ထားဝယ် SEZ အတွက် ရုရှားတို့၏မဟာဗျူဟာအတွက်အချက် နှင့် ၂၀၂၅

 6142

အေဝိုင်အီး (NP News) - မေ ၂၉

ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနိုင်ငံက ရည်မှန်းချက်ကြီးကြီးထား၍ ရင်းနှီး မြှုပ်နှံမှုများလုပ်ဆောင်ရန် နစကအစိုးရနှင့် အသေးစိတ်ညှိနှိုင်းနေပြီး လုပ်ငန်းအကောင်အထည်စတင်ပေါ်လာမည့်ကာလမှာ ၂ဝ၂၅ နောက်ပိုင်းမှသာဖြစ်နိုင်ကြောင်း စုံစမ်းလေ့လာချက်များအရ သိရသည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏လက်ထက်ကတည်းက အနာဂတ်အစီအစဉ်အဖြစ် လျာထားခဲ့ဖူးသော ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း မှာ သမ္မတဦးသိန်းစိန်လက်ထက်တွင် နိုင်ငံတကာ တင်ဒါခေါ်ယူမှုများဖြင့် လူထုကြားတွင် ကျယ်ကျယ်လောင်လောင်ပျံ့နှံ့လာခဲ့သည်။ ပွင့်လင်းမြင်သာသော တင်ဒါခေါ်ယူမှုများအဖြစ် နိုင်ငံတကာကိုဖိတ်ခေါ်ပြီးသည့်နောက်တွင် ထိုင်းအခြေစိုက် အီတာလျံထိုင်း ကုမ္ပဏီက (၇၅)နှစ်စာ စီမံလုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေတွင် ထိုင်းလုပ်ငန်းစုက အစိုးရနှစ်ဆက်ကျော်လာသည့်တိုင် ထိရောက်သော လုပ်ငန်းဆောင်တာများ လုပ်ပြနိုင်ခြင်းမရှိသည့် နောက် နစကအစိုးရက အခြားသောနိုင်ငံတကာရင်းနှီးမြှုပ်နှံသူများထံ ထပ်မံဆွေးနွေးခြင်းများကို စာ ချုပ်ပါစည်းကမ်းများအတိုင်း စတင်လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

"အီတာလျံထိုင်းက နိုင်ငံတကာလုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းကြားမှာ မြန်မာအစိုးရကို ပုံဖျက်ပြော ဆိုနေတယ်။ မြန်မာအစိုးရဘက်က အမှားအယွင်း လုပ်ခဲ့လို့ သူတို့အလုပ်လုပ်လို့ မရတာလို့ ပြောတယ်။ စစ်တပ်က အုပ်ချုပ်နေတဲ့အတွက် သူတို့အနေနဲ့ စစ်အုပ်စုအောက်မှာ မလုပ်ချင်ဘူးဆိုတာမျိုးအထိ စီမံကိန်းကို ဖျက်လိုဖျက်ဆီး ပြောနေတယ်"ဟု နီးစပ်သူ လုပ်ငန်းရှင်တစ်ဦးက NP News ကို အသိပေးပြောကြားထားသည်။ အီတာလျံထိုင်းလုပ်ငန်းစုအနေဖြင့် ထားဝယ်စီမံကိန်းကို လုပ်ပိုင်ခွင့်ရခဲ့ခြင်းကြောင့် နစ်နာဆုံး ရှုံး ရခြင်းများမရှိဘဲ ထိုင်းနှင့် စင်ကာပူအပါအဝင် နိုင်ငံ တကာဘဏ်များ၌ လုပ်ငန်းလုပ်ပိုင်ခွင့်ကိုပြသ၍ ချေးငွေများ ထုတ်ယူခွင့်နှင့် စတော့ရှယ်ယာကစားခွင့်တို့ကို ရရှိထားကြောင်းလည်း သိရသည်။ အထူးသဖြင့် ၂၀ဝ၈ ခုနှစ် စာချုပ်ချုပ်စဉ်က ဒေါ်လာ(၈)ဘီလျံ ထက်မနည်း ရင်းနှီးမြှုပ်နှံကြေးသတ်မှတ်ထားသော စီမံ ကိန်းအတွက် နိုင်ငံတကာဘဏ်များမှ ချေးငွေရရှိ နိုင်မည့်ပမာဏနှင့် စတော့ရှယ်ယာဈေးကွက်မှာ ထိုစဉ်အချိန်နှင့်ယှဉ်လျှင် ဘီလျံနာလုပ်ငန်းစုအဖြစ် စာရင်းပေါက်သွားနိုင်မည်လည်း ဖြစ်သည်။

"ကျွန်တော်တို့နဲ့က ဆွေးနွေးနေဆဲပါပဲ။ လုပ်ငန်းအကောင်အထည်ဖော်ဖြစ်ရင် တန်ချိန် သန်းချီတဲ့ လောင်စာဆီချက်လုပ်မယ့်စက်ရုံတွေ၊ နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အလတ်စားတွေ လည်းပါလာဖို့ရှိပါတယ်"ဟု ရုရှားဘက်မှ တာဝန်ရှိ သူတစ်ဦးကလည်း သီးသန့်စကားဝိုင်းတစ်ခုတွင် NP News ကို ပြောသည်။ နစကဘက်မှ သတင်းရင်းမြစ်များနှင့် ရုရှား ဘက်မှ သတင်းရင်းမြစ်များ၏အဆိုအရ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းအတွင်း၌ ရေနံချက်စက်ရုံအကြီးစားများ ပေါ်ပေါက်လာရန်ရှိနေပြီး အဆို ပါ စက်ရုံမှတစ်ဆင့် အာဆီယံဒေသတွင်းသို့ လောင် စာဆီဈေးကွက်အသစ်ကို ရုရှားတို့က ဖြန့်ကြက်သွားရန် လျာထားနေသည်ဟု သိရှိရသည်။

လက်ရှိကာလတွင် ရုရှားတို့၏ လောင်စာဆီချက်လုပ်သည့်စက်ရုံနှင့် ဖြန့်ချိရေး စနစ်လုပ်ငန်းများကို အမေရိကန်ကျောထောက်နောက်ခံ စင်ကာပူနှင့် ဆက်စပ်နိုင်ငံများထံ ဖြတ်သန်းလုပ်ကိုင်နေရသည်။ ယင်းအခြေအနေကို ရုရှားတို့က နှစ်သက်ခြင်း မရှိကြပေ။ အခြားတစ်ဖက်တွင်လည်း ရုရှားတို့၏ အနာဂတ် လောင်စာဆီကဏ္ဍနှင့် ပင်လယ်ပြင်စိုးမိုးရေး မဟာ ဗျူဟာအရ မြန်မာ့မြေပေါ်သို့ စီးပွားရေးနှင့် လုံခြုံရေး နယ်မြေချဲ့ထွင်ထားခြင်းကသာလျှင် မဖြစ်မနေလုပ်ထားရမည့်လုပ်ငန်းစဉ်အဖြစ် ထည့်သွင်းသတ်မှတ်ထားကြသည်။ "တရုတ်က ရုရှားကို ထားဝယ်စီမံကိန်း လုပ်ခွင့် ပေးလိုက်တဲ့ကိစ္စအတွက် မကျေမနပ်ဖြစ်တယ်တို့ ဘာတို့က လျှောက်ရေးနေကြတာ။ တကယ်တမ်းကျ တော့ ကျွန်တော်တို့ မေးကြည့်ပြီးပြီ။ ထားဝယ်ကို သူ တို့စိတ်မဝင်စားဘူး။ သူတို့က ကျောက်ဖြူကို လုပ်ပိုင် ခွင့်ရထားရင်ကျေနပ်ပြီ။ ရုရှားက ထားဝယ်မှာ ဝင်ထားတာကို သူတို့လက်ခံတယ်"ဟု နစက သတင်းရင်းမြစ်တစ်ဦးကလည်း NP News ကိုပြောသည်။

ရုရှား၏ မဟာဗျူဟာ စဉ်းစားချက်သည် အာရှပစိဖိတ်ဒေသအတွက် လောင်စာဆီ ကဏ္ဍ၊ အမေရိကန်နှင့်အားပြိုင်ရသော ပင်လယ်ပြင် စိုးမိုးရေးမျှော်မှန်းချက်အပြင် ယင်းထက်ပိုမိုသော မြော်မြင်မှုများ ပါဝင်နေသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့်မူ လောင်စာဆီ လိုအပ်ချက်မြင့်တက်လာနေသည့်အပြင် လျှပ်စစ်မီးလုံလောက်စွာဖြန့်ဝေနိုင်ရေးအတွက် မဖြစ်မနေဖြေ ရှင်းရတော့မည်ဖြစ်သည်။ ရုရှားနိုင်ငံထံမှ အဆို ပါနှစ်ချက်လုံးကို လွယ်လင့် တကူ ရရှိနိုင်မည်ဖြစ်သကဲ့သို့ အနာဂတ်ပင်လယ်ပြင်လုံခြုံရေးအတွက်လည်း ရုရှားထံမှ မဟာမိတ်ဆန်သောအကူအညီများ ရရှိလိမ့်မည်ဖြစ်နေသည်။

အီတာလျံထိုင်းလုပ်ငန်းစုထံမှမူ ဘဏ်ချေးငွေနှင့်ပြဿနာအသစ်များကိုသာ ထပ်ဆင့်ရရှိသွားနိုင်သည်ဟု တည်ဆဲခေါင်းဆောင်က တွေးဆထားပြီးဖြစ်သည်။ ယင်းအတွက်ကြောင့် ရုရှားနှင့် လက်တွဲ လုပ်ကိုင်ရန်သာ နစကခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆုံးဖြတ်ခဲ့ပုံရသည်။ ရုရှားနိုင်ငံသို့ သုံးကြိမ်ထက်မကသော သွားရောက်ခဲ့သည့် ခရီးစဉ် များအတွင်း နှစ်ဖက်ခေါင်းဆောင်ချင်း တည်ဆောက် နိုင်ခဲ့သော ယုံကြည်မှုများ၏ အသီးအပွင့်က ၂၀၂၅ နောက်ပိုင်းတွင် စတင်ခံစားရမည်ဟုလည်း ဆိုနိုင်သည်။ " နျူကလီးယား လျှပ်စစ် ဓာတ်ပေါင်းဖိုက မဂ္ဂါဝပ် ၁၂၀ဝ ပတ်ချာလည်လောက်ပဲ ဖြစ်နိုင်တယ်။ မဂ္ဂါဝပ် ၆၀ဝ စီရှိတဲ့ နှစ်လုံးလောက် တပ်ဆင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း လုပ်ခဲ့ပြီး ပြီဆိုတော့ မြန်မာအတွက်လည်း သိပ်မခက်ပါဘူး"ဟု ရုရှားသတင်းရင်းမြစ်က အတည်ပြုပြောကြားခဲ့ပြီး မြန်မာအတွက် အရေးတကြီးလိုအပ်နေသည်ကိုလည်း နားလည်ကြောင်းဆိုသည်။

ယင်းပြင် ထားဝယ်တွင် ရင်းနှီးမြှုပ်နှံရေးအတွက် အလောတကြီးလုပ်ဆောင်ခြင်းမျိုးလုပ်မည် မဟုတ်ဘဲ လိုအပ်သောအချက်အလက်များကို နစကအစိုးရနှင့် အသေးစိတ် ဆက်လက်ဆွေးနွေး နေရဦးမည်ဟု ပြောသည်။ ထားဝယ်ဒေသ၏ လက်ရှိ မြေပြင်အခြေအနေနှင့် အတိတ်က ပြဿနာများကိုပါ တစ်ပါတည်းလေ့လာရမည်ဖြစ်ပြီး ယင်းပြဿနာ များအားလုံးပြေလည်သွားစေရေးအတွက် နစကကို ကူညီသွားရမည်ဟု နားလည်ကြောင်းလည်း ဆိုသည်။ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းသည် ၂၀ဝ၈ ခုနှစ်က အီတာလျံထိုင်းကုမ္ပဏီ၏လုပ်ပိုင်ခွင့်အောက်တွင်ရှိခဲ့ပြီးနောက်(၁၃)နှစ်အကြာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ၌ လုပ်ငန်းလုပ် ပိုင်ခွင့် ရပ်ဆိုင်းခံလိုက်ရခြင်းဖြစ်သည်။ ကြားကာလ အတွင်း၌လည်း စီမံကိန်း၏စာချုပ်ပါစည်းကမ်းအ တိုင်း ကုမ္ပဏီဘက်က လုပ်ဆောင်ပေးနိုင်ခြင်းမရှိခဲ့ သည့်အတွက် ယာယီရပ်ဆိုင်းခြင်းများ သို့မဟုတ် လုပ်ပိုင်ခွင့် ကန့်သတ်ခြင်းများကို ခံခဲ့ရဖူးသည်။

ကုမ္ပဏီဘက်မှ အကြောင်းပြချက်များထဲတွင် ဒေသခံပြည်သူလူထု၏ ဆန္ဒပြကန့်ကွက်နှောင့်ယှက် မှုများကြောင့် အခက်တွေ့နေရကြောင်း ထည့်သွင်းထားပြီး ဆန္ဒပြပြည်သူ များ၏နောက်ကွယ်မှ လက်သည်ကိုမူ ကုမ္ပဏီဘက်က သိရှိသည့်တိုင် မျက်နှာလွှဲ ထားခဲ့သည်။ "စင်ကာပူက ထားဝယ်စီမံကိန်းကို ဖြစ်စေချင်တဲ့ပုံမရဘူး။ ဒါကြောင့်လည်း အီတာလျံထိုင်းရဲ့ နောက်မှာသူတို့က ရှိနေခဲ့ပုံရတယ်။ ကန့်ကွက် ဆန္ဒပြပွဲတွေရဲ့နောက်မှာ စင်ကာပူအစိုးရ အသိုင်း အဝိုင်းကပါ ပါဝင်ပတ်သက်နေတယ်လို့ ခန့်မှန်း ထားကြတယ်"ဟု ဝါရင့်လုပ်ငန်းရှင်ကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။ ၎င်း၏တွက်ဆချက်များနှင့်ထပ်တူညီသော ခန့်မှန်းသုံးသပ်ချက်များကို မြန်မာလုပ်ငန်းရှင်(၁၀)ဦးလျှင်(၈)ဦးက အတည်ပြုပေးကြသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏အစည်းအဝေးတွင် "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထူးစီးပွားရေးဇုန်များသည် မိမိတို့နိုင်ငံအတွက် သာမက ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသဖြင့် အမြန်ဆုံးတိုးတက်မှုရရှိရန်နှင့် လုပ်ငန်းများ အောင် မြင်စွာလည်ပတ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ကျောက် ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေနိုင်သည့်အတွက် စီမံကိန်းများအမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်သွားရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း"ဖော်ပြထားသည်။

တစ်နည်းအားဖြင့် အလုပ်မဖြစ် အလုပ်မတွင်သော တင်ဒါရပုဂ္ဂိုလ်လုပ်ငန်းများကိုဖယ်ရှား၍ နိုင် ငံတော်အတွက် အကျိုးဖြစ်ထွန်းမည့်လုပ်ငန်း ဖော်ဆောင်သူများကိုသာ ခွင့်ပြုမည့်အရိပ်အခြည် မျိုးပြသခြင်းဖြစ်သည်။ ထားဝယ်အထူးစီးပွားရေးဇုန် ၏ အရေးပါမှုသည်လည်း ဗီယက်နမ်-ကမ္ဘောဒီးယား-ထိုင်းနှင့် မြန်မာ လေးနိုင်ငံချိတ်ဆက် ကုန်းမြေနှင့် ပင်လယ်ထွက်ပေါက်အရ ဒေသတွင်းနိုင်ငံများအကြား အာရုံ စိုက်ခံရသည်။ ဗိုလ်ကျစိုးမိုးရေးမူကို ကိုင်စွဲထားသည့် စင်ကာပူ-မလေးရှား မလက္ကာရေလက်ကြားကို ဖြတ်သန်း ကြမည့်အစား ညှိနှိုင်းပြောဆို၍ကောင်းသော ထားဝယ်ကိုဖြတ်သန်းခြင်းက အာရှတစ်ဆက်တစ်စပ် တည်း ကုန်းမြေနိုင်ငံများအတွက် အခွင့်အလမ်း ကောင်းလည်း ဖြစ်နေသည်။ ရုရှားအနေဖြင့်မူ အာ ရှပစိဖိတ်ဒေသအတွက် အရေးပါလှသော ထားဝယ် စီမံကိန်းကို ဆုပ်ကိုင်ထားခြင်းအားဖြင့် စီးပွားရေး ထက်ပိုသော မဟာမိတ်များကိုပါ ချိတ်ဆက်မိပြီး သားဖြစ်သွားမည်ဟု တွက်ချက်နေလိမ့်မည်ဖြစ်သည်။

အရှေ့တောင်အာရှ၏ အကြီးဆုံးသော ရေနက် ဆိပ်ကမ်းနှင့် စီးပွားရေးဇုန်ကြီးဖြစ်လာနိုင်သည့် ထားဝယ်စီးပွားရေးဇုန်အတွက် ရင်းနှီးမြှုပ်နှံမှုသည် ၂၀ဝ၈ -၂၀၁၂ အထိ တွက်ချက်ထားမှုအရ ဒေါ်လာ ၈ ဒသမ ၆ ဘီလျံမှ ၁၀ ဒသမ ၇ ဘီလျံအထိ ကုန်ကျ မည်ဖြစ်ပြီး လက်ရှိခေတ်ကာလအခြေအနေက ဒေါ်လာ (၁၀) ဘီလျံအထက်တွင်သာ ရှိနေမည်ဖြစ်သည်။ ရုရှားတို့အနေဖြင့် အဆိုပါလုပ်ငန်းထဲတွင် မည်သည့်ကဏ္ဍနှင့် မည်သည့်ပမာဏအထိ ရင်းနှီးမြှုပ်နှံရမည်ကို ၂၀၂၅ မတိုင်မီ အပြီးသတ်ဆုံးဖြတ်ပေးလိမ့်မည်ဟု ကောက်ချက်ချရမည်ဖြစ်သည်။

zawgyi version
ထားဝယ္ SEZ အတြက္ ႐ုရွားတို႔၏မဟာဗ်ဴဟာအတြက္အခ်က္ ႏွင့္ ၂၀၂၅
ေအဝိုင္အီး (NP News) - ေမ ၂၉

ထားဝယ္အထူးစီးပြားေရးဇုန္ကို ႐ုရွားႏိုင္ငံက ရည္မွန္းခ်က္ႀကီးႀကီးထား၍ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ားလုပ္ေဆာင္ရန္ နစကအစိုးရႏွင့္ အေသးစိတ္ညႇိႏႈိင္းေနၿပီး လုပ္ငန္းအေကာင္အထည္စတင္ေပၚလာမည့္ကာလမွာ ၂ဝ၂၅ ေနာက္ပိုင္းမွသာျဖစ္ႏိုင္ေၾကာင္း စုံစမ္းေလ့လာခ်က္မ်ားအရ သိရသည္။

အၿငိမ္းစားဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊ၏လက္ထက္ကတည္းက အနာဂတ္အစီအစဥ္အျဖစ္ လ်ာထားခဲ့ဖူးေသာ ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္း မွာ သမၼတဦးသိန္းစိန္လက္ထက္တြင္ ႏိုင္ငံတကာ တင္ဒါေခၚယူမႈမ်ားျဖင့္ လူထုၾကားတြင္ က်ယ္က်ယ္ေလာင္ေလာင္ပ်ံ႕ႏွံ႔လာခဲ့သည္။ ပြင့္လင္းျမင္သာေသာ တင္ဒါေခၚယူမႈမ်ားအျဖစ္ ႏိုင္ငံတကာကိုဖိတ္ေခၚၿပီးသည့္ေနာက္တြင္ ထိုင္းအေျခစိုက္ အီတာလ်ံထိုင္း ကုမၸဏီက (၇၅)ႏွစ္စာ စီမံလုပ္ကိုင္ခြင့္ရရွိခဲ့ျခင္းျဖစ္သည္။ လက္ရွိအေျခအေနတြင္ ထိုင္းလုပ္ငန္းစုက အစိုးရႏွစ္ဆက္ေက်ာ္လာသည့္တိုင္ ထိေရာက္ေသာ လုပ္ငန္းေဆာင္တာမ်ား လုပ္ျပႏိုင္ျခင္းမရွိသည့္ ေနာက္ နစကအစိုးရက အျခားေသာႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံသူမ်ားထံ ထပ္မံေဆြးေႏြးျခင္းမ်ားကို စာ ခ်ဳပ္ပါစည္းကမ္းမ်ားအတိုင္း စတင္လုပ္ေဆာင္လာျခင္းလည္းျဖစ္သည္။

"အီတာလ်ံထိုင္းက ႏိုင္ငံတကာလုပ္ငန္းရွင္ေတြ အသိုင္းအဝိုင္းၾကားမွာ ျမန္မာအစိုးရကို ပုံဖ်က္ေျပာ ဆိုေနတယ္။ ျမန္မာအစိုးရဘက္က အမွားအယြင္း လုပ္ခဲ့လို႔ သူတို႔အလုပ္လုပ္လို႔ မရတာလို႔ ေျပာတယ္။ စစ္တပ္က အုပ္ခ်ဳပ္ေနတဲ့အတြက္ သူတို႔အေနနဲ႔ စစ္အုပ္စုေအာက္မွာ မလုပ္ခ်င္ဘူးဆိုတာမ်ိဳးအထိ စီမံကိန္းကို ဖ်က္လိုဖ်က္ဆီး ေျပာေနတယ္"ဟု နီးစပ္သူ လုပ္ငန္းရွင္တစ္ဦးက NP News ကို အသိေပးေျပာၾကားထားသည္။ အီတာလ်ံထိုင္းလုပ္ငန္းစုအေနျဖင့္ ထားဝယ္စီမံကိန္းကို လုပ္ပိုင္ခြင့္ရခဲ့ျခင္းေၾကာင့္ နစ္နာဆုံး ရႈံး ရျခင္းမ်ားမရွိဘဲ ထိုင္းႏွင့္ စင္ကာပူအပါအဝင္ ႏိုင္ငံ တကာဘဏ္မ်ား၌ လုပ္ငန္းလုပ္ပိုင္ခြင့္ကိုျပသ၍ ေခ်းေငြမ်ား ထုတ္ယူခြင့္ႏွင့္ စေတာ့ရွယ္ယာကစားခြင့္တို႔ကို ရရွိထားေၾကာင္းလည္း သိရသည္။ အထူးသျဖင့္ ၂၀ဝ၈ ခုႏွစ္ စာခ်ဳပ္ခ်ဳပ္စဥ္က ေဒၚလာ(၈)ဘီလ်ံ ထက္မနည္း ရင္းႏွီးျမႇဳပ္ႏွံေၾကးသတ္မွတ္ထားေသာ စီမံ ကိန္းအတြက္ ႏိုင္ငံတကာဘဏ္မ်ားမွ ေခ်းေငြရရွိ ႏိုင္မည့္ပမာဏႏွင့္ စေတာ့ရွယ္ယာေဈးကြက္မွာ ထိုစဥ္အခ်ိန္ႏွင့္ယွဥ္လွ်င္ ဘီလ်ံနာလုပ္ငန္းစုအျဖစ္ စာရင္းေပါက္သြားႏိုင္မည္လည္း ျဖစ္သည္။

"ကြၽန္ေတာ္တို႔နဲ႔က ေဆြးေႏြးေနဆဲပါပဲ။ လုပ္ငန္းအေကာင္အထည္ေဖာ္ျဖစ္ရင္ တန္ခ်ိန္ သန္းခ်ီတဲ့ ေလာင္စာဆီခ်က္လုပ္မယ့္စက္႐ုံေတြ၊ န်ဴကလီးယားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ အလတ္စားေတြ လည္းပါလာဖို႔ရွိပါတယ္"ဟု ႐ုရွားဘက္မွ တာဝန္ရွိ သူတစ္ဦးကလည္း သီးသန႔္စကားဝိုင္းတစ္ခုတြင္ NP News ကို ေျပာသည္။ နစကဘက္မွ သတင္းရင္းျမစ္မ်ားႏွင့္ ႐ုရွား ဘက္မွ သတင္းရင္းျမစ္မ်ား၏အဆိုအရ ထားဝယ္ အထူးစီးပြားေရးဇုန္စီမံကိန္းအတြင္း၌ ေရနံခ်က္စက္႐ုံအႀကီးစားမ်ား ေပၚေပါက္လာရန္ရွိေနၿပီး အဆို ပါ စက္႐ုံမွတစ္ဆင့္ အာဆီယံေဒသတြင္းသို႔ ေလာင္ စာဆီေဈးကြက္အသစ္ကို ႐ုရွားတို႔က ျဖန႔္ၾကက္သြားရန္ လ်ာထားေနသည္ဟု သိရွိရသည္။

လက္ရွိကာလတြင္ ႐ုရွားတို႔၏ ေလာင္စာဆီခ်က္လုပ္သည့္စက္႐ုံႏွင့္ ျဖန႔္ခ်ိေရး စနစ္လုပ္ငန္းမ်ားကို အေမရိကန္ေက်ာေထာက္ေနာက္ခံ စင္ကာပူႏွင့္ ဆက္စပ္ႏိုင္ငံမ်ားထံ ျဖတ္သန္းလုပ္ကိုင္ေနရသည္။ ယင္းအေျခအေနကို ႐ုရွားတို႔က ႏွစ္သက္ျခင္း မရွိၾကေပ။ အျခားတစ္ဖက္တြင္လည္း ႐ုရွားတို႔၏ အနာဂတ္ ေလာင္စာဆီက႑ႏွင့္ ပင္လယ္ျပင္စိုးမိုးေရး မဟာ ဗ်ဴဟာအရ ျမန္မာ့ေျမေပၚသို႔ စီးပြားေရးႏွင့္ လုံၿခဳံေရး နယ္ေျမခ်ဲ႕ထြင္ထားျခင္းကသာလွ်င္ မျဖစ္မေနလုပ္ထားရမည့္လုပ္ငန္းစဥ္အျဖစ္ ထည့္သြင္းသတ္မွတ္ထားၾကသည္။ "တ႐ုတ္က ႐ုရွားကို ထားဝယ္စီမံကိန္း လုပ္ခြင့္ ေပးလိုက္တဲ့ကိစၥအတြက္ မေက်မနပ္ျဖစ္တယ္တို႔ ဘာတို႔က ေလွ်ာက္ေရးေနၾကတာ။ တကယ္တမ္းက် ေတာ့ ကြၽန္ေတာ္တို႔ ေမးၾကည့္ၿပီးၿပီ။ ထားဝယ္ကို သူ တို႔စိတ္မဝင္စားဘူး။ သူတို႔က ေက်ာက္ျဖဴကို လုပ္ပိုင္ ခြင့္ရထားရင္ေက်နပ္ၿပီ။ ႐ုရွားက ထားဝယ္မွာ ဝင္ထားတာကို သူတို႔လက္ခံတယ္"ဟု နစက သတင္းရင္းျမစ္တစ္ဦးကလည္း NP News ကိုေျပာသည္။

႐ုရွား၏ မဟာဗ်ဴဟာ စဥ္းစားခ်က္သည္ အာရွပစိဖိတ္ေဒသအတြက္ ေလာင္စာဆီ က႑၊ အေမရိကန္ႏွင့္အားၿပိဳင္ရေသာ ပင္လယ္ျပင္ စိုးမိုးေရးေမွ်ာ္မွန္းခ်က္အျပင္ ယင္းထက္ပိုမိုေသာ ေျမာ္ျမင္မႈမ်ား ပါဝင္ေနသည္ဟု ဆိုႏိုင္သည္။ ျမန္မာႏိုင္ငံအေနျဖင့္မူ ေလာင္စာဆီ လိုအပ္ခ်က္ျမင့္တက္လာေနသည့္အျပင္ လွ်ပ္စစ္မီးလုံေလာက္စြာျဖန႔္ေဝႏိုင္ေရးအတြက္ မျဖစ္မေနေျဖ ရွင္းရေတာ့မည္ျဖစ္သည္။ ႐ုရွားႏိုင္ငံထံမွ အဆို ပါႏွစ္ခ်က္လုံးကို လြယ္လင့္ တကူ ရရွိႏိုင္မည္ျဖစ္သကဲ့သို႔ အနာဂတ္ပင္လယ္ျပင္လုံၿခဳံေရးအတြက္လည္း ႐ုရွားထံမွ မဟာမိတ္ဆန္ေသာအကူအညီမ်ား ရရွိလိမ့္မည္ျဖစ္ေနသည္။

အီတာလ်ံထိုင္းလုပ္ငန္းစုထံမွမူ ဘဏ္ေခ်းေငြႏွင့္ျပႆနာအသစ္မ်ားကိုသာ ထပ္ဆင့္ရရွိသြားႏိုင္သည္ဟု တည္ဆဲေခါင္းေဆာင္က ေတြးဆထားၿပီးျဖစ္သည္။ ယင္းအတြက္ေၾကာင့္ ႐ုရွားႏွင့္ လက္တြဲ လုပ္ကိုင္ရန္သာ နစကေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆုံးျဖတ္ခဲ့ပုံရသည္။ ႐ုရွားႏိုင္ငံသို႔ သုံးႀကိမ္ထက္မကေသာ သြားေရာက္ခဲ့သည့္ ခရီးစဥ္ မ်ားအတြင္း ႏွစ္ဖက္ေခါင္းေဆာင္ခ်င္း တည္ေဆာက္ ႏိုင္ခဲ့ေသာ ယုံၾကည္မႈမ်ား၏ အသီးအပြင့္က ၂၀၂၅ ေနာက္ပိုင္းတြင္ စတင္ခံစားရမည္ဟုလည္း ဆိုႏိုင္သည္။ " န်ဴကလီးယား လွ်ပ္စစ္ ဓာတ္ေပါင္းဖိုက မဂၢါဝပ္ ၁၂၀ဝ ပတ္ခ်ာလည္ေလာက္ပဲ ျဖစ္ႏိုင္တယ္။ မဂၢါဝပ္ ၆၀ဝ စီရွိတဲ့ ႏွစ္လုံးေလာက္ တပ္ဆင္တာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ ဘဂၤလားေဒ့ရွ္မွာလည္း လုပ္ခဲ့ၿပီး ၿပီဆိုေတာ့ ျမန္မာအတြက္လည္း သိပ္မခက္ပါဘူး"ဟု ႐ုရွားသတင္းရင္းျမစ္က အတည္ျပဳေျပာၾကားခဲ့ၿပီး ျမန္မာအတြက္ အေရးတႀကီးလိုအပ္ေနသည္ကိုလည္း နားလည္ေၾကာင္းဆိုသည္။

ယင္းျပင္ ထားဝယ္တြင္ ရင္းႏွီးျမႇဳပ္ႏွံေရးအတြက္ အေလာတႀကီးလုပ္ေဆာင္ျခင္းမ်ိဳးလုပ္မည္ မဟုတ္ဘဲ လိုအပ္ေသာအခ်က္အလက္မ်ားကို နစကအစိုးရႏွင့္ အေသးစိတ္ ဆက္လက္ေဆြးေႏြး ေနရဦးမည္ဟု ေျပာသည္။ ထားဝယ္ေဒသ၏ လက္ရွိ ေျမျပင္အေျခအေနႏွင့္ အတိတ္က ျပႆနာမ်ားကိုပါ တစ္ပါတည္းေလ့လာရမည္ျဖစ္ၿပီး ယင္းျပႆနာ မ်ားအားလုံးေျပလည္သြားေစေရးအတြက္ နစကကို ကူညီသြားရမည္ဟု နားလည္ေၾကာင္းလည္း ဆိုသည္။ ထားဝယ္အထူးစီးပြားေရးဇုန္ႏွင့္ ေရနက္ဆိပ္ကမ္းစီမံကိန္းသည္ ၂၀ဝ၈ ခုႏွစ္က အီတာလ်ံထိုင္းကုမၸဏီ၏လုပ္ပိုင္ခြင့္ေအာက္တြင္ရွိခဲ့ၿပီးေနာက္(၁၃)ႏွစ္အၾကာ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ၌ လုပ္ငန္းလုပ္ ပိုင္ခြင့္ ရပ္ဆိုင္းခံလိုက္ရျခင္းျဖစ္သည္။ ၾကားကာလ အတြင္း၌လည္း စီမံကိန္း၏စာခ်ဳပ္ပါစည္းကမ္းအ တိုင္း ကုမၸဏီဘက္က လုပ္ေဆာင္ေပးႏိုင္ျခင္းမရွိခဲ့ သည့္အတြက္ ယာယီရပ္ဆိုင္းျခင္းမ်ား သို႔မဟုတ္ လုပ္ပိုင္ခြင့္ ကန႔္သတ္ျခင္းမ်ားကို ခံခဲ့ရဖူးသည္။

ကုမၸဏီဘက္မွ အေၾကာင္းျပခ်က္မ်ားထဲတြင္ ေဒသခံျပည္သူလူထု၏ ဆႏၵျပကန႔္ကြက္ေႏွာင့္ယွက္ မႈမ်ားေၾကာင့္ အခက္ေတြ႕ေနရေၾကာင္း ထည့္သြင္းထားၿပီး ဆႏၵျပျပည္သူ မ်ား၏ေနာက္ကြယ္မွ လက္သည္ကိုမူ ကုမၸဏီဘက္က သိရွိသည့္တိုင္ မ်က္ႏွာလႊဲ ထားခဲ့သည္။ "စင္ကာပူက ထားဝယ္စီမံကိန္းကို ျဖစ္ေစခ်င္တဲ့ပုံမရဘူး။ ဒါေၾကာင့္လည္း အီတာလ်ံထိုင္းရဲ႕ ေနာက္မွာသူတို႔က ရွိေနခဲ့ပုံရတယ္။ ကန႔္ကြက္ ဆႏၵျပပြဲေတြရဲ႕ေနာက္မွာ စင္ကာပူအစိုးရ အသိုင္း အဝိုင္းကပါ ပါဝင္ပတ္သက္ေနတယ္လို႔ ခန႔္မွန္း ထားၾကတယ္"ဟု ဝါရင့္လုပ္ငန္းရွင္ႀကီးတစ္ဦးက သုံးသပ္ေျပာၾကားသည္။ ၎၏တြက္ဆခ်က္မ်ားႏွင့္ထပ္တူညီေသာ ခန႔္မွန္းသုံးသပ္ခ်က္မ်ားကို ျမန္မာလုပ္ငန္းရွင္(၁၀)ဦးလွ်င္(၈)ဦးက အတည္ျပဳေပးၾကသည္။ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလတြင္ က်င္းပခဲ့ေသာ ျမန္မာအထူး စီးပြားေရးဇုန္ဆိုင္ရာ ဗဟိုလုပ္ငန္းအဖြဲ႕၏အစည္းအေဝးတြင္ "ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က အထူးစီးပြားေရးဇုန္မ်ားသည္ မိမိတို႔ႏိုင္ငံအတြက္ သာမက ေဒသတြင္းႏိုင္ငံမ်ား၏ စီးပြားေရးႏွင့္ဖြံ႕ ၿဖိဳးတိုးတက္ေရးတို႔အတြက္ အေထာက္အကူျပဳသျဖင့္ အျမန္ဆုံးတိုးတက္မႈရရွိရန္ႏွင့္ လုပ္ငန္းမ်ား ေအာင္ ျမင္စြာလည္ပတ္ႏိုင္ေရး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ အလားတူ ေက်ာက္ ျဖဴေရနက္ဆိပ္ကမ္း၊ ထားဝယ္ေရနက္ဆိပ္ကမ္းမ်ားသည္လည္း ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေထာက္အကူျပဳေစႏိုင္သည့္အတြက္ စီမံကိန္းမ်ားအျမန္ဆုံး အေကာင္အထည္ ေဖာ္ေဆာင္႐ြက္သြားရန္လိုေၾကာင္း လမ္းၫႊန္မွာၾကားခဲ့ပါေၾကာင္း"ေဖာ္ျပထားသည္။

တစ္နည္းအားျဖင့္ အလုပ္မျဖစ္ အလုပ္မတြင္ေသာ တင္ဒါရပုဂၢိဳလ္လုပ္ငန္းမ်ားကိုဖယ္ရွား၍ ႏိုင္ ငံေတာ္အတြက္ အက်ိဳးျဖစ္ထြန္းမည့္လုပ္ငန္း ေဖာ္ေဆာင္သူမ်ားကိုသာ ခြင့္ျပဳမည့္အရိပ္အျခည္ မ်ိဳးျပသျခင္းျဖစ္သည္။ ထားဝယ္အထူးစီးပြားေရးဇုန္ ၏ အေရးပါမႈသည္လည္း ဗီယက္နမ္-ကေမာၻဒီးယား-ထိုင္းႏွင့္ ျမန္မာ ေလးႏိုင္ငံခ်ိတ္ဆက္ ကုန္းေျမႏွင့္ ပင္လယ္ထြက္ေပါက္အရ ေဒသတြင္းႏိုင္ငံမ်ားအၾကား အာ႐ုံ စိုက္ခံရသည္။ ဗိုလ္က်စိုးမိုးေရးမူကို ကိုင္စြဲထားသည့္ စင္ကာပူ-မေလးရွား မလကၠာေရလက္ၾကားကို ျဖတ္သန္း ၾကမည့္အစား ညႇိႏႈိင္းေျပာဆို၍ေကာင္းေသာ ထားဝယ္ကိုျဖတ္သန္းျခင္းက အာရွတစ္ဆက္တစ္စပ္ တည္း ကုန္းေျမႏိုင္ငံမ်ားအတြက္ အခြင့္အလမ္း ေကာင္းလည္း ျဖစ္ေနသည္။ ႐ုရွားအေနျဖင့္မူ အာ ရွပစိဖိတ္ေဒသအတြက္ အေရးပါလွေသာ ထားဝယ္ စီမံကိန္းကို ဆုပ္ကိုင္ထားျခင္းအားျဖင့္ စီးပြားေရး ထက္ပိုေသာ မဟာမိတ္မ်ားကိုပါ ခ်ိတ္ဆက္မိၿပီး သားျဖစ္သြားမည္ဟု တြက္ခ်က္ေနလိမ့္မည္ျဖစ္သည္။

အေရွ႕ေတာင္အာရွ၏ အႀကီးဆုံးေသာ ေရနက္ ဆိပ္ကမ္းႏွင့္ စီးပြားေရးဇုန္ႀကီးျဖစ္လာႏိုင္သည့္ ထားဝယ္စီးပြားေရးဇုန္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈသည္ ၂၀ဝ၈ -၂၀၁၂ အထိ တြက္ခ်က္ထားမႈအရ ေဒၚလာ ၈ ဒသမ ၆ ဘီလ်ံမွ ၁၀ ဒသမ ၇ ဘီလ်ံအထိ ကုန္က် မည္ျဖစ္ၿပီး လက္ရွိေခတ္ကာလအေျခအေနက ေဒၚလာ (၁၀) ဘီလ်ံအထက္တြင္သာ ရွိေနမည္ျဖစ္သည္။ ႐ုရွားတို႔အေနျဖင့္ အဆိုပါလုပ္ငန္းထဲတြင္ မည္သည့္က႑ႏွင့္ မည္သည့္ပမာဏအထိ ရင္းႏွီးျမႇဳပ္ႏွံရမည္ကို ၂၀၂၅ မတိုင္မီ အၿပီးသတ္ဆုံးျဖတ္ေပးလိမ့္မည္ဟု ေကာက္ခ်က္ခ်ရမည္ျဖစ္သည္။

Related news

© 2021. All rights reserved.