ပြည်-အောင်လံလမ်းတွင် ခရီးသည်တင်ကား နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးပွဲချင်းပြီးသေဆုံး

1512

သန့်ဇင် (NP News) - မေ ၂၉
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပြည်-အောင်လံလမ်းတွင် ခရီးသည်တင်ကားနှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ တစ်ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီထံမှသိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(မေလ ၂၉ ရက်)၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က ပြည်မြို့နယ်၊ ပြည်-အောင်လံသွားကားလမ်း၊ တီတွတ်ကျေးရွာအနီးရှိ ဂေါက်ကွင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်က သားအဖ(၂)ဦးပါလာတာ။ အဖေဖြစ်သူမောင်းပြီး အောင်လံဘက်ကိုအသွား “ကောင်းမြတ်သာ”ခရီးသည်တင်ကားက ပြည်ဘက်ကိုအလာမှာ မျက်နှာချင်းဆိုင်သဘောမျိုးတိုက်မိတာပါ။ မိုးကလည်းနည်းနည်းရွာထားတော့ ဘယ်လိုကြောင့်တိုက်မိလည်းဆိုတာတော့ မသိရပါဘူး”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပေါ်မှ အသက်(၅၀)ကျော် ဆိုင်ကယ်ယာဉ် မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၎င်း၏သမီးဖြစ်သူသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ “ဆိုင်ကယ်မောင်းတဲ့ ဦးလေးက အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်။ ကားအောက်ကိုရောက်သွားတာ။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေနဲ့ နောက်ပြီးနားထဲကလည်းသွေးတွေထွက်နေတာတွေ့တယ်။ သူ့သမီးကတော့ ခြေသလုံးကြွက်သားကြီးလန်သွားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပရဟိတပါရမီနှင့် ဗြဟ္မစိုရ်နှလုံးသားအသင်းတို့က ပြည်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ျပည္-ေအာင္လံလမ္းတြင္ ခရီးသည္တင္ကား ႏွင့္ ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ေမ ၂၉
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕နယ္၊ ျပည္-ေအာင္လံလမ္းတြင္ ခရီးသည္တင္ကားႏွင့္ ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ တစ္ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီထံမွသိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(ေမလ ၂၉ ရက္)၊ မြန္းလြဲ ၁ နာရီအခ်ိန္ခန႔္က ျပည္ၿမိဳ႕နယ္၊ ျပည္-ေအာင္လံသြားကားလမ္း၊ တီတြတ္ေက်း႐ြာအနီးရွိ ေဂါက္ကြင္းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဆိုင္ကယ္က သားအဖ(၂)ဦးပါလာတာ။ အေဖျဖစ္သူေမာင္းၿပီး ေအာင္လံဘက္ကိုအသြား “ေကာင္းျမတ္သာ”ခရီးသည္တင္ကားက ျပည္ဘက္ကိုအလာမွာ မ်က္ႏွာခ်င္းဆိုင္သေဘာမ်ိဳးတိုက္မိတာပါ။ မိုးကလည္းနည္းနည္း႐ြာထားေတာ့ ဘယ္လိုေၾကာင့္တိုက္မိလည္းဆိုတာေတာ့ မသိရပါဘူး”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ပရဟိတပါရမီမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေပၚမွ အသက္(၅၀)ေက်ာ္ ဆိုင္ကယ္ယာဥ္ ေမာင္းအမ်ိဳးသားမွာ အခင္းျဖစ္ေနရာ၌ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ၎၏သမီးျဖစ္သူသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။ “ဆိုင္ကယ္ေမာင္းတဲ့ ဦးေလးက အခင္းျဖစ္တဲ့ေနရာမွာပဲ ဆုံးသြားတယ္။ ကားေအာက္ကိုေရာက္သြားတာ။ ခႏၶာကိုယ္မွာလည္း ဒဏ္ရာေတြနဲ႔ ေနာက္ၿပီးနားထဲကလည္းေသြးေတြထြက္ေနတာေတြ႕တယ္။ သူ႔သမီးကေတာ့ ေျခသလုံးႂကြက္သားႀကီးလန္သြားတယ္”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ပရဟိတပါရမီႏွင့္ ျဗဟၼစိုရ္ႏွလုံးသားအသင္းတို႔က ျပည္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။