အဖွဲ့ဝင်ဖြစ်ရေးအဆိုပြုချက်အသစ်အား BRICS လက်ခံရရှိ

 1817

ALynn (NP News) - မေ ၂၉

ထိုင်းနိုင်ငံသည် BRICS စီးပွားရေးအုပ်စု၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် လျှောက်ထားမည်ဖြစ် ကြောင်း ထိုင်းအစိုးရက အင်္ဂါနေ့ (မေလ ၂၈ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအဖွဲ့တွင်ပါဝင်ရန် ရည်ရွယ်ကြောင်းဖော်ပြသည့် တရားဝင်စာတစ်စောင်ကို အစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ချိုင်ဝါချာရွန်ကီက ဒေသဆိုင်ရာ မီဒီယာများထံ အတည်ပြုပြောကြားခဲ့သည်။

ချိုင်၏ပြောကြားချက်အရ အဆိုပါစာတွင် ထိုင်းနိုင်ငံသည် ဗဟုဝင်ရိုးကမ္ဘာ၏ အရေးပါမှုနှင့် နိုင်ငံတကာရေးရာများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏အခန်းကဏ္ဍ တိုးမြင့်လာမှုကို ထိုင်းနိုင်ငံက သိရှိနားလည်ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ အနာဂတ်မျှော်မှန်းချက်သည် BRICS ၏ အခြေခံမူများနှင့်ကိုက်ညီပြီး နိုင်ငံတကာနယ်ပယ်တွင် ၎င်း၏အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် ကမ္ဘာ့အစီအစဉ်သစ်တစ်ရပ်ကိုပုံဖော်ရာတွင်ပါဝင်ရန် အခွင့်အလမ်းများရရှိလာမည်ဖြစ်ကာ နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။
BRICS သည် ရုရှားနိုင်ငံ၊ Kazan တွင် အောက်တိုဘာလနှောင်းပိုင်း၌ ပြုလုပ်ရန် စီစဉ်ထားသည့် ထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်မဟုတ်သော နိုင်ငံများလည်း တက်ရောက်နိုင်ရန် ဖိတ်ကြားထားသည်။

ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်းသည် ထိုင်းနိုင်ငံအတွက် အဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို ပိုမိုလျင်မြင်စေဖို့ အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း ချိုင်က ပြောကြားခဲ့သည်။ မူလက ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက ငါးနိုင်ငံနှင့် ဖွဲ့စည်းထားသော BRICS သည် ၂၀၂၄ ခုနှစ်အစတွင် အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နှင့် အာရပ် စော်ဘွားများ ပြည်ထောင်စုတို့ကို အဖွဲ့ဝင်များအဖြစ် ပါဝင်ခွင့်ပြုခဲ့သည်။ ထိုအချိန်မှစ၍ ဘာရိန်း၊ ဘီလာရုစ်၊ ကျူးဘား၊ ကာဇက်စတန်၊ ပါကစ္စတန်၊ ဆီနီဂေါနှင့် ဗင်နီဇွဲလားအပါအဝင် နောက်ထပ် နိုင်ငံ ၁၅ နိုင်ငံက အဖွဲ့ဝင်ဖြစ်ခွင့်ရရေးကို စိတ်ဝင်စားကြောင်း အချက်ပြခဲ့သည်။

တိုးချဲ့လာသော BRICS သည် ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းခန့်နှင့် လူဦးရေ ၃ ဒသမ ၅ ဘီလီယံဝန်းကျင် သို့မဟုတ် ကမ္ဘာ့စုစုပေါင်းလူဦးရေ၏ ၄၅ ရာခိုင်နှုန်းကို ကိုယ်စားပြုနေသည်။ ၎င်းသည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းကျော်ကိုလည်း တာဝန်ယူထားသည်။ BRICS သည် လာမည့်လေးနှစ်အတွင်း ကမ္ဘာ့ GDP အဆင့်သတ်မှတ်ချက်တွင် G7 ကို ကျော်တက်ရန် ရည်မှန်းထားကြောင်း New Development Bank (NDB) အကြီးအကဲ Dilma Rousseff က ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

zawgyi version
အဖြဲ႕ဝင္ျဖစ္ေရးအဆိုျပဳခ်က္အသစ္အား BRICS လက္ခံရရွိ
ALynn (NP News) - ေမ ၂၉

ထိုင္းႏိုင္ငံသည္ BRICS စီးပြားေရးအုပ္စု၏ အဖြဲ႕ဝင္ႏိုင္ငံျဖစ္လာရန္ ေလွ်ာက္ထားမည္ျဖစ္ ေၾကာင္း ထိုင္းအစိုးရက အဂၤါေန႔ (ေမလ ၂၈ ရက္) တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။ အဆိုပါအဖြဲ႕တြင္ပါဝင္ရန္ ရည္႐ြယ္ေၾကာင္းေဖာ္ျပသည့္ တရားဝင္စာတစ္ေစာင္ကို အစိုးရအဖြဲ႕က အတည္ျပဳလိုက္ေၾကာင္း ထိုင္းအစိုးရ၏ ေျပာေရးဆိုခြင့္ရွိသူ ခ်ိဳင္ဝါခ်ာ႐ြန္ကီက ေဒသဆိုင္ရာ မီဒီယာမ်ားထံ အတည္ျပဳေျပာၾကားခဲ့သည္။

ခ်ိဳင္၏ေျပာၾကားခ်က္အရ အဆိုပါစာတြင္ ထိုင္းႏိုင္ငံသည္ ဗဟုဝင္႐ိုးကမာၻ၏ အေရးပါမႈႏွင့္ ႏိုင္ငံတကာေရးရာမ်ားတြင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏အခန္းက႑ တိုးျမင့္လာမႈကို ထိုင္းႏိုင္ငံက သိရွိနားလည္ေၾကာင္း ေဖာ္ျပထားသည္။ ထိုင္းႏိုင္ငံ၏ အနာဂတ္ေမွ်ာ္မွန္းခ်က္သည္ BRICS ၏ အေျခခံမူမ်ားႏွင့္ကိုက္ညီၿပီး ႏိုင္ငံတကာနယ္ပယ္တြင္ ၎၏အခန္းက႑ကို ျမႇင့္တင္ရန္ႏွင့္ ကမာၻ႔အစီအစဥ္သစ္တစ္ရပ္ကိုပုံေဖာ္ရာတြင္ပါဝင္ရန္ အခြင့္အလမ္းမ်ားရရွိလာမည္ျဖစ္ကာ ႏိုင္ငံအတြက္ မ်ားစြာအက်ိဳးရွိမည္ျဖစ္ေၾကာင္း အဆိုပါစာတြင္ ေဖာ္ျပထားသည္။
BRICS သည္ ႐ုရွားႏိုင္ငံ၊ Kazan တြင္ ေအာက္တိုဘာလေႏွာင္းပိုင္း၌ ျပဳလုပ္ရန္ စီစဥ္ထားသည့္ ထိပ္သီးအစည္းအေဝးသို႔ အဖြဲ႕ဝင္မဟုတ္ေသာ ႏိုင္ငံမ်ားလည္း တက္ေရာက္ႏိုင္ရန္ ဖိတ္ၾကားထားသည္။

ထိပ္သီးအစည္းအေဝးသို႔ တက္ေရာက္ျခင္းသည္ ထိုင္းႏိုင္ငံအတြက္ အဖြဲ႕ဝင္အျဖစ္ ေလွ်ာက္ထားျခင္းလုပ္ငန္းစဥ္ကို ပိုမိုလ်င္ျမင္ေစဖို႔ အခြင့္အလမ္းတစ္ရပ္ျဖစ္ေၾကာင္း ခ်ိဳင္က ေျပာၾကားခဲ့သည္။ မူလက ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္၊ ေတာင္အာဖရိက ငါးႏိုင္ငံႏွင့္ ဖြဲ႕စည္းထားေသာ BRICS သည္ ၂၀၂၄ ခုႏွစ္အစတြင္ အီဂ်စ္၊ အီသီယိုးပီးယား၊ အီရန္ႏွင့္ အာရပ္ ေစာ္ဘြားမ်ား ျပည္ေထာင္စုတို႔ကို အဖြဲ႕ဝင္မ်ားအျဖစ္ ပါဝင္ခြင့္ျပဳခဲ့သည္။ ထိုအခ်ိန္မွစ၍ ဘာရိန္း၊ ဘီလာ႐ုစ္၊ က်ဴးဘား၊ ကာဇက္စတန္၊ ပါကစၥတန္၊ ဆီနီေဂါႏွင့္ ဗင္နီဇြဲလားအပါအဝင္ ေနာက္ထပ္ ႏိုင္ငံ ၁၅ ႏိုင္ငံက အဖြဲ႕ဝင္ျဖစ္ခြင့္ရေရးကို စိတ္ဝင္စားေၾကာင္း အခ်က္ျပခဲ့သည္။

တိုးခ်ဲ႕လာေသာ BRICS သည္ ကမာၻ႔စီးပြားေရး၏ ၃၀ ရာခိုင္ႏႈန္းခန႔္ႏွင့္ လူဦးေရ ၃ ဒသမ ၅ ဘီလီယံဝန္းက်င္ သို႔မဟုတ္ ကမာၻ႔စုစုေပါင္းလူဦးေရ၏ ၄၅ ရာခိုင္ႏႈန္းကို ကိုယ္စားျပဳေနသည္။ ၎သည္ ကမာၻ႔ေရနံထုတ္လုပ္မႈ၏ ၄၀ ရာခိုင္ႏႈန္းေက်ာ္ကိုလည္း တာဝန္ယူထားသည္။ BRICS သည္ လာမည့္ေလးႏွစ္အတြင္း ကမာၻ႔ GDP အဆင့္သတ္မွတ္ခ်က္တြင္ G7 ကို ေက်ာ္တက္ရန္ ရည္မွန္းထားေၾကာင္း New Development Bank (NDB) အႀကီးအကဲ Dilma Rousseff က ေဖေဖာ္ဝါရီလတြင္ ေျပာၾကားခဲ့သည္။

Picture

Thida Khaing

30/05/2024 08:27

တို့မြန်မာနိုင်ငံလည်းBRICSအဖွဲ့ဝင်ဖြစ်ချင်ပါတယ်

Related news

© 2021. All rights reserved.