွအနားယူခြင့္ျပဳလိုက္ေၾကာင္း နစကမွ ယမန္ေန႔ (ေမလ ၂၇ ရက္)က ထုတ္ျပန္ထားသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၉ အရ နစကဥကၠ႒ ႐ုံးဝန္ႀကီးဌာန(၃) ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးကို တာဝန္မွအနားယူခြင့္ျပဳေၾကာင္း အမိန႔္အမွတ္ ၃၈ /၂ဝ၂၄ျဖင့္ ထုတ္ျပန္ထားျခင္းျဖစ္သည္။ ဦးေအာင္ႏိုင္ဦးသည္ ျပည္ေထာင္ စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန(၃) ဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သကဲ့သို႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီး အျဖစ္ ေဆာင္႐ြက္ခဲ့ဖူးသည္။ ထို႔ျပင္ ဦးေအာင္ႏိုင္ဦးသည္ တပ္မေတာ္အရာရွိေဟာင္းတစ္ဦးျဖစ္ၿပီး ၂၀၀၀ ခုႏွစ္တြင္ ျပည္သူ႔ဝန္ထမ္းအျဖစ္ ေျပာင္းလဲခဲ့ကာ အဓိကက်ေသာ ကုန္သြယ္ ေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးတို႔တြင္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။

အလားတူ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းကိုလည္း ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ အေျခခံဥပေဒပုဒ္မ ၄၁၉ အရ တာဝန္မွအနားယူခြင့္ျပဳေၾကာင္း နစကမွ အမိန႔္အမွတ္ ၃၉ /၂၀၂၄ျဖင့္ ထုတ္ျပန္ထားသည္။ ဦးေမာင္ေမာင္ဝင္းသည္ NLD အစိုးရလက္ထက္က စီမံကိန္း၊ ဘ႑ာေရး ႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီးျဖစ္ခဲ့ၿပီး နစက အစိုးရလက္ထက္တြင္လည္း အဆိုပါ ရာထူးအတိုင္း ျပန္လည္ခန႔္အပ္ခံထားရသူျဖစ္ေၾကာင္း သိရသည္။

နစက အေနျဖင့္ ၿပီးခဲ့သည့္ ဧၿပီလကလည္း ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူအား က်န္းမာေရးအရ တာဝန္မွ အနားယူခြင့္ျပဳခဲ့သည္။

Related news

© 2021. All rights reserved.