BGF ဗိုလ်မှူးကြီး စောချစ်သူ ရှယ်ယာပါသော ကုမ္ပဏီအပါအဝင် ကုမ္ပဏီ (၁၉၀)ကျော် Black List သွင်းခံရ

3550

စော (NP News) - ဇူလိုင် ၁
BGF ဗိုလ်မှူးကြီး စောချစ်သူ ရှယ်ယာပါသော ကုမ္ပဏီအပါအဝင် ကုမ္ပဏီ (၁၉၀)ကျော် အမည်မည်းစာရင်း (Black List)သွင်းခံရကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အသိပေးကြေညာထားချက်အရ သိရသည်။
၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြီးခဲ့သည့် ဇွန်လ (၂၃)ရက်က စိစစ်ချက်အရ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့် ဗိုလ်မှူးကြီး စောချစ်သူက ၎င်း၏အမည်ရင်းဖြစ်သော ဦးစံမြင့်အမည်ဖြင့် ရှယ်ယာပါဝင်ကာ ဒါရိုက်တာရာထူးရယူထားသော Chit Linn Myaing TOYOTA Company Limited အပါအဝင် ကုမ္ပဏီ (၁၉၇) ခုကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါကုမ္ပဏီစာရင်းတွင် မြန်မာနိုင်ငံသားကုမ္ပဏီများသာမက နိုင်ငံခြားသားပိုင်ကုမ္ပဏီအချို့လည်း ပါဝင်ကြောင်း သိရသည်။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ်တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက်ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ(FEML) အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟု သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရ မည်”ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
zawgyi version
BGF ဗိုလ္မႉးႀကီး ေစာခ်စ္သူ ရွယ္ယာပါေသာ ကုမၸဏီအပါအဝင္ ကုမၸဏီ (၁၉၀)ေက်ာ္ Black List သြင္းခံရ
ေစာ(NP News)- ဇူလိုင္ ၁
BGF ဗိုလ္မႉးႀကီး ေစာခ်စ္သူ ရွယ္ယာပါေသာ ကုမၸဏီအပါအဝင္ ကုမၸဏီ (၁၉၀)ေက်ာ္ အမည္မည္းစာရင္း (Black List)သြင္းခံရေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ အသိေပးေၾကညာထားခ်က္အရ သိရသည္။
၂ဝ၁၆ ခုႏွစ္မွ ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း ပို႔ကုန္တင္ပို႔ခဲ့သည့္ ပို႔ကုန္လုပ္ငန္းရွင္မ်ားသည္ ပို႔ကုန္ရေငြမ်ားကို သတ္မွတ္ကာလအတြင္း ယင္း၏ဘဏ္ေငြစာရင္းသို႔ ႏိုင္ငံျခားသုံးေငြျဖင့္ မပ်က္မကြက္ ျပန္လည္ထည့္သြင္းေစေရးအတြက္ ကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ေစေရး ဗဟိုေကာ္မတီ၊ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ႏွင့္ AD လိုင္စင္ရဘဏ္မ်ားပူးေပါင္း၍ ဆက္သြယ္ေခၚယူ စာရင္းရွင္းလင္းခဲ့ၿပီးေနာက္ စာရင္းရွင္းလင္းျခင္းမရွိသည့္ ကုမၸဏီမ်ားအား ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္ မွတ္ပုံတင္လက္မွတ္ ပိတ္သိမ္းျခင္းကို ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ၿပီးခဲ့သည့္ ဇြန္လ (၂၃)ရက္က စိစစ္ခ်က္အရ ၂ဝ၁၆ ခုႏွစ္မွ ၂ဝ၂ဝ ျပည့္ႏွစ္အတြင္း ပို႔ကုန္တင္ပို႔ခဲ့ၿပီး ပို႔ကုန္ရေငြျပန္လည္ဝင္ေရာက္ရန္က်န္ရွိသည့္ ဗိုလ္မႉးႀကီး ေစာခ်စ္သူက ၎၏အမည္ရင္းျဖစ္ေသာ ဦးစံျမင့္အမည္ျဖင့္ ရွယ္ယာပါဝင္ကာ ဒါ႐ိုက္တာရာထူးရယူထားေသာ Chit Linn Myaing TOYOTA Company Limited အပါအဝင္ ကုမၸဏီ (၁၉၇) ခုကို ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈဥပေဒ၊ စည္းမ်ဥ္း၊ အမိန႔္ေၾကာ္ျငာစာတို႔ပါ သတ္မွတ္ခ်က္မ်ားအား လိုက္နာျခင္းမရွိသျဖင့္ ကုမၸဏီႏွင့္ကုမၸဏီ၏ ဒါ႐ိုက္တာအဖြဲ႕ဝင္မ်ားအား အမည္မည္းစာရင္း ထည့္သြင္းေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အသိေပးထုတ္ျပန္ထားသည္။
အဆိုပါကုမၸဏီစာရင္းတြင္ ျမန္မာႏိုင္ငံသားကုမၸဏီမ်ားသာမက ႏိုင္ငံျခားသားပိုင္ကုမၸဏီအခ်ိဳ႕လည္း ပါဝင္ေၾကာင္း သိရသည္။ ႏိုင္ငံေတာ္အတြင္းသို႔ ႏိုင္ငံျခားသုံးေငြမ်ား ဝင္ေရာက္လာသည့္ အဓိကလမ္းေၾကာင္းျဖစ္ေသာ ပို႔ကုန္တင္ပို႔မႈမွ ရေငြမ်ားအျပည့္အဝရရွိရန္မွာ အဓိကက်သည့္ အခ်က္ျဖစ္သျဖင့္ ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၃၈-ခ ႏွင့္ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈစည္းမ်ဥ္း အပိုဒ္-၃၅၊ အမိန႔္ေၾကာ္ျငာစာအမွတ္တို႔တြင္ အာရွႏိုင္ငံမ်ားသို႔ တင္ပို႔ျခင္းျဖစ္ပါက ပို႔ကုန္တင္ပို႔သည့္ေန႔မွ (၃ဝ) ရက္အတြင္း၊ အာရွႏိုင္ငံမ်ားမွအပ အျခားႏိုင္ငံမ်ားသို႔ တင္ပို႔ျခင္းျဖစ္ပါက ပို႔ကုန္တင္ပို႔သည့္ေန႔မွ (၆ဝ) ရက္အတြင္း ပို႔ကုန္တင္ပို႔သူ၏ ျမန္မာႏိုင္ငံအတြင္းရွိ ဘဏ္ေငြစာရင္းသို႔ ႏိုင္ငံျခားေငြျဖင့္ မပ်က္မကြက္ထည့္သြင္းရန္ျဖစ္ေၾကာင္း ျပ႒ာန္း သတ္မွတ္ထားေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒ(FEML) အခန္း(၁၁)၊ ပုဒ္မ ၃၈-ခ တြင္ “မည္သူမွ် ပို႔ကုန္ရေငြအားလုံးကို သတ္မွတ္ကာလအတြင္း ႏိုင္ငံေတာ္အတြင္းရွိ ယင္း၏ဘဏ္ေငြစာရင္းသို႔ ႏိုင္ငံျခားသုံးေငြျဖင့္ ထည့္သြင္းရန္ ပ်က္ကြက္ျခင္းမရွိေစရ” ဟု သတ္မွတ္ထားေၾကာင္း ထုတ္ျပန္ထားသည္။ အဆိုပါတားျမစ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ပါက FEML ပုဒ္မ ၄၂-က အရ “ထိုသူကို တစ္ႏွစ္ထက္မပိုသည့္ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစခ်မွတ္ရ မည္”ျဖစ္ေၾကာင္း ျပ႒ာန္းထားပါသျဖင့္ ပို႔ကုန္တင္ပို႔သူမ်ားအေနျဖင့္ သတ္မွတ္ကာလအတြင္း ပို႔ကုန္ရေငြမ်ား ျပန္လည္ဝင္ေရာက္ရန္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။