မလေးရှားနိုင်ငံ၌ တရားမဝင်လုပ်သားများကို ဖမ်းဆီးမှုများ တိုးမြှင့်ဆောင်ရွက်နေသည့်အတွက် တရားမဝင် မြန်မာလုပ်သားများ ထိတ်လန့်စွာနေထိုင်နေကြရ

885

Pearl (NP News) - မေ ၃ဝ
မလေးရှားနိုင်ငံ၌ တရားမဝင်လုပ်သားများကို ဖမ်းဆီးမှုများ တိုးမြှင့်ဆောင်ရွက်နေသည့် အတွက် တရားမဝင် မြန်မာလုပ်သားများ ထိတ်လန့်စွာ နေထိုင်နေကြရကြောင်း မြန်မာအလုပ်သမားများအရေးကို ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေသူတစ်ဦးက NP News ကို ပြောသည်။
မြန်မာလုပ်သားများအပါအဝင် အခြားနိုင်ငံခြားသားများ မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေထိုင်မှုများပြားလာခြင်းကြောင့် လက်ရှိတွင် မလေးရှားနိုင်ငံ၌ အလုပ်အကိုင်များ ရှားပါးနေလျက်ရှိပြီး တရားမဝင်လုပ်သားများကို ဖမ်းဆီးမှုများသည်လည်း ယခင်ထက် ပိုမိုပြုလုပ်လာခဲ့ကြောင်း သိရသည်။ “တရားမဝင်တွေများတော့ အလုပ်အကိုင်တွေလည်း ရှားတယ်။ အဲဒါကြောင့် နိုင်ငံခြားသားအလုပ်ခေါ်တာကိုလည်း ရပ်ဆိုင်းထားတယ်။ ဖမ်းဆီးမှုတွေကလည်း အရင်ထက်ပိုများလာတယ်။ တရားမဝင် အလုပ်သမားအများစုက တရားမဝင် အလုပ်တွေမှာ ဝင်လုပ်နေကြတယ်။ မိန်းကလေးတွေဆို အနှိပ်ခန်းတွေမှာ လုပ်တယ်။ ယောက်ျားလေးတွေလည်း ထို့နည်းတူစွာပဲ တရားမဝင်နေရာတွေမှာ လုပ်တယ်။ တရားမဝင်တွေကတော့ အကုန်အထိတ်တလန့်နဲ့ နေနေရတာပါပဲ။ နေရာတိုင်းမှာ သူ့နိုင်ငံသားတစ်ယောက်ကလှမ်းပြီး ဖုန်းနဲ့ Complain လုပ်ပြီး ဖမ်းခိုင်းလို့ရတယ်။ နောက်ဆုံးအဆင့် သက်ဆိုင်ရာဌာနက မဖမ်းတာတောင် ဒီနိုင်ငံသားတစ်ယောက်ကဖမ်းပြီး လာပို့လို့ရတယ်။ တရားမဝင် မြန်မာလုပ်သားအရေအတွက်က မှန်းလို့မရဘူး။ ပုံစံအမျိုးမျိုးနဲ့ ဝင်နေတာမို့ပါ ” ဟု ၎င်းက ပြောသည်။
တရားမဝင် မြန်မာလုပ်သားအချို့အနေဖြင့် မလေးရှားနိုင်ငံရှိ တရားမဝင်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်မှုများရှိနေကြောင်းလည်း သိရသည်။ ယခင်က မလေးရှားနိုင်ငံသို့ တရား မဝင်ရောက်ရှိနေသော မြန်မာလုပ်သားများအနေဖြင့် သံရုံး၏လုပ်ငန်းစဉ်များအတိုင်း လိုအပ်သည့် စာရွက်စာတမ်းများဖြင့် တရားဝင်နေထိုင်ရန် ဆောင်ရွက်ခဲ့ကြသော်လည်း ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာမှစတင်၍ ပါမစ်ခွင့်ပြုချက်များကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် မလေးရှားအစိုးရက နိုင်ငံခြားသား အလုပ်သမားခေါ်ယူခွင့် ခွင့်ပြုချက် KSM Approval ချထားပေးမှုများကို ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၂၈)ရက်ကလည်း မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် မြန်မာ နိုင်ငံသား (၉၅)ဦးအပါအဝင် နိုင်ငံခြားသား ၁၂၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
zawgyi version
မေလးရွားႏိုင္ငံ၌ တရားမဝင္လုပ္သားမ်ားကို ဖမ္းဆီးမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ေနသည့္အတြက္ တရားမဝင္ ျမန္မာလုပ္သားမ်ား ထိတ္လန႔္စြာေနထိုင္ေနၾကရ
Pearl (NP News) - ေမ ၃ဝ
မေလးရွားႏိုင္ငံ၌ တရားမဝင္လုပ္သားမ်ားကို ဖမ္းဆီးမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ေနသည့္ အတြက္ တရားမဝင္ ျမန္မာလုပ္သားမ်ား ထိတ္လန႔္စြာ ေနထိုင္ေနၾကရေၾကာင္း ျမန္မာအလုပ္သမားမ်ားအေရးကို ထဲထဲဝင္ဝင္ပါဝင္ေဆာင္႐ြက္ေနသူတစ္ဦးက NP News ကို ေျပာသည္။
ျမန္မာလုပ္သားမ်ားအပါအဝင္ အျခားႏိုင္ငံျခားသားမ်ား မေလးရွားႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္ေနထိုင္မႈမ်ားျပားလာျခင္းေၾကာင့္ လက္ရွိတြင္ မေလးရွားႏိုင္ငံ၌ အလုပ္အကိုင္မ်ား ရွားပါးေနလ်က္ရွိၿပီး တရားမဝင္လုပ္သားမ်ားကို ဖမ္းဆီးမႈမ်ားသည္လည္း ယခင္ထက္ ပိုမိုျပဳလုပ္လာခဲ့ေၾကာင္း သိရသည္။ “တရားမဝင္ေတြမ်ားေတာ့ အလုပ္အကိုင္ေတြလည္း ရွားတယ္။ အဲဒါေၾကာင့္ ႏိုင္ငံျခားသားအလုပ္ေခၚတာကိုလည္း ရပ္ဆိုင္းထားတယ္။ ဖမ္းဆီးမႈေတြကလည္း အရင္ထက္ပိုမ်ားလာတယ္။ တရားမဝင္ အလုပ္သမားအမ်ားစုက တရားမဝင္ အလုပ္ေတြမွာ ဝင္လုပ္ေနၾကတယ္။ မိန္းကေလးေတြဆို အႏွိပ္ခန္းေတြမွာ လုပ္တယ္။ ေယာက္်ားေလးေတြလည္း ထို႔နည္းတူစြာပဲ တရားမဝင္ေနရာေတြမွာ လုပ္တယ္။ တရားမဝင္ေတြကေတာ့ အကုန္အထိတ္တလန႔္နဲ႔ ေနေနရတာပါပဲ။ ေနရာတိုင္းမွာ သူ႔ႏိုင္ငံသားတစ္ေယာက္ကလွမ္းၿပီး ဖုန္းနဲ႔ Complain လုပ္ၿပီး ဖမ္းခိုင္းလို႔ရတယ္။ ေနာက္ဆုံးအဆင့္ သက္ဆိုင္ရာဌာနက မဖမ္းတာေတာင္ ဒီႏိုင္ငံသားတစ္ေယာက္ကဖမ္းၿပီး လာပို႔လို႔ရတယ္။ တရားမဝင္ ျမန္မာလုပ္သားအေရအတြက္က မွန္းလို႔မရဘူး။ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဝင္ေနတာမို႔ပါ ” ဟု ၎က ေျပာသည္။
တရားမဝင္ ျမန္မာလုပ္သားအခ်ိဳ႕အေနျဖင့္ မေလးရွားႏိုင္ငံရွိ တရားမဝင္လုပ္ငန္းမ်ားတြင္ ဝင္ေရာက္လုပ္ကိုင္မႈမ်ားရွိေနေၾကာင္းလည္း သိရသည္။ ယခင္က မေလးရွားႏိုင္ငံသို႔ တရား မဝင္ေရာက္ရွိေနေသာ ျမန္မာလုပ္သားမ်ားအေနျဖင့္ သံ႐ုံး၏လုပ္ငန္းစဥ္မ်ားအတိုင္း လိုအပ္သည့္ စာ႐ြက္စာတမ္းမ်ားျဖင့္ တရားဝင္ေနထိုင္ရန္ ေဆာင္႐ြက္ခဲ့ၾကေသာ္လည္း ၂၀၂၃ ခုႏွစ္ ၊ ဒီဇင္ဘာမွစတင္၍ ပါမစ္ခြင့္ျပဳခ်က္မ်ားကို ရပ္ဆိုင္းခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မေလးရွားအစိုးရက ႏိုင္ငံျခားသား အလုပ္သမားေခၚယူခြင့္ ခြင့္ျပဳခ်က္ KSM Approval ခ်ထားေပးမႈမ်ားကို ၂၀၂၃ ခုႏွစ္၊ မတ္လမွစတင္ရပ္ဆိုင္းခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေမလ (၂၈)ရက္ကလည္း မေလးရွားႏိုင္ငံတြင္ တရားမဝင္ေနထိုင္မႈျဖင့္ ျမန္မာ ႏိုင္ငံသား (၉၅)ဦးအပါအဝင္ ႏိုင္ငံျခားသား ၁၂၃ ဦး ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။